ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းကြောင်း NUG အစိုးရ ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်းကြောင်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG က ထုတ်ပြန်ကြေညာလိုက်သည်။
မေလ ၅ ရက်နေ့(ယနေ့) တွင် NUG က ကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ ပြည်သူကာကွယ်ရေး တပ်မတော် ကို ဖွဲ့စည်းလိုက်သည်ဟု ဆိုသည်။
NUG က “အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defense Force) (မူရင်းထုတ်ပြန်ချက်တွင် People Defence Force ဟု စာလုံးပေါင်းသည်) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်” ဟု ထုတ်ပြန်ထားသည်။
ပြည်သူကာကွယ်ရေး တပ်မတော်သည် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရန်အတွက် ရှေ့ပြေးအနေဖြင့် ဖွဲ့ စည်းခြင်းဖြစ်သည်ဟု NUG က ဆိုသည်။
NUG ၏ ထုတ်ပြန်ချက်အရ “အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်း ဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်” ဟု သိရသည်။
လက်ရှိ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူ များအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုး ပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်း စစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်း မရှိ ဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိသည်ဟု NUG က ပြောသည်။
ထိုအခြေအနေများကြောင့် NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (People’s Defense Force) ကို ကာကွယ်ရေး မူဝါဒများနှင့် အညီ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ ရွေးကောက်ပွဲ မဲသမာမှုကို အကြောင်းပြကာ မတရားအာဏာ သိမ်းယူခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ကိုယ်စားလှယ်များကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြု ကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပြီး မတရား အာဏာသိမ်းယူထားသည့် စစ်တပ်အား တရားမဝင်အသင်း နှင့် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်လိုက်သည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်းကို ထုတ်ပြန်ပြီးနောက် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။
*** ZAWGYI ***
ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ကို ဖြဲ႕စည္းေၾကာင္း NUG အစိုးရ ေၾကညာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၅ ရက္။
ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ (PDF) ကို ဖြဲ႕စည္းေၾကာင္း ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG က ထုတ္ျပန္ေၾကညာလိုက္သည္။
ေမလ ၅ ရက္ေန႔(ယေန႔) တြင္ NUG က ကာကြယ္ေရးဆိုင္ရာ မူဝါဒႏွင့္အညီ ျပည္သူကာကြယ္ေရး တပ္မေတာ္ ကို ဖြဲ႕စည္းလိုက္သည္ဟု ဆိုသည္။
NUG က “အမ်ိဳးသားညီၫြတ္ေရးအစိုးရသည္ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္၏ ေရွ႕ေျပးအျမဳေတအျဖစ္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (People’s Defense Force) (မူရင္းထုတ္ျပန္ခ်က္တြင္ People Defence Force ဟု စာလုံးေပါင္းသည္) ကို ကာကြယ္ေရးဆိုင္ရာမူဝါဒႏွင့္အညီ ၂၀၂၁ ခုႏွစ္၊ ေမလ ၅ ရက္ တြင္ တရားဝင္ ဖြဲ႕စည္းထူေထာင္လိုက္သည္” ဟု ထုတ္ျပန္ထားသည္။
ျပည္သူကာကြယ္ေရး တပ္မေတာ္သည္ ဖက္ဒရယ္ တပ္မေတာ္ တည္ေဆာက္ရန္အတြက္ ေရွ႕ေျပးအေနျဖင့္ ဖြဲ႕ စည္းျခင္းျဖစ္သည္ဟု NUG က ဆိုသည္။
NUG ၏ ထုတ္ျပန္ခ်က္အရ “အမ်ိဳးသားညီၫြတ္ေရးအစိုးရသည္ ျပည္သူမ်ားအေပၚ စစ္ေကာင္စီ၏ အၾကမ္း ဖက္မႈမ်ား၊ စစ္ေရးအရ ရန္လိုတိုက္ခိုက္မႈမ်ားကို ထိန္းခ်ဳပ္အဆုံးသတ္ျခင္းျဖင့္ ႏွစ္ေပါင္း ခုနစ္ဆယ္ေက်ာ္ ျဖစ္ပြားေနေသာ ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းေရး၊ ထိေရာက္ေသာ လုံၿခဳံေရးက႑ ျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ ေဆာင္ေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ ဖြဲ႕စည္းႏိုင္ေရးတို႔ကို ေဆာင္႐ြက္ရန္ တာဝန္ရွိလာသည္” ဟု သိရသည္။
လက္ရွိ အၾကမ္းဖက္စစ္ေကာင္စီသည္ တရားဝင္ ျပည္သူ႔အစိုးရထံမွ ႏိုင္ငံေတာ္အာဏာကို အဓမၼလုယက္ၿပီး အစိုးရေခါင္းေဆာင္မ်ားကို ဖမ္းဆီးထိန္းသိမ္းထား႐ုံသာမက၊ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ေသာ ျပည္သူ မ်ားအား အၾကမ္းဖက္ ႏွိပ္စက္သတ္ျဖတ္ျခင္း၊ ေထာင္သြင္းအက်ဥ္းခ်ျခင္း၊ ဖက္ဒရယ္ဒီမိုကေရစီအေရး ႀကိဳး ပမ္းလ်က္ရွိေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ျပည္သူမ်ားအေပၚ ေလေၾကာင္း စစ္ ဆင္မႈ အပါအဝင္ အင္အားအလြန္အကြၽံအသုံးျပဳကာ တိုက္ခိုက္ျခင္းကဲ့သို႔ေသာ စစ္ရာဇဝတ္မႈမ်ားကို က်ဴးလြန္ လ်က္ရွိသည္ဟု ဆိုသည္။
ထို႔အျပင္ အၾကမ္းဖက္စစ္ေကာင္စီ၏ လက္နက္ကိုင္အဖြဲ႕မ်ားသည္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးႏွင့္ ျပည္သူလူထု၏ လူသားလုံၿခဳံေရး၊ လူသားျဖစ္တည္မႈအေပၚ တန္ဖိုးထားေလးစားေရးတို႔ကို ေဆာင္႐ြက္ျခင္း မရွိ ဘဲ၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ထိပါးေႏွာင့္ယွက္ ဖ်က္ဆီးလ်က္ရွိသည့္အျပင္၊ တိုင္းျပည္၏ ႏိုင္ငံေရးဉီးတည္ခ်က္ျဖစ္ေသာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးကိုလည္း အဟန႔္အတား ျပဳလုပ္လ်က္ရွိသည္ဟု NUG က ေျပာသည္။
ထိုအေျခအေနမ်ားေၾကာင့္ NUG အေနျဖင့္ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ (People’s Defense Force) ကို ကာကြယ္ေရး မူဝါဒမ်ားႏွင့္ အညီ ဖြဲ႕စည္းလိုက္ျခင္း ျဖစ္သည္ဟု ဆိုသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္မွ ေ႐ြးေကာက္ပြဲ မဲသမာမႈကို အေၾကာင္းျပကာ မတရားအာဏာ သိမ္းယူခဲ့ၿပီး စစ္ေကာင္စီ အုပ္ခ်ဳပ္ေရး အဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။
ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ NLD ကိုယ္စားလွယ္မ်ားကလည္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စား ျပဳ ေကာ္မတီ CRPH ကို ဖြဲ႕စည္းလိုက္ၿပီး မတရား အာဏာသိမ္းယူထားသည့္ စစ္တပ္အား တရားမဝင္အသင္း ႏွင့္ အၾကမ္းဖက္ အဖြဲ႕အစည္း အျဖစ္ သတ္မွတ္လိုက္သည္။
ထို႔အျပင္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ဖ်က္သိမ္း ေၾကာင္းႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ေၾကညာ စာတမ္းကို ထုတ္ျပန္ၿပီးေနာက္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG ကို ဖြဲ႕စည္းခဲ့သည္။