စစ်ကောင်စီနှင့် တွေ့ဆုံသော လက်နက်ကိုင်အဖွဲ့များအား အရပ်ဖက်အဖွဲ့များ ဝေဖန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်။

ပြည်သူများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည့် အပစ်ရပ်အဖွဲ့ များသည် မတရားမှုကို အားပေးသူများနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို သစ္စာ ဖောက်သည့် အဖွဲ့အစည်းများဖြစ်သည်ဟု တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်း အချို့က ပြောသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ စောအဲက်စ် က “ဒီတွေ့ဆုံဆွေးနွေး မှုဟာ မဖြစ်သင့်ဘူး။ နောက်လူထုလည်း မအားပေးဘူး။ မလုပ်သင့်တဲ့ အရာဖြစ်တယ်။ ပြီးတော့ နောက်တစ်ခု ဒီလိုသွား တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် ဒီမိုကရေစီကို သစ္စာဖောက်တယ်။ နောက်မတရားမှုကို အားပေးတယ်” ဟု ပြောသည်။

“နောက်ပြီးတော့ လူတွေကို သတ်ဖြတ်ပြီးတော့ လုပ်ချင်တာလုပ်တဲ့ စစ်ကောင်စီက ခေါင်းဆောင်တွေကို လည်း သွားပြီးတော့မှ အသိအမှတ်ပြုတဲ့ အဖွဲ့တွေ အဖြစ်လို့ပဲလို့ ကျနော် ကတော့ အဲလိုပဲ ပြောချင်တာ ပေါ့နော်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က NCA အပစ်ရပ် လက်မှတ်ထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ ဖြစ်သည့် DKBA နှင့် KNU/KNLA-PC တို့က စစ်ကောင်စီနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြ သကဲ့သို့ ဧပြီလ ၃၀ ရက်နေ့ကလည်း မွန်ပြည်သစ်ပါတီ NMSP က စစ်ကောင်စီနှင့် သွားရောက် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး နော်ဆဲဆဲ ကလည်း “တကယ်တမ်းဆိုရင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေက နှစ်ပေါင်းများစွာ စစ်အာဏာရှင်ပဲ မဟုတ်ပဲနဲ့ မည်သည့် အာဏာရှင်ကိုမဆို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် စစ်အာဏာက မတရားအာဏာသိမ်းတာကို သူတို့ ရဲ့ ညှိနှိုင်းဖော် ညှိနှိုင်းဖက်ပေါ့နော Stakeholder တစ်ခု ညှိနှိုင်းမှုတွေကို လုပ်တဲ့ Stakeholder တစ်ခုလို သတ် မှတ်တယ်ဆိုကတည်းက သူတို့ရဲ့ ရပ်တည်ချက်တွေက မပြတ်သားတာကို ကျမတို့ မြင်ရတယ်ပေါ့နော်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် အချက် ၅ ချက်ပါရှိပြီး လက်ရှိကာလတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မှုများကို ရပ်ဆိုင်းထားမည်ဆိုသည့် အချက်ပါရှိသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း NCA အပစ်ရပ်အဖွဲ့အချို့က စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အဖွဲ့အစည်းများက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဖက်ဒရယ်ရေးရာနှင့် မူဝါဒရေးရာ စင်တာ ဒါရိုက်တာ နိုင်ဗညားမွန်က “ဒီ EAO တွေက စစ်ကောင်စီကို အစိုးရ အ ဖြစ် အသိအမှတ်ပြု ဆွေးနွေးတာလား ဆိုတာကို အဲဒါကို ကျနော်တို့ မရှင်းဘူး။ တကယ်လို့ အဲလိုပေါ်မှာ ဆိုလို့ ရှိရင် စစ်ကောင်စီကို အသိအမှတ်ပြုရာ ကျမယ်လို့ အဲလိုပဲ ကျနော်မြင်တာပေါ့နော။ ကျနော်ကတော့ သိပ်ပြီး တော့ မရှင်းဘူး။ အဲဒီအပေါ်မှာကျတော့ တစ်ဖက်ကလည်း CRPH ရဲ့ လှုပ်ရှားမှုကို ပူးပေါင်းမယ်။ တစ်ဖက်က လည်း NCA နဲ့ ဘိုင်လယ်ထရယ်ကို အခြေခံပြီးတော့ ဆွေးနွေးတာ သူတို့ကို အသိအမှတ်ပြုသလားပေါ့။ အဲဒီ အပေါ်မှာကျတော့ ဒွိဟတွေ အများကြီး ဖြစ်စေတယ်။ ရပ်တည်မှုကလည်း ကျနော်တို့ မရှင်းတဲ့ အပေါ်မှာ ဖြစ် တယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးကောက်ပွဲ မဲမသမာမှုကို အကြောင်းပြပြီး စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတဝန်းရှိ ပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသကဲ့သို့ တိုင်းရင်းသား ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပြီး မတရား အာဏာသိမ်းယူထားသည့် စစ်တပ်အား တရားမဝင်အသင်း နှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန်ကြေညာမှုအပေါ် နိုင်ငံတဝန်းရှိ ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အ ချို့က ထောက်ခံကြိုဆိုခဲ့ကြသည်။

နိုင်ဗညားမွန်က “ဒီလိုအနေအထားမျိုးမှာ ဒီတိုင်းရင်းသား အခွင့်အရေးအတွက်သော်လည်းကောင်း စစ်အာဏာ ရှင်ဆန့် ကျင်မှု နှစ်ရှည်လများ ဦးဆောင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းတွေက ဘယ်အပေါ်မှာ ရပ် တည်မလဲ ဆိုတဲ့အချက်က အခြေခံကျတယ်။ တကယ်လို့ ပြည်သူလူထုဖက်က မားမားမတ်မတ် ရပ်တည်ပြီး ဦး ဆောင်မယ်ဆိုရင် ပြည်သူလူထုထောက်ခံမှုတော့ ပိုရသွားမယ် ဆိုတော့ လက်ရှိ အနေအထားမျိုးမှာ KIA တို့ KNU လို လူထုထောက်ခံမှုကိုရတယ်။ လူထုလည်း သူတို့ အဖွဲ့အစည်းအပေါ် အများကြီး မျှော်လင့်တယ်ပေါ့။ ဦး ဆောင်မှုပေးနိုင်တယ်” ဟု ပြောသည်။

ထို့အပြင် “ဒါပေမယ့် ဒိပြင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ ဘယ်ပေါ်မှာ ရပ်တည်နေသလဲ တ ကယ်လို့ လူထုအပေါ်မှာ ရပ်တည်မယ်ဆိုရင် လူထုကတော့ ထောက်ခံမှုတော့ ပိုလာမှာပဲ။ ဒါပေမယ့် အဲလိုပုံစံ မ ဟုတ်ပဲနဲ့ ရပ်တည်မှုက ဝေဝါးတဲ့သူသော်လည်းကောင်း သို့မဟုတ် ရပ်တည်မှုက မရှင်းလင်း မပြတ်သားတဲ့ ပုံစံ မျိုးဖြစ်မယ်။ လူထုယုံကြည်မှုကတော့ ကျမှာပဲလို့ ကျနော်အဲသလိုပဲ ထင်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲ က ကြားနေလို့ရတဲ့ ပွဲမျိုးမဟုတ်ဘူးလို့ ကျနော်အဲလိုပဲ မြင်ပါတယ်။ လူထုက အဲလိုပဲ မြင်တယ်လို့ ကျနော် အဲသလိုပဲ သုံးသပ်မိပါတယ်” ဟု နိုင်ဗညားမွန် က ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် ကြားနေမှု ပုံစံမျိုးမဟုတ်ပဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်ဆိုသည့် မူလရပ်တည်ချက်အတိုင်း ခိုင်မာသည့် ဆုံဖြတ်ချက်ချ မှတ်ကာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်ရန် WLB အတွင်းရေးမှူး နော်ဆဲဆဲက တောင်းဆိုသည်။

၎င်းက “ကျမတို့က ဒီလက်ရှိ အခြေအနေမှာ ကျမတို့ တိုက်တွန်းချင်တာက ဒီစစ်အာဏာရှင် အမြစ်ပြုတ် ရေး ကိုပဲ အဓိက ဦးတည်ပြီးတော့ လုပ်ဆောင်စေချင်တယ် ကိုယ့်နေရာ ကိုယ့်ဒေသမှာပေါ့နော။ အခုဆိုရင် ကရင်၊ ကချင်ပဲ အဓိက တိုက်ပွဲတွေ ဖြစ်ပြီးတော့ အဓိကခံနေရတဲ့ လူထုတွေကလည်း ကရင် ကချင်လူထုတွေပဲ ဖြစ် နေတယ်ပေါ့နော။ ဆိုတော့ ကျမတို့သာ တကယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့အ သီးသီးက သူနေ ရာနဲ့ သူ ဒီစစ်အာဏာရှင် အမြစ်ပြုတ်ရေးကိုပဲ အဓိက ဦးတည်ပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင် ကျမတို့ ရောက်ချင်တဲ့ အောင်မြင်မှု ကျမတို့ သွားချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကလည်း အမြန်ဆုံး ရောက်ရှိနိုင်မှာ ဖြစ်တယ်ပေါ့နော” ဟု နော်ဆဲဆဲ က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချို့က အာဏာသိမ်း စစ်ကောင်စီ အား ဆန့်ကျင်ကာ တိုက်ခိုက်နေသော်လည်း အချို့အဖွဲ့များမှာ ဆုံးဖြတ်ချက် ပြတ်သားမှု မရှိပဲ ကြားနေသည့် သဘောမျိုးကို တွေ့နေရသည့်အတွက် အားမလိုအားမရဖြစ်ရသည်ဟု ပြည်သူများနှင့် အရပ်ဖက်အဖွဲ့ အစည်း များက ဆိုသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင် အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်ရန် အကောင်းဆုံး အချိန်ကာလ ဖြစ်သည့် အတွက် တိုင်းရင်းသာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီအား သွားရောက် တွေ့ဆုံဆွေးနွေးမှုမပြုရန်နှင့် မူလရည်မှန်းချက်အတိုင်း ဖက်ဒရယ် နှင့် ဒီမိုကရေစီ ပြည်ထောင်စု ရရှိအောင် တိုက်ပွဲဝင်ပေးကြရန် အရပ်ဖက်အဖွဲ့များက တိုက်တွန်းတောင်းဆိုသည်။

*** ZAWGYI ***
စစ္ေကာင္စီႏွင့္ ေတြ႕ဆုံေသာ လက္နက္ကိုင္အဖြဲ႕မ်ားအား အရပ္ဖက္အဖြဲ႕မ်ား ေဝဖန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၅ ရက္။

ျပည္သူမ်ားအား သတ္ျဖတ္ေနသည့္ စစ္ေကာင္စီကို သြားေရာက္ေတြ႕ဆုံ ေဆြးေႏြးခဲ့သည့္ အပစ္ရပ္အဖြဲ႕ မ်ားသည္ မတရားမႈကို အားေပးသူမ်ားႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးကို သစၥာ ေဖာက္သည့္ အဖြဲ႕အစည္းမ်ားျဖစ္သည္ဟု တိုင္းရင္းသား အရပ္ဖက္အဖြဲ႕အစည္း အခ်ိဳ႕က ေျပာသည္။

ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ကြန္ရက္ KPSN ေျပာေရးဆိုခြင့္ရွိသူ ေစာအဲက္စ္ က “ဒီေတြ႕ဆုံေဆြးေႏြး မႈဟာ မျဖစ္သင့္ဘူး။ ေနာက္လူထုလည္း မအားေပးဘူး။ မလုပ္သင့္တဲ့ အရာျဖစ္တယ္။ ၿပီးေတာ့ ေနာက္တစ္ခု ဒီလိုသြား ေတြ႕ဆုံ ေဆြးေႏြးျခင္းအားျဖင့္ ဒီမိုကေရစီကို သစၥာေဖာက္တယ္။ ေနာက္မတရားမႈကို အားေပးတယ္” ဟု ေျပာသည္။

“ေနာက္ၿပီးေတာ့ လူေတြကို သတ္ျဖတ္ၿပီးေတာ့ လုပ္ခ်င္တာလုပ္တဲ့ စစ္ေကာင္စီက ေခါင္းေဆာင္ေတြကို လည္း သြားၿပီးေတာ့မွ အသိအမွတ္ျပဳတဲ့ အဖြဲ႕ေတြ အျဖစ္လို႔ပဲလို႔ က်ေနာ္ ကေတာ့ အဲလိုပဲ ေျပာခ်င္တာ ေပါ့ေနာ္” ဟု ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၂၆ ရက္ေန႔က NCA အပစ္ရပ္ လက္မွတ္ထိုးထားသည့္ ကရင္လက္နက္ကိုင္ အဖြဲ႕အစည္း ၂ ဖြဲ႕ ျဖစ္သည့္ DKBA ႏွင့္ KNU/KNLA-PC တို႔က စစ္ေကာင္စီႏွင့္ ေနျပည္ေတာ္တြင္ သြားေရာက္ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾက သကဲ့သို႔ ဧၿပီလ ၃၀ ရက္ေန႔ကလည္း မြန္ျပည္သစ္ပါတီ NMSP က စစ္ေကာင္စီႏွင့္ သြားေရာက္ ေတြ႕ဆုံေဆြးေႏြး ခဲ့ ၾကသည္။

အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ (ျမန္မာႏိုင္ငံ) WLB အတြင္းေရးမႉး ေနာ္ဆဲဆဲ ကလည္း “တကယ္တမ္းဆိုရင္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕ေတြက ႏွစ္ေပါင္းမ်ားစြာ စစ္အာဏာရွင္ပဲ မဟုတ္ပဲနဲ႔ မည္သည့္ အာဏာရွင္ကိုမဆို တိုက္ခိုက္ခဲ့တဲ့ အဖြဲ႕အစည္းေတြျဖစ္တယ္ေပါ့ေနာ္။ ဒါေပမယ့္ စစ္အာဏာက မတရားအာဏာသိမ္းတာကို သူတို႔ ရဲ႕ ညႇိႏႈိင္းေဖာ္ ညႇိႏႈိင္းဖက္ေပါ့ေနာ Stakeholder တစ္ခု ညႇိႏႈိင္းမႈေတြကို လုပ္တဲ့ Stakeholder တစ္ခုလို သတ္ မွတ္တယ္ဆိုကတည္းက သူတို႔ရဲ႕ ရပ္တည္ခ်က္ေတြက မျပတ္သားတာကို က်မတို႔ ျမင္ရတယ္ေပါ့ေနာ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ၏ အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ထဲတြင္ အခ်က္ ၅ ခ်က္ပါရွိၿပီး လက္ရွိကာလတြင္ အာဏာသိမ္း စစ္ေကာင္စီ ႏွင့္ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြး မႈမ်ားကို ရပ္ဆိုင္းထားမည္ဆိုသည့္ အခ်က္ပါရွိသည္။

ထိုသို႔ ထုတ္ျပန္ထားေသာ္လည္း NCA အပစ္ရပ္အဖြဲ႕အခ်ိဳ႕က စစ္ေကာင္စီႏွင့္ သြားေရာက္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ေတြ႕ဆုံေဆြးေႏြးခဲ့သည့္ အေၾကာင္းအရာမ်ားကို အဖြဲ႕အစည္းမ်ားက တရားဝင္ထုတ္ျပန္ထားျခင္း မရွိေသးေပ။

ဖက္ဒရယ္ေရးရာႏွင့္ မူဝါဒေရးရာ စင္တာ ဒါ႐ိုက္တာ ႏိုင္ဗညားမြန္က “ဒီ EAO ေတြက စစ္ေကာင္စီကို အစိုးရ အ ျဖစ္ အသိအမွတ္ျပဳ ေဆြးေႏြးတာလား ဆိုတာကို အဲဒါကို က်ေနာ္တို႔ မရွင္းဘူး။ တကယ္လို႔ အဲလိုေပၚမွာ ဆိုလို႔ ရွိရင္ စစ္ေကာင္စီကို အသိအမွတ္ျပဳရာ က်မယ္လို႔ အဲလိုပဲ က်ေနာ္ျမင္တာေပါ့ေနာ။ က်ေနာ္ကေတာ့ သိပ္ၿပီး ေတာ့ မရွင္းဘူး။ အဲဒီအေပၚမွာက်ေတာ့ တစ္ဖက္ကလည္း CRPH ရဲ႕ လႈပ္ရွားမႈကို ပူးေပါင္းမယ္။ တစ္ဖက္က လည္း NCA နဲ႔ ဘိုင္လယ္ထရယ္ကို အေျခခံၿပီးေတာ့ ေဆြးေႏြးတာ သူတို႔ကို အသိအမွတ္ျပဳသလားေပါ့။ အဲဒီ အေပၚမွာက်ေတာ့ ဒြိဟေတြ အမ်ားႀကီး ျဖစ္ေစတယ္။ ရပ္တည္မႈကလည္း က်ေနာ္တို႔ မရွင္းတဲ့ အေပၚမွာ ျဖစ္ တယ္လို႔ က်ေနာ္ျမင္တယ္” ဟု ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ေ႐ြးေကာက္ပြဲ မဲမသမာမႈကို အေၾကာင္းျပၿပီး စစ္တပ္မွ အာဏာသိမ္းယူၿပီးေနာက္ ႏိုင္ငံတဝန္းရွိ ျပည္သူမ်ားက စစ္အာဏာရွင္စနစ္ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကသကဲ့သို႔ တိုင္းရင္းသား ေဒသမ်ားတြင္လည္း တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာခဲ့သည္။

ထို႔ေနာက္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ NLD ကိုယ္စားလွယ္မ်ားက ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH ကို ဖြဲ႕စည္းလိုက္ၿပီး မတရား အာဏာသိမ္းယူထားသည့္ စစ္တပ္အား တရားမဝင္အသင္း ႏွင့္ အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုထုတ္ျပန္ေၾကညာမႈအေပၚ ႏိုင္ငံတဝန္းရွိ ျပည္သူမ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အ ခ်ိဳ႕က ေထာက္ခံႀကိဳဆိုခဲ့ၾကသည္။

ႏိုင္ဗညားမြန္က “ဒီလိုအေနအထားမ်ိဳးမွာ ဒီတိုင္းရင္းသား အခြင့္အေရးအတြက္ေသာ္လည္းေကာင္း စစ္အာဏာ ရွင္ဆန႔္ က်င္မႈ ႏွစ္ရွည္လမ်ား ဦးေဆာင္ခဲ့တဲ့ တိုင္းရင္းသား ႏိုင္ငံေရး အဖြဲ႕အစည္းေတြက ဘယ္အေပၚမွာ ရပ္ တည္မလဲ ဆိုတဲ့အခ်က္က အေျခခံက်တယ္။ တကယ္လို႔ ျပည္သူလူထုဖက္က မားမားမတ္မတ္ ရပ္တည္ၿပီး ဦး ေဆာင္မယ္ဆိုရင္ ျပည္သူလူထုေထာက္ခံမႈေတာ့ ပိုရသြားမယ္ ဆိုေတာ့ လက္ရွိ အေနအထားမ်ိဳးမွာ KIA တို႔ KNU လို လူထုေထာက္ခံမႈကိုရတယ္။ လူထုလည္း သူတို႔ အဖြဲ႕အစည္းအေပၚ အမ်ားႀကီး ေမွ်ာ္လင့္တယ္ေပါ့။ ဦး ေဆာင္မႈေပးႏိုင္တယ္” ဟု ေျပာသည္။

ထို႔အျပင္ “ဒါေပမယ့္ ဒိျပင့္ တိုင္းရင္းသား လက္နက္ ကိုင္ အဖြဲ႕အစည္းေတြ ဘယ္ေပၚမွာ ရပ္တည္ေနသလဲ တ ကယ္လို႔ လူထုအေပၚမွာ ရပ္တည္မယ္ဆိုရင္ လူထုကေတာ့ ေထာက္ခံမႈေတာ့ ပိုလာမွာပဲ။ ဒါေပမယ့္ အဲလိုပုံစံ မ ဟုတ္ပဲနဲ႔ ရပ္တည္မႈက ေဝဝါးတဲ့သူေသာ္လည္းေကာင္း သို႔မဟုတ္ ရပ္တည္မႈက မရွင္းလင္း မျပတ္သားတဲ့ ပုံစံ မ်ိဳးျဖစ္မယ္။ လူထုယုံၾကည္မႈကေတာ့ က်မွာပဲလို႔ က်ေနာ္အဲသလိုပဲ ထင္ျမင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီပြဲ က ၾကားေနလို႔ရတဲ့ ပြဲမ်ိဳးမဟုတ္ဘူးလို႔ က်ေနာ္အဲလိုပဲ ျမင္ပါတယ္။ လူထုက အဲလိုပဲ ျမင္တယ္လို႔ က်ေနာ္ အဲသလိုပဲ သုံးသပ္မိပါတယ္” ဟု ႏိုင္ဗညားမြန္ က ဆက္ေျပာသည္။

တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား အေနျဖင့္ ၾကားေနမႈ ပုံစံမ်ိဳးမဟုတ္ပဲ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္မည္ဆိုသည့္ မူလရပ္တည္ခ်က္အတိုင္း ခိုင္မာသည့္ ဆုံျဖတ္ခ်က္ခ် မွတ္ကာ စစ္အာဏာရွင္ အျမစ္ျပတ္ေခ်မႈန္းေရးကို ဦးတည္လုပ္ေဆာင္ရန္ WLB အတြင္းေရးမႉး ေနာ္ဆဲဆဲက ေတာင္းဆိုသည္။

၎က “က်မတို႔က ဒီလက္ရွိ အေျခအေနမွာ က်မတို႔ တိုက္တြန္းခ်င္တာက ဒီစစ္အာဏာရွင္ အျမစ္ျပဳတ္ ေရး ကိုပဲ အဓိက ဦးတည္ၿပီးေတာ့ လုပ္ေဆာင္ေစခ်င္တယ္ ကိုယ့္ေနရာ ကိုယ့္ေဒသမွာေပါ့ေနာ။ အခုဆိုရင္ ကရင္၊ ကခ်င္ပဲ အဓိက တိုက္ပြဲေတြ ျဖစ္ၿပီးေတာ့ အဓိကခံေနရတဲ့ လူထုေတြကလည္း ကရင္ ကခ်င္လူထုေတြပဲ ျဖစ္ ေနတယ္ေပါ့ေနာ။ ဆိုေတာ့ က်မတို႔သာ တကယ္လို႔ တိုင္းရင္းသား လက္နက္ကိုင္ အစုအဖြဲ႕အ သီးသီးက သူေန ရာနဲ႔ သူ ဒီစစ္အာဏာရွင္ အျမစ္ျပဳတ္ေရးကိုပဲ အဓိက ဦးတည္ၿပီးေတာ့ လုပ္ေဆာင္သြားမယ္ဆိုရင္ က်မတို႔ ေရာက္ခ်င္တဲ့ ေအာင္ျမင္မႈ က်မတို႔ သြားခ်င္တဲ့ ဖက္ဒရယ္ ဒီမိုကေရစီ လမ္းေၾကာင္းကလည္း အျမန္ဆုံး ေရာက္ရွိႏိုင္မွာ ျဖစ္တယ္ေပါ့ေနာ” ဟု ေနာ္ဆဲဆဲ က ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အခ်ိဳ႕က အာဏာသိမ္း စစ္ေကာင္စီ အား ဆန႔္က်င္ကာ တိုက္ခိုက္ေနေသာ္လည္း အခ်ိဳ႕အဖြဲ႕မ်ားမွာ ဆုံးျဖတ္ခ်က္ ျပတ္သားမႈ မရွိပဲ ၾကားေနသည့္ သေဘာမ်ိဳးကို ေတြ႕ေနရသည့္အတြက္ အားမလိုအားမရျဖစ္ရသည္ဟု ျပည္သူမ်ားႏွင့္ အရပ္ဖက္အဖြဲ႕ အစည္း မ်ားက ဆိုသည္။

လက္ရွိအခ်ိန္သည္ စစ္အာဏာရွင္ အျမစ္ျပတ္ေအာင္ လုပ္ေဆာင္ႏိုင္ရန္ အေကာင္းဆုံး အခ်ိန္ကာလ ျဖစ္သည့္ အတြက္ တိုင္းရင္းသာ လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕မ်ားအေနျဖင့္ အာဏာသိမ္းထားသည့္ စစ္ေကာင္စီအား သြားေရာက္ ေတြ႕ဆုံေဆြးေႏြးမႈမျပဳရန္ႏွင့္ မူလရည္မွန္းခ်က္အတိုင္း ဖက္ဒရယ္ ႏွင့္ ဒီမိုကေရစီ ျပည္ေထာင္စု ရရွိေအာင္ တိုက္ပြဲဝင္ေပးၾကရန္ အရပ္ဖက္အဖြဲ႕မ်ားက တိုက္တြန္းေတာင္းဆိုသည္။