တစ်လကျော်အတွင်း ကရင်တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၉၄ ဦး ကျဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်။
တစ်လကျော်ကာလအတွင်း ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၉၄ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ကြေညာသည်။
မေလ ၅ ရက်နေ့ (ယနေ့) တွင် KNU ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်ထဲတွင် “၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေ့မှ မေလ ၅ ရက်နေ့အထိ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အကြမ်းဖက် စစ်အုပ်စုတို့ အကြား စခန်းသိမ်းတိုက်ပွဲမှအပ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုပေါင်း (၄၀၇ )ကြိမ် ဖြစ်ပွားကာ အကြမ်းဖက် စစ် အုပ်စုဖက်မှ ဗိုလ်မှူးကြီး ၁ ဦး ၊ ဒုဗိုလ်မှူးကြီး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦး ၊ ဒုဗိုလ်ကြီး ၁ ဦး ၊ ဗိုလ် ၁ ဦး နှင့် အရာခံ ဗိုလ် ၁ ဦး အပါအဝင် (၁၉၄) ဦးကျဆုံးပြီး ( ၂၂၀ ) ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါသည်” ဟု ဖော်ပြ ထားသည်။
စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ဆိုသည်။
KNU က “ထိုသို့ အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု နှင့် လက်နက်ကြီးများ ရမ်းသမ်း ပစ် ချမှုကြောင့် အပြစ်မဲ့ ပြည်သူလူထု (၁၄) ဦး ထိမှန်သေဆုံးခဲ့ရပြီး ( ၂၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
KNU တပ်မဟာ (၅)၊ တပ်မဟာ (၁)၊ တပ်မဟာ (၃) တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဆက်လက် ဖြစ်ပွားနေပြီး အခြား သော KNU တပ်မဟာများဖြစ်ကြသည့် တပ်မဟာ (၂)၊ တပ်မဟာ (၄)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၇) တို့ တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
၁ လကျော် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်များက ပြည်သူလူထုများ နေထိုင်ရာ ရွာအတွင်းသို့သော် လည်းကောင်း ၊ အသက်မွေးဝမ်းကြောင်းပြုလုပ်ရာ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် တောင်ယာစိုက်ခင်း များအတွင်းသို့ သော်လည်းကောင်း လက်နက်ကြီးများ ( ၅၇၅ ) လုံး ပစ်ခဲ့သည့်အပြင် KNU ထိန်းချုပ်ရာ နယ်မြေများ အတွင်းသို့ တိုက်လေယာဉ်ဖြင့် ( ၂၇) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး( ၄၇) လုံးကြဲခဲ့သည် ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီတပ်များက ဒေသခံ ပြည်သူူများ၏ ဆန်၊ ဆီး၊ ဆား အစရှိသည့် စား သောက်ကုန်များကို ယူဆောင်သွားခဲ့သည့်အပြင် ပြည်သူများ၏ ငွေကြေး ပမာဏ (၅၀၀၀၀၀၀) ငါးသန်းကျော်ကို စစ်ကောင်စီ တပ် များက အဓမ္မယူဆောင်သွားသည့် KNU က ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့များအကြား စစ်ရေးတင်းမာများနှင့်အတူ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
လက်ရှိတွင် ကချင်၊ ကရင်၊ ရှမ်းမြောက် ဒေသများတွင် စစ်ကောင်စီတပ်များနှင့် ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။
*** ZAWGYI ***
တစ္လေက်ာ္အတြင္း ကရင္တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၉၄ ဦး က်ဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၅ ရက္။
တစ္လေက်ာ္ကာလအတြင္း ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏွင့္ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၉၄ ဦး ေသဆုံးၿပီး ၂၀၀ ေက်ာ္ ဒဏ္ရာရခဲ့သည္ဟု KNU က ထုတ္ျပန္ေၾကညာသည္။
ေမလ ၅ ရက္ေန႔ (ယေန႔) တြင္ KNU ျပန္ၾကားေရး၏ သတင္းထုတ္ျပန္ခ်က္ထဲတြင္ “၂၀၂၁ ခုႏွစ္ မတ္လ ၂၇ ရက္ ေန႔မွ ေမလ ၅ ရက္ေန႔အထိ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ႏွင့္ အၾကမ္းဖက္ စစ္အုပ္စုတို႔ အၾကား စခန္းသိမ္းတိုက္ပြဲမွအပ ထိပ္တိုက္ရင္ဆိုင္ပစ္ခတ္မႈေပါင္း (၄၀၇ )ႀကိမ္ ျဖစ္ပြားကာ အၾကမ္းဖက္ စစ္ အုပ္စုဖက္မွ ဗိုလ္မႉးႀကီး ၁ ဦး ၊ ဒုဗိုလ္မႉးႀကီး ၁ ဦး ၊ ဗိုလ္ႀကီး ၁ ဦး ၊ ဒုဗိုလ္ႀကီး ၁ ဦး ၊ ဗိုလ္ ၁ ဦး ႏွင့္ အရာခံ ဗိုလ္ ၁ ဦး အပါအဝင္ (၁၉၄) ဦးက်ဆုံးၿပီး ( ၂၂၀ ) ဦးထိခိုက္ဒဏ္ရာရရွိေၾကာင္းသိရွိရပါသည္” ဟု ေဖာ္ျပ ထားသည္။
စစ္ေကာင္စီမွ ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈႏွင့္ လက္နက္ႀကီး ပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံျပည္သူ ထိခိုက္ေသဆုံးမႈမ်ားႏွင့္ ဒဏ္ရာရရွိသူမ်ားလည္း ရွိသည္ဟု ဆိုသည္။
KNU က “ထိုသို႔ အၾကမ္းဖက္စစ္အုပ္စုမွ ေလယာဥ္ျဖင့္ ဗုံးႀကဲ တိုက္ခိုက္မႈ ႏွင့္ လက္နက္ႀကီးမ်ား ရမ္းသမ္း ပစ္ ခ်မႈေၾကာင့္ အျပစ္မဲ့ ျပည္သူလူထု (၁၄) ဦး ထိမွန္ေသဆုံးခဲ့ရၿပီး ( ၂၈) ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ရပါသည္” ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။
KNU တပ္မဟာ (၅)၊ တပ္မဟာ (၁)၊ တပ္မဟာ (၃) တို႔တြင္ တိုက္ပြဲမ်ား ျပင္းထန္စြာဆက္လက္ ျဖစ္ပြားေနၿပီး အျခား ေသာ KNU တပ္မဟာမ်ားျဖစ္ၾကသည့္ တပ္မဟာ (၂)၊ တပ္မဟာ (၄)၊ တပ္မဟာ (၆) ႏွင့္ တပ္မဟာ (၇) တို႔ တြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိသည္။
၁ လေက်ာ္ တိုက္ပြဲကာလအတြင္း စစ္ေကာင္စီတပ္မ်ားက ျပည္သူလူထုမ်ား ေနထိုင္ရာ ႐ြာအတြင္းသို႔ေသာ္ လည္းေကာင္း ၊ အသက္ေမြးဝမ္းေၾကာင္းျပဳလုပ္ရာ လယ္ယာေျမမ်ား၊ ဥယ်ာဥ္ၿခံေျမမ်ားႏွင့္ ေတာင္ယာစိုက္ခင္း မ်ားအတြင္းသို႔ ေသာ္လည္းေကာင္း လက္နက္ႀကီးမ်ား ( ၅၇၅ ) လုံး ပစ္ခဲ့သည့္အျပင္ KNU ထိန္းခ်ဳပ္ရာ နယ္ေျမမ်ား အတြင္းသို႔ တိုက္ေလယာဥ္ျဖင့္ ( ၂၇) ႀကိမ္ လာေရာက္ပစ္ခတ္ခဲ့ၿပီး ဗုံးသီး( ၄၇) လုံးႀကဲခဲ့သည္ ဟု KNU ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ စစ္ေကာင္စီတပ္မ်ားက ေဒသခံ ျပည္သူူမ်ား၏ ဆန္၊ ဆီး၊ ဆား အစရွိသည့္ စား ေသာက္ကုန္မ်ားကို ယူေဆာင္သြားခဲ့သည့္အျပင္ ျပည္သူမ်ား၏ ေငြေၾကး ပမာဏ (၅၀၀၀၀၀၀) ငါးသန္းေက်ာ္ကို စစ္ေကာင္စီ တပ္ မ်ားက အဓမၼယူေဆာင္သြားသည့္ KNU က ဆိုသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္ ေတာ္လွန္ေရး အဖြဲ႕မ်ားအၾကား စစ္ေရးတင္းမာမ်ားႏွင့္အတူ တိုက္ပြဲမ်ား ျဖစ္ပြားလာခဲ့သည္။
လက္ရွိတြင္ ကခ်င္၊ ကရင္၊ ရွမ္းေျမာက္ ေဒသမ်ားတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ေဒသအေျခစိုက္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားအၾကား တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနသည္။