ကွတ်ခိုင် တိုက်ပွဲတွေကြောင့် ရွာသား ၂၀၀ ကျော် စစ်ဘေးရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
မေလ ၄ ရက်နေ့ ညနေပိုင်းအချိန်ခန့်က စတင်ပြီး ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာ မိတ် တပ်ဖွဲ့ကြားက တိုက်ပွဲများဖြစ်ပွားခဲ့ရာ မေလ ၅ ရက်နေ့အထိ အနီးတဝိုက် ကျေးရွာများထဲသို့ အာဏာသိမ်း စစ် ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများနှင့် ဆက်တိုက် ပစ်ခတ်နေသည့်အတွက် ထွက်ပြေးနေရခြင်း ဖြစ်သည် ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။
“ဟုတ်တယ် အခုနက ညနေအထိ ဒီဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့နော်။ ၃ နာရီ ကျော်ကျော်လောက် ကနေ ပစ်နေတာ။ ရပ်သွားတယ်။ ခနနေပြန်ပစ်တယ်။ ဒီတပ်စခန်းကနေ မြို့မ တပ်စခန်းကနေ ပစ်နေတာပါ။ အလုံး ၁၅ လုံးကျော်မယ်။ မနေ့ကညကနေ ပစ်တာနော်။ မြို့မစစ်ကောင်စီရဲ့ တပ်စခန်းဘက်နေ ပစ်နေတာ။ အခုက အယောက် ၂၀၀ ကျော်လောက် ပြည်လုံးချမ်းသာကျောင်းတိုက်မှာ ဘုန်းကြီးကျောင်းမှာ ရောက်နေ တယ်။ ဒီရှောင်လာတဲ့ လူတွေကတော့ ဒီ ပြည်လုံးချမ်းသာစုစည်းရပ်ကွက်က ရှောင်လာတာ။ သူက အိမ်ခြေ ၅၀ လောက်ရှိတယ်။ လူဦးရေက ၂၀၀ ကျော်ရှိတယ်” ဟု စစ်ရှောင်များအား သွားရောက်ကြည့်ရှုခဲ့သူ ကွတ်ခိုင် ဒေသခံတစ်ဦး က ပြောသည်။
ကွတ်ခိုင်မြို့ OHC တိုးဂိတ်အနီးက “ပြည်လုံးချမ်းသာ ကျောင်းတိုက်” သို့ ပြည်လုံးချမ်းသာ စုစည်းရပ်ကွက် ပြည်သူ ၂၀၀ ကျော် စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်ကစတင်ပြီး ယနေ့ အထိ ကွတ်ခိုင်မြို့ရှိ မြို့မတပ်စခန်းဘက်က လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ဆက်တိုက်ပစ်ခတ်လျှက်ရှိရာ စစ်ရှောင်ပြည်သူများ ရောက်ရှိနေသည့် “ပြည်လုံးချမ်းသာ ကျောင်းတိုက်” အနီးတဝိုက်နှင့် ကျောင်းဝန်းထဲသို့လည်း လက်နက်ငယ် အနည်းအကျဉ်း ထိမှန်ကျ ရောက် ခဲ့သည် ဟု စစ်ရှောင်များအား သွားရောက်ကူညီစဉ် မြင်တွေ့ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦး က ပြော သည်။
တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA အဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “ပြည်သူတွေ ဘာကြောင့်ပြေးလဲဆိုတာတော့ ကျနော်တို့ဖြစ်တာက ရွာထဲမှာ ဖြစ်တာ မ ဟုတ်ဘူး။ ကျနော်တို့က တောထဲမှာ။ ဖြစ်ပြီးတော့ တပ်ဘက်က လက်နက်ကြီးတွေပစ်တယ်၊ အဲ့တော့ ကြောက် ပြီးတော့ လူထုတွေက ထွက်ပြေးကြတယ်။ ဒီမနက်လည်း စောစောက ပြောသလို တချို့က တိုက်ပွဲလို့ ပြောကြ တယ်။ အဲ့လိုထင်ကြတယ်။ တကယ်တော့မဟုတ်ဘူး။ ဒီမနက်က လက်နက်ကြီး လက်နက်ငယ်တွေ တပ်ဘက်
က အဲ့ဒီရွာပတ်လည်ရော၊ အနီးအနားရော လက်နက်ကြီးတွေ ပစ်နေတယ်။ ရွာထဲကျမကျတော့ မသိဘူး။ အဲ့ကြောင့်လူထုတွေက ထွက်ပြေးတာဖြစ်တယ်” ဟု ပြောသည်။
ယနေ့တွင် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားနေခြင်း မရှိကြောင်း၊ မေလ ၄ ရက်နေ့က ကွတ်ခိုင်မြို့နယ်အတွင်းရှိ သာစည်ကျေးရွာ နှင့် မန်လုံကျေးရွာကြားတွင် တစ်ကြိမ်၊ မန်ပန်ရွာအနီးတွင် တစ်ကြိမ် စစ်ကောင်စီတပ်ဘက်က TNLA နှင့် MNDAA တပ်ဖွဲ့ဝင်များ အား လာရောက် ထိုးစစ်ဆင် တိုက်ခိုက်သည်ဟု ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက် ကျော် က ပြောသည်။
ကွတ်ခိုင်မြို့က ပြည်သူများက တိုက်ပွဲများ ထပ်မံပြင်းထန်စွာဖြစ်ပွားမည်ကို စိုးရိမ်နေကြသကဲ့သို့၊ ကျေးရွာထဲ သို့သာမက ကွတ်ခိုင်မြို့ပေါ်အထိ လက်နက်ကြီးများ ပစ်ခတ်လာမည်ကို စိုးရိမ်သည်ဟု ပြောသည်။
“အခုပစ်နေတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ နီးတယ်။ အခုပြေးလာတဲ့ လူတွေနေတဲ့ ရပ်ကွက်က တော်တော်လေးကို နီးတာ။ အဲ့ဒါကြောင့် ပြေးလာကြတာ။ အခုပြောနေရင်းနဲ့တောင် တစ်လုံးပြန်ကြားရပြီ (ညနေ ၆ နာရီအချိန်)။ ကျနော်ကတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရွာတွေဘက်ကို ပစ်တယ်။ မြို့ထဲကို မရောက်သေး ပေ မယ့် ကျနော်တို့ ရပ်ကွက်ထဲက အိမ်တစ်လုံးဆို ကျည်ဆံတစ်လုံးဝင်လာတယ်။ သူတို့ပစ်လိုက်တာလေနော်။ အဲ့ လိုမျိုးတွေရှိတဲ့အတွက် မြို့ထဲအထိ လက်နက်ကြီးတွေကျမှာ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ရတယ်။ အခုပစ်နေ တာက စစ်ကောင်စီရဲ့ မြို့မတပ်စခန်း အမြောက်တပ်ပေါ့ အဲ့ကနေ ရွာတွေဘက်ကို ပစ်နေတာ” ဟု ကွတ်ခိုင် မြို့ခံ တစ်ဦး က ပြောသည်။
ပြည်လုံးချမ်းသာ ကျောင်းတိုက် သို့ ရောက်ရှိနေသာ စစ်ရှောင်များအတွက် ဒေသခံပြည်သူများနှင့် ဒေသအတွင်း အလှူရှင်များက ၎င်းတို့ နေရေးထိုင်ရေးနှင့် အစားအသောက်များအတွက် စီစဉ် ကူညီပေးနေသည်ဟု သိရသည်။
မေလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦး ရှိခဲ့သည့်အနက် စိုးရိမ်ရသည့် ဒဏ်ရာရရှိသူ ၄ ဦးကို ယခုခါ ကွတ်ခိုင်ဆေးရုံမှ လားရှိုးဆေးရုံသို့ ပို့ထားရသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
ကြတ္ခိုင္ တိုက္ပြဲေတြေၾကာင့္ ႐ြာသား ၂၀၀ ေက်ာ္ စစ္ေဘးေရွာင္ေနရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၅ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား ျဖစ္ပြားၿပီးေနာက္ ႐ြာသား ၂၀၀ ေက်ာ္ ထြက္ေျပးတိမ္း ေရွာင္ေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေမလ ၄ ရက္ေန႔ ညေနပိုင္းအခ်ိန္ခန႔္က စတင္ၿပီး ျဖစ္ပြားခဲ့သည့္ စစ္ေကာင္စီတပ္ႏွင့္ ေျမာက္ပိုင္းမဟာ မိတ္ တပ္ဖြဲ႕ၾကားက တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ေမလ ၅ ရက္ေန႔အထိ အနီးတဝိုက္ ေက်း႐ြာမ်ားထဲသို႔ အာဏာသိမ္း စစ္ ေကာင္စီတပ္ဖြဲ႕မ်ားက လက္နက္ႀကီးမ်ားႏွင့္ ဆက္တိုက္ ပစ္ခတ္ေနသည့္အတြက္ ထြက္ေျပးေနရျခင္း ျဖစ္သည္ ဟု ကြတ္ခိုင္ေဒသခံမ်ားက ေျပာသည္။
“ဟုတ္တယ္ အခုနက ညေနအထိ ဒီဘက္မွာ လက္နက္ႀကီးေတြနဲ႔ ပစ္တာေပါ့ေနာ္။ ၃ နာရီ ေက်ာ္ေက်ာ္ေလာက္ ကေန ပစ္ေနတာ။ ရပ္သြားတယ္။ ခနေနျပန္ပစ္တယ္။ ဒီတပ္စခန္းကေန ၿမိဳ႕မ တပ္စခန္းကေန ပစ္ေနတာပါ။ အလုံး ၁၅ လုံးေက်ာ္မယ္။ မေန႔ကညကေန ပစ္တာေနာ္။ ၿမိဳ႕မစစ္ေကာင္စီရဲ႕ တပ္စခန္းဘက္ေန ပစ္ေနတာ။ အခုက အေယာက္ ၂၀၀ ေက်ာ္ေလာက္ ျပည္လုံးခ်မ္းသာေက်ာင္းတိုက္မွာ ဘုန္းႀကီးေက်ာင္းမွာ ေရာက္ေန တယ္။ ဒီေရွာင္လာတဲ့ လူေတြကေတာ့ ဒီ ျပည္လုံးခ်မ္းသာစုစည္းရပ္ကြက္က ေရွာင္လာတာ။ သူက အိမ္ေျခ ၅၀ ေလာက္ရွိတယ္။ လူဦးေရက ၂၀၀ ေက်ာ္ရွိတယ္” ဟု စစ္ေရွာင္မ်ားအား သြားေရာက္ၾကည့္ရႈခဲ့သူ ကြတ္ခိုင္ ေဒသခံတစ္ဦး က ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕ OHC တိုးဂိတ္အနီးက “ျပည္လုံးခ်မ္းသာ ေက်ာင္းတိုက္” သို႔ ျပည္လုံးခ်မ္းသာ စုစည္းရပ္ကြက္ ျပည္သူ ၂၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ ေရာက္ရွိေနသည္ဟု ကြတ္ခိုင္ေဒသခံမ်ားက ေျပာသည္။
ယေန႔ နံနက္ ၁၀ နာရီအခ်ိန္ခန႔္ကစတင္ၿပီး ယေန႔ အထိ ကြတ္ခိုင္ၿမိဳ႕ရွိ ၿမိဳ႕မတပ္စခန္းဘက္က လက္နက္ႀကီး၊ လက္နက္ငယ္မ်ား ျဖင့္ ဆက္တိုက္ပစ္ခတ္လွ်က္ရွိရာ စစ္ေရွာင္ျပည္သူမ်ား ေရာက္ရွိေနသည့္ “ျပည္လုံးခ်မ္းသာ ေက်ာင္းတိုက္” အနီးတဝိုက္ႏွင့္ ေက်ာင္းဝန္းထဲသို႔လည္း လက္နက္ငယ္ အနည္းအက်ဥ္း ထိမွန္က် ေရာက္ ခဲ့သည္ ဟု စစ္ေရွာင္မ်ားအား သြားေရာက္ကူညီစဥ္ ျမင္ေတြ႕ခဲ့သည္ဟု မ်က္ျမင္သက္ေသ တစ္ဦး က ေျပာ သည္။
တအန္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA အဖြဲ႕ ၏ ျပန္ၾကားေရးတာဝန္ခံ ဒုတိယဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္ က “ျပည္သူေတြ ဘာေၾကာင့္ေျပးလဲဆိုတာေတာ့ က်ေနာ္တို႔ျဖစ္တာက ႐ြာထဲမွာ ျဖစ္တာ မ ဟုတ္ဘူး။ က်ေနာ္တို႔က ေတာထဲမွာ။ ျဖစ္ၿပီးေတာ့ တပ္ဘက္က လက္နက္ႀကီးေတြပစ္တယ္၊ အဲ့ေတာ့ ေၾကာက္ ၿပီးေတာ့ လူထုေတြက ထြက္ေျပးၾကတယ္။ ဒီမနက္လည္း ေစာေစာက ေျပာသလို တခ်ိဳ႕က တိုက္ပြဲလို႔ ေျပာၾက တယ္။ အဲ့လိုထင္ၾကတယ္။ တကယ္ေတာ့မဟုတ္ဘူး။ ဒီမနက္က လက္နက္ႀကီး လက္နက္ငယ္ေတြ တပ္ဘက္ က အဲ့ဒီ႐ြာပတ္လည္ေရာ၊ အနီးအနားေရာ လက္နက္ႀကီးေတြ ပစ္ေနတယ္။ ႐ြာထဲက်မက်ေတာ့ မသိဘူး။ အဲ့ေၾကာင့္လူထုေတြက ထြက္ေျပးတာျဖစ္တယ္” ဟု ေျပာသည္။
ယေန႔တြင္ ႏွစ္ဖက္ၾကား တိုက္ပြဲျဖစ္ပြားေနျခင္း မရွိေၾကာင္း၊ ေမလ ၄ ရက္ေန႔က ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ သာစည္ေက်း႐ြာ ႏွင့္ မန္လုံေက်း႐ြာၾကားတြင္ တစ္ႀကိမ္၊ မန္ပန္႐ြာအနီးတြင္ တစ္ႀကိမ္ စစ္ေကာင္စီတပ္ဘက္က TNLA ႏွင့္ MNDAA တပ္ဖြဲ႕ဝင္မ်ား အား လာေရာက္ ထိုးစစ္ဆင္ တိုက္ခိုက္သည္ဟု ဒုတိယဗိုလ္မႉးႀကီး မိုင္းအိုက္ ေက်ာ္ က ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕က ျပည္သူမ်ားက တိုက္ပြဲမ်ား ထပ္မံျပင္းထန္စြာျဖစ္ပြားမည္ကို စိုးရိမ္ေနၾကသကဲ့သို႔၊ ေက်း႐ြာထဲ သို႔သာမက ကြတ္ခိုင္ၿမိဳ႕ေပၚအထိ လက္နက္ႀကီးမ်ား ပစ္ခတ္လာမည္ကို စိုးရိမ္သည္ဟု ေျပာသည္။
“အခုပစ္ေနတဲ့ စစ္ေကာင္စီတပ္စခန္းနဲ႔ နီးတယ္။ အခုေျပးလာတဲ့ လူေတြေနတဲ့ ရပ္ကြက္က ေတာ္ေတာ္ေလးကို နီးတာ။ အဲ့ဒါေၾကာင့္ ေျပးလာၾကတာ။ အခုေျပာေနရင္းနဲ႔ေတာင္ တစ္လုံးျပန္ၾကားရၿပီ (ညေန ၆ နာရီအခ်ိန္)။ က်ေနာ္ကေတာ့ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ ႐ြာေတြဘက္ကို ပစ္တယ္။ ၿမိဳ႕ထဲကို မေရာက္ေသး ေပ မယ့္ က်ေနာ္တို႔ ရပ္ကြက္ထဲက အိမ္တစ္လုံးဆို က်ည္ဆံတစ္လုံးဝင္လာတယ္။ သူတို႔ပစ္လိုက္တာေလေနာ္။ အဲ့ လိုမ်ိဳးေတြရွိတဲ့အတြက္ ၿမိဳ႕ထဲအထိ လက္နက္ႀကီးေတြက်မွာ တိုက္ပြဲေတြျဖစ္မွာကို စိုးရိမ္ရတယ္။ အခုပစ္ေန တာက စစ္ေကာင္စီရဲ႕ ၿမိဳ႕မတပ္စခန္း အေျမာက္တပ္ေပါ့ အဲ့ကေန ႐ြာေတြဘက္ကို ပစ္ေနတာ” ဟု ကြတ္ခိုင္ ၿမိဳ႕ခံ တစ္ဦး က ေျပာသည္။
ျပည္လုံးခ်မ္းသာ ေက်ာင္းတိုက္ သို႔ ေရာက္ရွိေနသာ စစ္ေရွာင္မ်ားအတြက္ ေဒသခံျပည္သူမ်ားႏွင့္ ေဒသအတြင္း အလႉရွင္မ်ားက ၎တို႔ ေနေရးထိုင္ေရးႏွင့္ အစားအေသာက္မ်ားအတြက္ စီစဥ္ ကူညီေပးေနသည္ဟု သိရသည္။
ေမလ ၄ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈမ်ားတြင္ ထိခိုက္ဒဏ္ရာ ရရွိသူ ၇ ဦး ရွိခဲ့သည့္အနက္ စိုးရိမ္ရသည့္ ဒဏ္ရာရရွိသူ ၄ ဦးကို ယခုခါ ကြတ္ခိုင္ေဆး႐ုံမွ လားရႈိးေဆး႐ုံသို႔ ပို႔ထားရသည္ဟု ေဒသခံမ်ားက ေျပာသည္။