နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အိမ်ခြေ တစ်ရာကျော် မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြသည့် တအာင်း(ပလောင်) ပြည်သူများ ၏ နေအိမ် အလုံး ၁၁၄ လုံး မီးရှို့ခံထားရသည်ဟု ဒေသခံများက ပြောသည်။

မေလ ၅ ရက်နေ့က လေးလုံးထပ်မံ မီးရှို့ခံလိုက်ရသည်ဟု နမ္မတူ ဒေသခံတစ်ဦး က ပြောသည်။

“ကျေးရွာအားလုံးပေါင်းက ၁၁၄ အိမ်လောင်သွားတယ်။ ဒီနေ့အထိပေါ့။ မနေ့တုန်းက ထပ်လောင်တာဆိုရင် ရေ အိုးကျေးရွာရှိမယ်။ အဲ့ထက်နည်းနည်းစောစောဆိုရင် မန်လီရွာရှိမယ်။ အဲ့ဒီနှစ်ရွာကတော့ နောက်ဆုံး လောင်တဲ့ ဟာပေါ့။ ကျနော်တို့ မန်လီနဲ့ ရေအိုးဆိုရင် မန်လီမှာဆိုရင် ၆ ရက်နေ့ကတည်းက စလောင်ပြီးတော့ စစ်ဘေး ရှောင်တယ်။”

ကျေးရွာများအတွင်း ရွာစောင့်ကျန်ခဲ့သည့် ရွာသားများကို RCSS က မောင်းထုတ်ပြီးနောက် ယခုကဲ့သို့ မီးလောင် မှုများ ဆက်တိုက်ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ရွာထဲမှာ တိုက်ပွဲမဖြစ်တော့ ရွာစောင့်ပုံစံမျိုးနဲ့ အမျိုးသား ၁၂ ယောက်၊ ၁၅ ယောက်လောက်က ရွာထဲမှာ သွား ပြီး ရွာစောင့်တယ်။ ဒါပေမယ့် ရွာစောင့်တဲ့အချိန်မှာပဲ RCSS တပ်ဖွဲ့က ရွာထဲဝင်လာပြီးမှ မောင်းထုတ်ပြီး တိုက် ပွဲထပ်ဖြစ်တဲ့ ပုံစံပေ့ါ။ ဒါပေမယ့် ကျနော်တို့ ကြားရသလောက်က လက်နက်ကြီး နှစ်လုံးလောက်ပဲ ကြားရ တယ်။ အိမ်မီးလောင်သွားတာမျိုးတွေ ဖြစ်နေတယ်။”

နမ္မတူမြို့နယ်အတွင်းက မန်လီနှင့် မန်ဂျက်ကျေးရွာများတွင် အိမ်ခြေအလုံးရေ ၅၀ နီးပါးစီ မီးရှို့ခံလိုက်ပြီး အခြား သော ကျေးရွာများဖြစ်သည့် မန်ဆာ၊ ရေအိုးကျေးရွာများမှ နေအိမ်အချို့လည်းပါသည်ဟု ကျေးရွာများ အတွင်း မီးလောင်မှုများကို မှတ်တမ်းသွားရောက်ယူခဲ့သည့် တအာင်းလူငယ်တစ်ဦး က ပြောသည်။

“လက်ရှိအခြေအနေအရဆိုရင် RCSS တစ်ဖွဲ့ပဲ။ မီးလောင်မှုမှာ စစ်ကောင်စီက ပူးပေါင်းပါဝင်မှု မရှိဘူး။ တ ခြား လက်နက်ကိုင်တွေလည်း ရွာထဲမှာ မရှိဘူး။ မန်ဆာ၊ မန်လီ၊ မန်ဂျက်၊ ရေအိုးရှိမယ်။ အဲ့ရွာတွေက အိမ်တွေ မီး လောင်သွားတာပါ။ အိမ်တွေက တိုက်အိမ်တွေလည်းပါတယ်။ တချို့တွေက သစ်အိမ်တွေပါတယ်။ ကာလ ပေါက်စျေးက တွက်လို့ရမသေးဘူး။ အိမ်အလုံးလိုက် အပြောင်လောင်တာ။ ဘာပစ္စည်းမှလည်း မကျန်ဘူး။ ကျနော်တို့မှာ သက်သေလည်း အားလုံးရှိတယ်။ RCSS က လုပ်တယ်ဆိုတာလေ။”

နမ္မတူမြို့နယ်အတွင်းက မီးလောင်သွားသည့် အိမ်များသည် RCSS လက်ချက်ဖြစ်သည်ဟု ဒေသခံများက ပြော ဆိုထားသော်လည်း RCSS ကတော့ ၎င်းတို့ မဟုတ်ဘူးဟု RCSS/SSA ပိုင် Tai Freedom ဝက်ဆိုက်နှင့် လူမှုယွန်ရက်စာမျက်နှာတွင် ထုတ်ပြန် ငြင်းဆိုထားသည်။

နေအိမ်ဆုံးရှုံးသွားသည့် ရွာသားများ၏ နေအိမ်များ ပြန်ဆောက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် လည်း အခက်အခဲရှိနေသည်ဟု ၎င်းတအာင်းလူငယ် က ဆက်ပြောသည်။

“အခုချိန်ထိ ရွာသားတွေက ရွာထဲကို ပြန်လို့မရသေးဘူး။ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လတော့ ကျော် သွားပြီ။ စစ်ရှောင်စခန်းမှာလည်း သူတို့က စားဝတ်နေရေး အစစအရာရာ အခက်အခဲ ရှိ တယ်။ အခုလက်ရှိ အနေအထားဆိုရင် ရွာပြန်မယ်ဆိုရင် မီးလောင်သွားတဲ့လူတွေအတွက် အိမ်တွေ ပြန်ပြင်ဖို့ ပြန်ဆောက်ဖို့ လို အပ်တယ်။”

နမ္မတူမြို့နယ်အတွင်းရှိ မန်လီ၊ မန်ဆာ၊ မန်ဂျက် နှင့် ရေအိုးကျေးရွာတို့မှ ရွာသားများသည် ဧပြီလ ပထမ အပတ် ခန့်က စတင်၍ ဖြစ်ပွားလာခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအန်း TNLA၊ ရှမ်း SSPP ပူးပေါင်းတပ်တို့အကြားက တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးလွှတ်ရာ သီပေါမြို့သို့ စစ်ဘေးရှောင်နေကြရသည်မှာ တစ်လကျော်ရှိသွားပြီ ဖြစ်သည်။

အဆိုပါဒေသများအတွက် ယခုရက်ပိုင်း တိုက်ပွဲများ ရပ်တန့်နေသော်လည်း ကျေးရွာများအတွင်းသို့ လက်နက် ကြီးကျည်များ နေ့စဉ် ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
နမၼတူၿမိဳ႕နယ္အတြင္း တအာင္း (ပေလာင္) အိမ္ေျခ တစ္ရာေက်ာ္ မီးရႈိ႕ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၆ ရက္။

ရွမ္းျပည္နယ္၊ ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ေနၾကသည့္ တအာင္း(ပေလာင္) ျပည္သူမ်ား ၏ ေနအိမ္ အလုံး ၁၁၄ လုံး မီးရႈိ႕ခံထားရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေမလ ၅ ရက္ေန႔က ေလးလုံးထပ္မံ မီးရႈိ႕ခံလိုက္ရသည္ဟု နမၼတူ ေဒသခံတစ္ဦး က ေျပာသည္။

“ေက်း႐ြာအားလုံးေပါင္းက ၁၁၄ အိမ္ေလာင္သြားတယ္။ ဒီေန႔အထိေပါ့။ မေန႔တုန္းက ထပ္ေလာင္တာဆိုရင္ ေရ အိုးေက်း႐ြာရွိမယ္။ အဲ့ထက္နည္းနည္းေစာေစာဆိုရင္ မန္လီ႐ြာရွိမယ္။ အဲ့ဒီႏွစ္႐ြာကေတာ့ ေနာက္ဆုံး ေလာင္တဲ့ ဟာေပါ့။ က်ေနာ္တို႔ မန္လီနဲ႔ ေရအိုးဆိုရင္ မန္လီမွာဆိုရင္ ၆ ရက္ေန႔ကတည္းက စေလာင္ၿပီးေတာ့ စစ္ေဘး ေရွာင္တယ္။”

ေက်း႐ြာမ်ားအတြင္း ႐ြာေစာင့္က်န္ခဲ့သည့္ ႐ြာသားမ်ားကို RCSS က ေမာင္းထုတ္ၿပီးေနာက္ ယခုကဲ့သို႔ မီးေလာင္ မႈမ်ား ဆက္တိုက္ျဖစ္ပြားလာရျခင္း ျဖစ္သည္ဟု ၎က ဆက္ေျပာသည္။

“႐ြာထဲမွာ တိုက္ပြဲမျဖစ္ေတာ့ ႐ြာေစာင့္ပုံစံမ်ိဳးနဲ႔ အမ်ိဳးသား ၁၂ ေယာက္၊ ၁၅ ေယာက္ေလာက္က ႐ြာထဲမွာ သြား ၿပီး ႐ြာေစာင့္တယ္။ ဒါေပမယ့္ ႐ြာေစာင့္တဲ့အခ်ိန္မွာပဲ RCSS တပ္ဖြဲ႕က ႐ြာထဲဝင္လာၿပီးမွ ေမာင္းထုတ္ၿပီး တိုက္ ပြဲထပ္ျဖစ္တဲ့ ပုံစံေပ့ါ။ ဒါေပမယ့္ က်ေနာ္တို႔ ၾကားရသေလာက္က လက္နက္ႀကီး ႏွစ္လုံးေလာက္ပဲ ၾကားရ တယ္။ အိမ္မီးေလာင္သြားတာမ်ိဳးေတြ ျဖစ္ေနတယ္။”

နမၼတူၿမိဳ႕နယ္အတြင္းက မန္လီႏွင့္ မန္ဂ်က္ေက်း႐ြာမ်ားတြင္ အိမ္ေျခအလုံးေရ ၅၀ နီးပါးစီ မီးရႈိ႕ခံလိုက္ၿပီး အျခား ေသာ ေက်း႐ြာမ်ားျဖစ္သည့္ မန္ဆာ၊ ေရအိုးေက်း႐ြာမ်ားမွ ေနအိမ္အခ်ိဳ႕လည္းပါသည္ဟု ေက်း႐ြာမ်ား အတြင္း မီးေလာင္မႈမ်ားကို မွတ္တမ္းသြားေရာက္ယူခဲ့သည့္ တအာင္းလူငယ္တစ္ဦး က ေျပာသည္။

“လက္ရွိအေျခအေနအရဆိုရင္ RCSS တစ္ဖြဲ႕ပဲ။ မီးေလာင္မႈမွာ စစ္ေကာင္စီက ပူးေပါင္းပါဝင္မႈ မရွိဘူး။ တ ျခား လက္နက္ကိုင္ေတြလည္း ႐ြာထဲမွာ မရွိဘူး။ မန္ဆာ၊ မန္လီ၊ မန္ဂ်က္၊ ေရအိုးရွိမယ္။ အဲ့႐ြာေတြက အိမ္ေတြ မီး ေလာင္သြားတာပါ။ အိမ္ေတြက တိုက္အိမ္ေတြလည္းပါတယ္။ တခ်ိဳ႕ေတြက သစ္အိမ္ေတြပါတယ္။ ကာလ ေပါက္ေစ်းက တြက္လို႔ရမေသးဘူး။ အိမ္အလုံးလိုက္ အေျပာင္ေလာင္တာ။ ဘာပစၥည္းမွလည္း မက်န္ဘူး။ က်ေနာ္တို႔မွာ သက္ေသလည္း အားလုံးရွိတယ္။ RCSS က လုပ္တယ္ဆိုတာေလ။”

နမၼတူၿမိဳ႕နယ္အတြင္းက မီးေလာင္သြားသည့္ အိမ္မ်ားသည္ RCSS လက္ခ်က္ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာ ဆိုထားေသာ္လည္း RCSS ကေတာ့ ၎တို႔ မဟုတ္ဘူးဟု RCSS/SSA ပိုင္ Tai Freedom ဝက္ဆိုက္ႏွင့္ လူမႈယြန္ရက္စာမ်က္ႏွာတြင္ ထုတ္ျပန္ ျငင္းဆိုထားသည္။

ေနအိမ္ဆုံးရႈံးသြားသည့္ ႐ြာသားမ်ား၏ ေနအိမ္မ်ား ျပန္ေဆာက္ေပးရန္ႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ လည္း အခက္အခဲရွိေနသည္ဟု ၎တအာင္းလူငယ္ က ဆက္ေျပာသည္။

“အခုခ်ိန္ထိ ႐ြာသားေတြက ႐ြာထဲကို ျပန္လို႔မရေသးဘူး။ ထြက္ေျပးတိမ္းေရွာင္ေနရတာ တစ္လေတာ့ ေက်ာ္ သြားၿပီ။ စစ္ေရွာင္စခန္းမွာလည္း သူတို႔က စားဝတ္ေနေရး အစစအရာရာ အခက္အခဲ ရွိ တယ္။ အခုလက္ရွိ အေနအထားဆိုရင္ ႐ြာျပန္မယ္ဆိုရင္ မီးေလာင္သြားတဲ့လူေတြအတြက္ အိမ္ေတြ ျပန္ျပင္ဖို႔ ျပန္ေဆာက္ဖို႔ လို အပ္တယ္။”

နမၼတူၿမိဳ႕နယ္အတြင္းရွိ မန္လီ၊ မန္ဆာ၊ မန္ဂ်က္ ႏွင့္ ေရအိုးေက်း႐ြာတို႔မွ ႐ြာသားမ်ားသည္ ဧၿပီလ ပထမ အပတ္ ခန႔္က စတင္၍ ျဖစ္ပြားလာခဲ့သည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ႏွင့္ တအန္း TNLA၊ ရွမ္း SSPP ပူးေပါင္းတပ္တို႔အၾကားက တိုက္ပြဲမ်ားႏွင့္ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာၿပီး စစ္ေဘးလႊတ္ရာ သီေပါၿမိဳ႕သို႔ စစ္ေဘးေရွာင္ေနၾကရသည္မွာ တစ္လေက်ာ္ရွိသြားၿပီ ျဖစ္သည္။

အဆိုပါေဒသမ်ားအတြက္ ယခုရက္ပိုင္း တိုက္ပြဲမ်ား ရပ္တန႔္ေနေသာ္လည္း ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ ႀကီးက်ည္မ်ား ေန႔စဥ္ က်ေရာက္ေပါက္ကြဲမႈ ျဖစ္စဥ္မ်ား ျဖစ္ပြားေနဆဲျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။