ရွှေဖီမြေ သတင်းအေဂျင်စီရုံး ဖောက်ထွင်းရှာဖွေခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်။
ရှမ်းမြောက်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေ သတင်းအေဂျင်စီရုံးကို ညအချိန် ဖောက်ထွင်း ဝင်ရောက် ရှာဖွေခံရသည်ဟု သတင်းဌာနက တာဝန်ရှိသူများ က ပြောသည်။
မေလ ၅ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြိုရှိ ရွှေဖီမြေ သတင်းအေဂျင်စီရုံးကို သော့ဖျက် က ဝင်ရောက်ရှာဖွေခဲ့သည်ဟု ပြောသည်။
ရွှေဖီမြေ သတင်းအေဂျင်စီ က အယ်ဒီတာ တစ်ဦး က “ဝင်းတံခါးသော့ကို သံဖြတ်စက်လိုဟာမျိုးနဲ့ပဲ သေချာ သုံး ပြီးတော့ ဖြတ်ပြီးတော့ ဝင်လိုက်တယ်။ နောက် အထဲက ရုံးခန်းကို ခတ်ထားတဲ့ သော့ကိုလည်း အဲ့အတိုင်းပဲ ဖြတ်ပြီးမှ ဝင်တယ်။ ပြီးရင် ရုံးခန်းထဲရယ် အိပ်ခန်းသုံးခန်းလုံးရယ်ကို အိပ်ယာခင်းတွေ၊ စောင်တွေ၊ အဝတ်အ စားထည့်တဲ့ ပုံးတွေ၊ အဝတ်အစားအိတ်တွေ အကုန်လုံးမွှေနှောက်သွားတယ်။ ရုံးမှာ ကျနော်တို့ ရွာတွေဘက် သွားရင် လှူဖို့ ရထားတဲ့ စောင်အသစ်တွေပေါ့နော် အဝတ်အစားတွေရယ်၊ Song Box တချို့တွေရယ် အဲ့ဒါတွေ အကုန်လုံးလည်းမွှေထားတယ်။ မွှေပြီးတော့ ဒီတိုင်းပဲ ပစ်ထားခဲ့တာပေါ့။ တွေ့မိသလောက်တော့ ပစ္စည်း ယူတာ မျိုးတော့ မတွေ့ရဘူး” ဟု ပြောသည်။
ရွှေဖီမြေ သတင်းအေဂျင်စီရုံး၏ ရုံးခြံဝင်းတံခါးနှင့် ရုံးခန်းတံခါးများတွင် သော့များခတ်ထားရာ အဆိုပါသော့များ အား သံဖြတ်သည့်စက်ကဲ့သို့အရာဖြင့် ဖြတ်ကာ ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အဆိုပါ အယ်ဒီတာက ပြောသည်။
အနီးပတ်ဝန်းကျင်ကို မေးမြန်းရာတွင် ယမန်နေ့ ည ၁၀ နာရီ ဝန်းကျင်အထိ ရုံးပတ်ဝန်းကျင်တွင် တစ်စုံတစ်မရာ မတွေ့ရကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်မှာ ည ၁၀ နောက်ပိုင်း တွင် ဝင်ရောက် ရှာဖွေခံရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
“ကျနော်တို့လည်း အစောပိုင်းထင်တာ သူခိုးလားပေါ့။ တကယ်လို့ သူခိုးဆိုရင်တော့ အထဲမှာ ရောင်းစားလို့ရတဲ့ စောင်အသစ်တွေရှိတယ်။ နောက် Song Box အသစ် အလုံး ၂၀ ရှိတယ်။ ပန်ကာတို့ တခြားမီးဖိုချောင်သုံး ပစ္စည်းတွေ နောက်ဆန်တွေ ဘာတွေလည်း ရှိတယ်ဆိုတော့ အဲ့ဒါတွေ တစ်ခုမှ မယူသွားဘူးဆိုတော့ သူခိုးတော့ မဖြစ်နိုင်ဘူးလို့ မြင်မိတယ်ပေါ့နော်။”
ယခုကဲ့သို့ ရုံးသော့များကို ဖျက်ကာ ဝင်ရောက်မွှေနှောက်ရှာဖွေသွားသည့် မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်ဖြစ်စေ ထိုသို့ လုပ်ခြင်းအပေါ် ရွှေဖီမြေအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ပြောသည်။
“ပြီးခဲ့တဲ့ တရားဝင်အစိုးရလက်ထက်ကတည်းက ဒေသအခြေဆိုက် မီဒီယာတစ်ခုဖြစ်တယ်။ လူထုတွေ သိသင့် သိထိုက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဘက်မလိုက်ပဲနဲ့ တိတိကျကျရေးသားပေးနေတဲ့ သတင်း ဌာန တစ်ခုဖြစ်တယ်။ ကျနော်တို့ ဘာမှ ရာဇဝတ်မှုကျူးလွန်နေတဲ့ ပြစ်မှုကျူးလွန်နေတဲ့လူတွေ မဟုတ်ဘူး။ အခု လိုမျိုး ကျနော်တို့ နေရာကို ဝင်လုပ်တဲ့အပေါ်ကိုတော့ ကျနော်တို့အနေနဲ့ လုံးဝရှုတ်ချတယ်ပေါ့နော်။ ပြီးတော့ နောက်တစ်ခုက ကျနော်တို့က သော့လည်းသေချာခတ်ထားတယ်။ ဖျက်ပြီးတော့ ဝင်တယ်ဆိုတော့ ဒါက သေ ချာတယ် ကျနော်တို့နေရာမှန်း သိသိကြီးနဲ့ကို တမင်တကာ ကျနော်တို့ကို ဖိနှိပ်တဲ့ပုံစံမျိုး၊ မီဒီယာတွေကို ဖိနှိပ် တဲ့ပုံစံမျိုးလို့ပဲ ကျနော်တို့ မြင်မိတယ်” ရွှေဖီမြေ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦး က ပြောသည်။
ရွှေဖီမြေ သတင်းအေဂျင်စီသည် တရားဝင် အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် တရားဝင် မှတ်ပုံတင်ရရှိထားသည့် ဒေသအခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် အခြေဆိုက်ပြီး ဒေသအတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး သတင်းများ၊ တိုင်းရင်းများ၏ လူနေမှုနှင့် ယဉ်ကျေးမှု အစီအစဉ်များနှင့် မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်က သတင်းများကို ရေးသားတင်ဆက်နေသည့် သတင်းဌာနတစ်ခုဖြစ်သည်။
*** ZAWGYI ***
ေ႐ႊဖီေျမ သတင္းေအဂ်င္စီ႐ုံး ေဖာက္ထြင္းရွာေဖြခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၆ ရက္။
ရွမ္းေျမာက္အေျခစိုက္ သတင္းဌာနတစ္ခုျဖစ္သည့္ ေ႐ႊဖီေျမ သတင္းေအဂ်င္စီ႐ုံးကို ညအခ်ိန္ ေဖာက္ထြင္း ဝင္ေရာက္ ရွာေဖြခံရသည္ဟု သတင္းဌာနက တာဝန္ရွိသူမ်ား က ေျပာသည္။
ေမလ ၅ ရက္ေန႔ ညပိုင္းက ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳရွိ ေ႐ႊဖီေျမ သတင္းေအဂ်င္စီ႐ုံးကို ေသာ့ဖ်က္ က ဝင္ေရာက္ရွာေဖြခဲ့သည္ဟု ေျပာသည္။
ေ႐ႊဖီေျမ သတင္းေအဂ်င္စီ က အယ္ဒီတာ တစ္ဦး က “ဝင္းတံခါးေသာ့ကို သံျဖတ္စက္လိုဟာမ်ိဳးနဲ႔ပဲ ေသခ်ာ သုံး ၿပီးေတာ့ ျဖတ္ၿပီးေတာ့ ဝင္လိုက္တယ္။ ေနာက္ အထဲက ႐ုံးခန္းကို ခတ္ထားတဲ့ ေသာ့ကိုလည္း အဲ့အတိုင္းပဲ ျဖတ္ၿပီးမွ ဝင္တယ္။ ၿပီးရင္ ႐ုံးခန္းထဲရယ္ အိပ္ခန္းသုံးခန္းလုံးရယ္ကို အိပ္ယာခင္းေတြ၊ ေစာင္ေတြ၊ အဝတ္အ စားထည့္တဲ့ ပုံးေတြ၊ အဝတ္အစားအိတ္ေတြ အကုန္လုံးေမႊေႏွာက္သြားတယ္။ ႐ုံးမွာ က်ေနာ္တို႔ ႐ြာေတြဘက္ သြားရင္ လႉဖို႔ ရထားတဲ့ ေစာင္အသစ္ေတြေပါ့ေနာ္ အဝတ္အစားေတြရယ္၊ Song Box တခ်ိဳ႕ေတြရယ္ အဲ့ဒါေတြ အကုန္လုံးလည္းေမႊထားတယ္။ ေမႊၿပီးေတာ့ ဒီတိုင္းပဲ ပစ္ထားခဲ့တာေပါ့။ ေတြ႕မိသေလာက္ေတာ့ ပစၥည္း ယူတာ မ်ိဳးေတာ့ မေတြ႕ရဘူး” ဟု ေျပာသည္။
ေ႐ႊဖီေျမ သတင္းေအဂ်င္စီ႐ုံး၏ ႐ုံးၿခံဝင္းတံခါးႏွင့္ ႐ုံးခန္းတံခါးမ်ားတြင္ ေသာ့မ်ားခတ္ထားရာ အဆိုပါေသာ့မ်ား အား သံျဖတ္သည့္စက္ကဲ့သို႔အရာျဖင့္ ျဖတ္ကာ ဝင္ေရာက္ရွာေဖြေမႊေႏွာက္ခဲ့ျခင္း ျဖစ္ႏိုင္သည္ဟု အဆိုပါ အယ္ဒီတာက ေျပာသည္။
အနီးပတ္ဝန္းက်င္ကို ေမးျမန္းရာတြင္ ယမန္ေန႔ ည ၁၀ နာရီ ဝန္းက်င္အထိ ႐ုံးပတ္ဝန္းက်င္တြင္ တစ္စုံတစ္မရာ မေတြ႕ရေၾကာင္း၊ ထို႔ေၾကာင့္ ယခုျဖစ္စဥ္မွာ ည ၁၀ ေနာက္ပိုင္း တြင္ ဝင္ေရာက္ ရွာေဖြခံရျခင္း ျဖစ္ႏိုင္သည္ဟု ဆိုသည္။
“က်ေနာ္တို႔လည္း အေစာပိုင္းထင္တာ သူခိုးလားေပါ့။ တကယ္လို႔ သူခိုးဆိုရင္ေတာ့ အထဲမွာ ေရာင္းစားလို႔ရတဲ့ ေစာင္အသစ္ေတြရွိတယ္။ ေနာက္ Song Box အသစ္ အလုံး ၂၀ ရွိတယ္။ ပန္ကာတို႔ တျခားမီးဖိုေခ်ာင္သုံး ပစၥည္းေတြ ေနာက္ဆန္ေတြ ဘာေတြလည္း ရွိတယ္ဆိုေတာ့ အဲ့ဒါေတြ တစ္ခုမွ မယူသြားဘူးဆိုေတာ့ သူခိုးေတာ့ မျဖစ္ႏိုင္ဘူးလို႔ ျမင္မိတယ္ေပါ့ေနာ္။”
ယခုကဲ့သို႔ ႐ုံးေသာ့မ်ားကို ဖ်က္ကာ ဝင္ေရာက္ေမႊေႏွာက္ရွာေဖြသြားသည့္ မည္သည့္အဖြဲ႕အစည္း ပုဂၢိဳလ္ျဖစ္ေစ ထိုသို႔ လုပ္ျခင္းအေပၚ ေ႐ႊဖီေျမအေနျဖင့္ ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်သည္ဟု ေျပာသည္။
“ၿပီးခဲ့တဲ့ တရားဝင္အစိုးရလက္ထက္ကတည္းက ေဒသအေျခဆိုက္ မီဒီယာတစ္ခုျဖစ္တယ္။ လူထုေတြ သိသင့္ သိထိုက္တဲ့ သတင္းအခ်က္အလက္ေတြကိုလည္း ဘက္မလိုက္ပဲနဲ႔ တိတိက်က်ေရးသားေပးေနတဲ့ သတင္း ဌာန တစ္ခုျဖစ္တယ္။ က်ေနာ္တို႔ ဘာမွ ရာဇဝတ္မႈက်ဴးလြန္ေနတဲ့ ျပစ္မႈက်ဴးလြန္ေနတဲ့လူေတြ မဟုတ္ဘူး။ အခု လိုမ်ိဳး က်ေနာ္တို႔ ေနရာကို ဝင္လုပ္တဲ့အေပၚကိုေတာ့ က်ေနာ္တို႔အေနနဲ႔ လုံးဝရႈတ္ခ်တယ္ေပါ့ေနာ္။ ၿပီးေတာ့ ေနာက္တစ္ခုက က်ေနာ္တို႔က ေသာ့လည္းေသခ်ာခတ္ထားတယ္။ ဖ်က္ၿပီးေတာ့ ဝင္တယ္ဆိုေတာ့ ဒါက ေသ ခ်ာတယ္ က်ေနာ္တို႔ေနရာမွန္း သိသိႀကီးနဲ႔ကို တမင္တကာ က်ေနာ္တို႔ကို ဖိႏွိပ္တဲ့ပုံစံမ်ိဳး၊ မီဒီယာေတြကို ဖိႏွိပ္ တဲ့ပုံစံမ်ိဳးလို႔ပဲ က်ေနာ္တို႔ ျမင္မိတယ္” ေ႐ႊဖီေျမ အယ္ဒီတာ အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။
ေ႐ႊဖီေျမ သတင္းေအဂ်င္စီသည္ တရားဝင္ အစိုးရလက္ထက္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္က သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္ခြင့္ တရားဝင္ မွတ္ပုံတင္ရရွိထားသည့္ ေဒသအေျခစိုက္ သတင္းဌာနတစ္ခု ျဖစ္သည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕တြင္ အေျခဆိုက္ၿပီး ေဒသအတြင္းက ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး သတင္းမ်ား၊ တိုင္းရင္းမ်ား၏ လူေနမႈႏွင့္ ယဥ္ေက်းမႈ အစီအစဥ္မ်ားႏွင့္ ျမန္မာ-တ႐ုတ္နယ္စပ္တစ္ေလွ်ာက္က သတင္းမ်ားကို ေရးသားတင္ဆက္ေနသည့္ သတင္းဌာနတစ္ခုျဖစ္သည္။