တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ၁၁ – ၅ – ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

တစ်လကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၄ ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ကြေညာထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့အကြားက တိုက်ပွဲတွေအကြောင်းကိုလည်း နောက်ပိုင်းမှာ တင်ဆက်ထားပါတယ်။

*** ZAWGYI ***


