ဖမ်းဆီးခံ သတင်းထောက်များ မြန်မာပြည်သို့ ပြန်မပို့ရန် သတင်း အဖွဲ့အစည်းများ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖမ်းဆီးခံထားရသည့် DVB မှာသတင်းထောက်များကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန်နှင့် ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်ပြုရန် နိုင်ငံခြားသတင်းထောက်များ ကလပ်(FCCT)၊ ထိုင်းနိုင်ငံခြားရေး သတင်း ထောက်များအသင်း နှင့် DVB သတင်းဌာနတို့က တောင်းဆိုလိုက်သည်။
DVB သတင်းဌာနမှ သတင်းထောက် ၃ ဦးနှင့် နိုင်ငံရေးလှုပ်ရှားသူ နှစ်ဦးတို့ကို ချင်းမိုင်မြို့တွင် မေလ ၉ ရက်နေ့ က ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
“ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက်သုံးဦး နှင့် အပေါင်းအဖော် ၂ ဦး တို့ ဖမ်းဆီးခံရခြင်းကို ထိုင်း နိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) အဖွဲ့က စိုးရိမ်မိသည်။ ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက် လာမှုဖြင့် ဖမ်းဆီးခံထားရပြီး မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ချင်းမိုင်တရားရုံတွင် ရုံးချိန်းတက်ရန်စီစဉ် ထား သည်။ သူတို့ ၅ ဦးကို ဘယ်လိုအခြေအနေမျိုးမှာဆို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုရန်၊ ပြန်လွှတ် ပေးရန်၊ အရေးတကြီးအကာအကွယ်ပေးရန်နဲ့ ထိုင်းနိုင်ငံမှာ ခေတ္တနေထိုင်ခွင့်ပြုရန်” FCCT က မေလ ၁၁ ရက် နေ့ (ယနေ့)တွင် ထုတ်ပြန်တောင်းဆိုထားသည်။
ဖမ်းဆီးခံထားရသူများကို လက်ရှိမြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းနောက် အခြေအနေများ၊ ဖမ်းဆီးအရေးယူခံ နေရမှုများကြောင့် ယာယီအကာအကွယ်ပေးရန် FCCT က တောင်းဆိုထားသည်။
မြန်မာနိုင်ငံထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဆန္ဒပြ ပြည်သူ ၅၀၀၀ ကျော်ခန့် ဖမ်းဆီးထိန်း သိမ်းထားရသည့် အခြေအနေများ၊ သတင်းထောက် ၇၀ ကျော် အဖမ်းခံနေရသည့် အခြေအနေနှင့် ညှင်းပန်းနှိပ် စက်မှုများကြောင့် ယခုအခြေအနေမျိုးတွင် ၎င်းတို့ ၅ ဦးကို လုံးဝပြန်ပို့သင့်ဟု ဆိုသည်။
“ယခုအခါကမ္ဘာ့အသိုင်းအဝိုင်းက စောင့်ကြည့်နေကြောင်း၊ ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံရဲ့ လွတ်လပ် စွာ သတင်းတင်ပြခွင့်၊ မြန်မာအစိုးရရဲ့ ရက်စက်စွာနှိမ်နှင်းမှုတွေကနေ ခိုလှုံခွင့်တောင်းခံသူတွေကို ဘယ်လိုမျိုး အကာအကွယ်ပေးမလဲဆိုတဲ့ကိစ္စရပ်တွေကို စောင့်ကြည့်နေတယ်” ဟု ထိုင်းနိုင်ငံခြားရေးသတင်းထောက်များ အသင်းက ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
DVB သတင်း ထောက်များကို ထိုင်းအစိုးအရနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မပို့ရန်၊ လုံခြုံသည့် နေရာတစ်ခုတွင် ခိုလှုံခွင့်ပေးရန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဘန်ကောက်ရုံးနေအဖြင့်လည်း ကြားဝင်ညှိနှိုင်း ဖြေ ရှင်းပေးရန် DVB ၏ အမှုဆောင်ညွန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။
ဖမ်းဆီးခံထားရသူ ငါးဦးကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဆိုပါက ၎င်းတို့အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ တရားစွဲဆိုမှု၊ ဖမ်းဆီးချုပ်နှောင်မှုများကို တွေ့ကြုံရနိုင်သည့်အတွက် မည်သည့်နည်းနှင့်မျှ ပြန် မပို့သင့် ဟုလည်း FCCT က ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
DVB သတင်းထောက် သုံးဦးနှင့် တက်ကြွလှုပ်ရှားသူ နှစ်ဦးတို့မှာ ထိုင်းနိုင်ငံထဲသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်လာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
၎င်းတို့နေထိုင်ရာ ချင်းမိုင်၊ ဆန်စိုင်းရပ်ကွက်အတွင်းက အုပ်ချုပ်ရေးမှူးက ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေ သည့် COVID-19 ကူးစက်မှုများကြောင့် စိုးရိမ်၍ ရပ်ကွက်အတွင်း လူသစ်များ ရောက်ရှိနေကြောင်း အာဏာပိုင် များကို အကြောင်းကြားခဲ့ရာမှ မေလ ၉ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ် သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။
*** ZAWGYI ***
ဖမ္းဆီးခံ သတင္းေထာက္မ်ား ျမန္မာျပည္သို႔ ျပန္မပို႔ရန္ သတင္း အဖြဲ႕အစည္းမ်ား ေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၁ ရက္။
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕တြင္ ဖမ္းဆီးခံထားရသည့္ DVB မွာသတင္းေထာက္မ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္မပို႔ရန္ႏွင့္ ထိုင္းႏိုင္ငံအတြင္း ခိုလႈံခြင့္ျပဳရန္ ႏိုင္ငံျခားသတင္းေထာက္မ်ား ကလပ္(FCCT)၊ ထိုင္းႏိုင္ငံျခားေရး သတင္း ေထာက္မ်ားအသင္း ႏွင့္ DVB သတင္းဌာနတို႔က ေတာင္းဆိုလိုက္သည္။
DVB သတင္းဌာနမွ သတင္းေထာက္ ၃ ဦးႏွင့္ ႏိုင္ငံေရးလႈပ္ရွားသူ ႏွစ္ဦးတို႔ကို ခ်င္းမိုင္ၿမိဳ႕တြင္ ေမလ ၉ ရက္ေန႔ က ထိုင္းအာဏာပိုင္မ်ားက ဖမ္းဆီးထိန္းသိမ္းလိုက္ျခင္း ျဖစ္သည္။
“ဒီမိုကရက္တစ္ျမန္မာ့အသံ (DVB) သတင္းေထာက္သုံးဦး ႏွင့္ အေပါင္းအေဖာ္ ၂ ဦး တို႔ ဖမ္းဆီးခံရျခင္းကို ထိုင္း ႏိုင္ငံ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္း (FCCT) အဖြဲ႕က စိုးရိမ္မိသည္။ ထိုင္းႏိုင္ငံထဲသို႔ တရားမဝင္ ဝင္ေရာက္ လာမႈျဖင့္ ဖမ္းဆီးခံထားရၿပီး ေမလ ၁၁ ရက္ေန႔ နံနက္ပိုင္းက ခ်င္းမိုင္တရား႐ုံတြင္ ႐ုံးခ်ိန္းတက္ရန္စီစဥ္ ထား သည္။ သူတို႔ ၅ ဦးကို ဘယ္လိုအေျခအေနမ်ိဳးမွာဆို ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ျခင္းမျပဳရန္၊ ျပန္လႊတ္ ေပးရန္၊ အေရးတႀကီးအကာအကြယ္ေပးရန္နဲ႔ ထိုင္းႏိုင္ငံမွာ ေခတၱေနထိုင္ခြင့္ျပဳရန္” FCCT က ေမလ ၁၁ ရက္ ေန႔ (ယေန႔)တြင္ ထုတ္ျပန္ေတာင္းဆိုထားသည္။
ဖမ္းဆီးခံထားရသူမ်ားကို လက္ရွိျမန္မာႏိုင္ငံ၏ စစ္အာဏာသိမ္းေနာက္ အေျခအေနမ်ား၊ ဖမ္းဆီးအေရးယူခံ ေနရမႈမ်ားေၾကာင့္ ယာယီအကာအကြယ္ေပးရန္ FCCT က ေတာင္းဆိုထားသည္။
ျမန္မာႏိုင္ငံထဲတြင္ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက ဆႏၵျပ ျပည္သူ ၅၀၀၀ ေက်ာ္ခန႔္ ဖမ္းဆီးထိန္း သိမ္းထားရသည့္ အေျခအေနမ်ား၊ သတင္းေထာက္ ၇၀ ေက်ာ္ အဖမ္းခံေနရသည့္ အေျခအေနႏွင့္ ညႇင္းပန္းႏွိပ္ စက္မႈမ်ားေၾကာင့္ ယခုအေျခအေနမ်ိဳးတြင္ ၎တို႔ ၅ ဦးကို လုံးဝျပန္ပို႔သင့္ဟု ဆိုသည္။
“ယခုအခါကမာၻ႔အသိုင္းအဝိုင္းက ေစာင့္ၾကည့္ေနေၾကာင္း၊ ထိုင္းအာဏာပိုင္မ်ားသည္ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ စြာ သတင္းတင္ျပခြင့္၊ ျမန္မာအစိုးရရဲ႕ ရက္စက္စြာႏွိမ္ႏွင္းမႈေတြကေန ခိုလႈံခြင့္ေတာင္းခံသူေတြကို ဘယ္လိုမ်ိဳး အကာအကြယ္ေပးမလဲဆိုတဲ့ကိစၥရပ္ေတြကို ေစာင့္ၾကည့္ေနတယ္” ဟု ထိုင္းႏိုင္ငံျခားေရးသတင္းေထာက္မ်ား အသင္းက ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။
DVB သတင္း ေထာက္မ်ားကို ထိုင္းအစိုးအရေနျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္မပို႔ရန္၊ လုံၿခဳံသည့္ ေနရာတစ္ခုတြင္ ခိုလႈံခြင့္ေပးရန္ႏွင့္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR ဘန္ေကာက္႐ုံးေနအျဖင့္လည္း ၾကားဝင္ညႇိႏႈိင္း ေျဖ ရွင္းေပးရန္ DVB ၏ အမႈေဆာင္ၫြန္ၾကားေရးမႉး ဦးေအးခ်မ္းႏိုင္က ထုတ္ျပန္ခ်က္ထုတ္ကာ ေတာင္းဆိုထားသည္။
ဖမ္းဆီးခံထားရသူ ငါးဦးကို လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္ပို႔မည္ဆိုပါက ၎တို႔အေနျဖင့္ အာဏာသိမ္း စစ္ေကာင္စီ၏ တရားစြဲဆိုမႈ၊ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈမ်ားကို ေတြ႕ႀကဳံရႏိုင္သည့္အတြက္ မည္သည့္နည္းႏွင့္မွ် ျပန္ မပို႔သင့္ ဟုလည္း FCCT က ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။
DVB သတင္းေထာက္ သုံးဦးႏွင့္ တက္ႂကြလႈပ္ရွားသူ ႏွစ္ဦးတို႔မွာ ထိုင္းႏိုင္ငံထဲသို႔ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္လာမႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံထားရသည္။
၎တို႔ေနထိုင္ရာ ခ်င္းမိုင္၊ ဆန္စိုင္းရပ္ကြက္အတြင္းက အုပ္ခ်ဳပ္ေရးမႉးက ထိုင္းႏိုင္ငံအတြင္း လက္ရွိျဖစ္ေပၚေန သည့္ COVID-19 ကူးစက္မႈမ်ားေၾကာင့္ စိုးရိမ္၍ ရပ္ကြက္အတြင္း လူသစ္မ်ား ေရာက္ရွိေနေၾကာင္း အာဏာပိုင္ မ်ားကို အေၾကာင္းၾကားခဲ့ရာမွ ေမလ ၉ ရက္ေန႔တြင္ ထိုင္းအာဏာပိုင္မ်ားက ဖမ္းဆီးထိန္းသိမ္းထားျခင္း ျဖစ္ သည္ဟု ထိုင္းသတင္းမီဒီယာမ်ားတြင္ ေရးသားေဖာ္ျပထားသည္။