ဖမ်းဆီးခံ နမ္မတူ မြို့နယ်မှ ရွာသား ငါးဦး ဘယ်ရောက်နေ မသိရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းက ရွာသား ၅ ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည်မှာ တစ်လကျော်လာပြီဖြစ်သော်လည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ပြောသည်။
နမ္မတူမြို့နယ်အတွင်းရှိ မန်ဆာကျေးရွာနှင့် ရေအိုးကျေးရွာမှ ရွာသား ၅ ဦးကို RCSS/SSA တပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်စိတ်ပူနေကြရသည်ဟု မိသားစုဝင်များက ပြောသည်။
မိသားစုဝင်တစ်ဦး က “ကျနော်တို့ ရွာသား ၅ ဦးကို ဘာကြောင့်ဖမ်းဆီးထားတာလဲ၊ ဘယ်မှာ ထိန်းသိမ်းထား တာလဲ။ သေလား ရှင်လားဆိုတာလည်း အကြောင်းပြန်တာ မရှိဘူး။ သူတို့နဲ့သွားတွေ့တယ် ဖမ်းထားလား ဆိုလည်း မဖမ်းထားဘူး ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလို လွှဲချတဲ့ဟာမျိုးတွေရှိတယ်။ ဒါပေမယ် တကယ်လာဖမ်းတဲ့ အချိန်မှာက RCSS ရဲ့ ဝတ်စုံနဲ့ ရှမ်းဘာသာ စကားနဲ့ ပြောပြီးလာဖမ်းသွားတဲ့ဟာမျိုးတွေ ရှိခဲ့တယ်။ အခုက သေလား ရှင်လားမသိသေးဘူး။ စိုးရိမ်နေရတယ်။ ရွာလည်းပြန်လို့မရသေးဘူး။ ကျနော်တို့လည်း စစ်ရှောင် နေရ တုန်းပဲလေနော်” ဟု ပြောသည်။
နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာမှ ရွာသားနှစ်ဦးကို မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီးနောက်၊ ရေအိုးကျေးရွာ က ရွာသား သားအဖသုံးယောက်ကိုလည်း ဧပြီလ ၆ ရက်နေ့က RCSS/SSA ဝတ်စုံများဝတ်ထားသည့် ရှမ်းဘာ သာစကားပြော လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု အဆိုပါ ဖမ်းဆီးခံရမှုနှင့် ပတ် သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် တအာင်းလူငယ်တစ်ဦး က ပြောသည်။
“ပထမဖမ်းတဲ့နေ့အရဆိုရင် ၂၈ ရက် ၃ လ ၂၀၂၁ ပေါ့၊ အဲ့ဒါက မန်ဆာရွာသားနှစ်ယောက်ပေါ့၊ အဲ့ဒါ စပြီးဖမ်းသွား တယ်။ နောက်တစ်သုတ်က သုံးယောက်ပေါ့၊ သားအဖသုံးယောက်ပေါ့၊ ရေအိုးကျေးရွာက ၆ ရက်၊ ၄ လ၊ ၂၀၂၁ မှာ ဖမ်းသွားတယ်။ အခုချိန်ထိ ပြန်မလာသေးဘူး။ RCSS ဘက်ကိုသွားပြီးမှ သတင်းပေးတယ် သွားပြီးတော့ မေး ကြည့်လည်း သူတို့က မဖမ်းထားဘူးလို့ပြောတယ်။ ဒါပေမယ့် တကယ်လာဖမ်းတဲ့အချိန်မှာ သူတို့ ဝတ်စုံနဲ့ သူတို့ ယူနီဖောင်းနဲ့ လာဖမ်းတယ်။ သူတို့ရဲ့ ရှမ်းဘာသာစကားနဲ့ လာဖမ်းတယ် ကျနော်တို့လည်း အဲ့လိုမျိုးတွေ ကြားနေရတဲ့အချိန်ကျတော့ သူတို့မှာက တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ မြင်တယ်။”
အသက် ၃၀ အရွယ် ဦးချစ်မောင်လေးနှင့် အသက် ၅၀ အရွယ် ဦးအိုက်ညွှန့် မန်ဆာရွာသားနှစ်ဦးတို့မှာ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အသက် ၅၀ အရွယ် ဦးကြာယုံနှင့် ၎င်း၏သားများ ဖြစ်ကြသည့် အသက် ၁၉ နှစ်အရွယ် မိုင်းနေဦး၊ အသက် ၁၇ နှစ်အရွယ် မိုင်းနေစွာတို့မှာ ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။
RCSS/SSA က ဖမ်းဆီးသွားခဲ့သည်မှာ တစ်လကျော်လာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မိသားစုဝင်များနှင့် လုံးဝအဆက် အသွယ်မရသေးဘူးဟု မိသားစုဝင်များက ပြောသည်။
နမ္မတူမြို့နယ်ထဲက မန်ဆာနှင့် ရေအိုးကျေးရွာများအပါအဝင် ပန်လုံ၊ မန်ကျန်းနှင့် အနီးနားကျေးရွာများက ဒေသ ခံနှစ်ထောင်ကျော်သည့် ၎င်းတို့ဒေသအတွင်း ဖြစ်ပွားနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအန်း TNLA၊ ရှမ်း SSPP ပူးပေါင်းတပ်တို့အကြားက တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့် ခွာပြီး စစ်ဘေးလွှတ်ရာ သီပေါမြို့နှင့် နမ္မတူမြို့များ သို့ စစ်ဘေးရှောင်နေကြရသည်မှာ တစ်လကျော်ရှိသွားပြီ ဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် မန်ဆာ၊ ရေအိုး၊ မန်ကျန်း၊ ပန်လုံတို့ရှိ တအာင်း (ပလောင်) ပြည်သူများ ၏ နေအိမ် အလုံး ၁၁၇ လုံးကိုလည်း RCSS အဖွဲ့ဝင်များက မီးရှို့လိုက်သည်ဟု ဒေသခံ များက ပြောသည်။
နမ္မတူမြို့နယ်အတွင်းက မီးလောင်သွားသည့် အိမ်များနှင့် ဖမ်းဆီးခံရသည့်ကိစ္စရပ်များသည် RCSS လက်ချက်ဖြစ် သည်ဟု ဒေသခံများက ပြောဆိုထားသော်လည်း RCSS ကတော့ ၎င်းတို့ မဟုတ်ကြောင်း RCSS/SSA ပိုင် Tai Freedom ဝက်ဆိုက်နှင့် လူမှုယွန်ရက်စာမျက်နှာတွင် ထုတ်ပြန် ငြင်းဆိုထားသည်။
*** ZAWGYI ***
ဖမ္းဆီးခံ နမၼတူ ၿမိဳ႕နယ္မွ ႐ြာသား ငါးဦး ဘယ္ေရာက္ေန မသိရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၂ ရက္။
ရွမ္းျပည္နယ္၊ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္းက ႐ြာသား ၅ ဦးကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ဖမ္းဆီးသြားသည္မွာ တစ္လေက်ာ္လာၿပီျဖစ္ေသာ္လည္း ျပန္လည္လြတ္ေျမာက္လာျခင္း မရွိေသးသည့္အတြက္ မိသားစုဝင္မ်ားက စိုးရိမ္ေနၾကသည္ဟု ေျပာသည္။
နမၼတူၿမိဳ႕နယ္အတြင္းရွိ မန္ဆာေက်း႐ြာႏွင့္ ေရအိုးေက်း႐ြာမွ ႐ြာသား ၅ ဦးကို RCSS/SSA တပ္ဖြဲ႕က ဖမ္းဆီးသြားၿပီးေနာက္ ယေန႔အခ်ိန္ထိ အဆက္အသြယ္မရေသးသည့္အတြက္ စိုးရိမ္စိတ္ပူေနၾကရသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။
မိသားစုဝင္တစ္ဦး က “က်ေနာ္တို႔ ႐ြာသား ၅ ဦးကို ဘာေၾကာင့္ဖမ္းဆီးထားတာလဲ၊ ဘယ္မွာ ထိန္းသိမ္းထား တာလဲ။ ေသလား ရွင္လားဆိုတာလည္း အေၾကာင္းျပန္တာ မရွိဘူး။ သူတို႔နဲ႔သြားေတြ႕တယ္ ဖမ္းထားလား ဆိုလည္း မဖမ္းထားဘူး ဟိုအဖြဲ႕လိုလို ဒီအဖြဲ႕လိုလို လႊဲခ်တဲ့ဟာမ်ိဳးေတြရွိတယ္။ ဒါေပမယ္ တကယ္လာဖမ္းတဲ့ အခ်ိန္မွာက RCSS ရဲ႕ ဝတ္စုံနဲ႔ ရွမ္းဘာသာစကားနဲ႔ ေျပာၿပီးလာဖမ္းသြားတဲ့ဟာမ်ိဳးေတြ ရွိခဲ့တယ္။ အခုက ေသလား ရွင္လားမသိေသးဘူး။ စိုးရိမ္ေနရတယ္။ ႐ြာလည္းျပန္လို႔မရေသးဘူး။ က်ေနာ္တို႔လည္း စစ္ေရွာင္ ေနရ တုန္းပဲေလေနာ္” ဟု ေျပာသည္။
နမၼတူၿမိဳ႕နယ္၊ မန္ဆာေက်း႐ြာမွ ႐ြာသားႏွစ္ဦးကို မတ္လ ၂၈ ရက္ေန႔က ဖမ္းဆီးသြားၿပီးေနာက္၊ ေရအိုးေက်း႐ြာ က ႐ြာသား သားအဖသုံးေယာက္ကိုလည္း ဧၿပီလ ၆ ရက္ေန႔က RCSS/SSA ဝတ္စုံမ်ားဝတ္ထားသည့္ ရွမ္းဘာ သာစကားေျပာ လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားျခင္း ျဖစ္သည္ဟု အဆိုပါ ဖမ္းဆီးခံရမႈႏွင့္ ပတ္ သက္၍ လိုက္ပါေဆာင္႐ြက္ေပးေနသည့္ တအာင္းလူငယ္တစ္ဦး က ေျပာသည္။
“ပထမဖမ္းတဲ့ေန႔အရဆိုရင္ ၂၈ ရက္ ၃ လ ၂၀၂၁ ေပါ့၊ အဲ့ဒါက မန္ဆာ႐ြာသားႏွစ္ေယာက္ေပါ့၊ အဲ့ဒါ စၿပီးဖမ္းသြား တယ္။ ေနာက္တစ္သုတ္က သုံးေယာက္ေပါ့၊ သားအဖသုံးေယာက္ေပါ့၊ ေရအိုးေက်း႐ြာက ၆ ရက္၊ ၄ လ၊ ၂၀၂၁ မွာ ဖမ္းသြားတယ္။ အခုခ်ိန္ထိ ျပန္မလာေသးဘူး။ RCSS ဘက္ကိုသြားၿပီးမွ သတင္းေပးတယ္ သြားၿပီးေတာ့ ေမး ၾကည့္လည္း သူတို႔က မဖမ္းထားဘူးလို႔ေျပာတယ္။ ဒါေပမယ့္ တကယ္လာဖမ္းတဲ့အခ်ိန္မွာ သူတို႔ ဝတ္စုံနဲ႔ သူတို႔ ယူနီေဖာင္းနဲ႔ လာဖမ္းတယ္။ သူတို႔ရဲ႕ ရွမ္းဘာသာစကားနဲ႔ လာဖမ္းတယ္ က်ေနာ္တို႔လည္း အဲ့လိုမ်ိဳးေတြ ၾကားေနရတဲ့အခ်ိန္က်ေတာ့ သူတို႔မွာက တာဝန္ယူမႈ တာဝန္ခံမႈ မရွိဘူးလို႔ ျမင္တယ္။”
အသက္ ၃၀ အ႐ြယ္ ဦးခ်စ္ေမာင္ေလးႏွင့္ အသက္ ၅၀ အ႐ြယ္ ဦးအိုက္ၫႊန႔္ မန္ဆာ႐ြာသားႏွစ္ဦးတို႔မွာ မတ္လ ၂၈ ရက္ေန႔က ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး အသက္ ၅၀ အ႐ြယ္ ဦးၾကာယုံႏွင့္ ၎၏သားမ်ား ျဖစ္ၾကသည့္ အသက္ ၁၉ ႏွစ္အ႐ြယ္ မိုင္းေနဦး၊ အသက္ ၁၇ ႏွစ္အ႐ြယ္ မိုင္းေနစြာတို႔မွာ ဧၿပီလ ၄ ရက္ေန႔က ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ သည္။
RCSS/SSA က ဖမ္းဆီးသြားခဲ့သည္မွာ တစ္လေက်ာ္လာၿပီျဖစ္ေသာ္လည္း ယေန႔အခ်ိန္ထိ မိသားစုဝင္မ်ားႏွင့္ လုံးဝအဆက္ အသြယ္မရေသးဘူးဟု မိသားစုဝင္မ်ားက ေျပာသည္။
နမၼတူၿမိဳ႕နယ္ထဲက မန္ဆာႏွင့္ ေရအိုးေက်း႐ြာမ်ားအပါအဝင္ ပန္လုံ၊ မန္က်န္းႏွင့္ အနီးနားေက်း႐ြာမ်ားက ေဒသ ခံႏွစ္ေထာင္ေက်ာ္သည့္ ၎တို႔ေဒသအတြင္း ျဖစ္ပြားေနသည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ႏွင့္ တအန္း TNLA၊ ရွမ္း SSPP ပူးေပါင္းတပ္တို႔အၾကားက တိုက္ပြဲမ်ားႏွင့္ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ ခြာၿပီး စစ္ေဘးလႊတ္ရာ သီေပါၿမိဳ႕ႏွင့္ နမၼတူၿမိဳ႕မ်ား သို႔ စစ္ေဘးေရွာင္ေနၾကရသည္မွာ တစ္လေက်ာ္ရွိသြားၿပီ ျဖစ္သည္။
အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္ မန္ဆာ၊ ေရအိုး၊ မန္က်န္း၊ ပန္လုံတို႔ရွိ တအာင္း (ပေလာင္) ျပည္သူမ်ား ၏ ေနအိမ္ အလုံး ၁၁၇ လုံးကိုလည္း RCSS အဖြဲ႕ဝင္မ်ားက မီးရႈိ႕လိုက္သည္ဟု ေဒသခံ မ်ားက ေျပာသည္။
နမၼတူၿမိဳ႕နယ္အတြင္းက မီးေလာင္သြားသည့္ အိမ္မ်ားႏွင့္ ဖမ္းဆီးခံရသည့္ကိစၥရပ္မ်ားသည္ RCSS လက္ခ်က္ျဖစ္ သည္ဟု ေဒသခံမ်ားက ေျပာဆိုထားေသာ္လည္း RCSS ကေတာ့ ၎တို႔ မဟုတ္ေၾကာင္း RCSS/SSA ပိုင္ Tai Freedom ဝက္ဆိုက္ႏွင့္ လူမႈယြန္ရက္စာမ်က္ႏွာတြင္ ထုတ္ျပန္ ျငင္းဆိုထားသည္။