မံစီ၊ မိုးမောက်တို့တွင် တိုက်ပွဲများ ပြင်းထန်၊ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်။
ကချင်ပြည်နယ်၊ မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ် အတွင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာ သိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး လေယာဉ်များဖြင့်လည်း လာရောက် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲမှာ ယမန်နေ့ ကတည်းကနေ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
“ကျနော့်ဆီမှာရထားတာကတော့ မနေ့က မံစီနဲ့ ကိုင်ထိတ်လမ်းကြား မဒန်ယန်လေ မံစီနည်းနည်းအထက် အဲ့ဒီ မှာ တိုက်ပွဲဖြစ်တာ။ ဒီနေ့လည်း ပြန်ဖြစ်တယ်။ စစ်ကောင်စီ တပ်စခန်းတွေကို KIA ကနေ ဝင်တိုက်တာပေါ့ နော်။ မနေ့ကလည်း လေယာဉ်တောင်မှ လာတာ။ မနေ့ကလည်း လေကြောင်းနဲ့တိုက်တယ်။ ဒီနေ့လည်းလေ ကြောင်းနဲ့ ပြန်တိုက်တယ်။ တခြားနေရာမှာတွေ တော့ ပြင်းထန်တဲ့ တိုက်ပွဲတွေတော့ မရှိပါဘူး”ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းအမှတ် (၁) နယ်မြေဖြစ်သည့် မဒန် ယန်တွင် မေလ ၁၂ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁၀ နာရီကျော်အချိန်ခန့်ကစတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်က စစ်လေယာဉ် အသုံးပြုကာ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။
“ဒီနေ့ မနက်ပိုင်းတော့ လေယာဉ်လာတယ်၊ မနေ့ကလည်းလာတယ်။ လေယာဉ်နဲ့လာကြဲတယ်။ မနေ့ကဆို တိုက်ပွဲက တနေကုန်ဖြစ်တယ်။ ဒီနေ့လည်း တနေကုန်လို့ပြောလို့တယ်။ မနက် ၉ နာရီ လောက်မှာ ခနရပ် တယ်။ ပြီးတော့ လေယာဉ်လာပြန်တယ်။ ဒီနေ့ နေ့လည်လည်း အသံတွေက ကြားနေရတယ်။ အခုညနေ အထိ လည်း ပစ်နေကြတယ်” ဟု မံစီ ဒေသခံတစ်ဦးက ပြောသည်။
မိုးမောက်မြို့ က ဒေသခံတစ်ဦး ကလည်း “ဒီအခုအမြဲဖြစ်တဲ့ မြို့သစ် ကုန်းလော ဘက်ပေါ့၊ အဲ့နေရာရဲ့ အနောက်ဘက်က နောင်ကွန်ဘက်မှာ ဖြစ်တာ။ မနေ့ကဖြစ်တယ်။ ဗမာရဲ့ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီ ဘက်မှာ ပစ်ကြတာဟုတ်တယ်။ စခန်းဘယ်လောက်လဲ မေ့နေပြီ၊ အဲ့မှာဖြစ်တာဟုတ်တယ်။ အကြာကြီးပဲ ပစ် ကြတာ” ဟု ပြောသည်။
မေလ ၁၁ ရက်နေ့ (ယမန်နေ့)ကလည်း KIA တပ်မဟာ ၃ တပ်ရင်း ၁၅ နယ်မြေ နှင့် တပ်မဟာ ၅ တပ်ရင်း ၁၉၊ တပ်ရင်း ၂၅ နယ်မြေအတွင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါနေရာများတွင်လည်း စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ဗိုလ်မှူးကြီးနော်ဘူ က “ဒီအလော့ဒ်ဘွမ်မှာကတော့ မနေ့က လေကြောင်းနဲ့ နှစ်ခါလာပစ်တယ်။ ဒါပေမယ့် မြေ ပြင်တိုက်ပွဲတွေမရှိဘူး။ ကျနော်တို့ဆီမှာတော့ အဲ့လိုပဲ ရပါတယ်” ဟု ပြောသည်။
မံစီနှင့် မိုးမောက်မြို့နယ်များ အပြင် မြစ်ကြီးနား၊ နမ္မတီးလမ်းကြောင်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ၏ ယာဉ်တန်းများ မကြာခနဆိုသလို ပစ်ခတ်မိုင်းခွဲ တိုက်ခိုက်ခံနေရသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ရွှေကူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ ရိက္ခာများ သယ်ဆောင်လာသည့် ရေယာဉ်တစ်စီး ယခုလ အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံရသည်ဟု သိရသည်။
Photo – Kachin Net
*** ZAWGYI ***
မံစီ၊ မိုးေမာက္တို႔တြင္ တိုက္ပြဲမ်ား ျပင္းထန္၊ စစ္ေကာင္စီက ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္ရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၂ ရက္။
ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕နယ္ႏွင့္ မိုးေမာက္ၿမိဳ႕နယ္ အတြင္းတြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာ သိမ္း စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး ေလယာဥ္မ်ားျဖင့္လည္း လာေရာက္ ပစ္ခတ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
တိုက္ပြဲမွာ ယမန္ေန႔ ကတည္းကေန ျဖစ္ပြားေနျခင္းျဖစ္ၿပီး ယေန႔နံနက္ပိုင္းအထိ ဆက္လက္ျဖစ္ပြားေနသည္ဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။
“က်ေနာ့္ဆီမွာရထားတာကေတာ့ မေန႔က မံစီနဲ႔ ကိုင္ထိတ္လမ္းၾကား မဒန္ယန္ေလ မံစီနည္းနည္းအထက္ အဲ့ဒီ မွာ တိုက္ပြဲျဖစ္တာ။ ဒီေန႔လည္း ျပန္ျဖစ္တယ္။ စစ္ေကာင္စီ တပ္စခန္းေတြကို KIA ကေန ဝင္တိုက္တာေပါ့ ေနာ္။ မေန႔ကလည္း ေလယာဥ္ေတာင္မွ လာတာ။ မေန႔ကလည္း ေလေၾကာင္းနဲ႔တိုက္တယ္။ ဒီေန႔လည္းေလ ေၾကာင္းနဲ႔ ျပန္တိုက္တယ္။ တျခားေနရာမွာေတြ ေတာ့ ျပင္းထန္တဲ့ တိုက္ပြဲေတြေတာ့ မရွိပါဘူး”ဟု ဗိုလ္မႉးႀကီး ေနာ္ဘူ က ေျပာသည္။
ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ ၃ လက္ေအာက္ခံ တပ္ရင္းအမွတ္ (၁) နယ္ေျမျဖစ္သည့္ မဒန္ ယန္တြင္ ေမလ ၁၂ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၁၀ နာရီေက်ာ္အခ်ိန္ခန႔္ကစတင္ၿပီး ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနသည္ဟု သိရသည္။
တိုက္ပြဲျဖစ္ပြားေနသည့္ ေနရာသို႔ အာဏာသိမ္းစစ္ေကာင္စီတပ္က စစ္ေလယာဥ္ အသုံးျပဳကာ ပစ္ခတ္မႈမ်ား ရွိခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။
“ဒီေန႔ မနက္ပိုင္းေတာ့ ေလယာဥ္လာတယ္၊ မေန႔ကလည္းလာတယ္။ ေလယာဥ္နဲ႔လာႀကဲတယ္။ မေန႔ကဆို တိုက္ပြဲက တေနကုန္ျဖစ္တယ္။ ဒီေန႔လည္း တေနကုန္လို႔ေျပာလို႔တယ္။ မနက္ ၉ နာရီ ေလာက္မွာ ခနရပ္ တယ္။ ၿပီးေတာ့ ေလယာဥ္လာျပန္တယ္။ ဒီေန႔ ေန႔လည္လည္း အသံေတြက ၾကားေနရတယ္။ အခုညေန အထိ လည္း ပစ္ေနၾကတယ္” ဟု မံစီ ေဒသခံတစ္ဦးက ေျပာသည္။
မိုးေမာက္ၿမိဳ႕ က ေဒသခံတစ္ဦး ကလည္း “ဒီအခုအၿမဲျဖစ္တဲ့ ၿမိဳ႕သစ္ ကုန္းေလာ ဘက္ေပါ့၊ အဲ့ေနရာရဲ႕ အေနာက္ဘက္က ေနာင္ကြန္ဘက္မွာ ျဖစ္တာ။ မေန႔ကျဖစ္တယ္။ ဗမာရဲ႕ စစ္တပ္စခန္းတစ္ခုရွိတယ္။ အဲ့ဒီ ဘက္မွာ ပစ္ၾကတာဟုတ္တယ္။ စခန္းဘယ္ေလာက္လဲ ေမ့ေနၿပီ၊ အဲ့မွာျဖစ္တာဟုတ္တယ္။ အၾကာႀကီးပဲ ပစ္ ၾကတာ” ဟု ေျပာသည္။
ေမလ ၁၁ ရက္ေန႔ (ယမန္ေန႔)ကလည္း KIA တပ္မဟာ ၃ တပ္ရင္း ၁၅ နယ္ေျမ ႏွင့္ တပ္မဟာ ၅ တပ္ရင္း ၁၉၊ တပ္ရင္း ၂၅ နယ္ေျမအတြင္းတြင္လည္း တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး အဆိုပါေနရာမ်ားတြင္လည္း စစ္ေကာင္စီ တပ္က ေလယာဥ္ျဖင့္ လာေရာက္ပစ္ခတ္ခဲ့သည္ဟု သိရသည္။
ဗိုလ္မႉးႀကီးေနာ္ဘူ က “ဒီအေလာ့ဒ္ဘြမ္မွာကေတာ့ မေန႔က ေလေၾကာင္းနဲ႔ ႏွစ္ခါလာပစ္တယ္။ ဒါေပမယ့္ ေျမ ျပင္တိုက္ပြဲေတြမရွိဘူး။ က်ေနာ္တို႔ဆီမွာေတာ့ အဲ့လိုပဲ ရပါတယ္” ဟု ေျပာသည္။
မံစီႏွင့္ မိုးေမာက္ၿမိဳ႕နယ္မ်ား အျပင္ ျမစ္ႀကီးနား၊ နမၼတီးလမ္းေၾကာင္းတစ္ေလွ်ာက္တြင္လည္း စစ္ေကာင္စီ၏ ယာဥ္တန္းမ်ား မၾကာခနဆိုသလို ပစ္ခတ္မိုင္းခြဲ တိုက္ခိုက္ခံေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ထို႔အျပင္ ေ႐ႊကူၿမိဳ႕နယ္တြင္လည္း စစ္ေကာင္စီတပ္၏ ရိကၡာမ်ား သယ္ေဆာင္လာသည့္ ေရယာဥ္တစ္စီး ယခုလ အတြင္း ႏွစ္ႀကိမ္ တိုက္ခိုက္ခံရသည္ဟု သိရသည္။
Photo – Kachin Net