ရွှေကူဒေသအတွင်း တပ်ရိက္ခာတင်ယာဉ်များကို KIA က တိုက်ခိုက်၊
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်။
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရိက္ခာများ တင်လာသည့် သင်္ဘောတစ်စီးကို နေရာနှစ်နေရာတွင် KIA က ပစ်ခတ်ခဲ့ပြီးရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
မေလ ၁၁ ရက်နေ့က ရွှေကူမြို့တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ရွှေကူမြို့ က ဒေသခံတစ်ဦး က ပြောသည်။
“အဲ့ဒီသင်္ဘောက မေလ ၆ ရက်နေ့က ည ၇ နာရီခွဲ၊ ၈ နာရီလောက်မှာ စစ်တပ်ရိက္ခာတွေတင်ပြီး တက်လာတာ၊ တက်လာတဲ့ဟာကို KIA က သိလို့ စီးပြီးပစ်တာပေါ့။ ပစ်တဲ့အခါ သင်္ဘောပေါ်မှာ ပြည်သူတစ်ချို့ပါတော့ ပြည် သူတွေပါလို့ သူတို့အော်တဲ့အခါ စစ်သားတွေကပါ အဲ့လိုလိုက်အော်တော့ မီးတွေ အကုန်ဖွင့်ပြတယ် အဲ့ဒီသင်္ဘော ကိုနော်။ အဲ့မှာ အရှိန်တင်ပြီးပြန်မောင်းသွားတာပေါ့။ အဲ့ဒါနဲ့ KIA ကလည်း ပြည်သူတွေပါတော့ မပစ်တော့ ဘူး။ သူတို့လည်း ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။
အဆိုပါသင်္ဘောမှာ မေလ ၆ ရက်နေ့က တစ်ကြိမ်၊ မေလ ၁၁ ရက်နေ့က နှစ်ကြိမ် ပစ်ခတ်ခံခဲ့ရသည်ဟု ရွှေကူ ဒေသခံများက ပြောသည်။
ထို့နောက် “အခု ဒီတနေ့က သင်္ဘောကို အချုပ်ကားနှစ်စီးနဲ့ အချုပ်သား ၁၈ ယောက်ကို တင်ပြီးမှ နေ့လည်ကို ရုတ်တရက်ထွက်ဖို့လုပ်တာ။ မနေ့က မနက် ၄ နာရီလောက်မှာ ရုတ်တရက်ထွက်တာ။ သင်္ဘောအင်းဘက်မှာ အဲ့ နားမှာ တစ်ခေါက်ပစ်ခံရတယ်။ အဲ့မှာ ဘန်ကာတွေကာထားတဲ့ နေရာကို သွားမှန်တယ်၊ မှန်တဲ့အခါကြတော့ စစ် တပ်ကဘက်က စက်သေနတ်တွေရော၊ M1 တွေရောနဲ့ ပြန်ပစ် တာပေါ့နော်။ နှစ်နေရာကနေပစ်တာ။ တစ် ခေါက် သင်္ဘောအင်းနားကနေပစ်တယ်။ နောက်တစ်ခါက ဇင်းဘုံနားကနေပစ်တယ်။ ဇင်းဘုံနားမှာ ပစ်ခံရတာ က သူတို့ဘက်ကို အထိခိုက်ရှိသွားတယ်ဗျ။ အဲ့ဒါနဲ့ သူတို့က နောက်ဆုံးကားနဲ့ပြန်သယ်တယ်ပြောတယ်။ အဲ့ဒါ KIA က လမ်းမှာ ဖြတ်တိုက်တယ် အဲ့လောက်ပဲသိတယ်ဗျ” ဟု ၎င်း က ဆက်ပြောသည်။
သင်္ဘောအတွင်း ဆန်အိတ်များ၊ အခြားစားနပ်ရိက္ခာများနှင့် စစ်သားများလည်း အယောက် ၁၀၀ နီးပါးခန့် ပါသည် ဟု ဒေသခံများက ဆိုသည်။
ထိုသို့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ၎င်းတို့၏ ရိက္ခာများကို ကားဖြင့် သယ်ယူရာ လမ်းခုလတ်တွင် KIA ထပ်မံ တားဆီးပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင်ပြန်ကြားရေးတာဝန်ခံက ၎င်းတို့ ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း ထိုရိက္ခာများကို KIA သိမ်းဆည်းရမိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း KIA အနေဖြင့် အတည်မပြုနိုင်သေးဟု ပြောသည်။
“သိမ်းရတဲ့အထိတော့ ကျနော်ဘာမှ မကြားမိပါဘူး။ ဒါပေမယ့် သင်္ဘောကိုပစ်တာ၊ တိုက်ပွဲတွေဖြစ်တာပေါ့၊ သင်္ဘောကနေလည်း ပြန်ပစ်တယ်။ KIA ကလည်း ပြန်ပစ်တယ်။ ဆိုတော့ စင်ခံမှာ သင်္ဘောကတော့ ရပ်သွား တာ။ အဲ့ဒီသင်္ဘောထဲက ပစ္စည်းတွေကိုတော့ ကားနဲ့ ပြန်သယ်တာ၊ အဲ့တော့ ကားနဲ့ပြန်သယ်တာကို ပြန်တိုက် တာ။ ဘယ်လောက်အထိရတယ်ဆိုတာတော့ အတိအကျမသိဘူး။ လမ်းခုလတ်မှာတိုက်တာ။ တိုက်တယ်ဆိုတာ လောက်ပဲ ကျနော်တို့ကြားပါတယ်။ သိမ်းပိုက်ရတယ်၊ ဘယ်လောက်အထိရတယ်ဆိုတာတော့ မကြားမိပါဘူး။”
ထို့အပြင် ရွှေကူမြို့၊ မြို့လှရဲစခန်း မေလ ၈ ရက်နေ့က မီးရှို့ဖျက်ဆီးခံရပြီးနောက် ယနေ့အချိန်ထိ အဆိုပါနေရာ အနီးတဝိုက်တွင် ပစ်ခတ်သံများ၊ မိုင်းကွဲသံများ ဆက်တိုက်ကြားနေရဆဲ ဖြစ်သည်ဟု ရွှေကူဒေသခံများက ပြော
သည်။
“ရွှေကူမှာ ဒီနေ့တော့ ဘာမှမဖြစ်ဘူး။ မနေ့ညကတော့ လက်နက်ကြီးသံတွေကြားနေရတယ်။ ဒါပေမယ့် မြို့လှ ဘက်မှာတော့ တချိန်လုံး တဒိန်းဒိန်းဖြစ်နေတာပဲ။ တချက်တချက် ထထ ပစ်တာမျိုးတွေရှိတယ်။ မြို့လှရဲစခန်း ကတော့ လုံးဝ ပြာချတာ။ ဒါပေမယ့် အခုချိန်ထိတော့ တဒိန်းဒိန်းပဲ။ အသံကတော့ နေ့ရော ညရော ကြားနေရ တာ။ ဒီမြို့လှရဲစခန်းက ဝိုင်းခံထားရတာ တပတ်ကျော်ပြီ။ အဲ့ဒါကို စနေနေ့က မီးရှို့ခံလိုက်ရတာ” ဟု ရွှေကူမြို့ က ဒေသခံတစ်ဦး က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိရာ မိုးမောက်၊ မန်စံ၊ ရွှေကူ၊ ဒေါ့ဖုန်းယန် နှင့် ဝိုင်းမော် မြို့နယ် တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေပြီး အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်က လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်လျှက်ရှိ သည်။
ထိုတိုက်ပွဲများကြောင့် မိုးမောက်မြို့နယ်အတွင်းက ပြည်သူ ၅၀၀၀ ကျော်က နေရပ်ကျေးရွာများကို စွန့်ကာ မိုးမောက်နှင့် ဗန်းမော်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် စစ်ဘေးတိမ်း ရှောင်နေကြရသည်။
*** ZAWGYI ***
ေ႐ႊကူေဒသအတြင္း တပ္ရိကၡာတင္ယာဥ္မ်ားကို KIA က တိုက္ခိုက္၊
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၂ ရက္။
ကခ်င္ျပည္နယ္၊ ေ႐ႊကူၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္၏ ရိကၡာမ်ား တင္လာသည့္ သေဘၤာတစ္စီးကို ေနရာႏွစ္ေနရာတြင္ KIA က ပစ္ခတ္ခဲ့ၿပီးရာ စစ္တပ္ဘက္က ထိခိုက္ဒဏ္ရာရရွိမႈမ်ား ရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ေမလ ၁၁ ရက္ေန႔က ေ႐ႊကူၿမိဳ႕တြင္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရသည္ဟု ေ႐ႊကူၿမိဳ႕ က ေဒသခံတစ္ဦး က ေျပာသည္။
“အဲ့ဒီသေဘၤာက ေမလ ၆ ရက္ေန႔က ည ၇ နာရီခြဲ၊ ၈ နာရီေလာက္မွာ စစ္တပ္ရိကၡာေတြတင္ၿပီး တက္လာတာ၊ တက္လာတဲ့ဟာကို KIA က သိလို႔ စီးၿပီးပစ္တာေပါ့။ ပစ္တဲ့အခါ သေဘၤာေပၚမွာ ျပည္သူတစ္ခ်ိဳ႕ပါေတာ့ ျပည္ သူေတြပါလို႔ သူတို႔ေအာ္တဲ့အခါ စစ္သားေတြကပါ အဲ့လိုလိုက္ေအာ္ေတာ့ မီးေတြ အကုန္ဖြင့္ျပတယ္ အဲ့ဒီသေဘၤာ ကိုေနာ္။ အဲ့မွာ အရွိန္တင္ၿပီးျပန္ေမာင္းသြားတာေပါ့။ အဲ့ဒါနဲ႔ KIA ကလည္း ျပည္သူေတြပါေတာ့ မပစ္ေတာ့ ဘူး။ သူတို႔လည္း ျပန္ဆုတ္သြားတယ္” ဟု ေျပာသည္။
အဆိုပါသေဘၤာမွာ ေမလ ၆ ရက္ေန႔က တစ္ႀကိမ္၊ ေမလ ၁၁ ရက္ေန႔က ႏွစ္ႀကိမ္ ပစ္ခတ္ခံခဲ့ရသည္ဟု ေ႐ႊကူ ေဒသခံမ်ားက ေျပာသည္။
ထို႔ေနာက္ “အခု ဒီတေန႔က သေဘၤာကို အခ်ဳပ္ကားႏွစ္စီးနဲ႔ အခ်ဳပ္သား ၁၈ ေယာက္ကို တင္ၿပီးမွ ေန႔လည္ကို ႐ုတ္တရက္ထြက္ဖို႔လုပ္တာ။ မေန႔က မနက္ ၄ နာရီေလာက္မွာ ႐ုတ္တရက္ထြက္တာ။ သေဘၤာအင္းဘက္မွာ အဲ့ နားမွာ တစ္ေခါက္ပစ္ခံရတယ္။ အဲ့မွာ ဘန္ကာေတြကာထားတဲ့ ေနရာကို သြားမွန္တယ္၊ မွန္တဲ့အခါၾကေတာ့ စစ္ တပ္ကဘက္က စက္ေသနတ္ေတြေရာ၊ M1 ေတြေရာနဲ႔ ျပန္ပစ္ တာေပါ့ေနာ္။ ႏွစ္ေနရာကေနပစ္တာ။ တစ္ ေခါက္ သေဘၤာအင္းနားကေနပစ္တယ္။ ေနာက္တစ္ခါက ဇင္းဘုံနားကေနပစ္တယ္။ ဇင္းဘုံနားမွာ ပစ္ခံရတာ က သူတို႔ဘက္ကို အထိခိုက္ရွိသြားတယ္ဗ်။ အဲ့ဒါနဲ႔ သူတို႔က ေနာက္ဆုံးကားနဲ႔ျပန္သယ္တယ္ေျပာတယ္။ အဲ့ဒါ KIA က လမ္းမွာ ျဖတ္တိုက္တယ္ အဲ့ေလာက္ပဲသိတယ္ဗ်” ဟု ၎ က ဆက္ေျပာသည္။
သေဘၤာအတြင္း ဆန္အိတ္မ်ား၊ အျခားစားနပ္ရိကၡာမ်ားႏွင့္ စစ္သားမ်ားလည္း အေယာက္ ၁၀၀ နီးပါးခန႔္ ပါသည္ ဟု ေဒသခံမ်ားက ဆိုသည္။
ထိုသို႔ပစ္ခတ္ခံရၿပီးေနာက္ စစ္ေကာင္စီက ၎တို႔၏ ရိကၡာမ်ားကို ကားျဖင့္ သယ္ယူရာ လမ္းခုလတ္တြင္ KIA ထပ္မံ တားဆီးပစ္ခတ္ခဲ့သည္ဟု သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA သတင္းႏွင္ျပန္ၾကားေရးတာဝန္ခံက ၎တို႔ ပစ္ခတ္ခဲ့သည္မွာ မွန္ကန္ေၾကာင္း၊ သို႔ေသာ္လည္း ထိုရိကၡာမ်ားကို KIA သိမ္းဆည္းရမိသည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း KIA အေနျဖင့္ အတည္မျပဳႏိုင္ေသးဟု ေျပာသည္။
“သိမ္းရတဲ့အထိေတာ့ က်ေနာ္ဘာမွ မၾကားမိပါဘူး။ ဒါေပမယ့္ သေဘၤာကိုပစ္တာ၊ တိုက္ပြဲေတြျဖစ္တာေပါ့၊ သေဘၤာကေနလည္း ျပန္ပစ္တယ္။ KIA ကလည္း ျပန္ပစ္တယ္။ ဆိုေတာ့ စင္ခံမွာ သေဘၤာကေတာ့ ရပ္သြား တာ။ အဲ့ဒီသေဘၤာထဲက ပစၥည္းေတြကိုေတာ့ ကားနဲ႔ ျပန္သယ္တာ၊ အဲ့ေတာ့ ကားနဲ႔ျပန္သယ္တာကို ျပန္တိုက္ တာ။ ဘယ္ေလာက္အထိရတယ္ဆိုတာေတာ့ အတိအက်မသိဘူး။ လမ္းခုလတ္မွာတိုက္တာ။ တိုက္တယ္ဆိုတာ ေလာက္ပဲ က်ေနာ္တို႔ၾကားပါတယ္။ သိမ္းပိုက္ရတယ္၊ ဘယ္ေလာက္အထိရတယ္ဆိုတာေတာ့ မၾကားမိပါဘူး။”
ထို႔အျပင္ ေ႐ႊကူၿမိဳ႕၊ ၿမိဳ႕လွရဲစခန္း ေမလ ၈ ရက္ေန႔က မီးရႈိ႕ဖ်က္ဆီးခံရၿပီးေနာက္ ယေန႔အခ်ိန္ထိ အဆိုပါေနရာ အနီးတဝိုက္တြင္ ပစ္ခတ္သံမ်ား၊ မိုင္းကြဲသံမ်ား ဆက္တိုက္ၾကားေနရဆဲ ျဖစ္သည္ဟု ေ႐ႊကူေဒသခံမ်ားက ေျပာ
သည္။
“ေ႐ႊကူမွာ ဒီေန႔ေတာ့ ဘာမွမျဖစ္ဘူး။ မေန႔ညကေတာ့ လက္နက္ႀကီးသံေတြၾကားေနရတယ္။ ဒါေပမယ့္ ၿမိဳ႕လွ ဘက္မွာေတာ့ တခ်ိန္လုံး တဒိန္းဒိန္းျဖစ္ေနတာပဲ။ တခ်က္တခ်က္ ထထ ပစ္တာမ်ိဳးေတြရွိတယ္။ ၿမိဳ႕လွရဲစခန္း ကေတာ့ လုံးဝ ျပာခ်တာ။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ တဒိန္းဒိန္းပဲ။ အသံကေတာ့ ေန႔ေရာ ညေရာ ၾကားေနရ တာ။ ဒီၿမိဳ႕လွရဲစခန္းက ဝိုင္းခံထားရတာ တပတ္ေက်ာ္ၿပီ။ အဲ့ဒါကို စေနေန႔က မီးရႈိ႕ခံလိုက္ရတာ” ဟု ေ႐ႊကူၿမိဳ႕ က ေဒသခံတစ္ဦး က ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလွ်က္ရွိရာ မိုးေမာက္၊ မန္စံ၊ ေ႐ႊကူ၊ ေဒါ့ဖုန္းယန္ ႏွင့္ ဝိုင္းေမာ္ ၿမိဳ႕နယ္ တို႔တြင္ ယခုရက္ပိုင္းအတြင္း တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြား ေနၿပီး အဆိုပါတိုက္ပြဲမ်ားတြင္ စစ္ေကာင္စီဘက္က ေလယာဥ္မ်ားျဖင့္လည္း ဗုံးႀကဲတိုက္ခိုက္လွ်က္ရွိ သည္။
ထိုတိုက္ပြဲမ်ားေၾကာင့္ မိုးေမာက္ၿမိဳ႕နယ္အတြင္းက ျပည္သူ ၅၀၀၀ ေက်ာ္က ေနရပ္ေက်း႐ြာမ်ားကို စြန႔္ကာ မိုးေမာက္ႏွင့္ ဗန္းေမာ္ၿမိဳ႕ရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ ခရစ္ယာန္ဘုရားေက်ာင္းမ်ားတြင္ စစ္ေဘးတိမ္း ေရွာင္ေနၾကရသည္။