မြစ်ကြီးနားနှင့် မိုးမောက်မြို့များတွင် ပေါက်ကွဲမှုများဖြစ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မိုးမောက်မြို့တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိသည်ဟု ဒေသခံများက ပြောသည်။
မေလ ၁၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် မြို့တော်မြစ်ကြီးနားရှိ ကမ္ဘာဇဘဏ်(၁) တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
အမည်မဖော်လိုသူ မြစ်ကြီးနားမြို့ခံ တစ်ဦး က “KBZ က နှစ်ခုရှိတာလေနော်။ အခုဖြစ်တာက KBZ ဘဏ် ၁ မှာ ဖြစ်တာပါ။ ဗုံးကွဲတာက ဒီနေ့ မနက်အစောပိုင်းမှာ ကွဲတာပါ။ စစ်သားတစ်ယောက်တော့ ထိတယ်ပြောတယ်။ အဲ့ဘက်ကို သိပ်မသွားရဲကြဘူး။ တချို့ကလည်းပြောနေတာ ဘဏ်ဘက်မှာ စစ်ဆေးနေတယ် ဘာညာဆို တော့ လေ။ တကယ်ဆို ဒီနေ့ဖြစ်တဲ့အချိန်ဆို ဘယ်သူမှမရှိဘူး သူတို့ ဒီစစ်သားတွေပဲ အခုဘဏ်တိုင်းမှာ စစ်သားတွေ အစောင့်ထားတယ်မဟုတ်လား။ အဲ့ဒါသူတို့ပဲရှိတာ။ အဲ့မှာ ပေါက်ကွဲမှုဖြစ်တာ ဟုတ်တယ် ဒီနေ့မနက်ပိုင်း ၆ နာ ရီလောက်မှာ ဖြစ်တာ” ဟု ပြောသည်။
ထို့အပြင် မေလ ၁၄ ရက်နေ့တွင် မိုးမောက်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
မိုးမောက် ဒေသခံတစ်ဦး က “မြို့နယ် ထွေအုပ်ရုံးမှာ မြို့နယ်စစ်ကောင်စီနဲ့ ရပ်ကျေးအုပ်ချုပ်ရေးရေးမှူးတွေရဲ့ အ စည်းအဝေးလည်းရှိတယ်။ ပြီးတော့ မြို့နယ်မှူးရဲ့ နှုတ်ဆက်ပွဲလည်းရှိတယ်ပြောတယ်။ အဲ့မှာ အစည်းအဝေး လာတက်ကြတာ။ ပြီးပြီးချင်း အဲ့ဒါမှာ ဖြစ်တယ်။ ပေါက်ကွဲမှု ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် တချို့က ပြောတာ လည်း လက်နက်ကြီးနဲ့ ပစ်ခံရတယ်တဲ့။ အထဲက သတင်းရတာတော့ ခေါင်မိုးတွေ ထိကုန်တယ်။ အဲ့မှာ ခန်းမမှာ ကျန် ခဲ့တဲ့ မင်းကျမ်းရွာ၊ မံပုံရယ်၊ ခုံဆင့်ရွာရယ်နဲ့ ဒီမြို့ပေါ်က ရပ်ကျေးစာရေး လေးယောက်ထိ သွားတယ်လို့ ပြောတယ်။ သေတော့မသေးဘူး။ ခေါင်မိုးမှာပေါက်ကွဲတာဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရတယ်လို့ ပြော တယ်” ဟု ပြောသည်။
မိုးမောက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအတွင်း ပေါက်ကွဲမှုအတွင်း အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ရွှေကူနှင့် ဖားကန့် စသည့် မြို့နယ် များအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေသကဲသို့ ကချင်လက်နက်ကိုင်အဖွဲ့ KIA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။
ထို့အပြင် ရွှေကူ၊ မိုးမောက်၊ မံစီနှင့် ဒေါ့ဖုန်းယန်မြို့နယ်များအတွင်း နှစ်ဖက်ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ် ကောင်စီတပ်တွေက နေ့စဉ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က ပြောသည်။
ထိုတိုက်ပွဲများကြောင့်လည်း မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ရှောင် ၆၀၀၀ ကျော် က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
Photo – CJ
*** ZAWGYI ***
ျမစ္ႀကီးနားႏွင့္ မိုးေမာက္ၿမိဳ႕မ်ားတြင္ ေပါက္ကြဲမႈမ်ားျဖစ္
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၄ ရက္။
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ မိုးေမာက္ၿမိဳ႕တို႔တြင္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမ်ား ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေမလ ၁၄ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ ၿမိဳ႕ေတာ္ျမစ္ႀကီးနားရွိ ကမာၻဇဘဏ္(၁) တြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး စစ္သားတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။
အမည္မေဖာ္လိုသူ ျမစ္ႀကီးနားၿမိဳ႕ခံ တစ္ဦး က “KBZ က ႏွစ္ခုရွိတာေလေနာ္။ အခုျဖစ္တာက KBZ ဘဏ္ ၁ မွာ ျဖစ္တာပါ။ ဗုံးကြဲတာက ဒီေန႔ မနက္အေစာပိုင္းမွာ ကြဲတာပါ။ စစ္သားတစ္ေယာက္ေတာ့ ထိတယ္ေျပာတယ္။ အဲ့ဘက္ကို သိပ္မသြားရဲၾကဘူး။ တခ်ိဳ႕ကလည္းေျပာေနတာ ဘဏ္ဘက္မွာ စစ္ေဆးေနတယ္ ဘာညာဆို ေတာ့ ေလ။ တကယ္ဆို ဒီေန႔ျဖစ္တဲ့အခ်ိန္ဆို ဘယ္သူမွမရွိဘူး သူတို႔ ဒီစစ္သားေတြပဲ အခုဘဏ္တိုင္းမွာ စစ္သားေတြ အေစာင့္ထားတယ္မဟုတ္လား။ အဲ့ဒါသူတို႔ပဲရွိတာ။ အဲ့မွာ ေပါက္ကြဲမႈျဖစ္တာ ဟုတ္တယ္ ဒီေန႔မနက္ပိုင္း ၆ နာ ရီေလာက္မွာ ျဖစ္တာ” ဟု ေျပာသည္။
ထို႔အျပင္ ေမလ ၁၄ ရက္ေန႔တြင္ မိုးေမာက္ၿမိဳ႕ရွိ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးဝန္းအတြင္းတြင္လည္း ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ဝန္ထမ္း ၄ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု သိရသည္။
မိုးေမာက္ ေဒသခံတစ္ဦး က “ၿမိဳ႕နယ္ ေထြအုပ္႐ုံးမွာ ၿမိဳ႕နယ္စစ္ေကာင္စီနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးေရးမႉးေတြရဲ႕ အ စည္းအေဝးလည္းရွိတယ္။ ၿပီးေတာ့ ၿမိဳ႕နယ္မႉးရဲ႕ ႏႈတ္ဆက္ပြဲလည္းရွိတယ္ေျပာတယ္။ အဲ့မွာ အစည္းအေဝး လာတက္ၾကတာ။ ၿပီးၿပီးခ်င္း အဲ့ဒါမွာ ျဖစ္တယ္။ ေပါက္ကြဲမႈ ျဖစ္တယ္ေပါ့ေနာ္။ ဒါေပမယ့္ တခ်ိဳ႕က ေျပာတာ လည္း လက္နက္ႀကီးနဲ႔ ပစ္ခံရတယ္တဲ့။ အထဲက သတင္းရတာေတာ့ ေခါင္မိုးေတြ ထိကုန္တယ္။ အဲ့မွာ ခန္းမမွာ က်န္ ခဲ့တဲ့ မင္းက်မ္း႐ြာ၊ မံပုံရယ္၊ ခုံဆင့္႐ြာရယ္နဲ႔ ဒီၿမိဳ႕ေပၚက ရပ္ေက်းစာေရး ေလးေယာက္ထိ သြားတယ္လို႔ ေျပာတယ္။ ေသေတာ့မေသးဘူး။ ေခါင္မိုးမွာေပါက္ကြဲတာျဖစ္တဲ့အတြက္ ထိခိုက္ဒဏ္ရာရတယ္လို႔ ေျပာ တယ္” ဟု ေျပာသည္။
မိုးေမာက္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ႐ုံးအတြင္း ေပါက္ကြဲမႈအတြင္း အမ်ိဳးသမီး ၃ ဦး၊ အမ်ိဳးသား ၁ ဦး ထိ ခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ကခ်င္ျပည္နယ္က ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ မိုးေမာက္၊ ေ႐ႊကူႏွင့္ ဖားကန႔္ စသည့္ ၿမိဳ႕နယ္ မ်ားအတြင္း ေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ေနသကဲသို႔ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA ႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲမ်ားလည္း ျပင္းထန္စြာ ျဖစ္ပြားလွ်က္ရွိသည္။
ထို႔အျပင္ ေ႐ႊကူ၊ မိုးေမာက္၊ မံစီႏွင့္ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္မ်ားအတြင္း ႏွစ္ဖက္ၾကား တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး စစ္ ေကာင္စီတပ္ေတြက ေန႔စဥ္ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္ေနသည္ဟု KIO သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ က ေျပာသည္။
ထိုတိုက္ပြဲမ်ားေၾကာင့္လည္း မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေပါင္း ၁၀ ႐ြာေက်ာ္က စစ္ေရွာင္ ၆၀၀၀ ေက်ာ္ က ေနရပ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။
Photo – CJ