KNU ရပ်တည်ချက် ကရင်အရပ်ဖက်အဖွဲ့များ မေးခွန်းထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ နှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တို့၏ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်သည့် သဘောထား ထုတ်ပြန်ချက်အား KNU ဗဟိုက ပြန်လည် ထုတ်ပြန်ရှင်းလင်း ပေးရန် ကရင်အရပ်ဖက် အဖွဲ့အစည်းအချို့က တောင်းဆိုလိုက်သည်။

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် သဘောထားရှိသည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ပဒိုစောရွှေမောင်း တို့၏ ထုတ်ပြန်ချက်သည် KNU ဗဟို၏ သဘောထား ဟုတ်၊ မဟုတ် ထုတ်ပြန်ရှင်း လင်းပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသမီး အစည်းအရုံး KWO အမြဲတမ်းဗဟိုကော်မတီဝင် နော်ဆဲဆဲက “KNU တစ်ဖွဲ့လုံး အနေနဲ့က ကျမ တို့ မေးခွန်းထုတ်စရာ ရှိလာတယ်ပေါ့နော။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတဲ့ဟာမျိုးတွေကျတော့ KNU တစ်စုံ လုံးအနေနဲ့ ပြန်လည်ပြီးတော့ ရှင်းလင်းသင့်တယ်လို့ မြင်တယ်ပေါ့နော။ ပထမတစ်ခု သူတို့ရှင်းလင်းရမှာ က ဒီလို ထုတ်ပြန်တဲ့အပေါ်မှာ KNU အဖွဲ့အစည်းအနေနဲ့ မဟုတ်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောချရမှာ ဖြစ် တယ်ပေါ့။ ပြီးလို့ရှိရင် ဒုတိယတစ်ခုက KNU သွားနေတဲ့ နိုင်ငံရေး အခင်းအကျင်း နိုင်ငံရေး ရပ်တည်ချက်ကို လက်ရှိ အခြေအနေ နိုင်ငံရေး ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသဖို့ ရှင်းပြဖို့လိုအပ်တယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင်စနစ် အမြစ်ပြတ် သွားအောင် တွန်းလှန်တိုက်ပွဲဝင်နေ ကြသည့် အချိန်လည်းဖြစ်သည်။

မေလ ၁၀ ရက်နေ့က လက်ရှိ နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုး က နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်း ဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာ ရန် သဘောထား ရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် KNU တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း ကလည်း KNU ဥက္ကဋ္ဌ ၏ ထုတ်ပြန် ချက်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ပြောဆိုထားပြန်သည်။

“စာထုတ်တဲ့အခါမှာ တစ်ဦး တစ်ယောက်ရဲ့ သဘောထားလို့ ပြောပေမယ့် ကရင် အမျိုးသား အစည်းအရုံး KNU နာမည် သုံးနေတယ်။ ပြီးတော့ အဖွဲ့အစည်းက ပေးထားတဲ့ ရားထူတာဝန်တွေကို သုံးပြီး ကရင်လူမျိုးတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ အလုပ်လုပ်မယ်ဆိုတော့ အဲဒါက ကရင်လူမျိုးတွေက လက်ခံလို့မရ ဘူး။ ဒါက မှန်တဲ့ အရာ မဟုတ်ဘူး။ KNU ရဲ့ ရပ်တည်ချက်က အာဏာရှင်စနစ်ကို ဆန့်ကျင်တာဖြစ်တယ်။ လူတိုင်းအား လုံး က ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်နဲ့ အတူ တွဲလုပ်ချင်တယ်ဆိုရင် သူတို့နဲ့ တွဲလုပ်မယ်ဆို ရင်တော့ ဒါတွေ ကတော့ အဖွဲ့အစည်းရဲ့ လမ်းစဉ်နဲ့ မကိုက်ညီ တော့ဘူးပေါ့နော်” ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါခူရှီး က ပြောသည်။

KNU ဥက္ကဋ္ဌ ၏ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ NCA မူဘောင်များအား လိုက်ကျင့် သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင် သူ အားလုံးအနေဖြင့်လည်း NCA မူဘောင်များအတိုင်း တိကျလိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်း ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်ဟုပါ ရှိသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ အချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေး ပြဿနာ ကို လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရသဖြင့် နိုင်ငံရေး ပြဿနာအား နိုင်ငံရေး နည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် သဘောထားရှိ ပါ သည် ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။

တစ်ဖက်တွင်လည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြ တိုက်ပွဲဝင်နေကြသည့် ပြည်သူများကို KNU က လုံခြုံရေး ယူပေးခြင်း၊ CDM လုပ်နေသူများကိုလည်း KNU နယ်မြေများတွင် ခိုလှုံခွင့်ပြုခြင်းနှင့် ထိုးစစ်ဆင် လာသည့် စစ်ကောင်စီ၏ တပ်များကိုလည်း KNU က တိုက်ခိုက်ချေမှုန်းကာ စစ်အာဏာရှင်စနစ် ပြုတ်ကျအောင် တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိသည်ဟု သိရသည်။

ထိုအခြေအနေများကြောင့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက လက်ရှိ မြန်မာနိုင်ငံ ၏ နိုင်ငံရေး အခင်းအကျင်းတွင် KNU အနေဖြင့် အသုံးချခံ အဖွဲ့တစ်ရပ်အဖြင့်မရပ်တည် သင့်ကြောင်းနှင့် ကိုယ် ပိုင်ရပ်တည်ချက် ကိုယ့်လမ်းစဉ် ကိုယ့်မူဝါဒအတိုင်း မားမားမတ်မတ် ရပ်တည်ရမည် ဖြစ်သည်ဟု ၎င်း၏ ထုတ် ပြန်ချက်ထဲတွင် ထည့်သွင်း ပြောဆိုထားသည်။

ပဒိုစောရွှေမောင်း၏ ပြောဆိုမှုနှင့် ပတ်သက်၍ နော်ဆဲဆဲက “ကျမတို့က ဒီလိုမျိုး မမြင်ပါဘူး အဓိက သူ့ရဲ့ ရပ် တည်ချက်က ရှင်းနေဖို့လိုတယ်ပေါ့နော်။ ရပ်တည်ချက်က ဒီအပေါ်မှာ မရှင်းမလင်း အချင်းချင်း မရှင်းမလင်း ဖြစ်နေတဲ့အခါကျတော့ သူမြင်မှာပဲ အသုံးချခံရတယ်လို့ သူမြင်မှာပဲပေါ့နော်။ အဓိကက ကျမတို့ဆိုရင်လည်း ခဏခဏပြောတယ် ရပ်တည်ချက်တွေကို ပြတ်ပြတ်သား သား ရှင်းရှင်းလင်းလင်း သူသိရှင်ကြား ဖြစ်ဖို့လို တယ်။ ကိုယ့်ရဲ့ အတွင်းရေးထဲမှာလည်း ပြတ်ပြတ်သားသား ရှိဖို့လိုတယ်ပေါ့နော်။ ဆိုတော့ ကျမမြင်တာက တော့ သူတို့ရဲ့ ရပ်တည်ချက်တွေ အပေါ်မှာ အချင်းချင်းကြားထဲမှာ မရှင်းတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ဆိုတော့ အဲဒီအပေါ်မှာကတော့ သူတို့ အချင်းချင်း ဖြေရှင်းရမယ့် ကိစ္စမျိုးတွေလို့ ကျမတို့ မြင်တယ်ပေါ့နော” ဟုပြောသည်။

နော်ဝါခူရှီးကလည်း “လူတွေကို သတ်ဖြတ်နေတဲ့ ဒီစစ်တပ်က ကျမတို့ လူမျိုးတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ပဲ ကျမတို့လည်း အရင်ကလည်း အဲသလိုခံရတယ်လေ အခုလည်း ဆက်ပြီးခံနေရတုန်းပဲ ဒီစစ်အာဏာရှင်တွေ ကြောင့်လေ။ အခုက လူတိုင်းက ဆန့်ကျင်နေတဲ့အချိန်မှာ ကျမတို့လည်း အတူတကွ ဆန့်ကျင်ဖို့ဖြစ်တယ်။ ဒါ ပေမယ့် အရင်ကတော့ ကျမတို့ တိုင်းရင်းသားတွေ ခံခဲ့ရတာတွေရှိတယ်။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု မရှိခဲ့ တာတွေရှိတယ်။ အဲလို ဖြတ်သန်းမှုအပေါ်မှာ တချို့က စိတ်ဇဝေဇဝါတာ တွေရှိမယ်” ဟု ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင် အမြစ်ပြတ်ရန် ဆန့်ကျင်တိုက်ပွဲဝင်နေကြသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အချို့ကလည်း စစ်ကောင်စီအဖွဲ့အား ဆန့်ကျင် တိုက် ခိုက်နေသည်ကို တွေ့ရသည်။

သို့သော်လည်း အဆိုပါ အခင်းအကျင်းများအောက်တွင် KNU ဥက္ကဋ္ဌ နှင့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဋ္ဌတို့က စစ်ကောင်စီတို့နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုအနေအထားများကြောင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် KNU ဗဟို၏ သဘောထား ရပ်တည်ချက်များ ကို ရှင်းလင်းစွာ ထုတ်ပြန်ပေးရန် ကရင် အရပ်ဖက် အဖွဲ့အစည်းအချို့က တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

*** ZAWGYI ***
KNU ရပ္တည္ခ်က္ ကရင္အရပ္ဖက္အဖြဲ႕မ်ား ေမးခြန္းထုတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၄ ရက္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ဥကၠ႒ ႏွင့္ တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ ဥကၠ႒ တို႔၏ လက္ရွိႏိုင္ငံေရး အခင္းအက်င္းႏွင့္ ပတ္သက္သည့္ သေဘာထား ထုတ္ျပန္ခ်က္အား KNU ဗဟိုက ျပန္လည္ ထုတ္ျပန္ရွင္းလင္း ေပးရန္ ကရင္အရပ္ဖက္ အဖြဲ႕အစည္းအခ်ိဳ႕က ေတာင္းဆိုလိုက္သည္။

စစ္အာဏာရွင္ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ေနၾကသည့္ ျပည္သူမ်ားအား အၾကမ္းဖက္ သတ္ျဖတ္ေနသည့္ စစ္ေကာင္စီႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ သေဘာထားရွိသည္ဟု ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးႏွင့္ ပဒိုေစာေ႐ႊေမာင္း တို႔၏ ထုတ္ျပန္ခ်က္သည္ KNU ဗဟို၏ သေဘာထား ဟုတ္၊ မဟုတ္ ထုတ္ျပန္ရွင္း လင္းေပးရန္ ေတာင္းဆိုျခင္း ျဖစ္သည္ဟု ဆိုသည္။

ကရင္အမ်ိဳးသမီး အစည္းအ႐ုံး KWO အၿမဲတမ္းဗဟိုေကာ္မတီဝင္ ေနာ္ဆဲဆဲက “KNU တစ္ဖြဲ႕လုံး အေနနဲ႔က က်မ တို႔ ေမးခြန္းထုတ္စရာ ရွိလာတယ္ေပါ့ေနာ။ ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ ဆိုတဲ့ဟာမ်ိဳးေတြက်ေတာ့ KNU တစ္စုံ လုံးအေနနဲ႔ ျပန္လည္ၿပီးေတာ့ ရွင္းလင္းသင့္တယ္လို႔ ျမင္တယ္ေပါ့ေနာ။ ပထမတစ္ခု သူတို႔ရွင္းလင္းရမွာ က ဒီလို ထုတ္ျပန္တဲ့အေပၚမွာ KNU အဖြဲ႕အစည္းအေနနဲ႔ မဟုတ္ဘူးဆိုရင္ ပြင့္ပြင့္လင္းလင္း ေျပာခ်ရမွာ ျဖစ္ တယ္ေပါ့။ ၿပီးလို႔ရွိရင္ ဒုတိယတစ္ခုက KNU သြားေနတဲ့ ႏိုင္ငံေရး အခင္းအက်င္း ႏိုင္ငံေရး ရပ္တည္ခ်က္ကို လက္ရွိ အေျခအေန ႏိုင္ငံေရး ရပ္တည္ခ်က္ကို ရွင္းရွင္းလင္းလင္း ျပသဖို႔ ရွင္းျပဖို႔လိုအပ္တယ္ေပါ့ေနာ္” ဟု ေျပာသည္။

လက္ရွိတြင္ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားက စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ သြားေအာင္ တြန္းလွန္တိုက္ပြဲဝင္ေန ၾကသည့္ အခ်ိန္လည္းျဖစ္သည္။

ေမလ ၁၀ ရက္ေန႔က လက္ရွိ ႏိုင္ငံေရး အခင္းအက်င္းမ်ားႏွင့္ ပတ္သက္၍ KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူး ေစးဖိုး က ႏိုင္ငံေရး ျပႆနာအား ႏိုင္ငံေရးနည္းလမ္းေကာင္း ျဖစ္သည့္ ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္သာ အေျဖရွာ ရန္ သေဘာထား ရွိသည္ဟု ထုတ္ျပန္ထားသည္။

ထို႔အျပင္ KNU တပ္မဟာ ၆ ဒူးပလာယာ ခ႐ိုင္ ဥကၠ႒ ပဒိုေစာေ႐ႊေမာင္း ကလည္း KNU ဥကၠ႒ ၏ ထုတ္ျပန္ ခ်က္အေပၚ ေထာက္ခံေၾကာင္း ထုတ္ျပန္ေျပာဆိုထားျပန္သည္။

“စာထုတ္တဲ့အခါမွာ တစ္ဦး တစ္ေယာက္ရဲ႕ သေဘာထားလို႔ ေျပာေပမယ့္ ကရင္ အမ်ိဳးသား အစည္းအ႐ုံး KNU နာမည္ သုံးေနတယ္။ ၿပီးေတာ့ အဖြဲ႕အစည္းက ေပးထားတဲ့ ရားထူတာဝန္ေတြကို သုံးၿပီး ကရင္လူမ်ိဳးေတြကို သတ္ျဖတ္ေနတဲ့ စစ္ေကာင္စီနဲ႔ အလုပ္လုပ္မယ္ဆိုေတာ့ အဲဒါက ကရင္လူမ်ိဳးေတြက လက္ခံလို႔မရ ဘူး။ ဒါက မွန္တဲ့ အရာ မဟုတ္ဘူး။ KNU ရဲ႕ ရပ္တည္ခ်က္က အာဏာရွင္စနစ္ကို ဆန႔္က်င္တာျဖစ္တယ္။ လူတိုင္းအား လုံး က ဆန႔္က်င္ေနတဲ့ စစ္အာဏာရွင္နဲ႔ အတူ တြဲလုပ္ခ်င္တယ္ဆိုရင္ သူတို႔နဲ႔ တြဲလုပ္မယ္ဆို ရင္ေတာ့ ဒါေတြ ကေတာ့ အဖြဲ႕အစည္းရဲ႕ လမ္းစဥ္နဲ႔ မကိုက္ညီ ေတာ့ဘူးေပါ့ေနာ္” ဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ကြန္ရက္ KPSN ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါခူရွီး က ေျပာသည္။

KNU ဥကၠ႒ ၏ ေမလ ၁၀ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲတြင္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU အေနျဖင့္ ေတြ႕ဆုံ ေဆြးေႏြးျခင္း၊ NCA မူေဘာင္မ်ားအား လိုက္က်င့္ သုံးျခင္းကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သက္ဆိုင္ သူ အားလုံးအေနျဖင့္လည္း NCA မူေဘာင္မ်ားအတိုင္း တိက်လိုက္နာက်င့္သုံးလ်က္ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္း ၾကပါရန္ အေလးအနက္ တိုက္တြန္းအပ္ပါသည္ဟုပါ ရွိသည္။

၂၀၂၁ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အေျပာင္းအလဲ အခ်ိန္အခါ အေျခအေနတစ္ခုတြင္ ႏိုင္ငံေရး ျပႆနာ ကို လက္နက္ကိုင္ နည္းလမ္းျဖင့္ ေျဖရွင္းရန္ ႀကိဳးပမ္းလာၾကသည္ကို ဝမ္းနည္းဖြယ္ ေတြ႕ျမင္ရသျဖင့္ ႏိုင္ငံေရး ျပႆနာအား ႏိုင္ငံေရး နည္းလမ္းေကာင္းျဖစ္သည့္ ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္သာ အေျဖရွာရန္ သေဘာထားရွိ ပါ သည္ ဟု ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက ဆိုသည္။

တစ္ဖက္တြင္လည္း စစ္အာဏာရွင္စနစ္ အလိုမရွိေၾကာင္း ဆႏၵျပ တိုက္ပြဲဝင္ေနၾကသည့္ ျပည္သူမ်ားကို KNU က လုံၿခဳံေရး ယူေပးျခင္း၊ CDM လုပ္ေနသူမ်ားကိုလည္း KNU နယ္ေျမမ်ားတြင္ ခိုလႈံခြင့္ျပဳျခင္းႏွင့္ ထိုးစစ္ဆင္ လာသည့္ စစ္ေကာင္စီ၏ တပ္မ်ားကိုလည္း KNU က တိုက္ခိုက္ေခ်မႈန္းကာ စစ္အာဏာရွင္စနစ္ ျပဳတ္က်ေအာင္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္လ်က္ရွိသည္ဟု သိရသည္။

ထိုအေျခအေနမ်ားေၾကာင့္ KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ ဥကၠ႒ ပဒိုေစာေ႐ႊေမာင္းက လက္ရွိ ျမန္မာႏိုင္ငံ ၏ ႏိုင္ငံေရး အခင္းအက်င္းတြင္ KNU အေနျဖင့္ အသုံးခ်ခံ အဖြဲ႕တစ္ရပ္အျဖင့္မရပ္တည္ သင့္ေၾကာင္းႏွင့္ ကိုယ္ ပိုင္ရပ္တည္ခ်က္ ကိုယ့္လမ္းစဥ္ ကိုယ့္မူဝါဒအတိုင္း မားမားမတ္မတ္ ရပ္တည္ရမည္ ျဖစ္သည္ဟု ၎၏ ထုတ္ ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေျပာဆိုထားသည္။

ပဒိုေစာေ႐ႊေမာင္း၏ ေျပာဆိုမႈႏွင့္ ပတ္သက္၍ ေနာ္ဆဲဆဲက “က်မတို႔က ဒီလိုမ်ိဳး မျမင္ပါဘူး အဓိက သူ႔ရဲ႕ ရပ္ တည္ခ်က္က ရွင္းေနဖို႔လိုတယ္ေပါ့ေနာ္။ ရပ္တည္ခ်က္က ဒီအေပၚမွာ မရွင္းမလင္း အခ်င္းခ်င္း မရွင္းမလင္း ျဖစ္ေနတဲ့အခါက်ေတာ့ သူျမင္မွာပဲ အသုံးခ်ခံရတယ္လို႔ သူျမင္မွာပဲေပါ့ေနာ္။ အဓိကက က်မတို႔ဆိုရင္လည္း ခဏခဏေျပာတယ္ ရပ္တည္ခ်က္ေတြကို ျပတ္ျပတ္သား သား ရွင္းရွင္းလင္းလင္း သူသိရွင္ၾကား ျဖစ္ဖို႔လို တယ္။ ကိုယ့္ရဲ႕ အတြင္းေရးထဲမွာလည္း ျပတ္ျပတ္သားသား ရွိဖို႔လိုတယ္ေပါ့ေနာ္။ ဆိုေတာ့ က်မျမင္တာက ေတာ့ သူတို႔ရဲ႕ ရပ္တည္ခ်က္ေတြ အေပၚမွာ အခ်င္းခ်င္းၾကားထဲမွာ မရွင္းတာလည္း ျဖစ္ႏိုင္တယ္ေပါ့ေနာ္။ ဆိုေတာ့ အဲဒီအေပၚမွာကေတာ့ သူတို႔ အခ်င္းခ်င္း ေျဖရွင္းရမယ့္ ကိစၥမ်ိဳးေတြလို႔ က်မတို႔ ျမင္တယ္ေပါ့ေနာ” ဟုေျပာသည္။

ေနာ္ဝါခူရွီးကလည္း “လူေတြကို သတ္ျဖတ္ေနတဲ့ ဒီစစ္တပ္က က်မတို႔ လူမ်ိဳးေတြကို သတ္ျဖတ္ခဲ့တဲ့ စစ္တပ္ပဲ က်မတို႔လည္း အရင္ကလည္း အဲသလိုခံရတယ္ေလ အခုလည္း ဆက္ၿပီးခံေနရတုန္းပဲ ဒီစစ္အာဏာရွင္ေတြ ေၾကာင့္ေလ။ အခုက လူတိုင္းက ဆန႔္က်င္ေနတဲ့အခ်ိန္မွာ က်မတို႔လည္း အတူတကြ ဆန႔္က်င္ဖို႔ျဖစ္တယ္။ ဒါ ေပမယ့္ အရင္ကေတာ့ က်မတို႔ တိုင္းရင္းသားေတြ ခံခဲ့ရတာေတြရွိတယ္။ တစ္ဖက္နဲ႔တစ္ဖက္ နားလည္မႈ မရွိခဲ့ တာေတြရွိတယ္။ အဲလို ျဖတ္သန္းမႈအေပၚမွာ တခ်ိဳ႕က စိတ္ဇေဝဇဝါတာ ေတြရွိမယ္” ဟု ေျပာသည္။

လက္ရွိတြင္ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားက စစ္အာဏာရွင္ အျမစ္ျပတ္ရန္ ဆန႔္က်င္တိုက္ပြဲဝင္ေနၾကသကဲ့သို႔ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္း အခ်ိဳ႕ကလည္း စစ္ေကာင္စီအဖြဲ႕အား ဆန႔္က်င္ တိုက္ ခိုက္ေနသည္ကို ေတြ႕ရသည္။

သို႔ေသာ္လည္း အဆိုပါ အခင္းအက်င္းမ်ားေအာက္တြင္ KNU ဥကၠ႒ ႏွင့္ KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ ဥကၠ႒တို႔က စစ္ေကာင္စီတို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးမည္ဟု ထုတ္ျပန္ခဲ့သည္။

ထိုအေနအထားမ်ားေၾကာင့္ လက္ရွိ ႏိုင္ငံေရး အခင္းအက်င္းတြင္ KNU ဗဟို၏ သေဘာထား ရပ္တည္ခ်က္မ်ား ကို ရွင္းလင္းစြာ ထုတ္ျပန္ေပးရန္ ကရင္ အရပ္ဖက္ အဖြဲ႕အစည္းအခ်ိဳ႕က ေတာင္းဆိုျခင္းျဖစ္သည္ဟု ဆိုသည္။