အချိန်ယူပြီး ခေတ်မီတပ်မတော် ထူထောင်မည်ဟု ညီညွတ်ရေး အစိုးရ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်။

ခေတ်မီ တပ်မတော်တစ်ရပ် ထူထောင်နိုင်ရန်အတွက် အဖက်ဖက်မှ ပြင်ဆင်မှုများ လုပ်ဆောင်ရသည့်အတွက် အချိန်ကာလတစ်ခု လိုအပ်သည့် အပေါ် ပြည်သူများအနေဖြင့် လက်ခံနားလည်ပေးရန် ပြည်ထောင်စု ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း က ပြောသည်။

ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်း တစ်လပြည့်နေ့ မေလ ၁၆ ရက်နေ့ (ယမန်နေ့) က မိန့် ခွန်းထဲတွင် ပြည်ထောင်စု ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “အစိုးရ တစ်ရပ်ရဲ့ ခေတ်မီလက်နက်ကိုင်တပ်မတော်တစ်ရပ်ကို ထူထောင်ဖို့အတွက် စစ်ပညာ၊ နည်းစနစ်၊ စုဖွဲ့ မှုပုံစံတွေက စ ပြီး လိုအပ်တာတွေ စနစ်တကျ လေ့ကျင်သင်ကြား ပေးရတာ၊ စစ်သည်အင်အား၊ လက်နက်အင်အားပြည့်စုံ အောင် ပြင်ဆင်လုပ်ဆောင်ရတာတွေကြောင့် ထိုက်သင့်တဲ့ အချိန်ကာလ တစ်ခုလိုအပ်တယ်ဆိုတာ ပြည်သူတွေ အားလုံးကလည်း လက်ခံနားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ထိုသို့လုပ်ဆောင်နိုင်မှသာ ပြည်သူများ အားကိုးအားထားရသည့် တပ်မတော်တစ်ရပ် ဖြစ်လာမည်ဟု ကြားကာ လ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ်က ဆက်ပြောသည်။

“ဒီလိုစနစ်တကျ လေ့ကျင့် ပျိုးထောင် ပေးနိုင်မှလည်း ခိုင်မာတောင့်တင်းပြီး ပြည်သူလူထုကို ပြည့်ပြည့်ဝဝ အ ကာအကွယ်ပေးနိုင်မယ့် တပ်မတော်တစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု မန်းဝင်းခိုင်သန်း က ပြောသည်။

လက်ရှိတွင် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့သည် အရည်အသွေးပြည့်ဝသည့် တပ်မတော် တစ် ရပ် ဖွဲ့စည်းနိုင်ရန်သာမက သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက်၊ သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် တာဝန်ခွဲ ဝေပြီး ပြည်သူများ မနှစ်မြို့သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း နိုင်ရေးနှင့် ပြည်သူလူထု၏ အကျိုး ကို ထမ်းဆောင် နိုင်ရန်အတွက် အခက်အခဲအမျိုးမျိုးကြားက နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးပြောကြားလိုသည်ဟု ဆိုသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအစိုးရများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းက နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့်လည်း အမြဲမပြတ် တိုင်ပင် ဆွေးနွေးပြီး ပြည်သူလူထု လိုလားတောင့်တနေ သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံး ပေါ်ပေါက်လာစေရေး အားထုတ်ကြိုးပမ်းဆောင် ရွက်လျက်ရှိသည် ဟု ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ်က ရှင်းပြ သည်။

ထို့အပြင် စစ်အာဏာရှင် အလိုမရှိသည့် နိုင်ငံတဝန်းရှိ ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးနှိမ့် စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုစွဲဆိုကာ ထောင်ချနေသည့်ကာလတွင် ပြည်သူ များအနေ ဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ပြီး ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်သည့် အောင်ပွဲရ သည့်အထိ ဆက်လက်တိုက်ပွဲဝင်ပေးရန် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထောင်စု ဝန်ကြီး ချုပ်က တောင်းဆိုသည်။

“ပြည်သူ တွေအနေနဲ့လည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင် စေဖို့ကျွန်တော်တို့ရဲ့ အမျိုးသား ညီညွတ် ရေးအစိုးရကို တစ်ခဲနက် ထောက်ခံပြီး အောင်ပွဲရသည်အထိ ညီညီ ညွတ်ညွတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင် ပေး ကြဖို့နဲ့ မဝေးတော့တဲ့ကာလမှာ စစ်အာဏာရှင် စနစ် မြန်မာ့မြေပေါ်က အပြီးတိုင် ပျောက်ကွယ်သွားတော့မယ် ဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်ထားကြဖို့ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြော သည်။

ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းကြောင်း ပြည် ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ကြေညာခဲ့သည်။

ထို့သို့ကြေညာပြီးနောက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကို ခံနေရသည့် ပြည်သူများကို ကာကွယ် ရန်အတွက် ဖက်ဒရယ် တပ်မတော်၏ ရှေ့ပြေး ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းကြောင်း NUG က မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း အရည်အသွေးပြည့်ဝသည့် ခောတ်မီတပ်မတော်တစ်ရပ် တည်ထောင်ရန်အတွက် အချိန်ကာလတစ်ခုလိုအပ်သည့်အပေါ် ပြည်သူများ အနေဖြင့် လက်ခံနားလည်ပေးရန် ပြည်ထောင်စု ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဖွဲ့စည်း တစ်လပြည့်နေ့တွင် ပြည်သူ များအား မေတ္တာရပ်ခံ ပြောဆိုခဲ့သည်။

*** ZAWGYI ***
အခ်ိန္ယူၿပီး ေခတ္မီတပ္မေတာ္ ထူေထာင္မည္ဟု ညီၫြတ္ေရး အစိုးရ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၇ ရက္။

ေခတ္မီ တပ္မေတာ္တစ္ရပ္ ထူေထာင္ႏိုင္ရန္အတြက္ အဖက္ဖက္မွ ျပင္ဆင္မႈမ်ား လုပ္ေဆာင္ရသည့္အတြက္ အခ်ိန္ကာလတစ္ခု လိုအပ္သည့္ အေပၚ ျပည္သူမ်ားအေနျဖင့္ လက္ခံနားလည္ေပးရန္ ျပည္ေထာင္စု ဝန္ႀကီး ခ်ဳပ္ မန္းဝင္းခိုင္သန္း က ေျပာသည္။

ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ဖြဲ႕စည္းျခင္း တစ္လျပည့္ေန႔ ေမလ ၁၆ ရက္ေန႔ (ယမန္ေန႔) က မိန႔္ ခြန္းထဲတြင္ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္က ထိုသို႔ ထည့္သြင္းေျပာဆိုထားျခင္း ျဖစ္သည္။

ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက “အစိုးရ တစ္ ရပ္ရဲ႕ ေခတ္မီလက္နက္ကိုင္တပ္မေတာ္တစ္ရပ္ကို ထူေထာင္ဖို႔အတြက္ စစ္ပညာ၊ နည္းစနစ္၊ စုဖြဲ႕ မႈပုံစံေတြက စ ၿပီး လိုအပ္တာေတြ စနစ္တက် ေလ့က်င္သင္ၾကား ေပးရတာ၊ စစ္သည္အင္အား၊ လက္နက္အင္အားျပည့္စုံ ေအာင္ ျပင္ဆင္လုပ္ေဆာင္ရတာေတြေၾကာင့္ ထိုက္သင့္တဲ့ အခ်ိန္ကာလ တစ္ခုလိုအပ္တယ္ဆိုတာ ျပည္သူေတြ အားလုံးကလည္း လက္ခံနားလည္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာသည္။

ထိုသို႔လုပ္ေဆာင္ႏိုင္မွသာ ျပည္သူမ်ား အားကိုးအားထားရသည့္ တပ္မေတာ္တစ္ရပ္ ျဖစ္လာမည္ဟု ၾကားကာ လ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္က ဆက္ေျပာသည္။

“ဒီလိုစနစ္တက် ေလ့က်င့္ ပ်ိဳးေထာင္ ေပးႏိုင္မွလည္း ခိုင္မာေတာင့္တင္းၿပီး ျပည္သူလူထုကို ျပည့္ျပည့္ဝဝ အ ကာအကြယ္ေပးႏိုင္မယ့္ တပ္မေတာ္တစ္ရပ္ ျဖစ္လာမွာ ျဖစ္ပါတယ္” ဟု မန္းဝင္းခိုင္သန္း က ေျပာသည္။

လက္ရွိတြင္ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရအဖြဲ႕သည္ အရည္အေသြးျပည့္ဝသည့္ တပ္မေတာ္ တစ္ ရပ္ ဖြဲ႕စည္းႏိုင္ရန္သာမက သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား အလိုက္၊ သက္ဆိုင္ရာ နယ္ပယ္က႑အလိုက္ တာဝန္ခြဲ ေဝၿပီး ျပည္သူမ်ား မႏွစ္ၿမိဳ႕သည့္ စစ္အာဏာရွင္စနစ္ကို အျမစ္ျပတ္ေခ်မႈန္း ႏိုင္ေရးႏွင့္ ျပည္သူလူထု၏ အက်ိဳး ကို ထမ္းေဆာင္ ႏိုင္ရန္အတြက္ အခက္အခဲအမ်ိဳးမ်ိဳးၾကားက ေန႔ညမျပတ္ ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း အသိေပးေျပာၾကားလိုသည္ဟု ဆိုသည္။

ထိုသို႔ ႀကိဳးပမ္းေဆာင္႐ြက္ရာတြင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံအစိုးရမ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ျပည္တြင္းက ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသား အဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသား ေတာ္လွန္ေရးအင္အားစုမ်ားႏွင့္လည္း အၿမဲမျပတ္ တိုင္ပင္ ေဆြးေႏြးၿပီး ျပည္သူလူထု လိုလားေတာင့္တေန သည့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုႀကီး အျမန္ဆုံး ေပၚေပါက္လာေစေရး အားထုတ္ႀကိဳးပမ္းေဆာင္ ႐ြက္လ်က္ရွိသည္ ဟု ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္က ရွင္းျပ သည္။

ထို႔အျပင္ စစ္အာဏာရွင္ အလိုမရွိသည့္ ႏိုင္ငံတဝန္းရွိ ျပည္သူမ်ားကို စစ္ေကာင္စီက အၾကမ္းဖက္ ဖမ္းဆီးႏွိမ့္ စက္ျခင္း၊ သတ္ျဖတ္ျခင္း၊ ပုဒ္မအမ်ိဳးမ်ိဳးတပ္ၿပီး အမႈစြဲဆိုကာ ေထာင္ခ်ေနသည့္ကာလတြင္ ျပည္သူ မ်ားအေန ျဖင့္ စစ္အာဏာရွင္ အျမစ္ျပတ္ၿပီး ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေထာင္ႏိုင္သည့္ ေအာင္ပြဲရ သည့္အထိ ဆက္လက္တိုက္ပြဲဝင္ေပးရန္ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ျပည္ေထာင္စု ဝန္ႀကီး ခ်ဳပ္က ေတာင္းဆိုသည္။

“ျပည္သူ ေတြအေနနဲ႔လည္း စစ္အာဏာရွင္ကို အျမစ္ျဖတ္ေခ်မႈန္းႏိုင္ ေစဖို႔ကြၽန္ေတာ္တို႔ရဲ႕ အမ်ိဳးသား ညီၫြတ္ ေရးအစိုးရကို တစ္ခဲနက္ ေထာက္ခံၿပီး ေအာင္ပြဲရသည္အထိ ညီညီ ၫြတ္ၫြတ္နဲ႔ ဆက္လက္ၿပီး တိုက္ပြဲဝင္ ေပး ၾကဖို႔နဲ႔ မေဝးေတာ့တဲ့ကာလမွာ စစ္အာဏာရွင္ စနစ္ ျမန္မာ့ေျမေပၚက အၿပီးတိုင္ ေပ်ာက္ကြယ္သြားေတာ့မယ္ ဆိုတာ ခိုင္ခိုင္မာမာ ယုံၾကည္ထားၾကဖို႔ ေျပာၾကားရင္း နိဂုံးခ်ဳပ္ အပ္ပါတယ္” ဟု မန္းဝင္းခိုင္သန္းက ေျပာ သည္။

ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ကို ၿပီးခဲ့သည့္ ဧၿပီလ ၁၆ ရက္ေန႔က ဖြဲ႕စည္းေၾကာင္း ျပည္ ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH က ေၾကညာခဲ့သည္။

ထို႔သို႔ေၾကညာၿပီးေနာက္ စစ္ေကာင္စီတပ္မ်ား၏ အၾကမ္းဖက္မႈမ်ားကို ခံေနရသည့္ ျပည္သူမ်ားကို ကာကြယ္ ရန္အတြက္ ဖက္ဒရယ္ တပ္မေတာ္၏ ေရွ႕ေျပး ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ကို ဖြဲ႕စည္းေၾကာင္း NUG က ေမလ ၅ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ ထုတ္ျပန္ခဲ့ေသာ္လည္း အရည္အေသြးျပည့္ဝသည့္ ေခာတ္မီတပ္မေတာ္တစ္ရပ္ တည္ေထာင္ရန္အတြက္ အခ်ိန္ကာလတစ္ခုလိုအပ္သည့္အေပၚ ျပည္သူမ်ား အေနျဖင့္ လက္ခံနားလည္ေပးရန္ ျပည္ေထာင္စု ဝန္ႀကီး ခ်ဳပ္ မန္းဝင္းခိုင္သန္းက ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ဖြဲ႕စည္း တစ္လျပည့္ေန႔တြင္ ျပည္သူ မ်ားအား ေမတၱာရပ္ခံ ေျပာဆိုခဲ့သည္။