တိုင်းရင်းသား ဒေသ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နယ်စပ်ဖြတ် အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်။

တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများကို အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးစနစ်နှင့် ကင်းလွတ်စွာ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီပေးမှုများကို တိုးမြင့် ပေးရန် တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) က တောင်းဆိုလိုက်သည်။

အထူးသဖြင့် CDM ပြုလုပ်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက်နှင့် ၎င်းတို့လုပ်ဆောင်နေသည့် ကျန်း မာရေးဝန်ဆောင်မှုများကို စစ်ကောင်စီနှင့် ကင်းလွတ်စွာ ဆက်လက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု EHC ၏ အထွေထွေအတွင်းရေးမှူး စောနေထူး က ပြောသည်။

“ကျနော်တို့ တောင်းဆိုတဲ့ဟာတွေကလည်း ပြောရမယ်ဆိုရင် ကျနော်တို့ ဒေသအတွင်းကို တိုက်ရိုက် ကူညီပံ့ပိုး နိုင်တဲ့ ပုံစံလိုမျိုးပေါ့ အထူးသဖြင့် ကျနော်တို့ highlight လုပ်(မီးမောင်းထိုးပြ) ချင်တာကတော့ နယ်စပ်ဖြတ်ကျော်တဲ့ အကူအ ညီ တွေကို ပြန်ပြီးတော့ ရယူဖို့အတွက် ပြန်ပြီးတော့ highlight လုပ်ထားတဲ့ဟာတွေ ဖြစ်ပါတယ်”

တိုင်းရင်းသားကျန်းမာရေးကော်မတီ (EHC) အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စ များကို ဆွေးနွေးညှိနှိုင်းသွားမည် မဟုတ်ဘူးဟုလည်း ပြောသည်။

“စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ပိုပြီးတော့ ကြုံတွေ့ရတာက ဘာလဲဆိုတော့ ရှိရင်းစွဲ အခက်အခဲ တွေထဲကနေ ပြီးတော့ လူဦးရေပေါ့။ လူဦးရေ ဆိုတာကတော့ ဒီ မြို့ပြကနေထွက်လာတဲ့ အထူးသဖြင့် ဒီ CDM လုပ်တဲ့ လူပုဂ္ဂိုလ်တွေပဲ ပြောရမှာပဲ ဆိုတော့ အများကြီးထွက်လာတဲ့ဟာတွေလည်း ရှိတဲ့အချိန်မှာကျတော့ ကျနော်တို့ ဒေသအတွင်းမှာ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေရော အခြားလူသားချင်းစာနာတဲ့ အထောက်အထားတွေရော အကူအညီတွေလည်း အများကြီး လိုအပ်တယ်ဆိုတာကတော့ သတင်းတွေထဲမှာ ကြားနေရတာ သိနေရတဲ့အတိုင်း အားလုံး အဲလိုဖြစ်နေတယ် ဆိုတာကတော့ ရှိနေပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထောင်နှင့်ချီသော ဝန်ထမ်းများမှာ CDM လှုပ်ရှားမှုတွေ ပါဝင်ခဲ့ကြပြီး ယခုခါ အဆိုပါ ဝန်ထမ်းများမှာ ပြေးလွှားပုန်းအောင်နေကြရသည်။

ထို CDM ကျန်းမာရေး ဝန်ထမ်းများအတွက် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ကူညီပေးမှုများကို မြှင့်တင်ပေးခြင်း ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို စစ်အာဏာသိမ်းကောင်စီ ကျန်းမာရေးစနစ်မှ ကင်းလွတ်စွာ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် EHC က ပြောသည်။

“တစ်ဆက်တည်းမှာပဲ CDM လုပ်တဲ့ ဆရာဝန်တွေ ကျန်းမာရေး လုပ်သား တချို့လည်း ရှိပါတယ်။ ကျနော်တို့ လည်း တစ်ချို့ဒေသတွေမှာ တွဲပြီးတော့ ဒီ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ဝိုင်းပြီးတော့ ကူညီပေးတဲ့ဟာ လည်း ရှိပါတယ် ဆိုတော့ အထူးသဖြင့်ကတော့ ကျနော်တို့ကတော့ ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ အတွက် ဒီကျန်းမာရေးဆိုင်ရာ CDM အတွက်ကို ကူညီပံ့ပိုးဖို့လည်း ကျနော်တို့ တောင်းဆိုထားတာရှိပါတယ်” ဟု စော နေထူးက ပြောသည်။

တိုင်းရင်းသားပြည်နယ်များတွင် စစ်တပ်က အာဏာမသိမ်းခင်ကာလက ကျန်းမာရေးဆိုင်ရာ အကူအညီများနှင့် ထောက်ပံ့မှုများမှာ ဗဟိုချုပ်ကိုင်မှု အောက်မှ ဘဏ္ဍာငွေစီးဆင်းမှု အနည်းငယ် ရရှိခဲ့သော်လည်း ယခုလက်ရှိ နိုင်ငံရေး အခြေအနေများအရ ထိုထောက်ပံ့မှုများပင် မရရှိတော့သည့် အနေအထားများနှင့် ကြုံနေရသည်ဟု ဆို သည်။

တိုင်းရင်းသားဒေသများတွင် ကပ်ရောဂါကာကွယ်ရေး ဆိုင်ရာ လိုအပ်နေမှုများလည်း ရှိနေကြောင်း စောနေထူးက ယခုကဲ့သို့ ဆက်ပြောသည်။

“တစ်ခုကတော့ COVID- 19 Pandemic ပေါ့နော။ ကူးစက်တဲ့ရောဂါက ကမ္ဘာလုံးဆိုင်ရာ ကူးစက်တဲ့ရောဂါ ဆိုတော့ ကျနော်တို့ မြန်မာပြည်မှာလည်း အများကြီး သိတဲ့အတိုင်းပဲလေ ဖြစ်ပျက်ခဲ့တာ ကူးစက်ရောဂါ ဖြစ် တဲ့ဟာလည်း အများကြီးရှိတယ်။ သို့သော်ကျနော်တို့ ဒီကမှာကျတော့ Testing Capacity က မရှိဘူး မရှိ တော့ ကျနော်တို့ ဒေသကို ရောက်လာတဲ့ လူတွေ အများစုက မြို့ပြဒေသမှာလာတဲ့ လူတွေ အများစုဖြစ်တယ်။ မြို့ ပြ ဒေသဆိုတာ သိတဲ့အတိုင်းပဲလေ လူနေမှု ထူထပ်တဲ့ ဒေသတွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ ခုန ပြောတဲ့ ကူးစက်ရောဂါတွေ ပြန့်ပွား အမြန်ဆုံးဒေသလည်း ဖြစ်တဲ့အချိန်မှာ ကျတော့ ကျနော်တို့ကတော့ အဲဒါ ကို ဝိုင်းပြီးတော့ ဒီကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ဆိုရင် ကျနော်တို့ လိုအပ်တဲ့ ဒီ COVID နဲ့ ပတ် သက်တဲ့ ကျနော်တို့ လိုအပ်တဲ့ ဒီ တစ်ကိုယ်ရေ တစ်ကိုယ်ရပေါ့ ဒီ PPE ပေါ့နော ကျနော်တို့ ပြောချင်တာက Personal Protected Equipment (တကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများ) တွေပေါ့။ နောက်ပြီးတော့ Testing Machine (စစ်ဆေးစက်) တွေ Testing Cage (စမ်းသပ်ရာတွင် သုံးသော ဆေးရည်) တွေ ပြီးတော့ ဖြစ်လာရင်တော့ COVID- 19 နဲ့ ပတ်သက်တဲ့ ကာကွယ်ဆေး ကိစ္စတွေပေါ့။”

အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ တိုင်းရင်းသား လက်နက်ကိုင် ကျန်းမာရေးအဖွဲ့အစည်းများ စီမံအုပ်ချုပ်ရာ ဒေသများတွင် အရေးပေါ်လိုအပ်နေသည့် COVID-19 ကာကွယ်ဆေးများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်အရ သော်လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ ကပ်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက်သော်လည်းကောင်း သယ်ယူ ပို့ ဆောင်ခွင့်ပြုရန် EHC က တောင်းဆိုထားသည်။

EHC ၏ ပြောပြချက်အရ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နယ်မြေထဲက ပြည်သူအချို့သာ COVID-19 ကာ ကွယ်ဆေးထိုးနိုင်သည့် အခြေအနေရှိနေပြီး ကျန်တိုင်းရင်းသားနယ်မြေများတွင် COVID-19 ကာကွယ်ဆေး အတွက်သာမက ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာသုံး ပစ္စည်းများ ပါ လိုအပ်နေ သည်ဟု သိရသည်။

တိုင်းရင်းသားကျန်းမာရေး ကော်မတီ (EHC) သည် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ မွန်၊ ကရင်၊ ကရင် နီနှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်များ စီမံအုပ်ချုပ်သည့်ဒေသများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားနယ်စပ်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ ၏ အဓိက မိတ်ဖက်စုဖွဲ့မှု တစ်ခုဖြစ်သည်ဟု သိရသည်။

*** ZAWGYI ***
တိုင္းရင္းသား ေဒသ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ နယ္စပ္ျဖတ္ အကူအညီလိုအပ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၇ ရက္။

တိုင္းရင္းသားေဒသမ်ားတြင္ က်န္းမာေရးဝန္ေဆာင္မႈမ်ားကို အာဏာသိမ္းစစ္ေကာင္စီ၏ က်န္းမာေရးစနစ္ႏွင့္ ကင္းလြတ္စြာ ဆက္လက္လုပ္ေဆာင္ႏိုင္ရန္အတြက္ အျပည္ျပည္ဆိုင္ရာ ေထာက္ပံ့ကူညီေပးမႈမ်ားကို တိုးျမင့္ ေပးရန္ တိုင္းရင္းသားက်န္းမာေရးေကာ္မတီ (EHC) က ေတာင္းဆိုလိုက္သည္။

အထူးသျဖင့္ CDM ျပဳလုပ္ေနၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ႏွင့္ ၎တို႔လုပ္ေဆာင္ေနသည့္ က်န္း မာေရးဝန္ေဆာင္မႈမ်ားကို စစ္ေကာင္စီႏွင့္ ကင္းလြတ္စြာ ဆက္လက္ဝန္ေဆာင္မႈေပးႏိုင္ရန္အတြက္ ယခုကဲ့သို႔ ေတာင္းဆိုရျခင္းျဖစ္သည္ဟု EHC ၏ အေထြေထြအတြင္းေရးမႉး ေစာေနထူး က ေျပာသည္။

“က်ေနာ္တို႔ ေတာင္းဆိုတဲ့ဟာေတြကလည္း ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ ေဒသအတြင္းကို တိုက္႐ိုက္ ကူညီပံ့ပိုး ႏိုင္တဲ့ ပုံစံလိုမ်ိဳးေပါ့ အထူးသျဖင့္ က်ေနာ္တို႔ highlight လုပ္(မီးေမာင္းထိုးျပ) ခ်င္တာကေတာ့ နယ္စပ္ျဖတ္ေက်ာ္တဲ့ အကူအ ညီ ေတြကို ျပန္ၿပီးေတာ့ ရယူဖို႔အတြက္ ျပန္ၿပီးေတာ့ highlight လုပ္ထားတဲ့ဟာေတြ ျဖစ္ပါတယ္”

တိုင္းရင္းသားက်န္းမာေရးေကာ္မတီ (EHC) အေနျဖင့္ အာဏာသိမ္းစစ္ေကာင္စီႏွင့္ က်န္းမာေရးဆိုင္ရာ ကိစၥ မ်ားကို ေဆြးေႏြးညႇိႏႈိင္းသြားမည္ မဟုတ္ဘူးဟုလည္း ေျပာသည္။

“စစ္တပ္ အာဏာ သိမ္းၿပီးေနာက္ပိုင္းမွာ က်ေနာ္တို႔ ပိုၿပီးေတာ့ ႀကဳံေတြ႕ရတာက ဘာလဲဆိုေတာ့ ရွိရင္းစြဲ အခက္အခဲ ေတြထဲကေန ၿပီးေတာ့ လူဦးေရေပါ့။ လူဦးေရ ဆိုတာကေတာ့ ဒီ ၿမိဳ႕ျပကေနထြက္လာတဲ့ အထူးသျဖင့္ ဒီ CDM လုပ္တဲ့ လူပုဂၢိဳလ္ေတြပဲ ေျပာရမွာပဲ ဆိုေတာ့ အမ်ားႀကီးထြက္လာတဲ့ဟာေတြလည္း ရွိတဲ့အခ်ိန္မွာက်ေတာ့ က်ေနာ္တို႔ ေဒသအတြင္းမွာ က်န္းမာေရးဆိုင္ရာ ဝန္ေဆာင္မႈေတြေရာ အျခားလူသားခ်င္းစာနာတဲ့ အေထာက္အထားေတြေရာ အကူအညီေတြလည္း အမ်ားႀကီး လိုအပ္တယ္ဆိုတာကေတာ့ သတင္းေတြထဲမွာ ၾကားေနရတာ သိေနရတဲ့အတိုင္း အားလုံး အဲလိုျဖစ္ေနတယ္ ဆိုတာကေတာ့ ရွိေနပါတယ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ေထာင္ႏွင့္ခ်ီေသာ ဝန္ထမ္းမ်ားမွာ CDM လႈပ္ရွားမႈေတြ ပါဝင္ခဲ့ၾကၿပီး ယခုခါ အဆိုပါ ဝန္ထမ္းမ်ားမွာ ေျပးလႊားပုန္းေအာင္ေနၾကရသည္။

ထို CDM က်န္းမာေရး ဝန္ထမ္းမ်ားအတြက္ အျပည္ျပည္ဆိုင္ရာ ေထာက္ပံ့ကူညီေပးမႈမ်ားကို ျမႇင့္တင္ေပးျခင္း ျဖင့္ က်န္းမာေရးဝန္ေဆာင္မႈမ်ားကို စစ္အာဏာသိမ္းေကာင္စီ က်န္းမာေရးစနစ္မွ ကင္းလြတ္စြာ ဆက္လက္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ လိုအပ္သည္ EHC က ေျပာသည္။

“တစ္ဆက္တည္းမွာပဲ CDM လုပ္တဲ့ ဆရာဝန္ေတြ က်န္းမာေရး လုပ္သား တခ်ိဳ႕လည္း ရွိပါတယ္။ က်ေနာ္တို႔ လည္း တစ္ခ်ိဳ႕ေဒသေတြမွာ တြဲၿပီးေတာ့ ဒီ က်န္းမာေရး ဝန္ေဆာင္မႈေတြကို ဝိုင္းၿပီးေတာ့ ကူညီေပးတဲ့ဟာ လည္း ရွိပါတယ္ ဆိုေတာ့ အထူးသျဖင့္ကေတာ့ က်ေနာ္တို႔ကေတာ့ က်န္းမာေရး အဖြဲ႕အစည္းျဖစ္တဲ့ အတြက္ ဒီက်န္းမာေရးဆိုင္ရာ CDM အတြက္ကို ကူညီပံ့ပိုးဖို႔လည္း က်ေနာ္တို႔ ေတာင္းဆိုထားတာရွိပါတယ္” ဟု ေစာ ေနထူးက ေျပာသည္။

တိုင္းရင္းသားျပည္နယ္မ်ားတြင္ စစ္တပ္က အာဏာမသိမ္းခင္ကာလက က်န္းမာေရးဆိုင္ရာ အကူအညီမ်ားႏွင့္ ေထာက္ပံ့မႈမ်ားမွာ ဗဟိုခ်ဳပ္ကိုင္မႈ ေအာက္မွ ဘ႑ာေငြစီးဆင္းမႈ အနည္းငယ္ ရရွိခဲ့ေသာ္လည္း ယခုလက္ရွိ ႏိုင္ငံေရး အေျခအေနမ်ားအရ ထိုေထာက္ပံ့မႈမ်ားပင္ မရရွိေတာ့သည့္ အေနအထားမ်ားႏွင့္ ႀကဳံေနရသည္ဟု ဆို သည္။

တိုင္းရင္းသားေဒသမ်ားတြင္ ကပ္ေရာဂါကာကြယ္ေရး ဆိုင္ရာ လိုအပ္ေနမႈမ်ားလည္း ရွိေနေၾကာင္း ေစာေနထူးက ယခုကဲ့သို႔ ဆက္ေျပာသည္။

“တစ္ခုကေတာ့ COVID- 19 Pandemic ေပါ့ေနာ။ ကူးစက္တဲ့ေရာဂါက ကမာၻလုံးဆိုင္ရာ ကူးစက္တဲ့ေရာဂါ ဆိုေတာ့ က်ေနာ္တို႔ ျမန္မာျပည္မွာလည္း အမ်ားႀကီး သိတဲ့အတိုင္းပဲေလ ျဖစ္ပ်က္ခဲ့တာ ကူးစက္ေရာဂါ ျဖစ္ တဲ့ဟာလည္း အမ်ားႀကီးရွိတယ္။ သို႔ေသာ္က်ေနာ္တို႔ ဒီကမွာက်ေတာ့ Testing Capacity က မရွိဘူး မရွိ ေတာ့ က်ေနာ္တို႔ ေဒသကို ေရာက္လာတဲ့ လူေတြ အမ်ားစုက ၿမိဳ႕ျပေဒသမွာလာတဲ့ လူေတြ အမ်ားစုျဖစ္တယ္။ ၿမိဳ႕ ျပ ေဒသဆိုတာ သိတဲ့အတိုင္းပဲေလ လူေနမႈ ထူထပ္တဲ့ ေဒသေတြလည္း ျဖစ္တယ္။ ေနာက္ၿပီးေတာ့ ခုန ေျပာတဲ့ ကူးစက္ေရာဂါေတြ ျပန႔္ပြား အျမန္ဆုံးေဒသလည္း ျဖစ္တဲ့အခ်ိန္မွာ က်ေတာ့ က်ေနာ္တို႔ကေတာ့ အဲဒါ ကို ဝိုင္းၿပီးေတာ့ ဒီကူးစက္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဆိုရင္ က်ေနာ္တို႔ လိုအပ္တဲ့ ဒီ COVID နဲ႔ ပတ္ သက္တဲ့ က်ေနာ္တို႔ လိုအပ္တဲ့ ဒီ တစ္ကိုယ္ေရ တစ္ကိုယ္ရေပါ့ ဒီ PPE ေပါ့ေနာ က်ေနာ္တို႔ ေျပာခ်င္တာက Personal Protected Equipment (တကိုယ္ရည္ ကာကြယ္ေရး ပစၥည္းမ်ား) ေတြေပါ့။ ေနာက္ၿပီးေတာ့ Testing Machine (စစ္ေဆးစက္) ေတြ Testing Cage (စမ္းသပ္ရာတြင္ သုံးေသာ ေဆးရည္) ေတြ ၿပီးေတာ့ ျဖစ္လာရင္ေတာ့ COVID- 19 နဲ႔ ပတ္သက္တဲ့ ကာကြယ္ေဆး ကိစၥေတြေပါ့။”

အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ၾကသည့္ အိႏၵိယႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံမ်ားမွ တိုင္းရင္းသား လက္နက္ကိုင္ က်န္းမာေရးအဖြဲ႕အစည္းမ်ား စီမံအုပ္ခ်ဳပ္ရာ ေဒသမ်ားတြင္ အေရးေပၚလိုအပ္ေနသည့္ COVID-19 ကာကြယ္ေဆးမ်ားကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေဆာင္႐ြက္ခ်က္အရ ေသာ္လည္းေကာင္း၊ တိုင္းရင္းသားျပည္သူမ်ား ကပ္ေရာဂါကူးစက္မႈမွ ကာကြယ္ႏိုင္ရန္အတြက္ေသာ္လည္းေကာင္း သယ္ယူ ပို႔ ေဆာင္ခြင့္ျပဳရန္ EHC က ေတာင္းဆိုထားသည္။

EHC ၏ ေျပာျပခ်က္အရ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA နယ္ေျမထဲက ျပည္သူအခ်ိဳ႕သာ COVID-19 ကာ ကြယ္ေဆးထိုးႏိုင္သည့္ အေျခအေနရွိေနၿပီး က်န္တိုင္းရင္းသားနယ္ေျမမ်ားတြင္ COVID-19 ကာကြယ္ေဆး အတြက္သာမက ကူးစက္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ က်န္းမာေရးဆိုင္ရာသုံး ပစၥည္းမ်ား ပါ လိုအပ္ေန သည္ဟု သိရသည္။

တိုင္းရင္းသားက်န္းမာေရး ေကာ္မတီ (EHC) သည္ ထိုင္း-ျမန္မာ နယ္စပ္ေဒသတစ္ေလွ်ာက္ရွိ မြန္၊ ကရင္၊ ကရင္ နီႏွင့္ ရွမ္းတိုင္းရင္းသား လက္နက္ကိုင္မ်ား စီမံအုပ္ခ်ဳပ္သည့္ေဒသမ်ား၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ အျခားနယ္စပ္ေဒသမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးေနသည့္ တိုင္းရင္းသား က်န္းမာေရးအဖြဲ႕မ်ား ၏ အဓိက မိတ္ဖက္စုဖြဲ႕မႈ တစ္ခုျဖစ္သည္ဟု သိရသည္။