အကြံပေးကောင်စီအား PDF တပ်မတော်အကြောင်း ညီညွတ်ရေး အစိုးရ ရှင်းပြ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ဖွဲ့စည်းခြင်းသည် အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် ဖွဲ့စည်း ခြင်းမျိုး မဟုတ်ကြောင်း ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်း က ပြောသည်။

၎င်းက “တချိန်တည်းမှာ တဖက်တွင်လည်း PDF တပ်မတော်ဖွဲ့ စည်းပြီး ခုခံကာကွယ်ရေးကိစ္စရပ်များကို လုပ် ဆောင်နေကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက အကြမ်းဖက်မှု ကို လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခုခံကာ ကွယ်မှုနှင့် အာဏာရှင်စနစ် တွန်းလှန်ရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါ သည်” ဟု ဆိုသည်။

မေလ ၁၆ ရက်နေ့က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည့် အမှာစကားထဲတွင် ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည် ဟု တွေ့ဆုံဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ NUG ၏ ထုတ် ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထွန်းကားရေးကို ကြိုး စားနေသကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်တားဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် ပြည်သူလူထု၏ ကြိုးပမ်းမှုအပြင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု လည်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ်က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီတွင် မစ္စ ယန်ဟီးလီး (Ms. Yanhee Lee)၊ မစ္စတာ ခရစ်စ် ဆီဒိုတီ (Mr. Chrsi Sidoti) ၊ မစ္စတာမာဇူကီ ဒါရုဆမန် ( Mr. Marzuki Darusman) တို့ ပါဝင်သည်ဟု သိရသည်။

ယမန်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် NUG ကို နိုင်ငံတကာမှ အသိအမှတ်ပြုရန် လုပ်ဆောင်နေသည့် အခြေ အနေ၊ စစ်ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ စသည့် အကြောင်းအရာများကို နှစ်ဖက်အပြန် အလှန် ဆွေးနွေးခဲ့ကြသည်ဟု NUG က ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးပွဲသို့ ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ဒု-သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန် ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စု ဝန်ကြီး အသီးသီး တို့ တက်ရောက်ခဲ့ကြပြီး အထူးအကြံပေးကောင်စီမှ မစ္စ ယန်ဟီးလီး (Ms. Yanhee Lee)၊ မစ္စတာ ခရစ်စ် ဆီဒိုတီ (Mr. Chrsi Sidoti) ၊ မစ္စတာမာဇူကီ ဒါရုဆမန် ( Mr. Marzuki Darusman) တို့ တက်‌ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းကြောင်း ပြည် ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာခဲ့သည်။

ထို့သို့ ကြေညာပြီးနောက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကို ခံနေရသည့် ပြည်သူများကို ကာကွယ် ရန်အတွက် ဖက်ဒရယ် တပ်မတော်၏ ရှေ့ပြေး ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ကို ဖွဲ့စည်းကြောင်း NUG က မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုပြည်သူ့ကာကွယ်ရေး တပ်မတော် PDF သည် အကြမ်းဖက် လုပ်ငန်းများကို လုပ်ဆောင်ရန် မဟုတ်ပဲ ပြည်သူ များကို အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်ကောင်စီ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ရန်နှင့် ပြည်သူ များကို အကာအကွယ်ပေးရန် ဖွဲ့စည်းခြင်းဖြစ်သည်ဟု NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

*** ZAWGYI ***
အႀကံေပးေကာင္စီအား PDF တပ္မေတာ္အေၾကာင္း ညီၫြတ္ေရး အစိုးရ ရွင္းျပ

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၇ ရက္။

ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ PDF ဖြဲ႕စည္းျခင္းသည္ အၾကမ္းဖက္လုပ္ငန္းမ်ားကို လုပ္ေဆာင္ရန္ ဖြဲ႕စည္း ျခင္းမ်ိဳး မဟုတ္ေၾကာင္း ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္း ခိုင္သန္း က ေျပာသည္။

၎က “တခ်ိန္တည္းမွာ တဖက္တြင္လည္း PDF တပ္မေတာ္ဖြဲ႕ စည္းၿပီး ခုခံကာကြယ္ေရးကိစၥရပ္မ်ားကို လုပ္ ေဆာင္ေနေၾကာင္း၊ ယခုကဲ့သို႔ လုပ္ေဆာင္ျခင္းက အၾကမ္းဖက္မႈ ကို လုပ္ေဆာင္ျခင္းမ်ိဳးမဟုတ္ဘဲ ခုခံကာ ကြယ္မႈႏွင့္ အာဏာရွင္စနစ္ တြန္းလွန္ေရးအတြက္ လုပ္ေဆာင္ျခင္း ျဖစ္ပါေၾကာင္း ထည့္သြင္း ေျပာၾကားၿပီး ပူးေပါင္း ေဆာင္႐ြက္ႏိုင္မည့္ လမ္းေၾကာင္းမ်ား ေဖာ္ေဆာင္ႏိုင္မည္ဟု ေမွ်ာ္လင့္ပါေၾကာင္း ေျပာၾကားခဲ့ပါ သည္” ဟု ဆိုသည္။

ေမလ ၁၆ ရက္ေန႔က ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG အဖြဲ႕ဝင္မ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ အထူး အႀကံေပးေကာင္စီတို႔ ပထမဆုံးအႀကိမ္ ေတြ႕ဆုံေဆြးေႏြးစဥ္ ေျပာၾကားသည့္ အမွာစကားထဲတြင္ ဝန္ႀကီးခ်ဳပ္က ထိုသို႔ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္ ဟု ေတြ႕ဆုံေဆြးေႏြးပြဲ အေျခအေနႏွင့္ ပတ္သက္၍ NUG ၏ ထုတ္ ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။

ထို႔အျပင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနျဖင့္ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရး ျပန္လည္ထြန္းကားေရးကို ႀကိဳး စားေနသကဲ့သို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ကာကြယ္တားဆီးႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း၊ ယင္းကဲ့သို႔ လုပ္ေဆာင္ရာတြင္ ျပည္သူလူထု၏ ႀကိဳးပမ္းမႈအျပင္ ႏိုင္ငံတကာ၏ ပူးေပါင္းေဆာင္႐ြက္မႈ လိုအပ္သည္ဟု လည္း ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္က ဆိုသည္။

ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီတြင္ မစၥ ယန္ဟီးလီး (Ms. Yanhee Lee)၊ မစၥတာ ခရစ္စ္ ဆီဒိုတီ (Mr. Chrsi Sidoti) ၊ မစၥတာမာဇူကီ ဒါ႐ုဆမန္ ( Mr. Marzuki Darusman) တို႔ ပါဝင္သည္ဟု သိရသည္။

ယမန္ေန႔က ျပဳလုပ္သည့္ ေဆြးေႏြးပြဲတြင္ NUG ကို ႏိုင္ငံတကာမွ အသိအမွတ္ျပဳရန္ လုပ္ေဆာင္ေနသည့္ အေျခ အေန၊ စစ္ေကာင္စီမွ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အေျခအေန စသည့္ အေၾကာင္းအရာမ်ားကို ႏွစ္ဖက္အျပန္ အလွန္ ေဆြးေႏြးခဲ့ၾကသည္ဟု NUG က ထုတ္ျပန္ထားသည္။

ထိုေဆြးေႏြးပြဲသို႔ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG ဒု-သမၼတ ဒူဝါလရွီးလ၊ ျပည္ေထာင္စု ဝန္ ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းႏွင့္အတူ သက္ဆိုင္ရာ ဝန္ႀကီးဌာန အသီးသီးမွ ျပည္ေထာင္စု ဝန္ႀကီး အသီးသီး တို႔ တက္ေရာက္ခဲ့ၾကၿပီး အထူးအႀကံေပးေကာင္စီမွ မစၥ ယန္ဟီးလီး (Ms. Yanhee Lee)၊ မစၥတာ ခရစ္စ္ ဆီဒိုတီ (Mr. Chrsi Sidoti) ၊ မစၥတာမာဇူကီ ဒါ႐ုဆမန္ ( Mr. Marzuki Darusman) တို႔ တက္‌ေရာက္ခဲ့သည္။

ၿပီးခဲ့သည့္ ဧၿပီလ ၁၆ ရက္ေန႔က ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG ကို ဖြဲ႕စည္းေၾကာင္း ျပည္ ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ေၾကညာခဲ့သည္။

ထို႔သို႔ ေၾကညာၿပီးေနာက္ စစ္ေကာင္စီတပ္မ်ား၏ အၾကမ္းဖက္မႈမ်ားကို ခံေနရသည့္ ျပည္သူမ်ားကို ကာကြယ္ ရန္အတြက္ ဖက္ဒရယ္ တပ္မေတာ္၏ ေရွ႕ေျပး ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ PDF ကို ဖြဲ႕စည္းေၾကာင္း NUG က ေမလ ၅ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ PDF သည္ အၾကမ္းဖက္ လုပ္ငန္းမ်ားကို လုပ္ေဆာင္ရန္ မဟုတ္ပဲ ျပည္သူ မ်ားကို အၾကမ္းဖက္ သတ္ျဖတ္ေနသည့္ စစ္ေကာင္စီ၊ စစ္အာဏာရွင္စနစ္ကို အျမစ္ျပတ္တြန္းလွန္ရန္ႏွင့္ ျပည္သူ မ်ားကို အကာအကြယ္ေပးရန္ ဖြဲ႕စည္းျခင္းျဖစ္သည္ဟု NUG ၏ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း က ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။