စစ်ကောင်စီတပ်များ ပုဂ္ဂလိက စာသင်ကျောင်းကို အင်အားသုံး ဝင်ရောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ပုဂ္ဂလိပိုင်က အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ကျောင်းကို စစ်ကောင်စီက အကြမ်း ဖက်ဝင်ရောက်ပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦး က ပြောသည်။

မေလ ၁၆ ရက်နေ့ (ယမန်နေ့) နေ့လည် တစ်နာရီခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်က မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် Pre-School မူကြို၊ Kindergarten (KG)နှင့် အင်္ဂလိပ်စာ သီးသန့် သင်တန်း ကျောင်း (IELTS) ကို တံခါးဖျက်ပြီး ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သင်တန်းကျောင်း တာဝန်ရှိသူ ဆရာတစ်ဦး က ပြောသည်။

“အောက်မှာရှိတဲ့ ဆရာမဆီမှာ ကျနော်တို့ပုံတွေကိုပြပြီးတော့ တံခါးကို အတင်းဖွင့်ခိုင်းတာပေါ့။ ဒါသူ့အိမ် ဟုတ် လား မဟုတ်လားပေါ့နော်။ အတင်းတံခါးဖွင့်ခိုင်းပြီးတော့ ဘာပြောလဲဆိုတော့ ကျနော်က မူဆယ်မြို့ ကို သူတို့ က အေးချမ်းသာယာဖို့ လုပ်နေတဲ့အချိန်မှာ ကျနော်တို့က ဒီတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး တော့ လက်နက်တွေ တင်တယ်။ မြို့ထဲမှာ ဖေါက်ခွဲမှုတွေ လုပ်တယ် ကျနော်ဦးဆောင်ပြီးတော့ လုပ်တယ်ဆိုပြီး တော့ အဲ့ဒီအတွက်ကြောင့် လာဖမ်းတာပေါ့နော်။ လာဖမ်းတော့ ကျနော်တို့ အောက်ထပ်မှာ ဆေးခန်းရှိတယ် အဲ့ ဆေးခန်းက ဆရာမကို တံခါးအတင်းဖွင့်ခိုင်းတာပေါ့။ တံခါးသော့မရှိတော့ တံခါးကို ဖျက်ပြီး ဝင်သွားကြတာ ပေါ့။”

မူဆယ်မြို့ ၊ ခေတ္တာလမ်းရှိ ၄ ရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် အဆိုပါသင်တန်းကျောင်းမှ ဆရာနှင့် ၎င်း၏ မိသားစုဝင်ပုံများကို ပြကာ ၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်ကာ လက်နက် ခဲယမ်းများ တင်သွင်းပြီး မူဆယ်မြို့အတွင်းဖောက်ခွဲမှုများကို ဦးဆောင်နေသူများ ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်း ဆီးရန် လာရောက်ရှာဖွေခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က အဆိုပါ အင်္ဂလိပ်စာသီးသန့် သင်တန်းကျောင်းကို လာရောက်ရှာဖွေစဉ် ကျောင်းတွင် မည်သူမျှမရှိသောကြောင့် ကျောင်းအောက်ထပ်ရှိ ဆေးခန်းမှ ဆရာမများကို သေနတ်ထောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

သင်တန်းကျောင်းတာဝန်ရှိသူ က “ဝင်သွားပြီးတော့ အဲ့အောက်ထပ်က ဆရာမကိုလည်း သေနတ်ထောက် ပြီးတော့ ကျနော်တို့ အခန်းတွေ လိုက်ပြခိုင်းတယ်။ အဲ့မှာရှိတဲ့ ကျနော်တို့ ပစ္စည်းတွေ အကုန်လုံးရှာတာ ပေါ့နော်။ မတွေ့တော့ အဲ့မှာ ကျနော် တို့ကျောင်းက ဆရာမလေးတစ်ယောက်ရဲ့ ငွေအချို့ပေါ့နော် တစ် သိန်းဝန်းကျင်လောက်ပဲ ရှိပါတယ်။ အဲ့ဒီငွေ အချို့ကိုယူသွားတယ်။ ပြီးရင် အဲ့ဒီကျနော့်ကျောင်းမှာနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ မှတ်ပုံတင်နဲ့ ယာဉ်မောင်း လိုင်စင်တွေ အဲ့ဒါတွေ ယူသွားကြတယ်။ ပစ္စည်းတွေကို ဖျက်ဆီးသွားတာရှိတယ်။ ယူသွားတာရှိတယ်။ ကျောင်းမှာ ခြေချစရာ မရှိအောင်ကို ဝင်မွှေနှောက် သွား တယ်လို့ သိရတယ်ဗျ” ဟု သိရသည်။

ထို့အပြင် သင်တန်းကျောင်းဆရာနှင့် မိသားစုဝင်များကိုလည်း တွေ့သည့်နေရာတွင် ပစ်သတ်မည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့သေးသည်ဟု ဆိုသည်။

“ကျနော့်ကိုလည်း ဘာပြောသွားလဲဆိုတော့ တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ပေါ့နော် ပစ်မိန့်လည်းရထားတယ်။ တွေ့တဲ့နေရာမှာ ပစ်သတ်မယ်ပေါ့၊ ကျနော်ရော၊ ကျနော့်အမျိုးသမီးရော၊ ကျောင်းမှာနေတဲ့ ကျနော့်ညီနဲ့ အစ်ကိုကိုရော ပစ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီးတော့ ပြန်ထွက်သွားတယ်လို့ သိရတယ်ဗျ” ဟု ထို ဆရာက ဆက် ပြောသည်။

“ကျနော်ပါဝင်မှုတွေ က ဆန္ဒပြပွဲတွေမှာ ပါတာလောက်ပဲရှိတာပါ။ အခုပြောတဲ့ ဒီလောက်ကြီးမားတဲ့ လက်နက်ခဲယမ်းကိစ္စတွေ ဖေါက်ခွဲ မှုကိစ္စတွေမှာ ပါဝင်ပတ်သက်မှု မရှိပါဘူး။ အခုသူတို့ရထားတဲ့ သတင်းအချက်အလက်က လုံးဝ အမှားကြီး ဖြစ် တယ်ဆိုတာ သိစေချင်ပါတယ်။ သူတို့ဘယ်က ဘယ်လိုသတင်း အချက်အလက်တွေရပြီးတော့ ဒီလိုအင်အား အလုံးအရင်းနဲ့ စစ်သား အယောက် ၅၀ ကျော်တယ်လို့ပြောတယ် အဲလိုဘာလို့ဖမ်းတာလဲပေါ့။ စစ်ကောင်စီက ရတဲ့သတင်းအချက်အလက်ကို မှန်မမှန်မစစ်ဆေးပဲ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာက မဟုတ်ဘူး သေးဘူးလေ။”

မူဆယ်မြို့ရှိ ပုဂ္ဂလိကပိုင် Pre-School မူကြို၊ Kindergarten (KG)နှင့် အင်္ဂလိပ်စာ သီးသန့် သင်တန်း ကျောင်း (IELTS) ကို ဝင်ရောက်ဖျက်စီး ခြိမ်းခြောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အဆိုပါ ကျောင်းအတွင်းရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်စီးခဲ့သည်ဟု သိရသည်။

ကျောင်းပစ္စည်းများကို ရိုက်ခွဲဖျက်စီးခဲ့သည်သာမက သင်တန်းကျောင်းအတွင်းရှိ ကျောင်းဆရာမများ ၏ ငွေအချို့နှင့် ပစ္စည်းအချို့ကိုလည်း ယူဆောင်သွားသည်ဟု ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

Photo – CJ

*** ZAWGYI ***
စစ္ေကာင္စီတပ္မ်ား ပုဂၢလိက စာသင္ေက်ာင္းကို အင္အားသုံး ဝင္ေရာက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၇ ရက္။

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ရွိ ပုဂၢလိပိုင္က အဂၤလိပ္စာသင္တန္းေက်ာင္းတစ္ေက်ာင္းကို စစ္ေကာင္စီက အၾကမ္း ဖက္ဝင္ေရာက္ၿပီး ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ေက်ာင္းတာဝန္ရွိသူတစ္ဦး က ေျပာသည္။

ေမလ ၁၆ ရက္ေန႔ (ယမန္ေန႔) ေန႔လည္ တစ္နာရီခန႔္က အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္ အေယာက္ ၅၀ ခန႔္က မူဆယ္ၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ Pre-School မူႀကိဳ၊ Kindergarten (KG)ႏွင့္ အဂၤလိပ္စာ သီးသန႔္ သင္တန္း ေက်ာင္း (IELTS) ကို တံခါးဖ်က္ၿပီး ဝင္ေရာက္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္ဟု သင္တန္းေက်ာင္း တာဝန္ရွိသူ ဆရာတစ္ဦး က ေျပာသည္။

“ေအာက္မွာရွိတဲ့ ဆရာမဆီမွာ က်ေနာ္တို႔ပုံေတြကိုျပၿပီးေတာ့ တံခါးကို အတင္းဖြင့္ခိုင္းတာေပါ့။ ဒါသူ႔အိမ္ ဟုတ္ လား မဟုတ္လားေပါ့ေနာ္။ အတင္းတံခါးဖြင့္ခိုင္းၿပီးေတာ့ ဘာေျပာလဲဆိုေတာ့ က်ေနာ္က မူဆယ္ၿမိဳ႕ ကို သူတို႔ က ေအးခ်မ္းသာယာဖို႔ လုပ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔က ဒီေတာ္လွန္ေရးလက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ ေပါင္းၿပီး ေတာ့ လက္နက္ေတြ တင္တယ္။ ၿမိဳ႕ထဲမွာ ေဖါက္ခြဲမႈေတြ လုပ္တယ္ က်ေနာ္ဦးေဆာင္ၿပီးေတာ့ လုပ္တယ္ဆိုၿပီး ေတာ့ အဲ့ဒီအတြက္ေၾကာင့္ လာဖမ္းတာေပါ့ေနာ္။ လာဖမ္းေတာ့ က်ေနာ္တို႔ ေအာက္ထပ္မွာ ေဆးခန္းရွိတယ္ အဲ့ ေဆးခန္းက ဆရာမကို တံခါးအတင္းဖြင့္ခိုင္းတာေပါ့။ တံခါးေသာ့မရွိေတာ့ တံခါးကို ဖ်က္ၿပီး ဝင္သြားၾကတာ ေပါ့။”

မူဆယ္ၿမိဳ႕ ၊ ေခတၱာလမ္းရွိ ၄ ရပ္ကြက္တြင္ဖြင့္လွစ္ထားသည့္ အဆိုပါသင္တန္းေက်ာင္းမွ ဆရာႏွင့္ ၎၏ မိသားစုဝင္ပုံမ်ားကို ျပကာ ၎တို႔သည္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ဆက္သြယ္ကာ လက္နက္ ခဲယမ္းမ်ား တင္သြင္းၿပီး မူဆယ္ၿမိဳ႕အတြင္းေဖာက္ခြဲမႈမ်ားကို ဦးေဆာင္ေနသူမ်ား ျဖစ္သည္ဟု စြပ္စြဲကာ ဖမ္း ဆီးရန္ လာေရာက္ရွာေဖြျခင္း ျဖစ္သည္ဟု သိရသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္က အဆိုပါ အဂၤလိပ္စာသီးသန္႔ သင္တန္းေက်ာင္းကို လာေရာက္ရွာေဖြစဥ္ ေက်ာင္းတြင္ မည္သူမွ်မရွိေသာေၾကာင့္ ေက်ာင္းေအာက္ထပ္ရွိ ေဆးခန္းမွ ဆရာမမ်ားကို ေသနတ္ေထာက္ကာ ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့သည္ဟုလည္း သိရသည္။

သင္တန္းေက်ာင္းတာဝန္ရွိသူ က “ဝင္သြားၿပီးေတာ့ အဲ့ေအာက္ထပ္က ဆရာမကိုလည္း ေသနတ္ေထာက္ ၿပီးေတာ့ က်ေနာ္တို႔ အခန္းေတြ လိုက္ျပခိုင္းတယ္။ အဲ့မွာရွိတဲ့ က်ေနာ္တို႔ ပစၥည္းေတြ အကုန္လုံးရွာတာ ေပါ့ေနာ္။ မေတြ႕ေတာ့ အဲ့မွာ က်ေနာ္ တို႔ေက်ာင္းက ဆရာမေလးတစ္ေယာက္ရဲ႕ ေငြအခ်ိဳ႕ေပါ့ေနာ္ တစ္ သိန္းဝန္းက်င္ေလာက္ပဲ ရွိပါတယ္။ အဲ့ဒီေငြ အခ်ိဳ႕ကိုယူသြားတယ္။ ၿပီးရင္ အဲ့ဒီက်ေနာ့္ေက်ာင္းမွာေနတဲ့ အစ္ကိုတစ္ေယာက္ရဲ႕ မွတ္ပုံတင္နဲ႔ ယာဥ္ေမာင္း လိုင္စင္ေတြ အဲ့ဒါေတြ ယူသြားၾကတယ္။ ပစၥည္းေတြကို ဖ်က္ဆီးသြားတာရွိတယ္။ ယူသြားတာရွိတယ္။ ေက်ာင္းမွာ ေျခခ်စရာ မရွိေအာင္ကို ဝင္ေမႊေႏွာက္ သြား တယ္လို႔ သိရတယ္ဗ်” ဟု သိရသည္။

ထို႔အျပင္ သင္တန္းေက်ာင္းဆရာႏွင့္ မိသားစုဝင္မ်ားကိုလည္း ေတြ႕သည့္ေနရာတြင္ ပစ္သတ္မည္ဟု ၿခိမ္း ေျခာက္ေျပာဆိုခဲ့ေသးသည္ဟု ဆိုသည္။

“က်ေနာ့္ကိုလည္း ဘာေျပာသြားလဲဆိုေတာ့ ေတြ႕တဲ့ေနရာမွာ ပစ္သတ္ဖို႔ေပါ့ေနာ္ ပစ္မိန႔္လည္းရထားတယ္။ ေတြ႕တဲ့ေနရာမွာ ပစ္သတ္မယ္ေပါ့၊ က်ေနာ္ေရာ၊ က်ေနာ့္အမ်ိဳးသမီးေရာ၊ ေက်ာင္းမွာေနတဲ့ က်ေနာ့္ညီနဲ႔ အစ္ကိုကိုေရာ ပစ္သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ၿပီးေတာ့ ျပန္ထြက္သြားတယ္လို႔ သိရတယ္ဗ်” ဟု ထို ဆရာက ဆက္ ေျပာသည္။

“က်ေနာ္ပါဝင္မႈေတြ က ဆႏၵျပပြဲေတြမွာ ပါတာေလာက္ပဲရွိတာပါ။ အခုေျပာတဲ့ ဒီေလာက္ႀကီးမားတဲ့ လက္နက္ခဲယမ္းကိစၥေတြ ေဖါက္ခြဲ မႈကိစၥေတြမွာ ပါဝင္ပတ္သက္မႈ မရွိပါဘူး။ အခုသူတို႔ရထားတဲ့ သတင္းအခ်က္အလက္က လုံးဝ အမွားႀကီး ျဖစ္ တယ္ဆိုတာ သိေစခ်င္ပါတယ္။ သူတို႔ဘယ္က ဘယ္လိုသတင္း အခ်က္အလက္ေတြရၿပီးေတာ့ ဒီလိုအင္အား အလုံးအရင္းနဲ႔ စစ္သား အေယာက္ ၅၀ ေက်ာ္တယ္လို႔ေျပာတယ္ အဲလိုဘာလို႔ဖမ္းတာလဲေပါ့။ စစ္ေကာင္စီက ရတဲ့သတင္းအခ်က္အလက္ကို မွန္မမွန္မစစ္ေဆးပဲ ဒီလို အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ေနတာက မဟုတ္ဘူး ေသးဘူးေလ။”

မူဆယ္ၿမိဳ႕ရွိ ပုဂၢလိကပိုင္ Pre-School မူႀကိဳ၊ Kindergarten (KG)ႏွင့္ အဂၤလိပ္စာ သီးသန႔္ သင္တန္း ေက်ာင္း (IELTS) ကို ဝင္ေရာက္ဖ်က္စီး ၿခိမ္းေျခာက္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အဆိုပါ ေက်ာင္းအတြင္းရွိ ပစၥည္းမ်ားကို ႐ိုက္ခြဲဖ်က္စီးခဲ့သည္ဟု သိရသည္။

ေက်ာင္းပစၥည္းမ်ားကို ႐ိုက္ခြဲဖ်က္စီးခဲ့သည္သာမက သင္တန္းေက်ာင္းအတြင္းရွိ ေက်ာင္းဆရာမမ်ား ၏ ေငြအခ်ိဳ႕ႏွင့္ ပစၥည္းအခ်ိဳ႕ကိုလည္း ယူေဆာင္သြားသည္ဟု ေက်ာင္းတာဝန္ရွိသူထံမွ သိရသည္။

Photo – CJ