မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၈ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ ညက တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ စုပေါင်းနေထိုင်နေကြသည့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ကျောင်းသူ ကျောင်းသားတွေ စုပေါင်း ငှားနေနေတဲ့အိမ်မှာ အင်အား အလုံးအရင်းနဲ့ လာရောက် ဖမ်းဆီးခေါ် ဆောင်သွားတာဖြစ်တယ်၊ လက်ရှိမှာတော့ ဘယ်မှာ ပို့ဆောင်ထားလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး က ပြောသည်။

တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် မည်သည့် နေရာသို့ ပို့ဆောင်ထားသည်ကို မသိရှိရသေးကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြော သည်။

ဖမ်းဆီးခံရသည့် ကျောင်းသူ၊ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှု သိပ္ပံ (မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်သည်ဟု မော်လမြိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ထို တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောင်းသူ၊ ကျောင်းသားများ ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်နှင့် အခြားအသုံးသော အဆောင် ပစ္စည်း များလည်း သိမ်းဆည်းသွားသည်ဟု မော်လမြိုင်တက္ကသိုလ် သတင်းဌာနမှ သိရသည်။

အခြားသော တိုင်းနှင့်ပြည်နယ်များ နည်းတူ မွန်ပြည်နယ်အတွင်းတွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်နေကြ သည့် ပြည်သူများအပြင် ကျောင်းသူ၊ ကျောင်းသားများကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

ဖမ်းဆီးမှုများရှိသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ များက လုံခြုံရေးများ တင်းကြပ်ထားပြီး အကြမ်းဖက်နှိမ်နှင်းလျှက်ရှိသည်။

ထိုသို့ လုပ်ဆောင်နေသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူများ က နည်းမျိုးစုံဖြင့် စစ်အာဏာရှင်ကို နေ့စဉ် ဆက်လက် ဆန့်ကျင်နေကြသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် မွန်ပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတို့၏ ဖမ်းဆီးခြင်းခံထားရသူ အယောက် ၃၀၀ ကျော် ရှိသည်ဟု သိရသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္ တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသား ၈ ဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၈ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေမလ ၁၇ ရက္ေန႔ ညက တကၠသိုလ္ ေက်ာင္းသူ၊ ေက်ာင္းသား ၈ ဦးကို စစ္ေကာင္စီက ဖမ္းဆီးသြားသည္ဟု ေမာ္လၿမိဳင္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ထုတ္ျပန္ထားသည္။

ေမလ ၁၇ ရက္ေန႔ ည ၁၁ နာရီဝန္းက်င္ အခ်ိန္ခန႔္က ေမာ္လၿမိဳင္ၿမိဳ႕ ေဇယ်ာၿမိဳင္ရပ္ကြက္တြင္ တကၠသိုလ္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား စုေပါင္းေနထိုင္ေနၾကသည့္ ေနအိမ္မွ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္။

“ေက်ာင္းသူ ေက်ာင္းသားေတြ စုေပါင္း ငွားေနေနတဲ့အိမ္မွာ အင္အား အလုံးအရင္းနဲ႔ လာေရာက္ ဖမ္းဆီးေခၚ ေဆာင္သြားတာျဖစ္တယ္၊ လက္ရွိမွာေတာ့ ဘယ္မွာ ပို႔ေဆာင္ထားလဲဆိုတာ စုံစမ္းေနဆဲပါ” ဟု လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ တကၠသိုလ္ေက်ာင္းသားတစ္ဦး က ေျပာသည္။

တကၠသိုလ္ ေက်ာင္းသူ ေက်ာင္းသား ၈ ဦးအား ဖမ္းဆီးရသည့္အေၾကာင္းအရင္းႏွင့္ လက္ရွိတြင္ မည္သည့္ ေနရာသို႔ ပို႔ေဆာင္ထားသည္ကို မသိရွိရေသးေၾကာင္း ေမာ္လၿမိဳင္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ေျပာ သည္။

ဖမ္းဆီးခံရသည့္ ေက်ာင္းသူ၊ ေက်ာင္းသား ၈ ဦးတြင္ ေမာ္လၿမိဳင္တကၠသိုလ္မွ ၂ ဦး၊ အစိုးရစက္မႈလက္မႈ သိပၸံ (ေမာ္လၿမိဳင္) မွ ၅ ဦးႏွင့္ ေမာ္လၿမိဳင္တကၠသိုလ္ အေဝးသင္ေက်ာင္းသား ၁ ဦးတို႔ ျဖစ္သည္ဟု ေမာ္လၿမိဳင္ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢထံမွ သိရသည္။

ထို တကၠသိုလ္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ဖမ္းဆီးေခၚေဆာင္သြားသည့္အျပင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ပိုင္ဆိုင္သည့္ ဖုန္း၊ ကြန္ပ်ဴတာ၊ ဆိုင္ကယ္ႏွင့္ အျခားအသုံးေသာ အေဆာင္ ပစၥည္း မ်ားလည္း သိမ္းဆည္းသြားသည္ဟု ေမာ္လၿမိဳင္တကၠသိုလ္ သတင္းဌာနမွ သိရသည္။

အျခားေသာ တိုင္းႏွင့္ျပည္နယ္မ်ား နည္းတူ မြန္ျပည္နယ္အတြင္းတြင္လည္း စစ္အာဏာရွင္ကို ဆန႔္က်င္ေနၾက သည့္ ျပည္သူမ်ားအျပင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ေတြက လိုက္လံ ဖမ္းဆီးမႈမ်ား ဆက္တိုက္လုပ္ေဆာင္လွ်က္ရွိသည္။

ဖမ္းဆီးမႈမ်ားရွိသည့္အျပင္ စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပမႈမ်ား မျပဳလုပ္ႏိုင္ေအာင္လည္း စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ မ်ားက လုံၿခဳံေရးမ်ား တင္းၾကပ္ထားၿပီး အၾကမ္းဖက္ႏွိမ္ႏွင္းလွ်က္ရွိသည္။

ထိုသို႔ လုပ္ေဆာင္ေနေသာ္လည္း စစ္အာဏာရွင္ကို အလိုမရွိသည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ ျပည္သူမ်ား က နည္းမ်ိဳးစုံျဖင့္ စစ္အာဏာရွင္ကို ေန႔စဥ္ ဆက္လက္ ဆန႔္က်င္ေနၾကသည္။

စစ္အာဏာရွင္ကို ဆန႔္က်င္မႈေၾကာင့္ မြန္ျပည္နယ္တြင္ အာဏာသိမ္း စစ္ေကာင္စီတို႔၏ ဖမ္းဆီးျခင္းခံထားရသူ အေယာက္ ၃၀၀ ေက်ာ္ ရွိသည္ဟု သိရသည္။