ကချင်ပြည်နယ်ကို ရဟတ်ယာဉ်များဖြင့် စစ်သားများ ပို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်။

တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားများ ဆက်တိုက်ဖြည့်တင်းနေပြီး ယမန်နေ့က လေကြောင်းဖြင့်လည်း လူအင်အားများ ထပ်မံ ဖြည့်တင်းလျှက် ရှိသည်ဟု KIO/KIA က ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ ကုန်းလမ်းဖြင့်သာမက ယခုခါ လေကြောင်းအကူအညီများဖြင့်ပါ အင်အားတိုးချဲ့ ဖြည့်တင်းနေသည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “ဟုတ်တယ် အဲ့သတင်းလည်းမှန်ပါတယ်။ ကျနော်တို့ သတင်းရတာတော့ ဗန်းမော်၊ မိုးမောက်၊ မံစီဘက်တွေမှာပါ။ မနေ့ကလည်း ဟက်စကီး(ရဟတ်ယာဉ်)နဲ့ အင်အားလာပို့တယ်တဲ့ ဗန်းမော်မှာပေါ့။ နောက်ပြီးရေလမ်းကနေလည်း တက်လာတာတွေရှိတယ်လို့ သတင်းရ ထားတယ်။ ဒါပေမယ့် လူအင်အားဘယ်လောက်၊ ရိက္ခာလား၊ လူလား ဘယ်လောက်ဆိုတဲ့ အတိအကျစာရင်း တော့ မရသေးဘူးနော်။ အင်အားဖြည့်နေတယ်ဆိုတာကတော့ သေချာတယ်” ဟု ပြောသည်။

ဗန်းမော် က ဒေသခံတစ်ဦးကလည်း “ဟုတ်တယ်ဗျ၊ မနေ့က ညနေလောက်ဖြစ်မယ်။ လေယာဉ်နှစ်စီးဆက် တိုက်ပေါ့ တစ်စီးပြီးတစ်စီး ဗန်းမော်လေယာဉ်ကွင်းကို ဆင်းတာ။ ကျနော်တို့သတင်းရတာတော့ စစ်သား တွေပါလာတယ် အဲ့လိုလောက်ပဲသိတယ်ဗျ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မတ်လ ကတည်းက ပြန်လည်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများကြောင့် အလော့ဒ်ဘွမ်(စခန်းကုန်း) အပါအဝင် ၎င်းတို့၏ စခန်းကုန်းငယ်အချို့ ဆုတ်ပေးလိုက်ရသည့်နောက် မိုးမောက်မြို့နယ်အတွင်း စစ်အင်အားများ ဖြည့်တင်းကာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိသည်။

“အစောပိုင်းကတော့ ဒီဘက် အလော့ဒ်ဘွမ် တိုက်ပြီးတော့မှာ ကုန်းလော အနောက်ဘက် တာဝါတိုင်ကုန်း ဘက် မှာ အထူးသဖြင့် အဲ့မှာပဲ ပြင်းထန်တိုက်ပွဲဖြစ်ပြီးတော့ အခုကျတော့ ပိုပြီးတော့ ကျယ်ပြန်လာတာပေါ့နော်။ မံစီ ဘက်တွေလည်း အပြင်းအထန်ဖြစ်လာတယ်။ တိုက်ပွဲတွေ ကျယ်ပြန့်လာရင်တော့ စစ်ရှောင်တွေက ထပ်တိုး လာဖို့ပဲ ရှိတယ်” ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD (မိုးမောက်) တာဝန်ရှိသူ တစ်ဦး က ပြောသည်။

၎င်းတို့ ဆုတ်ပေးလိုက်ရသည့် စခန်းကုန်းများ ပြန်လည်ရရှိနိုင်ရေး ဝေဟင်ထိုးစစ်၊ မြေပြင်ထိုးစစ်များဖြင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA ကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယခုခါ မိုးမောက်မြို့နယ်အတွင်းက ပြည်သူ ၆၀၀၀ ကျော်လည်း နေရပ်စွန့်ကာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

မိုးမောက်မြို့နယ်အတွင်းက တိုက်ပွဲများသည် မေလ ၁၁ ရက်နေ့က စတင်၍ မံစီမြို့နယ်ဘက်သို့ ရောက်ရှိလာခဲ့ သည်။

စစ်ကောင်စီတပ်၏ စစ်အင်အားတိုးချဲ့ ဖြည့်တင်းနေမှု၊ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲများ ပိုမိုပြင်း ထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ပြောရမယ်ဆိုရင်တော့ သူတို့က စစ်အင်အားလည်း ထပ်တိုးဖြည့်နေတယ်၊ အခုလက်ရှိ ဆက်ဖြစ်နေတဲ့ အခြေ အနေတွေကို ကြည့်ရင်တော့ တိုက်ပွဲက ပိုပြီး ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ သုံးသပ်လို့ရနိုင်ပါ တယ်။ ကျနော်တို့ကလည်း သူတို့ဘက်က ပစ်မယ်၊ တိုက်မယ်၊ တက်လာမယ်ဆိုရင် ပစ်ရမှာပဲလေနော်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လကစတင်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီး တစ် လျှောက်၊ မိုးညှင်း၊ ဖားကန့်၊ တနိုင်း-လီဒိုလမ်းမတစ်လျှာက်၊ အင်ဂျန်းယန်၊ နမ္မတီး၊ ဆွမ်ပရာဘွမ်မြို့နယ် တဝိုက် နှင့် ဆဒုံးမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျှက် ရှိသည်။

သို့သော် အဆိုပါဒေသများအတွင်းက တိုက်ပွဲများ လက်ရှိတွင် ရပ်တန့်နေသော်လည်း ဗန်းမော်၊ မိုးမောက်နှင့် မံစီ မြို့နယ်များအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေဆဲ ဖြစ် သည်ဟု ဒေသခံများနှင့် KIO က ပြောသည်။

တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် တစ်ဖက်တွင် စစ်ကောင်စီ၏တပ်ဖွဲ့များက ကချင်ပြည်နယ်၏ နေရာ အနှံ့တွင် တပ်အင်အားများ ဖြည့်တင်းနေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေပြီး ကြီးမားပြင်း ထန် သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု KIO က ပြောသည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္ကို ရဟတ္ယာဥ္မ်ားျဖင့္ စစ္သားမ်ား ပို႔

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၈ ရက္။

တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ ကခ်င္ျပည္နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္က အင္အားမ်ား ဆက္တိုက္ျဖည့္တင္းေနၿပီး ယမန္ေန႔က ေလေၾကာင္းျဖင့္လည္း လူအင္အားမ်ား ထပ္မံ ျဖည့္တင္းလွ်က္ ရွိသည္ဟု KIO/KIA က ေျပာသည္။

ကခ်င္ျပည္နယ္အတြင္းရွိ ဗန္းေမာ္၊ မိုးေမာက္၊ မံစီၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားလွ်က္ရွိရာ ကုန္းလမ္းျဖင့္သာမက ယခုခါ ေလေၾကာင္းအကူအညီမ်ားျဖင့္ပါ အင္အားတိုးခ်ဲ႕ ျဖည့္တင္းေနသည္ဟု ကခ်င္ လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ က ေျပာသည္။

KIO သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က “ဟုတ္တယ္ အဲ့သတင္းလည္းမွန္ပါတယ္။ က်ေနာ္တို႔ သတင္းရတာေတာ့ ဗန္းေမာ္၊ မိုးေမာက္၊ မံစီဘက္ေတြမွာပါ။ မေန႔ကလည္း ဟက္စကီး(ရဟတ္ယာဥ္)နဲ႔ အင္အားလာပို႔တယ္တဲ့ ဗန္းေမာ္မွာေပါ့။ ေနာက္ၿပီးေရလမ္းကေနလည္း တက္လာတာေတြရွိတယ္လို႔ သတင္းရ ထားတယ္။ ဒါေပမယ့္ လူအင္အားဘယ္ေလာက္၊ ရိကၡာလား၊ လူလား ဘယ္ေလာက္ဆိုတဲ့ အတိအက်စာရင္း ေတာ့ မရေသးဘူးေနာ္။ အင္အားျဖည့္ေနတယ္ဆိုတာကေတာ့ ေသခ်ာတယ္” ဟု ေျပာသည္။

ဗန္းေမာ္ က ေဒသခံတစ္ဦးကလည္း “ဟုတ္တယ္ဗ်၊ မေန႔က ညေနေလာက္ျဖစ္မယ္။ ေလယာဥ္ႏွစ္စီးဆက္ တိုက္ေပါ့ တစ္စီးၿပီးတစ္စီး ဗန္းေမာ္ေလယာဥ္ကြင္းကို ဆင္းတာ။ က်ေနာ္တို႔သတင္းရတာေတာ့ စစ္သား ေတြပါလာတယ္ အဲ့လိုေလာက္ပဲသိတယ္ဗ်” ဟု ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္က မတ္လ ကတည္းက ျပန္လည္ျဖစ္ပြားေနသည့္ ကခ်င္ျပည္နယ္အတြင္းက စစ္ေရးပဋိပကၡမ်ား၊ တိုက္ပြဲမ်ားေၾကာင့္ အေလာ့ဒ္ဘြမ္(စခန္းကုန္း) အပါအဝင္ ၎တို႔၏ စခန္းကုန္းငယ္အခ်ိဳ႕ ဆုတ္ေပးလိုက္ရသည့္ေနာက္ မိုးေမာက္ၿမိဳ႕နယ္အတြင္း စစ္အင္အားမ်ား ျဖည့္တင္းကာ တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားလွ်က္ရွိသည္။

“အေစာပိုင္းကေတာ့ ဒီဘက္ အေလာ့ဒ္ဘြမ္ တိုက္ၿပီးေတာ့မွာ ကုန္းေလာ အေနာက္ဘက္ တာဝါတိုင္ကုန္း ဘက္ မွာ အထူးသျဖင့္ အဲ့မွာပဲ ျပင္းထန္တိုက္ပြဲျဖစ္ၿပီးေတာ့ အခုက်ေတာ့ ပိုၿပီးေတာ့ က်ယ္ျပန္လာတာေပါ့ေနာ္။ မံစီ ဘက္ေတြလည္း အျပင္းအထန္ျဖစ္လာတယ္။ တိုက္ပြဲေတြ က်ယ္ျပန႔္လာရင္ေတာ့ စစ္ေရွာင္ေတြက ထပ္တိုး လာဖို႔ပဲ ရွိတယ္” ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD (မိုးေမာက္) တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

၎တို႔ ဆုတ္ေပးလိုက္ရသည့္ စခန္းကုန္းမ်ား ျပန္လည္ရရွိႏိုင္ေရး ေဝဟင္ထိုးစစ္၊ ေျမျပင္ထိုးစစ္မ်ားျဖင့္ ကခ်င္ လြတ္လပ္ေရးတပ္မေတာ္ KIA ကို ထိုးစစ္ဆင္တိုက္ခိုက္လွ်က္ရွိရာ ယခုခါ မိုးေမာက္ၿမိဳ႕နယ္အတြင္းက ျပည္သူ ၆၀၀၀ ေက်ာ္လည္း ေနရပ္စြန႔္ကာ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္းက တိုက္ပြဲမ်ားသည္ ေမလ ၁၁ ရက္ေန႔က စတင္၍ မံစီၿမိဳ႕နယ္ဘက္သို႔ ေရာက္ရွိလာခဲ့ သည္။

စစ္ေကာင္စီတပ္၏ စစ္အင္အားတိုးခ်ဲ႕ ျဖည့္တင္းေနမႈ၊ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈေၾကာင့္ တိုက္ပြဲမ်ား ပိုမိုျပင္း ထန္စြာ ျဖစ္ပြားလာႏိုင္သည္ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။

“ေျပာရမယ္ဆိုရင္ေတာ့ သူတို႔က စစ္အင္အားလည္း ထပ္တိုးျဖည့္ေနတယ္၊ အခုလက္ရွိ ဆက္ျဖစ္ေနတဲ့ အေျခ အေနေတြကို ၾကည့္ရင္ေတာ့ တိုက္ပြဲက ပိုၿပီး ျပင္းထန္လာႏိုင္တဲ့ အေျခအေနမွာရွိတယ္လို႔ သုံးသပ္လို႔ရႏိုင္ပါ တယ္။ က်ေနာ္တို႔ကလည္း သူတို႔ဘက္က ပစ္မယ္၊ တိုက္မယ္၊ တက္လာမယ္ဆိုရင္ ပစ္ရမွာပဲေလေနာ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မတ္လကစတင္ၿပီး ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား-ဗန္းေမာ္လမ္းမႀကီး တစ္ ေလွ်ာက္၊ မိုးညႇင္း၊ ဖားကန႔္၊ တႏိုင္း-လီဒိုလမ္းမတစ္လွ်ာက္၊ အင္ဂ်န္းယန္၊ နမၼတီး၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ တဝိုက္ ႏွင့္ ဆဒုံးၿမိဳ႕နယ္တို႔တြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္းစစ္တပ္တို႔အၾကား တိုက္ပြဲမ်ား ျပန္လည္ ျဖစ္ပြားလွ်က္ ရွိသည္။

သို႔ေသာ္ အဆိုပါေဒသမ်ားအတြင္းက တိုက္ပြဲမ်ား လက္ရွိတြင္ ရပ္တန႔္ေနေသာ္လည္း ဗန္းေမာ္၊ မိုးေမာက္ႏွင့္ မံစီ ၿမိဳ႕နယ္မ်ားအတြင္းသို႔ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားက လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္ေနဆဲ ျဖစ္ သည္ဟု ေဒသခံမ်ားႏွင့္ KIO က ေျပာသည္။

တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနသည့္ တစ္ဖက္တြင္ စစ္ေကာင္စီ၏တပ္ဖြဲ႕မ်ားက ကခ်င္ျပည္နယ္၏ ေနရာ အႏွံ႔တြင္ တပ္အင္အားမ်ား ျဖည့္တင္းေနသည့္အတြက္ ႏွစ္ဖက္ စစ္ေရးတင္းမာမႈမ်ားရွိေနၿပီး ႀကီးမားျပင္း ထန္ သည့္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားလာႏိုင္သည္ဟု KIO က ေျပာသည္။