ဘုရားသုံးဆူတွင် ဒုတပ်ရင်းမှူးဟောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မေလ ၁၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ က ဒေသ ခံများက ပြောသည်။
“ဒီမနက် ၉ နာရီကျော်ကျော်လောက်မှာ ဖြစ်သွားတယ်၊ သေနတ်နဲ့ ပစ်သွားတယ်၊ ဆိုင်ကယ်နဲ့ လာပြီးတော့ ပစ် သွားတယ်လို့တော့ ပြောတယ်၊ ဘယ်သူဘယ်ဝါလဲဆိုတာတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
အသတ်ခံရသူမှာ ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် ၏ အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းဆိုသူဖြစ်သည် ဟု ဒေသခံများက ပြောသည်။
ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်က အမည်အသိလူတစ်စုတို့မှ ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်း ဖြစ် သည်။
ဦးကျော်ဇင်မင်းသည် ၎င်း၏ ကား၊ ဆိုင်ကယ် ရေဆေးဆီလိုက်ဆိုင်တွင် ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံများ က ပြောသည်။
အခင်းဖြစ်ပွားရာနေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့မှ အင်အားဖြင့် လုံခြုံရေးရယူထားပြီး အသွား အလာများလည်း ပိတ်ထားသည်ဟုလည်း သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းသည် ဒုတပ်ရင်းမှူးအဆင့်ဖြင့် စစ်တပ် မှ အငြိမ်းစားယူထားသူ တစ်ဦးဖြစ်သည်ဟုလည်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ဘုရားသုံးဆူမြို့တွင် အာဏာသိမ်း စစ်ကောင်စီတို့မှ ဆန္ဒပြသူတို့ကို လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်နေသော် လည်း မြို့ခံများက စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ် စစ်ဆေးမှုများ လည်း ရှိလာသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
ဘုရားသုံးဆူတြင္ ဒုတပ္ရင္းမႉးေဟာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၁၉ ရက္။
ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕ရွိ အာဏာသိမ္းစစ္ေကာင္စီခန႔္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ပစ္ခတ္ခံခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေမလ ၁၉ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္သည္ဟု ဘုရားသုံးဆူၿမိဳ႕ က ေဒသ ခံမ်ားက ေျပာသည္။
“ဒီမနက္ ၉ နာရီေက်ာ္ေက်ာ္ေလာက္မွာ ျဖစ္သြားတယ္၊ ေသနတ္နဲ႔ ပစ္သြားတယ္၊ ဆိုင္ကယ္နဲ႔ လာၿပီးေတာ့ ပစ္ သြားတယ္လို႔ေတာ့ ေျပာတယ္၊ ဘယ္သူဘယ္ဝါလဲဆိုတာေတာ့ မသိဘူး” ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
အသတ္ခံရသူမွာ ဘုရားသုံးဆူၿမိဳ႕ အမွတ္(၄) ရပ္ကြက္ ၏ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဇင္မင္းဆိုသူျဖစ္သည္ ဟု ေဒသခံမ်ားက ေျပာသည္။
ယေန႔နံနက္ ၉ နာရီဝန္းက်င္ခန႔္က အမည္အသိလူတစ္စုတို႔မွ ဆိုင္ကယ္ျဖင့္ လာေရာက္ ပစ္သတ္သြားျခင္း ျဖစ္ သည္။
ဦးေက်ာ္ဇင္မင္းသည္ ၎၏ ကား၊ ဆိုင္ကယ္ ေရေဆးဆီလိုက္ဆိုင္တြင္ ရွိေနစဥ္ ပစ္သတ္ခံရျခင္းျဖစ္သည္ဟု ၿမိဳ႕ခံမ်ား က ေျပာသည္။
အခင္းျဖစ္ပြားရာေနရာတြင္ အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕တို႔မွ အင္အားျဖင့္ လုံၿခဳံေရးရယူထားၿပီး အသြား အလာမ်ားလည္း ပိတ္ထားသည္ဟုလည္း သိရသည္။
ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဇင္မင္းသည္ ဒုတပ္ရင္းမႉးအဆင့္ျဖင့္ စစ္တပ္ မွ အၿငိမ္းစားယူထားသူ တစ္ဦးျဖစ္သည္ဟုလည္း ၿမိဳ႕ခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
ဘုရားသုံးဆူၿမိဳ႕တြင္ အာဏာသိမ္း စစ္ေကာင္စီတို႔မွ ဆႏၵျပသူတို႔ကို လိုက္လံ ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနေသာ္ လည္း ၿမိဳ႕ခံမ်ားက စစ္အာဏာရွင္ကို ဆက္လက္ ဆန႔္က်င္ဆႏၵျပေနၾကဆဲျဖစ္သည္။
ယခုရက္ပိုင္းအတြင္း ဘုရားသုံးဆူၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈျဖစ္စဥ္မ်ားလည္း ျဖစ္ေပၚခဲ့ၿပီး ၿမိဳ႕ေပၚ စစ္ေဆးမႈမ်ား လည္း ရွိလာသည္ဟု ေဒသခံမ်ားက ေျပာသည္။