ကွတ်ခိုင်ပြည်သူများ စားဝတ်နေရေး အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်။

စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အတွင်းက ဒေသခံပြည်သူများ အလုပ်အကိုင်များ ရပ်တန့်ထားရပြီး ယခုအခါ စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ်နှင့် ၁ မိုင်ကျော်အကွာတွင်ရှိသည့် နမ့်ပါချီး ကျေးရွာမှ ရွာသား ၄၀၀ ကျော် သည် ယခုရက်ပိုင်းတွင် ကျေးရွာအနီးဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ၊ ဆီကားများ မီးရှို့ခံရမှုများနှင့် လက်နက်ကိုင် အဖွဲ့ များ ကျေးရွာအနီးလှုပ်ရှာနေသေးသည့်အတွက် အပြင်ထွက် အလုပ်လုပ်ရန်ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။

“အခုလက်ရှိက ငြိမ်နေပါတယ်။ ကျနော်တို့လည်း အဲ့ဒီရွာကို အစားအသောက်တွေသွားလှူတာရှိပါတယ်။ တိုက် ပွဲကတော့ ငြိမ်နေပါတယ်။ သူတို့ကရွာကနေ အခုက အလုပ်လုပ်တာတွေ အခက်အခဲရှိနေတာဗျ။ အသင်းတွေ ကတော့ တတ်နိုင်သလောက်တော့ ကူညီပေးပါတယ်။ ငြိမ်နေတယ်ဆိုပေမယ့် လက်နက်ကိုင်တွေက ရှိနေသေး တယ်တဲ့ အဲ့လိုပြောတယ်။ စစ်တပ်ကလည်းရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်လည်း ရှိနေတယ်။ အလုပ် လုပ်ဖို့ မရဘူးဖြစ်တယ်တဲ့။ နေ့စားများတယ် အဲ့ဒီရွာကလူတွေက။ အဓိကတော့ ဆန်တို့၊ စားသောက်ကုန် တို့ လို အပ်တာပါ။”

မေလ ၁၇ ရက်နေ့ ညနေပိုင်းနှင့် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်-ကွတ်ခိုင်-သိန္နီလမ်းမကြီးပေါ်တွင် ပစ်ခတ် မှုများ ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ဆီတင်ကားအချို့ကို ကချင်လွတ်လပ် ရေးတပ်မတော် KIA က လမ်းတွင် ပစ်ခတ်ဖောက်ခွဲခဲ့သည်။

အဆိုပါ ပစ်ခတ်မှုများ မတိုင်ခင်ကလည်း ထိုနေရာနှင့်အနီးတဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ် ကောင်စီတပ်တို့အကြား ထိတွေ့မှုများ မကြာခန ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“အဲ့ဒီရွာက လူစုံပဲ။ နမ့်ပါချီး၊ တရုတ်တွေလည်းရှိတယ်။ ကချင်လည်းရှိတယ်။ ဗမာတွေလည်း များတယ်။ အိမ် ခြေက ၇၂ အိမ်၊ လူဦးရေက ၄၀၀ ကျော်ရှိတယ်။ ကွတ်ခိုင်က အဖွဲ့တွေက သူတို့ကို သွားကူတာပေါ့။ တတ်နိုင် သလောက်ပါ။ စုပေါင်းပြီး သွားကူပေးကြတာပါ” ဟု ကွတ်ခိုင်မြို့က ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ က လူငယ်များ၊ Dan Church Aid(DCA)-Norwegian Church Aid(NCA) Myanmar အဖွဲ့နှင့် NeT Organization အဖွဲ့တို့က မေလ ၁၉ ရက်နေ့က ကွတ်ခိုင်မြို့နှင့် တစ်မိုင်အကျော်က နမ့်ပါချီးကျေးရွာက အိမ်ထောင်စု ၇၂ စု၊ လူဦးရေ ၄၂၆ ဦးတို့အတွက် ဆန်နှင့် အခြားစားနပ်ရိက္ခာများကို သွားရောက် ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

နမ့်ပါချီး ကျေးရွာသည် တရုတ်၊ ကချင်နှင့် ဗမာတိုင်းရင်းသားများ အများစုနေထိုင်ပြီး ကျေးရွာနေ ပြည်သူအများစုမှ နေ့စား အလုပ်လုပ်ကိုင်ကြရာ ယခုခါ နေ့စားအလုပ်များ သွားရောက်လုပ်ရန် အခက်အခဲများ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း မေလထဲတွင် စစ်ကောင်စီတပ်နှင့် တအန်း(TNLA)၊ ကိုးကန့်(MNDAA) တို့အကြား လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် လူဦရေး ၂၀၀ ကျော်ခန့် စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးကြရသည်။

Photo – MNWM

*** ZAWGYI ***
ကြတ္ခိုင္ျပည္သူမ်ား စားဝတ္ေနေရး အခက္ေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၀ ရက္။

စစ္ေရးပဋိပကၡမ်ား၊ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ေနသည့္အတြက္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ အတြင္းက ေဒသခံျပည္သူမ်ား အလုပ္အကိုင္မ်ား ရပ္တန႔္ထားရၿပီး ယခုအခါ စားဝတ္ေနေရးအတြက္ အခက္အခဲမ်ား ျဖစ္ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ ၁ မိုင္ေက်ာ္အကြာတြင္ရွိသည့္ နမ့္ပါခ်ီး ေက်း႐ြာမွ ႐ြာသား ၄၀၀ ေက်ာ္ သည္ ယခုရက္ပိုင္းတြင္ ေက်း႐ြာအနီးျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈမ်ား၊ ဆီကားမ်ား မီးရႈိ႕ခံရမႈမ်ားႏွင့္ လက္နက္ကိုင္ အဖြဲ႕ မ်ား ေက်း႐ြာအနီးလႈပ္ရွာေနေသးသည့္အတြက္ အျပင္ထြက္ အလုပ္လုပ္ရန္ခက္ခဲေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

“အခုလက္ရွိက ၿငိမ္ေနပါတယ္။ က်ေနာ္တို႔လည္း အဲ့ဒီ႐ြာကို အစားအေသာက္ေတြသြားလႉတာရွိပါတယ္။ တိုက္ ပြဲကေတာ့ ၿငိမ္ေနပါတယ္။ သူတို႔က႐ြာကေန အခုက အလုပ္လုပ္တာေတြ အခက္အခဲရွိေနတာဗ်။ အသင္းေတြ ကေတာ့ တတ္ႏိုင္သေလာက္ေတာ့ ကူညီေပးပါတယ္။ ၿငိမ္ေနတယ္ဆိုေပမယ့္ လက္နက္ကိုင္ေတြက ရွိေနေသး တယ္တဲ့ အဲ့လိုေျပာတယ္။ စစ္တပ္ကလည္းရွိတယ္။ တိုင္းရင္းသားလက္နက္ကိုင္လည္း ရွိေနတယ္။ အလုပ္ လုပ္ဖို႔ မရဘူးျဖစ္တယ္တဲ့။ ေန႔စားမ်ားတယ္ အဲ့ဒီ႐ြာကလူေတြက။ အဓိကေတာ့ ဆန္တို႔၊ စားေသာက္ကုန္ တို႔ လို အပ္တာပါ။”

ေမလ ၁၇ ရက္ေန႔ ညေနပိုင္းႏွင့္ ေမလ ၁၈ ရက္ေန႔ နံနက္ပိုင္းတြင္ မူဆယ္-ကြတ္ခိုင္-သိႏၷီလမ္းမႀကီးေပၚတြင္ ပစ္ခတ္ မႈမ်ား ျဖစ္ပြားခဲ့ၿပီး ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္၏ ဆီတင္ကားအခ်ိဳ႕ကို ကခ်င္လြတ္လပ္ ေရးတပ္မေတာ္ KIA က လမ္းတြင္ ပစ္ခတ္ေဖာက္ခြဲခဲ့သည္။

အဆိုပါ ပစ္ခတ္မႈမ်ား မတိုင္ခင္ကလည္း ထိုေနရာႏွင့္အနီးတဝိုက္တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ စစ္ ေကာင္စီတပ္တို႔အၾကား ထိေတြ႕မႈမ်ား မၾကာခန ျဖစ္ပြားလွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။

“အဲ့ဒီ႐ြာက လူစုံပဲ။ နမ့္ပါခ်ီး၊ တ႐ုတ္ေတြလည္းရွိတယ္။ ကခ်င္လည္းရွိတယ္။ ဗမာေတြလည္း မ်ားတယ္။ အိမ္ ေျခက ၇၂ အိမ္၊ လူဦးေရက ၄၀၀ ေက်ာ္ရွိတယ္။ ကြတ္ခိုင္က အဖြဲ႕ေတြက သူတို႔ကို သြားကူတာေပါ့။ တတ္ႏိုင္ သေလာက္ပါ။ စုေပါင္းၿပီး သြားကူေပးၾကတာပါ” ဟု ကြတ္ခိုင္ၿမိဳ႕က ေဒသခံတစ္ဦးက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕ က လူငယ္မ်ား၊ Dan Church Aid(DCA)-Norwegian Church Aid(NCA) Myanmar အဖြဲ႕ႏွင့္ NeT Organization အဖြဲ႕တို႔က ေမလ ၁၉ ရက္ေန႔က ကြတ္ခိုင္ၿမိဳ႕ႏွင့္ တစ္မိုင္အေက်ာ္က နမ့္ပါခ်ီး ေက်း႐ြာက အိမ္ေထာင္စု ၇၂ စု၊ လူဦးေရ ၄၂၆ ဦးတို႔အတြက္ ဆန္ႏွင့္ အျခားစားနပ္ရိကၡာမ်ားကို သြားေရာက္ ပံ့ပိုးေပးခဲ့သည္ဟု သိရသည္။

နမ့္ပါခ်ီး ေက်း႐ြာသည္ တ႐ုတ္၊ ကခ်င္ႏွင့္ ဗမာတိုင္းရင္းသားမ်ား အမ်ားစုေနထိုင္ၿပီး ေက်း႐ြာေန ျပည္သူအမ်ားစုမွ ေန႔စား အလုပ္လုပ္ကိုင္ၾကရာ ယခုခါ ေန႔စားအလုပ္မ်ား သြားေရာက္လုပ္ရန္ အခက္အခဲမ်ား ႀကဳံေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေမလထဲတြင္ စစ္ေကာင္စီတပ္ႏွင့္ တအန္း(TNLA)၊ ကိုးကန႔္(MNDAA) တို႔အၾကား လည္း တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည့္အတြက္ လူဦေရး ၂၀၀ ေက်ာ္ခန႔္ စစ္ေဘးလႊတ္ရာသို႔ ထြက္ေျပးၾကရသည္။

Photo – MNWM