သီပေါမြို့နယ်အတွင်း နောက်ထပ် ရွာသား ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်။
ရှမ်းလက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း နောက်ထပ် ရွာသား ၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ကြရသည်။
ကျေးရွာအုပ်စု ၅ ခုက ဒေသခံပြည်သူ အယောက် ၅၀၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်နေ ကြရသည်ဟု ဒေသခံများက ပြောသည်။
နမ့်လန်မြို့ ဒေသခံတစ်ဦးက “မြို့ထဲတော့ တောက်လျှောက်ဝင်လာနေကြတယ်။ အမျိုးတွေအိမ်တွေကို ဝင်နေ ကြတယ်။ နမ့်လန်မြို့ထဲကို တောက်လျှောက်ဒီမနေက်ကတည်းက လာနေကြတာ။ ကားတွေရော၊ ထော်လာဂျီ တွေရော။ ဒီဘက်ကို လာတဲ့လူတွေက အမျိုးတွေအိမ်ကိုပဲ သွားနေကြတာ။ တိုက်ပွဲက မနေ့က မနက်ခင်းပိုင်း မှာ စဖြစ်တာ။ ဒီမနက်တော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ စစ်ကြောင်းတွေက ရွာတွေထဲကို ရောက်နေလို့။ တိုင်း ရင်းသားအဖွဲ့ စစ်ကြောင်းတွေပါ။ အချင်းချင်းပါ။ နမ့်လန်ကို ဝင်လာတဲ့လူတွေက တစ်စုတစ်စည်းထဲ မဟုတ် တော့ လူဦးရေစာရင်းတောင်ကောက်လို့မရဘူး။ အမျိုးတွေအိမ်တွေကို ဝင်သွားကြတာ။ လူဦးရေ ၄၀၀၀ ကျော်၊ ၅၀၀၀ ဒါက ခန့်မှန်းတာပဲဟုတ်တယ်။ အဲ့ထက်များနိုင်တယ်” ဟု ပြောသည်။
သီပေါမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စု၊ ဝမ်စိမ်းဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ ၂၅၀၀ ကျော်ရှိနေပြီး ဖြစ်ပြီး အခြားသောရွာသာများမှာ နမ့်လန်မြို့နယ်ဘက်သို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။
သီပေါမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း မေလ ၁၉ ရက်နေ့ (ယမန်နေ့) က စတင်ပြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ရှောင်များအား သွားရောက်ကူညီပေးနေသူ တစ်ဦး က “မနေ့က မနက်ခင်းတပိုင်းလုံးပဲ။ နေ့လည် ၁၁ ခွဲလောက်မှ ငြိမ်သွားတာ အသံက။ စစ်ရှောင်တွေက မနေ့က မနက်ခင်းကတည်းက ပြေးနေကြတာ။ ဒီနေ့အထိ တောက်လျှောက်ဝင်လာနေတာ။ အခုက တိုက်ပွဲသံတော့ မကြားတော့ဘူး။ စစ်ကြောင်းတွေ ရွာထဲဝင်လာလို့ ပစ်မှာစိုးလို့ ထွက်ပြေးကြတာ။ ရှမ်းနှစ်ဖွဲ့က ဖြစ်နေတာ။ TNLA က ဒီမှာ မရှိဘူး” ဟု ပြောသည်။
သီပေါမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စုက ဝမ်စိမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင် လူဦးရေ ၂၅၅၁ ရှိရောက် နေပြီ ဖြစ်ပြီး ယနေ့တွင်လည်း ကျေးရွာအုပ်စု ၅ ခုက ဒေသခံပြည်သူတွေ ဆက်တိုက် ကျေးရွာများစွန့်ကာ စစ်ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။
“မနေ့က ဝမ်စိမ်းကျောင်းမှာ ရောက်နေတာ တစ်ထောင်ကျော်က။ အခုဒီဘက်ထွက်လာတာက မန်ကျောင်းအုပ် စု။ ကျေးရွာအုပ်စု ၅ စုလောက်ရှိမယ် ပြေးရတာ။ ဝမ်စိမ်း က ကွန်းရုံးအုပ်စုလို့ ခေါ်တယ်။ အဲ့ဒီ အုပ်စုရယ်။ မန်ကျောင်းအုပ်စုရယ်၊ နားလေအုပ်စုရယ်၊ ဟိုခဲအုပ်စု၊ ဖာရေးအုပ်စုတွေက လူတွေ ပြေးရတာ။ အုပ်စု တစ်ခု မှာ ကျေးရွာပေါင်း ၅ ရွာကနေ ၉ ရွာလောက်ရှိတယ်။ လူဦးရေက ခန့်မှန်းလို့မရသေးဘူး။ အခု ပြောနေတုန်းကို လူ တွေက တောက်လျှောက်ဝင်လာနေတာ။ ထော်လာဂျီတွေနဲ့ ပြောင်းသယ်တဲ့လူနဲ့ ပဲသယ်တဲ့ လူတွေနဲ့ စုံစိနေ တာပဲ။ ပစ္စည်းတေက ထော်လာဂျီတစ်တန်၊ ကားတစ်တန်နဲ့ လူတွေက ဆိုင်ကယ်တွေနဲ့ အကုန် ပြေးလာနေ ကြတာ။ အားလုံးပေါင်းရင်တော့ ၃၀၀၀ ကျော်၊ ၄၀၀၀ ရှိမယ်ထင်တယ်။ အတိအကျမရသေးဘူး။”
ယခုထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများမှာ ဝမ်းစိမ်း (ခေါ်) ကုံးယုံးကျေးရွာအုပ်စု၊ မန် ကျောင်း ကျေးရွာအုပ်စု၊ နားလေကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများက ဒေသခံရွာသား များဖြစ်ကြသည်ဟု ပြောသည်။
အဆိုပါဒေသများအနီး ယမန်နေ့ နံနက်ပိုင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းက စတင်၍ နှစ်ဖက်လက်နက်ကိုင်များက အဆိုပါကျေးရွာများထဲသို့ စစ်ကြောင်းများ ထပ်မံထိုး လာသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်၍ ယခုကဲ့သို့ ထွက်ပြေးရခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။
ဟိုခဲကျေးရွာအုပ်စုထဲတွင် ဟိုခဲ၊ တောင်ကြီး၊ ဖာရေး၊ နောင်သန့်လုပ်ယုံး၊ နမ့်ချောပန်မေ၊ ခဲယွမ်းမကျိုင်း၊ ခိုင်းယုံး ကျေးရွာများ၊ မန်ကျောင်းကျေးရွာအုပ်စုထဲတွင် မန်ကျောင်း၊ နောင်ပိန်၊ ပန်ဟုံး၊ လွယ်လုံ၊ တိန်းမွန်းနားမုံ၊ နား လေ(လီ)ကျေးရွာအုပ်စုထဲတွင် နားလေ၊ နားဟိုင်း၊ ခိုင်းဆင်၊ ပိန်းဆာ၊ ခိုင်းအန် နှင့် ကုံးယုံး (ခေါ်) ဝမ်စိမ်း ကျေးရွာ အုပ်စုထဲတွင် ကုံးယုံး၊ ကုန်းညု၊ ပန်ဆင်၊ ကုန်းမုံ၊ မန်တပ်၊ ကောင်းခန်၊ စံကား၊ စယ်ဟိန်း စသည့် ကျေးရွာများ ရှိ သည်ဟု သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များက ထုတ်ပြန်ထား သည်။
ကုံးယုံး (ခေါ်) ဝမ်စိမ်းကျေးရွာအုပ်စုထဲတွင် လူဦးရေ ၁၈၃၈ ဦး၊ နားလေ(လီ) အုပ်စုတွင် လူဦးရေ ၁၅၉၀ ဦး၊ မန် ကျောင်းကျေးရွာအုပ်စုတွင် လူဦးရေ ၁၂၆၃ ဦး၊ ဟိုခဲကျေးရွာအုပ်စုတွင် လူဦးရေ ၂၄၃၄ ဦး ရှိသည်ဟု ၂၀၁၉ ခုနှစ်က ထုတ်ပြန်ထားသည့် သီပေါမြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက် များ၏ စာရင်းဇယားများအရ သိရသည်။
*** ZAWGYI ***
သီေပါၿမိဳ႕နယ္အတြင္း ေနာက္ထပ္ ႐ြာသား ၅၀၀၀ ေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၀ ရက္။
ရွမ္းလက္နက္ကိုင္မ်ားအၾကား တိုက္ပြဲမ်ားေၾကာင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္အတြင္း ေနာက္ထပ္ ႐ြာသား ၅၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ၾကရသည္။
ေက်း႐ြာအုပ္စု ၅ ခုက ေဒသခံျပည္သူ အေယာက္ ၅၀၀၀ ေက်ာ္ခန႔္ စစ္ေဘးတိမ္းေရွာင္ေန ၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။
နမ့္လန္ၿမိဳ႕ ေဒသခံတစ္ဦးက “ၿမိဳ႕ထဲေတာ့ ေတာက္ေလွ်ာက္ဝင္လာေနၾကတယ္။ အမ်ိဳးေတြအိမ္ေတြကို ဝင္ေန ၾကတယ္။ နမ့္လန္ၿမိဳ႕ထဲကို ေတာက္ေလွ်ာက္ဒီမေနက္ကတည္းက လာေနၾကတာ။ ကားေတြေရာ၊ ေထာ္လာဂ်ီ ေတြေရာ။ ဒီဘက္ကို လာတဲ့လူေတြက အမ်ိဳးေတြအိမ္ကိုပဲ သြားေနၾကတာ။ တိုက္ပြဲက မေန႔က မနက္ခင္းပိုင္း မွာ စျဖစ္တာ။ ဒီမနက္ေတာ့ တိုက္ပြဲျဖစ္တာမဟုတ္ဘူး။ စစ္ေၾကာင္းေတြက ႐ြာေတြထဲကို ေရာက္ေနလို႔။ တိုင္း ရင္းသားအဖြဲ႕ စစ္ေၾကာင္းေတြပါ။ အခ်င္းခ်င္းပါ။ နမ့္လန္ကို ဝင္လာတဲ့လူေတြက တစ္စုတစ္စည္းထဲ မဟုတ္ ေတာ့ လူဦးေရစာရင္းေတာင္ေကာက္လို႔မရဘူး။ အမ်ိဳးေတြအိမ္ေတြကို ဝင္သြားၾကတာ။ လူဦးေရ ၄၀၀၀ ေက်ာ္၊ ၅၀၀၀ ဒါက ခန႔္မွန္းတာပဲဟုတ္တယ္။ အဲ့ထက္မ်ားႏိုင္တယ္” ဟု ေျပာသည္။
သီေပါၿမိဳ႕နယ္၊ ဝမ္စိမ္းေက်း႐ြာအုပ္စု၊ ဝမ္စိမ္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ လူဦးေရ ၂၅၀၀ ေက်ာ္ရွိေနၿပီး ျဖစ္ၿပီး အျခားေသာ႐ြာသာမ်ားမွာ နမ့္လန္ၿမိဳ႕နယ္ဘက္သို႔ ထြက္ေျပးေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။
သီေပါၿမိဳ႕နယ္၊ ဝမ္စိမ္းေက်း႐ြာအုပ္စုအတြင္း ေမလ ၁၉ ရက္ေန႔ (ယမန္ေန႔) က စတင္ၿပီး ရွမ္းတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ျဖစ္ၾကသည့္ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA) ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ ေရးေကာင္စီ (RCSS/SSA) တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
စစ္ေရွာင္မ်ားအား သြားေရာက္ကူညီေပးေနသူ တစ္ဦး က “မေန႔က မနက္ခင္းတပိုင္းလုံးပဲ။ ေန႔လည္ ၁၁ ခြဲေလာက္မွ ၿငိမ္သြားတာ အသံက။ စစ္ေရွာင္ေတြက မေန႔က မနက္ခင္းကတည္းက ေျပးေနၾကတာ။ ဒီေန႔အထိ ေတာက္ေလွ်ာက္ဝင္လာေနတာ။ အခုက တိုက္ပြဲသံေတာ့ မၾကားေတာ့ဘူး။ စစ္ေၾကာင္းေတြ ႐ြာထဲဝင္လာလို႔ ပစ္မွာစိုးလို႔ ထြက္ေျပးၾကတာ။ ရွမ္းႏွစ္ဖြဲ႕က ျဖစ္ေနတာ။ TNLA က ဒီမွာ မရွိဘူး” ဟု ေျပာသည္။
သီေပါၿမိဳ႕နယ္၊ ဝမ္စိမ္းေက်း႐ြာအုပ္စုက ဝမ္စိမ္းဘုန္းႀကီးေက်ာင္းတြင္ စစ္ေရွာင္ လူဦးေရ ၂၅၅၁ ရွိေရာက္ ေနၿပီ ျဖစ္ၿပီး ယေန႔တြင္လည္း ေက်း႐ြာအုပ္စု ၅ ခုက ေဒသခံျပည္သူေတြ ဆက္တိုက္ ေက်း႐ြာမ်ားစြန႔္ကာ စစ္ေဘး လြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကသည္ဟု ေဒသခံမ်ားႏွင့္ အကူအညီေပးေနသူမ်ားက ေျပာသည္။
“မေန႔က ဝမ္စိမ္းေက်ာင္းမွာ ေရာက္ေနတာ တစ္ေထာင္ေက်ာ္က။ အခုဒီဘက္ထြက္လာတာက မန္ေက်ာင္းအုပ္ စု။ ေက်း႐ြာအုပ္စု ၅ စုေလာက္ရွိမယ္ ေျပးရတာ။ ဝမ္စိမ္း က ကြန္း႐ုံးအုပ္စုလို႔ ေခၚတယ္။ အဲ့ဒီ အုပ္စုရယ္။ မန္ေက်ာင္းအုပ္စုရယ္၊ နားေလအုပ္စုရယ္၊ ဟိုခဲအုပ္စု၊ ဖာေရးအုပ္စုေတြက လူေတြ ေျပးရတာ။ အုပ္စု တစ္ခု မွာ ေက်း႐ြာေပါင္း ၅ ႐ြာကေန ၉ ႐ြာေလာက္ရွိတယ္။ လူဦးေရက ခန႔္မွန္းလို႔မရေသးဘူး။ အခု ေျပာေနတုန္းကို လူ ေတြက ေတာက္ေလွ်ာက္ဝင္လာေနတာ။ ေထာ္လာဂ်ီေတြနဲ႔ ေျပာင္းသယ္တဲ့လူနဲ႔ ပဲသယ္တဲ့ လူေတြနဲ႔ စုံစိေန တာပဲ။ ပစၥည္းေတက ေထာ္လာဂ်ီတစ္တန္၊ ကားတစ္တန္နဲ႔ လူေတြက ဆိုင္ကယ္ေတြနဲ႔ အကုန္ ေျပးလာေန ၾကတာ။ အားလုံးေပါင္းရင္ေတာ့ ၃၀၀၀ ေက်ာ္၊ ၄၀၀၀ ရွိမယ္ထင္တယ္။ အတိအက်မရေသးဘူး။”
ယခုထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္ ေဒသခံျပည္သူမ်ားမွာ ဝမ္းစိမ္း (ေခၚ) ကုံးယုံးေက်း႐ြာအုပ္စု၊ မန္ ေက်ာင္း ေက်း႐ြာအုပ္စု၊ နားေလေက်း႐ြာအုပ္စု၊ ဟိုခဲေက်း႐ြာအုပ္စုအတြင္းရွိ ေက်း႐ြာမ်ားက ေဒသခံ႐ြာသား မ်ားျဖစ္ၾကသည္ဟု ေျပာသည္။
အဆိုပါေဒသမ်ားအနီး ယမန္ေန႔ နံနက္ပိုင္း ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ယေန႔နံနက္ပိုင္းက စတင္၍ ႏွစ္ဖက္လက္နက္ကိုင္မ်ားက အဆိုပါေက်း႐ြာမ်ားထဲသို႔ စစ္ေၾကာင္းမ်ား ထပ္မံထိုး လာသည့္အတြက္ တိုက္ပြဲမ်ား ျပင္းထန္လာမည္ကို စိုးရိမ္၍ ယခုကဲ့သို႔ ထြက္ေျပးရျခင္း ျဖစ္သည္ဟု ေဒသခံ မ်ားက ေျပာသည္။
ဟိုခဲေက်း႐ြာအုပ္စုထဲတြင္ ဟိုခဲ၊ ေတာင္ႀကီး၊ ဖာေရး၊ ေနာင္သန႔္လုပ္ယုံး၊ နမ့္ေခ်ာပန္ေမ၊ ခဲယြမ္းမက်ိဳင္း၊ ခိုင္းယုံး ေက်း႐ြာမ်ား၊ မန္ေက်ာင္းေက်း႐ြာအုပ္စုထဲတြင္ မန္ေက်ာင္း၊ ေနာင္ပိန္၊ ပန္ဟုံး၊ လြယ္လုံ၊ တိန္းမြန္းနားမုံ၊ နား ေလ(လီ)ေက်း႐ြာအုပ္စုထဲတြင္ နားေလ၊ နားဟိုင္း၊ ခိုင္းဆင္၊ ပိန္းဆာ၊ ခိုင္းအန္ ႏွင့္ ကုံးယုံး (ေခၚ) ဝမ္စိမ္း ေက်း႐ြာ အုပ္စုထဲတြင္ ကုံးယုံး၊ ကုန္းညဳ၊ ပန္ဆင္၊ ကုန္းမုံ၊ မန္တပ္၊ ေကာင္းခန္၊ စံကား၊ စယ္ဟိန္း စသည့္ ေက်း႐ြာမ်ား ရွိ သည္ဟု သီေပါၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ေဒသဆိုင္ရာ အခ်က္အလက္မ်ားက ထုတ္ျပန္ထား သည္။
ကုံးယုံး (ေခၚ) ဝမ္စိမ္းေက်း႐ြာအုပ္စုထဲတြင္ လူဦးေရ ၁၈၃၈ ဦး၊ နားေလ(လီ) အုပ္စုတြင္ လူဦးေရ ၁၅၉၀ ဦး၊ မန္ ေက်ာင္းေက်း႐ြာအုပ္စုတြင္ လူဦးေရ ၁၂၆၃ ဦး၊ ဟိုခဲေက်း႐ြာအုပ္စုတြင္ လူဦးေရ ၂၄၃၄ ဦး ရွိသည္ဟု ၂၀၁၉ ခုႏွစ္က ထုတ္ျပန္ထားသည့္ သီေပါၿမိဳ႕ နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ေဒသဆိုင္ရာ အခ်က္အလက္ မ်ား၏ စာရင္းဇယားမ်ားအရ သိရသည္။