ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်း တိုက်ပွဲများ ပြန်ဖြစ်၊ အရပ်သား အချို့ ထိခိုက်ဒဏ်ရာရမှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၀ ရက်နေ့ (ယမန်နေ့) ညပိုင်းက မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလော နှင့် စီဟက်ကျေးရွာများ အနီး တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ကျေးရွာများထဲအထိ ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

“ဟုတ်တယ် မနေ့ည က ဆက်တိုက်ပဲ ဒီမိုးမောက်ကနေတောင် ကြားနေရတာဟုတ်တယ်။ လက်နက်ကြီး အသံ တွေရောပဲ။ တကယ်ဆို ဒီရက်ပိုင်းက တိုက်ပွဲမဖြစ်တာ နည်းနည်း ကြာလာပြီ၊ စစ်တပ်က တခါခါ လက်နက် ကြီးတွေ ပစ်တာလောက်ပဲ ရှိတာဟုတ်တယ်။ အဲ့ဒါ မနေ့ညကတော့ တိုက်ပွဲပြန်ဖြစ်တာပေါ့။ စီဟက်ရွာက နှစ် ယောက် ဒဏ်ရာရတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဒီလက်နက်ကြီး ကျည်စလား အဲ့ဒါ မှန်တယ်ပြောတယ်။ အမျိုးသမီးက ပခုံးနဲ့ နောက်ကျောဘက်မှာ ဒဏ်ရာရသွား တယ်လို့ ပြောတယ်” ဟု မိုးမောက်မြို့က ဒေသခံတစ်ဦး က ပြောသည်။

စီဟက် ကျေးရွာက အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသမီးမှာ ပခုံးနှင့် နောက်ကျောဘက်တွင် ဒဏ်ရာရရှိခဲ့ပြီး ယနေ့နံနက်ပိုင်းက ၎င်းတို့ နှစ်ဦး ကို ဗန်းမော်ဆေးရုံသို့ ပို့လိုက်ပြီဟု သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် စီဟက်ကျေးရွာမှ လူနေအိမ်များ လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် ၁၀ အိမ် ထက် မနည်း ပျက်စီးခဲ့ရပြီး ကုန်းလောကျေးရွာအတွင်းကလည်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ လူ နေအိမ် ၇ လုံးခန့်နှင့် စပါးကျီများ ပျက်စီး ကုန်သည်ဟု ဒေသခံများက ပြောသည်။

လူ နေအိမ်များ ထိမှန်ပျက်စီး ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ သွားရောက် မှတ်တမ်းယူခဲ့သည့် မိုးမောက် ဒေသခံ တစ်ဦး က “ဟုတ်တယ် မနေ့က ည ၉ နာရီလောက်က စဖြစ်တာ။ မြို့သစ်၊ ကုန်းလော၊ ဒီ စီဟက် အဲ့ဒီဘက် တွေမှာဖြစ်တာ။ လက်နက်ကြီးတွေနဲ့လည်း နာရီဝက်တစ်နာရီလောက် ပစ်တယ်။ အိမ်တွေလည်း ထိပြီး ပျက် ကုန်တာအများကြီးပဲ။ စီးဟက်ဘက်မှာ ၁၀ လုံးမကဘူးနော်။ နောက်ပြီး ကုန်းလောက ဟိုးတခါက လက်နက် ကြီးကျည်ကျတဲ့ ဘုန်းကြီးကျောင်းလေ အဲ့ကျောင်းလည်း ခေါင်မိုးတွေ ပွင့်ကုန်တယ်၊ ပြီးတော့ အဲ့ကျောင်းရဲ့ ဆွမ်းစားဆောင်ထိတယ်။ ရွာသားတွေအိမ်တွေ၊ စပါးကျီတွေလည်း ပျက်ကုန်တယ်။ အဲ့မှာက အစက လူက သိပ်တော့ မရှိတော့ဘူးနော် အားလုံးနီးပါးက ထွက်ပြေးနေတာ ရွာအစောင့်ပဲရှိတာ။ အခုက ဒီရက်ပိုင်းမှာ တိုက် ပွဲက နည်းနည်းငြိမ်တော့ တချို့လည်း စိုက်ပျိုး ရာသီရောက်လာပြီဆို တော့ သွားပြင်ဆင်တဲ့လူတွေလည်း ရှိ တယ်။ အဲ့ဒါ အကုန်ပြန် ထွက်ပြေးရတယ်” ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်၏ တပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၃၂၀ နှင့် တပ်ရင်း ၃၈၇ တို့ ရှိပြီး အဆိုပါ တပ်ရင်းများအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ် ခတ်ခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မတ်လ ကတည်းက ပြန်လည်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်းက စစ် ရေးပဋိပက္ခများ၊ တိုက်ပွဲများကြောင့် အလော့ဒ်ဘွမ်(စခန်းကုန်း) အပါအဝင် ၎င်းတို့၏ စခန်းကုန်းငယ်အချို့ ဆုတ် ပေးလိုက်ရသည့်နောက် မိုးမောက်မြို့နယ်အတွင်း စစ်အင်အားများ ဖြည့်တင်းကာ တိုက်ပွဲများ ဆက်တိုက် ဖြစ် ပွားလျှက်ရှိသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားများ ဆက်တိုက် ဖြည့်တင်းနေပြီး မေလ ၁၇ ရက်နေ့ကလည်း လေကြောင်းဖြင့် လူအင်အားများ ထပ်မံ ဖြည့်တင်းလျှက် ရှိသည် ဟု KIO/KIA က ပြောသည်။

Photo – CJ

*** ZAWGYI ***
ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္ အတြင္း တိုက္ပြဲမ်ား ျပန္ျဖစ္၊ အရပ္သား အခ်ိဳ႕ ထိခိုက္ဒဏ္ရာရမႈရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၁ ရက္။

ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္အတြင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္း စစ္ေကာင္စီ တပ္တို႔အၾကား တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေမလ ၂၀ ရက္ေန႔ (ယမန္ေန႔) ညပိုင္းက မိုးေမာက္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္၊ ကုန္းေလာ ႏွင့္ စီဟက္ေက်း႐ြာမ်ား အနီး တြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးမ်ားျဖင့္ ေက်း႐ြာမ်ားထဲအထိ ပစ္ခတ္ခဲ့သည့္အတြက္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားလည္း ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ဟုတ္တယ္ မေန႔ည က ဆက္တိုက္ပဲ ဒီမိုးေမာက္ကေနေတာင္ ၾကားေနရတာဟုတ္တယ္။ လက္နက္ႀကီး အသံ ေတြေရာပဲ။ တကယ္ဆို ဒီရက္ပိုင္းက တိုက္ပြဲမျဖစ္တာ နည္းနည္း ၾကာလာၿပီ၊ စစ္တပ္က တခါခါ လက္နက္ ႀကီးေတြ ပစ္တာေလာက္ပဲ ရွိတာဟုတ္တယ္။ အဲ့ဒါ မေန႔ညကေတာ့ တိုက္ပြဲျပန္ျဖစ္တာေပါ့။ စီဟက္႐ြာက ႏွစ္ ေယာက္ ဒဏ္ရာရတယ္။ အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ ဒီလက္နက္ႀကီး က်ည္စလား အဲ့ဒါ မွန္တယ္ေျပာတယ္။ အမ်ိဳးသမီးက ပခုံးနဲ႔ ေနာက္ေက်ာဘက္မွာ ဒဏ္ရာရသြား တယ္လို႔ ေျပာတယ္” ဟု မိုးေမာက္ၿမိဳ႕က ေဒသခံတစ္ဦး က ေျပာသည္။

စီဟက္ ေက်း႐ြာက အသက္ ၅၆ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးမွာ ဝမ္းဗိုက္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးမွာ ပခုံးႏွင့္ ေနာက္ေက်ာဘက္တြင္ ဒဏ္ရာရရွိခဲ့ၿပီး ယေန႔နံနက္ပိုင္းက ၎တို႔ ႏွစ္ဦး ကို ဗန္းေမာ္ေဆး႐ုံသို႔ ပို႔လိုက္ၿပီဟု သိရသည္။

အဆိုပါ တိုက္ပြဲေၾကာင့္ စီဟက္ေက်း႐ြာမွ လူေနအိမ္မ်ား လက္နက္ႀကီးက်ည္ထိမွန္၍ ေနအိမ္ ၁၀ အိမ္ ထက္ မနည္း ပ်က္စီးခဲ့ရၿပီး ကုန္းေလာေက်း႐ြာအတြင္းကလည္း ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္း၊ လူ ေနအိမ္ ၇ လုံးခန႔္ႏွင့္ စပါးက်ီမ်ား ပ်က္စီး ကုန္သည္ဟု ေဒသခံမ်ားက ေျပာသည္။

လူ ေနအိမ္မ်ား ထိမွန္ပ်က္စီး ခဲ့ရသည့္ ကိစၥႏွင့္ ပတ္သက္၍ သြားေရာက္ မွတ္တမ္းယူခဲ့သည့္ မိုးေမာက္ ေဒသခံ တစ္ဦး က “ဟုတ္တယ္ မေန႔က ည ၉ နာရီေလာက္က စျဖစ္တာ။ ၿမိဳ႕သစ္၊ ကုန္းေလာ၊ ဒီ စီဟက္ အဲ့ဒီဘက္ ေတြမွာျဖစ္တာ။ လက္နက္ႀကီးေတြနဲ႔လည္း နာရီဝက္တစ္နာရီေလာက္ ပစ္တယ္။ အိမ္ေတြလည္း ထိၿပီး ပ်က္ ကုန္တာအမ်ားႀကီးပဲ။ စီးဟက္ဘက္မွာ ၁၀ လုံးမကဘူးေနာ္။ ေနာက္ၿပီး ကုန္းေလာက ဟိုးတခါက လက္နက္ ႀကီးက်ည္က်တဲ့ ဘုန္းႀကီးေက်ာင္းေလ အဲ့ေက်ာင္းလည္း ေခါင္မိုးေတြ ပြင့္ကုန္တယ္၊ ၿပီးေတာ့ အဲ့ေက်ာင္းရဲ႕ ဆြမ္းစားေဆာင္ထိတယ္။ ႐ြာသားေတြအိမ္ေတြ၊ စပါးက်ီေတြလည္း ပ်က္ကုန္တယ္။ အဲ့မွာက အစက လူက သိပ္ေတာ့ မရွိေတာ့ဘူးေနာ္ အားလုံးနီးပါးက ထြက္ေျပးေနတာ ႐ြာအေစာင့္ပဲရွိတာ။ အခုက ဒီရက္ပိုင္းမွာ တိုက္ ပြဲက နည္းနည္းၿငိမ္ေတာ့ တခ်ိဳ႕လည္း စိုက္ပ်ိဳး ရာသီေရာက္လာၿပီဆို ေတာ့ သြားျပင္ဆင္တဲ့လူေတြလည္း ရွိ တယ္။ အဲ့ဒါ အကုန္ျပန္ ထြက္ေျပးရတယ္” ဟု ေျပာသည္။

ယခုတိုက္ပြဲျဖစ္ပြားေနသည့္ ေက်း႐ြာမ်ားအနီးတြင္ စစ္ေကာင္စီတပ္၏ တပ္ရင္းမ်ားျဖစ္ၾကသည့္ တပ္ရင္း ၃၂၀ ႏွင့္ တပ္ရင္း ၃၈၇ တို႔ ရွိၿပီး အဆိုပါ တပ္ရင္းမ်ားအတြင္းမွ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ဆက္တိုက္ ပစ္ ခတ္ခဲ့သည္ဟု ဆိုသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္က မတ္လ ကတည္းက ျပန္လည္ျဖစ္ပြားေနသည့္ ကခ်င္ျပည္နယ္အတြင္းက စစ္ ေရးပဋိပကၡမ်ား၊ တိုက္ပြဲမ်ားေၾကာင့္ အေလာ့ဒ္ဘြမ္(စခန္းကုန္း) အပါအဝင္ ၎တို႔၏ စခန္းကုန္းငယ္အခ်ိဳ႕ ဆုတ္ ေပးလိုက္ရသည့္ေနာက္ မိုးေမာက္ၿမိဳ႕နယ္အတြင္း စစ္အင္အားမ်ား ျဖည့္တင္းကာ တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ ပြားလွ်က္ရွိသည္။

တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ ကခ်င္ျပည္နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္က အင္အားမ်ား ဆက္တိုက္ ျဖည့္တင္းေနၿပီး ေမလ ၁၇ ရက္ေန႔ကလည္း ေလေၾကာင္းျဖင့္ လူအင္အားမ်ား ထပ္မံ ျဖည့္တင္းလွ်က္ ရွိသည္ ဟု KIO/KIA က ေျပာသည္။

Photo – CJ