ရွှေကူတွင် စစ်သားများ တင်ဆောင်လာသော သင်္ဘောကို KIA ပစ်ခတ်တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်။
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်သားများ တင်ဆောင်လာသည့် သင်္ဘော တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
မေလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်း က ရွှေကူမြို့တွင် စစ်သားများတင်ဆောင်လာသည့် သင်္ဘော ပစ်ခတ် တိုက် ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ရွှေကူမြို့ က အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။
“ဖြစ်စဉ်က အဲ့ဒီသင်္ဘောက အရင်ပစ်ခံရတဲ့ သင်္ဘောတွေလိုပဲ ကုန်တင်သင်္ဘောပုံစံပေါ့။ သူက ကသာ ကနေ ထွက်လာတာ။ ဒီရွှေကူဘက်ကိုပေါ့၊ ထွက်လာတဲ့အချိန်မှာ ဒီလမ်းမှာ ကချင်ပြည်နယ်ထဲဝင်တာ၊ စစ်ကိုင်းတိုင်း အထွက် ကချင်အဝင် အဲ့ဒီ မင်းကျောင်းကုန်းရွာကို ကျော်ပြီးတော့၊ အဲ့ဒီမင်းကျောင်းကုန်းရွာနဲ့ သာယာကုန်းရွာ ကြားမှာ တောရှိတယ်။ အဲ့တော့ဘက်နေ လှမ်းပစ်တယ်လို့သိရတယ်။ KIA ဘက်က လှမ်းပစ်တယ်။ လက်နက် ကြီးတွေလည်း သင်္ဘောပေါ်မှာပါတယ်လို့ ပြောတယ်။ အပြန်အလှန်ပစ်ကြတယ်တဲ့။ မနက်ပိုင်းပြောရမလား၊ ၁၂ နာရီ မထိုးခင်၊ ၁၁ နာရီကျော်မှာ ဖြစ်တယ်လို့ သိရတယ်။”
အဆိုပါသင်္ဘောမှာ KIA က ပစ်လိုက်သည့် ကျည်ထိမှန်ပြီး သာယာကုန်းရွာနှင့် မျက်စောင်းထိုးရှိ ဘိုကုန်းကျေးရွာ အနီးက ရေလယ်ကျွန်းနေရာတွင် ခေတ္တရပ်နားပြီးနောက် ပြန်ဆုန်ဆင်းသွားသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“ဘယ်လို လှည့်ပြန်လဲဆိုတော့ ဒီမောင်းတဲ့လူကိုထိထားလား၊ သင်္ဘောမောင်းတဲ့အခန်းကို ထိတားလားပေါ့၊ သင်္ဘောမောင်းတဲ့အခန်းဘက်ကို မှန်တယ်လို့ပြောတယ်။ အခုက အဲ့ဒီသင်္ဘောက ဘိုကုန်းကျေးရွာအရှေ့ဘက်၊ သာယာကုန်းနားမှာပေါ့ အဲ့မှာ သာယာကုန်းနဲ့ ဘိုကုန်းက မျက်စောင်းထိုးလေး၊ ဟိုဘက်ကမ်း ဒီဘက်ကမ်းလေ အဲ့ကြားထဲမှာ ကျွန်းတွေရှိတယ်။ အဲ့အလယ်က ကျွန်းမှာ ကပ်သွားတယ်။ တအောင့်လောက်နေတော့ ပြန်ဆုန် တယ်။ ဆုန်တဲ့အချိန်မှာ နှစ်မိုင်လောက်ပဲ ရောက်သေးတယ် အဲ့နှစ်မိုင်လောက်မှာ ပြန်ကပ်သွားတယ်။ ဆုန်တာ က ချာလည်ချာလည်နဲ့ ဆုန်သွားတာ။ ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်နဲ့ ကျနော်ထင်တာတော့ မောင်းတဲ့ လူ ကို ထိသွားတာလာပေါ့၊ အဲ့လိုမျိုး မှန်းတာပေါ့” မျက်မြင်သက်သေတစ်ဦး က ပြောသည်။
သင်္ဘောပစ်ခံရသည့် နေရာအနီးတဝိုက်က ဒေသခံများ၏ ပြောပြချက်အရ အဆိုပါသင်္ဘောပေါ်တွင် စစ်သားများ၊ ရိက္ခာများအပြင် လက်နက်များလည်း ပါသည်ဟု သိရသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ရွှေကူမြို့သို့ စစ်ကောင်စီတပ်က တပ်အင်အားများ ဖြည့်တင်းနေပြီး မိုးမောက် ဘက်က တပ်မ ၈၈ ကလည်း တပ်ချိန်းရောက်ရှိနေသည်ဟု ရွှေကူဒေသခံများက ပြောသည်။
“အဲ့နားက လူတွေမှန်းတာတော့ လက်နက်ကြီးတွေလည်းပါတယ်၊ စစ်သားတွေလည်းပါတယ်ဆိုတော့ စစ်သား အနည်းဆုံး ၁၀၀ လောက်ပါနိုင်တယ်ပေါ့ အဲ့လိုမှန်းကြတယ်။ အခုက ရွှေကူဘက်ကို စစ်အင်အားတော်တော် တိုးနေတယ် အရင်နေ့ကလည်း။ အရင်နေ့ဆိုတာက လွန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း တပ်မ ၈၈ ရွှေကူကို ရောက်တယ်ပေါ့။ ရွှေကူကို ရောက်တယ်ဆိုတာက မိုးမောက်ဘက်ကနေ တပ်ချိန်းလိုက်တယ်လို့ ပြောတယ်။ ဘာလို့လည်းဆိုတော့ အဲ့ရောက်လာတဲ့ထဲမှာ ဒဏ်ရာရတဲ့လူတချို့ပါလာတာတွေ့တယ်။ စစ်ကားပေါ်မှာပေါ့။ သင်္ဘောကနေ စစ်ကားပေါ်ကို ကဲ့တဲ့အချိန်မှာ။ မိုးမောက်ဘက်မှာ တပ်မ ၈၈ က ထိုးစစ်ဆင်နေတာ တော်တော် ကြာပြီလေ။ အခုက တပ်ချိန်းတယ်လို့ ပြောကြတယ်” ဟု ရွှေကူမြို့က ဒေသခံက သတင်းနှင့်မီဒီယာကွန်ရက် ကို ပြောသည်။
ရွှေကူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ သင်္ဘောများကို KIA က မကြာခဏ ပစ်ခတ်တိုက်ခိုက် လျှက်ရှိရာ မေလ ၁၁ ရက်နေ့ကလည်း ရိက္ခာနှင့် စစ်သားများ တင်ဆောင်လာသည့် သင်္ဘောတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့စည်။
ထိုသင်္ဘောပေါ်တွင် ဆန်အိတ်များ၊ အခြားစားနပ်ရိက္ခာများနှင့် စစ်သား အယောက် ၁၀၀ ခန့်ပါကြောင်း၊ KIA က ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက ၎င်းတို့၏ ရိက္ခာများကို ကားဖြင့် ပြန်လည်သယ်ယူရာ လမ်းခုလတ် တွင် KIA ထပ်မံ တားဆီးပစ်ခတ်ခဲ့သည်ဟု သိရသည်။
*** ZAWGYI ***
ေ႐ႊကူတြင္ စစ္သားမ်ား တင္ေဆာင္လာေသာ သေဘၤာကို KIA ပစ္ခတ္တိုက္ခိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၁ ရက္။
ကခ်င္ျပည္နယ္၊ ေ႐ႊကူၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္၏ စစ္သားမ်ား တင္ေဆာင္လာသည့္ သေဘၤာ တစ္စီးကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ေမလ ၂၁ ရက္ေန႔ (ယေန႔) နံနက္ပိုင္း က ေ႐ႊကူၿမိဳ႕တြင္ စစ္သားမ်ားတင္ေဆာင္လာသည့္ သေဘၤာ ပစ္ခတ္ တိုက္ ခိုက္ခံခဲ့ရျခင္းျဖစ္သည္ဟု ေ႐ႊကူၿမိဳ႕ က အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။
“ျဖစ္စဥ္က အဲ့ဒီသေဘၤာက အရင္ပစ္ခံရတဲ့ သေဘၤာေတြလိုပဲ ကုန္တင္သေဘၤာပုံစံေပါ့။ သူက ကသာ ကေန ထြက္လာတာ။ ဒီေ႐ႊကူဘက္ကိုေပါ့၊ ထြက္လာတဲ့အခ်ိန္မွာ ဒီလမ္းမွာ ကခ်င္ျပည္နယ္ထဲဝင္တာ၊ စစ္ကိုင္းတိုင္း အထြက္ ကခ်င္အဝင္ အဲ့ဒီ မင္းေက်ာင္းကုန္း႐ြာကို ေက်ာ္ၿပီးေတာ့၊ အဲ့ဒီမင္းေက်ာင္းကုန္း႐ြာနဲ႔ သာယာကုန္း႐ြာ ၾကားမွာ ေတာရွိတယ္။ အဲ့ေတာ့ဘက္ေန လွမ္းပစ္တယ္လို႔သိရတယ္။ KIA ဘက္က လွမ္းပစ္တယ္။ လက္နက္ ႀကီးေတြလည္း သေဘၤာေပၚမွာပါတယ္လို႔ ေျပာတယ္။ အျပန္အလွန္ပစ္ၾကတယ္တဲ့။ မနက္ပိုင္းေျပာရမလား၊ ၁၂ နာရီ မထိုးခင္၊ ၁၁ နာရီေက်ာ္မွာ ျဖစ္တယ္လို႔ သိရတယ္။”
အဆိုပါသေဘၤာမွာ KIA က ပစ္လိုက္သည့္ က်ည္ထိမွန္ၿပီး သာယာကုန္း႐ြာႏွင့္ မ်က္ေစာင္းထိုးရွိ ဘိုကုန္းေက်း႐ြာ အနီးက ေရလယ္ကြၽန္းေနရာတြင္ ေခတၱရပ္နားၿပီးေနာက္ ျပန္ဆုန္ဆင္းသြားသည္ဟု မ်က္ျမင္သက္ေသတစ္ဦးက ေျပာသည္။
“ဘယ္လို လွည့္ျပန္လဲဆိုေတာ့ ဒီေမာင္းတဲ့လူကိုထိထားလား၊ သေဘၤာေမာင္းတဲ့အခန္းကို ထိတားလားေပါ့၊ သေဘၤာေမာင္းတဲ့အခန္းဘက္ကို မွန္တယ္လို႔ေျပာတယ္။ အခုက အဲ့ဒီသေဘၤာက ဘိုကုန္းေက်း႐ြာအေရွ႕ဘက္၊ သာယာကုန္းနားမွာေပါ့ အဲ့မွာ သာယာကုန္းနဲ႔ ဘိုကုန္းက မ်က္ေစာင္းထိုးေလး၊ ဟိုဘက္ကမ္း ဒီဘက္ကမ္းေလ အဲ့ၾကားထဲမွာ ကြၽန္းေတြရွိတယ္။ အဲ့အလယ္က ကြၽန္းမွာ ကပ္သြားတယ္။ တေအာင့္ေလာက္ေနေတာ့ ျပန္ဆုန္ တယ္။ ဆုန္တဲ့အခ်ိန္မွာ ႏွစ္မိုင္ေလာက္ပဲ ေရာက္ေသးတယ္ အဲ့ႏွစ္မိုင္ေလာက္မွာ ျပန္ကပ္သြားတယ္။ ဆုန္တာ က ခ်ာလည္ခ်ာလည္နဲ႔ ဆုန္သြားတာ။ ဟိုဘက္ရမ္းလိုက္ ဒီဘက္ရမ္းလိုက္နဲ႔ က်ေနာ္ထင္တာေတာ့ ေမာင္းတဲ့ လူ ကို ထိသြားတာလာေပါ့၊ အဲ့လိုမ်ိဳး မွန္းတာေပါ့” မ်က္ျမင္သက္ေသတစ္ဦး က ေျပာသည္။
သေဘၤာပစ္ခံရသည့္ ေနရာအနီးတဝိုက္က ေဒသခံမ်ား၏ ေျပာျပခ်က္အရ အဆိုပါသေဘၤာေပၚတြင္ စစ္သားမ်ား၊ ရိကၡာမ်ားအျပင္ လက္နက္မ်ားလည္း ပါသည္ဟု သိရသည္။
ထို႔အျပင္ ယခုရက္ပိုင္းအတြင္း ေ႐ႊကူၿမိဳ႕သို႔ စစ္ေကာင္စီတပ္က တပ္အင္အားမ်ား ျဖည့္တင္းေနၿပီး မိုးေမာက္ ဘက္က တပ္မ ၈၈ ကလည္း တပ္ခ်ိန္းေရာက္ရွိေနသည္ဟု ေ႐ႊကူေဒသခံမ်ားက ေျပာသည္။
“အဲ့နားက လူေတြမွန္းတာေတာ့ လက္နက္ႀကီးေတြလည္းပါတယ္၊ စစ္သားေတြလည္းပါတယ္ဆိုေတာ့ စစ္သား အနည္းဆုံး ၁၀၀ ေလာက္ပါႏိုင္တယ္ေပါ့ အဲ့လိုမွန္းၾကတယ္။ အခုက ေ႐ႊကူဘက္ကို စစ္အင္အားေတာ္ေတာ္ တိုးေနတယ္ အရင္ေန႔ကလည္း။ အရင္ေန႔ဆိုတာက လြန္ခဲ့တဲ့ ၃ ရက္ေလာက္ကလည္း တပ္မ ၈၈ ေ႐ႊကူကို ေရာက္တယ္ေပါ့။ ေ႐ႊကူကို ေရာက္တယ္ဆိုတာက မိုးေမာက္ဘက္ကေန တပ္ခ်ိန္းလိုက္တယ္လို႔ ေျပာတယ္။ ဘာလို႔လည္းဆိုေတာ့ အဲ့ေရာက္လာတဲ့ထဲမွာ ဒဏ္ရာရတဲ့လူတခ်ိဳ႕ပါလာတာေတြ႕တယ္။ စစ္ကားေပၚမွာေပါ့။ သေဘၤာကေန စစ္ကားေပၚကို ကဲ့တဲ့အခ်ိန္မွာ။ မိုးေမာက္ဘက္မွာ တပ္မ ၈၈ က ထိုးစစ္ဆင္ေနတာ ေတာ္ေတာ္ ၾကာၿပီေလ။ အခုက တပ္ခ်ိန္းတယ္လို႔ ေျပာၾကတယ္” ဟု ေ႐ႊကူၿမိဳ႕က ေဒသခံက သတင္းႏွင့္မီဒီယာကြန္ရက္ ကို ေျပာသည္။
ေ႐ႊကူၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္၏ သေဘၤာမ်ားကို KIA က မၾကာခဏ ပစ္ခတ္တိုက္ခိုက္ လွ်က္ရွိရာ ေမလ ၁၁ ရက္ေန႔ကလည္း ရိကၡာႏွင့္ စစ္သားမ်ား တင္ေဆာင္လာသည့္ သေဘၤာတစ္စီးကို ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ စစ္တပ္ဘက္က ထိခိုက္ဒဏ္ရာ ရရွိမႈမ်ား ရွိခဲ့စည္။
ထိုသေဘၤာေပၚတြင္ ဆန္အိတ္မ်ား၊ အျခားစားနပ္ရိကၡာမ်ားႏွင့္ စစ္သား အေယာက္ ၁၀၀ ခန႔္ပါေၾကာင္း၊ KIA က ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီက ၎တို႔၏ ရိကၡာမ်ားကို ကားျဖင့္ ျပန္လည္သယ္ယူရာ လမ္းခုလတ္ တြင္ KIA ထပ္မံ တားဆီးပစ္ခတ္ခဲ့သည္ဟု သိရသည္။