ခန္တီး နန်စီပွန်ကျောက်စိမ်းမှော်ရှိ တပ်စခန်းများကို ကေအိုင်အေ ဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်။
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ နန်စီပွန် ကျောက်စိမ်းမှော်ဒေသရှိ စစ်ကောင်စီတပ်စခန်းအချို့အား ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းများကို မီးရှို့ပြီး ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည် ဟု ဒေသခံများက ပြောသည်။
မေလ ၂၂ ရက်နေ့ (ယနေ့) နံနက်ပိုင်းတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒုရဲအုပ်တစ်ဦးနှင့် ၎င်း၏ အမျိုးသမီး အပြင် အခြား အဆင့် တပ်သား စုစုပေါင်း ၉ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
နန်စီပွန် ကျောက်စိမ်းမှော်အတွင်းရှိ ဦးပိုင်ကုမ္ပဏီ၏ ကျောက်စိမ်းလုပ်ကွက်အချို့ နှင့် စစ်ကောင်စီစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“အခုနောက်ပိုင်း update က ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရပြီးတော့ ဒုရဲအုပ်နဲ့ အမျိုးသမီးအပါအဝင် အခြား အဆင့် ၉ ဦး တို့ကို KIA ကနေ ဖမ်းသွားတယ်ဆိုတာကို သိရတယ်။ အဲ့ဒါနောက်ဆုံးအခြေအနေပေါ့။ တိုက်ပွဲက အခု တော့ ရပ်နေတယ်။ ပြည်သူတွေနဲ့ အခုဖြစ်တဲ့နေရာကတော့ နည်းနည်းဝေးတယ်ဗျ။ ပြည်သူတွေ ထိခိုက် တာတော့ မရှိဘူး။ KIA က အဓိက ဝင်တိုက်တာက အဲ့ဒီ ဦးပိုင်ကုမ္ပဏီနဲ့ ရဲစခန်းတွေ၊ စစ်ကောင်စီရဲ့ ရဲစခန်းတွေ နဲ့ တပ်စခန်းတွေကို ဝင်တိုက်တာ။ စခန်းသိမ်းတာတော့ မဟုတ်ဘူး။ ရဲစခန်းတွေတော့ အကုန်လုံးကို မီးရှို့သွား တယ်ဗျ။ နန်စီပွန်မှာ ရှိတဲ့ ရဲစခန်းတွေပေါ့၊ နန်စီပွန်မှာ ရဲတပ်ရင်းရှိတယ်။ အဲ့ရဲတပ်ရင်းနဲ့ နန်စီပွန်မှာ ရှိတဲ့ ရဲစ ခန်းတွေကို မီးရှို့သွားတယ်” ဟု နန်စီပွန် ဒေသခံတစ်ဦး က ပြောသည်။
ယနေ့ နံနက် ၄ နာရီခွဲ အချိန်ခန့်မှ ၆ နာရီခွဲ အချိန်ခန့်အထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းအဆောက် အဦအချို့ ကို KIA မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့နောက် နံနက် ၇ နာရီ အချိန်ခန့်က စတင်၍ စစ်ကောင်စီဘက်က လေယာဉ်စစ်ကူများ ရောက်လာကာ လေ ယာဉ်လေးစီးဖြင့် အဆိုပါနေရာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ခန္တီးဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့် ခန္တီးဒေသခံတစ်ဦး က “နောက်ပိုင်းကျတော့ ဒီခန္တီးကနေ စစ်ကူလာတယ်။ ဟုမ္မလင်းကနေ ခန္တီးကိုလာတာပေ့ါ။ ဟုမ္မလင်းမှာက လေတပ်စခန်းတွေရှိတယ်။ အဲ့က လေယာဉ်တွေ ၇ နာရီခွဲ ၈ နာရီလောက် မှာ ခန္တှီးကို ရောက်လာတယ်။ ရောက်လာတဲ့အခါကြတော့ လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေလာလုပ်တယ်။ လာ လုပ်တော့ KIA က နောက်ဆုတ်သွားတယ်။ တိုက်လေယာဉ်တွေနဲ့ လာတဲ့အတွက်ပေါ့။ လေယာဉ်က ၄ စီး လောက်ပေါ့၊ လာကြဲသွားတယ်။ လေယာဉ်က အခု ခန္တီးမှာ ရှိနေတယ်။ စစ်ကူတွေလည်း ထပ်ရောက်နေတယ်” ဟု ပြောသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရသေးပေ။
ခန္တီးမြို့၊ နန်စီပွန် မှော် သည် ကျောက်စိမ်းအဓိကထွက်သည့် မှော်ဖြစ်ပြီး အဆိုပါဒေသတွင် ကျောက်စိမ်း လာ ရောက်တူးနေသည့် ကုမ္ပဏီပေါင်း ၁၀၀ ခန့် ရှိသည်ဟု ဒေသခံများက ပြောသည်။
ကုမ္ပဏီပေါင်း ၁၀၀ ခန့် ရှိသည့်အနေက် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ(မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ) သည်
နန်စီပွန်ဒေသတွင် အင်အားအကြီးဆုံး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကုမ္ပဏီက ၁၀၀ လောက်ရှိတယ်။ အဓိက လက်ရှိလုပ်နေတဲ့ ကုမ္ပဏီက ဦးပိုင်တို့၊ ခိုင်နန်းရွှေ၊ ဇဗ္ဗူသီရိ၊ အောင်ထီးဖြူ၊ မြောက်ကျွန်းသူ၊ ထက်ရည်လင်း၊ မင်းထက်ဦး အဲ့လောက်တော့ လောလောဆယ် ဒေသမှာ နာမည်ကြီး တာက အဲ့ဒီကုမ္ပဏီတွေက နာမည်ကြီးတယ်။ ကျန်တဲ့ ကုမ္ပဏီတွေက အသေးစားတွေ တချို့ ဟာ တွေရှိတယ်။ အားလုံးပေါင်း လုပ်ကွက် ၁၀၀ ကျော်လောက်ရှိတယ်။ အဲ့ထဲမှာ အင်အားအကြီးဆုံးက ဦးပိုင်နဲ့ ခိုင် နန်းရွှေပေါ့။ ဒီကျနော်တို့ နန်စီပွန်မှာက ကျောက်စိမ်းပဲ ထွက်တာ၊ ကျောက်စိမ်းပဲ လုပ်တာ။ ရွှေတော့ မထွက်ဘူး။”
ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ယခုခါ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ် က စစ်ကူများရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါနေရာသည် KIO/KIA ၏ တပ်မဟာ ၉ နယ်မြေဖြစ်ပြီး တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၃၁ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
*** ZAWGYI ***
ခႏၲီး နန္စီပြန္ေက်ာက္စိမ္းေမွာ္ရွိ တပ္စခန္းမ်ားကို ေကအိုင္ေအ ဝင္တိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၂ ရက္။
စစ္ကိုင္းတိုင္း၊ ခႏၲီးၿမိဳ႕၊ နန္စီပြန္ ေက်ာက္စိမ္းေမွာ္ေဒသရွိ စစ္ေကာင္စီတပ္စခန္းအခ်ိဳ႕အား ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ရဲစခန္းမ်ားကို မီးရႈိ႕ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီးေခၚေဆာင္ သြားခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။
ေမလ ၂၂ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတိုက္ခိုက္မႈတြင္ ရဲတပ္ဖြဲ႕ဝင္ ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး၊ ဒုရဲအုပ္တစ္ဦးႏွင့္ ၎၏ အမ်ိဳးသမီး အျပင္ အျခား အဆင့္ တပ္သား စုစုေပါင္း ၉ ဦး ကို ဖမ္းဆီးေခၚေဆာင္သြားသည္။
နန္စီပြန္ ေက်ာက္စိမ္းေမွာ္အတြင္းရွိ ဦးပိုင္ကုမၸဏီ၏ ေက်ာက္စိမ္းလုပ္ကြက္အခ်ိဳ႕ ႏွင့္ စစ္ေကာင္စီစခန္းမ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ေနာက္ မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။
“အခုေနာက္ပိုင္း update က ရဲတပ္ဖြဲ႕ဝင္သုံးဦး ဒဏ္ရာရၿပီးေတာ့ ဒုရဲအုပ္နဲ႔ အမ်ိဳးသမီးအပါအဝင္ အျခား အဆင့္ ၉ ဦး တို႔ကို KIA ကေန ဖမ္းသြားတယ္ဆိုတာကို သိရတယ္။ အဲ့ဒါေနာက္ဆုံးအေျခအေနေပါ့။ တိုက္ပြဲက အခု ေတာ့ ရပ္ေနတယ္။ ျပည္သူေတြနဲ႔ အခုျဖစ္တဲ့ေနရာကေတာ့ နည္းနည္းေဝးတယ္ဗ်။ ျပည္သူေတြ ထိခိုက္ တာေတာ့ မရွိဘူး။ KIA က အဓိက ဝင္တိုက္တာက အဲ့ဒီ ဦးပိုင္ကုမၸဏီနဲ႔ ရဲစခန္းေတြ၊ စစ္ေကာင္စီရဲ႕ ရဲစခန္းေတြ နဲ႔ တပ္စခန္းေတြကို ဝင္တိုက္တာ။ စခန္းသိမ္းတာေတာ့ မဟုတ္ဘူး။ ရဲစခန္းေတြေတာ့ အကုန္လုံးကို မီးရႈိ႕သြား တယ္ဗ်။ နန္စီပြန္မွာ ရွိတဲ့ ရဲစခန္းေတြေပါ့၊ နန္စီပြန္မွာ ရဲတပ္ရင္းရွိတယ္။ အဲ့ရဲတပ္ရင္းနဲ႔ နန္စီပြန္မွာ ရွိတဲ့ ရဲစ ခန္းေတြကို မီးရႈိ႕သြားတယ္” ဟု နန္စီပြန္ ေဒသခံတစ္ဦး က ေျပာသည္။
ယေန႔ နံနက္ ၄ နာရီခြဲ အခ်ိန္ခန႔္မွ ၆ နာရီခြဲ အခ်ိန္ခန႔္အထိ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ရဲစခန္းအေဆာက္ အဦအခ်ိဳ႕ ကို KIA မီးရႈိ႕ဖ်က္ဆီးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ထို႔ေနာက္ နံနက္ ၇ နာရီ အခ်ိန္ခန႔္က စတင္၍ စစ္ေကာင္စီဘက္က ေလယာဥ္စစ္ကူမ်ား ေရာက္လာကာ ေလ ယာဥ္ေလးစီးျဖင့္ အဆိုပါေနရာမ်ားသို႔ ဗုံးႀကဲတိုက္ခိုက္ခဲ့သည္ဟု ခႏၲီးေဒသခံမ်ားက ေျပာသည္။
အမည္မေဖာ္လိုသည့္ ခႏၲီးေဒသခံတစ္ဦး က “ေနာက္ပိုင္းက်ေတာ့ ဒီခႏၲီးကေန စစ္ကူလာတယ္။ ဟုမၼလင္းကေန ခႏၲီးကိုလာတာေပ့ါ။ ဟုမၼလင္းမွာက ေလတပ္စခန္းေတြရွိတယ္။ အဲ့က ေလယာဥ္ေတြ ၇ နာရီခြဲ ၈ နာရီေလာက္ မွာ ခႏၲွီးကို ေရာက္လာတယ္။ ေရာက္လာတဲ့အခါၾကေတာ့ ေလယာဥ္ေတြနဲ႔ ဗုံးႀကဲတာေတြလာလုပ္တယ္။ လာ လုပ္ေတာ့ KIA က ေနာက္ဆုတ္သြားတယ္။ တိုက္ေလယာဥ္ေတြနဲ႔ လာတဲ့အတြက္ေပါ့။ ေလယာဥ္က ၄ စီး ေလာက္ေပါ့၊ လာႀကဲသြားတယ္။ ေလယာဥ္က အခု ခႏၲီးမွာ ရွိေနတယ္။ စစ္ကူေတြလည္း ထပ္ေရာက္ေနတယ္” ဟု ေျပာသည္။
တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ KIO/KIA သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္ လည္း ဆက္သြယ္၍ မရေသးေပ။
ခႏၲီးၿမိဳ႕၊ နန္စီပြန္ ေမွာ္ သည္ ေက်ာက္စိမ္းအဓိကထြက္သည့္ ေမွာ္ျဖစ္ၿပီး အဆိုပါေဒသတြင္ ေက်ာက္စိမ္း လာ ေရာက္တူးေနသည့္ ကုမၸဏီေပါင္း ၁၀၀ ခန႔္ ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။
ကုမၸဏီေပါင္း ၁၀၀ ခန႔္ ရွိသည့္အေနက္ ျမန္မာစစ္တပ္ပိုင္ ဦးပိုင္ကုမၸဏီ(ျမန္မာ့စီးပြားေရးဦးပိုင္ ကုမၸဏီ) သည္
နန္စီပြန္ေဒသတြင္ အင္အားအႀကီးဆုံး ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
“ကုမၸဏီက ၁၀၀ ေလာက္ရွိတယ္။ အဓိက လက္ရွိလုပ္ေနတဲ့ ကုမၸဏီက ဦးပိုင္တို႔၊ ခိုင္နန္းေ႐ႊ၊ ဇဗၺဴသီရိ၊ ေအာင္ထီးျဖဴ၊ ေျမာက္ကြၽန္းသူ၊ ထက္ရည္လင္း၊ မင္းထက္ဦး အဲ့ေလာက္ေတာ့ ေလာေလာဆယ္ ေဒသမွာ နာမည္ႀကီး တာက အဲ့ဒီကုမၸဏီေတြက နာမည္ႀကီးတယ္။ က်န္တဲ့ ကုမၸဏီေတြက အေသးစားေတြ တခ်ိဳ႕ ဟာ ေတြရွိတယ္။ အားလုံးေပါင္း လုပ္ကြက္ ၁၀၀ ေက်ာ္ေလာက္ရွိတယ္။ အဲ့ထဲမွာ အင္အားအႀကီးဆုံးက ဦးပိုင္နဲ႔ ခိုင္ နန္းေ႐ႊေပါ့။ ဒီက်ေနာ္တို႔ နန္စီပြန္မွာက ေက်ာက္စိမ္းပဲ ထြက္တာ၊ ေက်ာက္စိမ္းပဲ လုပ္တာ။ ေ႐ႊေတာ့ မထြက္ ဘူး။”
ယေန႔ နံနက္ပိုင္း တိုက္ပြဲျဖစ္ပြားခဲ့သည့္ေနရာတြင္ ယခုခါ တိုက္ပြဲမ်ား ၿငိမ္သက္ေနေသာ္လည္း စစ္ေကာင္စီတပ္ က စစ္ကူမ်ားေရာက္ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
အဆိုပါေနရာသည္ KIO/KIA ၏ တပ္မဟာ ၉ နယ္ေျမျဖစ္ၿပီး တပ္မဟာ ၉ လက္ေအာက္ခံ တပ္ရင္း ၃၁ က ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။