စစ်ကောင်စီနှင့် TNLA မေလအတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား နမ့်ဆန်မြို့နယ်ထဲတွင် မေလ ၂၀ ရက်နေ့က တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည့်အတွက် မေလအတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

မေလ ၄ ရက်နေ့မှ ၈ ရက်အထိ ကွတ်ခိုင်မြို့နယ်အတွင်းတွင် ၅ ကြိမ်နှင့် မေလ ၂၀ ရက်နေ့က နမ့်ဆန်မြို့ နယ်ထဲ တွင် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “တိုက်ပွဲက ၂၀ ရက်နေ့မှာ ဖြစ်တယ်။ ဖြစ်တဲ့နေရာကတော့ နမ့်ဆန်မြို့နယ်ရဲ့ အရှေ့ဖက် ၁၃ မိုင်လောက်ရှိ မှာ ပေါ့။ အဲကနေ ကျနော်တို့ လမ်းဖက်ကနေဖြတ်ပြီးမှ လွယ်ဆိုင်ကနေဆင်းလာတဲ့ စစ်တပ်နဲ့ တိုးပြီးတော့ တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်တယ်။ အချိန်ကတော့ မနက် ၁၀ နာရီ ကိုးနာရီ မတ်တင်းလောက်ဖြစ်တယ်။ တိုက်ပွဲကတော့ မိနစ်ပိုင်းလောက်ပဲဖြစ်တယ်” ဟု ပြောသည်။

နမ့်ဆန်မြို့နှင့် ၁၃ မိုင်ခန့်ဝေးသည့် မန်ကန်ကျေးရွာ နှင့် ဟိုခေတ်ကျေးရွာအကြားတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ သကဲ့သို့ နမ့်ဆန်မြို့အတွင်းတွင်လည်း ထိုနေ့တွင် ဗုံးပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီမှ အရာရှိများအပါအဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ သည်ဟု ကြားသိရကြောင်း ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆိုသည်။

၎င်းက “ဗုံးပေါက်ကွဲတာကတော့ ၂၀ ရက်နေ့ ည ကိုးနာရီလောက်က ဖြစ်တယ်။ ဘယ်အဖွဲ့ဆိုတော့ ကျနော်တို့ လည်း မသိဘူး။ ကျနော်တို့ မေးမြန်းရသလောက်ကတော့ အဲမှာက မိုင်းပေါက်ကွဲပြီးတော့မှ တပ်ဖက်က ဗိုလ်မှူးတစ်ဦး ရယ်၊ ဗိုလ်ကြီးတစ်ဦးရယ်၊ အခြားအဆင့် ၂ ဦးနဲ့ ရဲမှူးတစ်ဦးပါတယ်။ အားလုံးပေါင်း ၅ ဦးကျ တာပေါ့။ ၁၀ ဦးလောက်တော့ ဒဏ်ရာရတယ်။ မိုင်းပေါက်ကွဲလို့ အဲဒီနားမှာ ရပ်ထားတဲ့ အရပ်ဖက် ကား ၃ စီးလည်း မိုင်းစ ထိမှန်တာရှိတယ်။ အဲဒီအထက်မှာရှိတဲ့ ကျောင်းဆောင်လည်း မိုင်းစထိမှန်တာတွေရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီဖက်မှ ယခင်ကအတိုင်း တပ်အင်အား တိုးချဲ့မှုများ ရှိနေသည်ဟု ဆက်ပြောသည်။

ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “တပ်အင်အား တိုးချဲ့တာကတော့ တော်တော်လေးကြာပြီ အရင်က တည်းလည်း ဒီအတိုင်းပဲ ဘာမှလျှော့သွားတာ မရှိဘူး။ အာဏာမသိမ်းခင်လည်း ဒီလောက်ပဲ အာဏာသိမ်းပြီး နောက်မှာတော့ အင်အားနည်းနည်း ပြန်ဖြည့်တာ ရှိတယ်။ တပ်အပြောင်းအလဲတွေလည်းရှိတယ်။ အချိန်း အပြောင်းတွေတော့ ရှိတယ်။ အင်အားလျှော့သွားတာတော့ မရှိဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် ကချင်၊ကရင်၊ ကယား၊ ချင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့နှင့် တိုင်းဒေသကြီးများတွင်း စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်များနှင့် စစ် ကောင်စီတို့ အကြားတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မိန်းပါးကျေးရွာမှာ မေလ ၂၂ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင်လည်း စစ် ကောင်စီတပ်နှင့် ကိုးကန့်(MNDAA) တို့ အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး အသေးစိတ်ကို မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
စစ္ေကာင္စီႏွင့္ TNLA ေမလအတြင္း တိုက္ပြဲ ၆ ႀကိမ္ျဖစ္

သတင္းႏွင့္မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၂ ရက္။

တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား နမ့္ဆန္ၿမိဳ႕နယ္ထဲတြင္ ေမလ ၂၀ ရက္ေန႔က တိုက္ပြဲ ထပ္မံ ျဖစ္ပြားခဲ့သည့္အတြက္ ေမလအတြင္း တိုက္ပြဲ ၆ ႀကိမ္ျဖစ္ပြားခဲ့ၿပီဟု TNLA သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဒုတိယ ဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္ က ေျပာသည္။

ေမလ ၄ ရက္ေန႔မွ ၈ ရက္အထိ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းတြင္ ၅ ႀကိမ္ႏွင့္ ေမလ ၂၀ ရက္ေန႔က နမ့္ဆန္ၿမိဳ႕ နယ္ထဲ တြင္ တစ္ႀကိမ္ စုစုေပါင္း ၆ ႀကိမ္ ျဖစ္ပြားခဲ့သည္ဟု PSLF/TNLA က သတင္းထုတ္ျပန္ထားသည္။

ေမလ ၂၀ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲ အေျခအေနႏွင့္ ပတ္သက္၍ ဒုတိယ ဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္ က “တိုက္ပြဲက ၂၀ ရက္ေန႔မွာ ျဖစ္တယ္။ ျဖစ္တဲ့ေနရာကေတာ့ နမ့္ဆန္ၿမိဳ႕နယ္ရဲ႕ အေရွ႕ဖက္ ၁၃ မိုင္ေလာက္ရွိ မွာ ေပါ့။ အဲကေန က်ေနာ္တို႔ လမ္းဖက္ကေနျဖတ္ၿပီးမွ လြယ္ဆိုင္ကေနဆင္းလာတဲ့ စစ္တပ္နဲ႔ တိုးၿပီးေတာ့ တိုက္ပြဲ ျဖစ္ပြားတာ ျဖစ္တယ္။ အခ်ိန္ကေတာ့ မနက္ ၁၀ နာရီ ကိုးနာရီ မတ္တင္းေလာက္ျဖစ္တယ္။ တိုက္ပြဲကေတာ့ မိနစ္ပိုင္းေလာက္ပဲျဖစ္တယ္” ဟု ေျပာသည္။

နမ့္ဆန္ၿမိဳ႕ႏွင့္ ၁၃ မိုင္ခန႔္ေဝးသည့္ မန္ကန္ေက်း႐ြာ ႏွင့္ ဟိုေခတ္ေက်း႐ြာအၾကားတြင္ စစ္ေကာင္စီတပ္ႏွင့္ TNLA တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ သကဲ့သို႔ နမ့္ဆန္ၿမိဳ႕အတြင္းတြင္လည္း ထိုေန႔တြင္ ဗုံးေပါက္ကြဲခဲ့သည့္အတြက္ စစ္ေကာင္စီမွ အရာရွိမ်ားအပါအဝင္ ၅ ဦးေသဆုံးၿပီး ၁၀ ဦးခန႔္ ဒဏ္ရာရရွိခဲ့ သည္ဟု ၾကားသိရေၾကာင္း ဒုတိယ ဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္က ဆိုသည္။

၎က “ဗုံးေပါက္ကြဲတာကေတာ့ ၂၀ ရက္ေန႔ ည ကိုးနာရီေလာက္က ျဖစ္တယ္။ ဘယ္အဖြဲ႕ဆိုေတာ့ က်ေနာ္တို႔ လည္း မသိဘူး။ က်ေနာ္တို႔ ေမးျမန္းရသေလာက္ကေတာ့ အဲမွာက မိုင္းေပါက္ကြဲၿပီးေတာ့မွ တပ္ဖက္က ဗိုလ္မႉးတစ္ဦး ရယ္၊ ဗိုလ္ႀကီးတစ္ဦးရယ္၊ အျခားအဆင့္ ၂ ဦးနဲ႔ ရဲမႉးတစ္ဦးပါတယ္။ အားလုံးေပါင္း ၅ ဦးက် တာေပါ့။ ၁၀ ဦးေလာက္ေတာ့ ဒဏ္ရာရတယ္။ မိုင္းေပါက္ကြဲလို႔ အဲဒီနားမွာ ရပ္ထားတဲ့ အရပ္ဖက္ ကား ၃ စီးလည္း မိုင္းစ ထိမွန္တာရွိတယ္။ အဲဒီအထက္မွာရွိတဲ့ ေက်ာင္းေဆာင္လည္း မိုင္းစထိမွန္တာေတြရွိတယ္” ဟု ေျပာသည္။

လက္ရွိတြင္ အဆိုပါ တိုက္ပြဲျဖစ္ပြားေနသည့္ ေဒသမ်ားတြင္ စစ္ေကာင္စီဖက္မွ ယခင္ကအတိုင္း တပ္အင္အား တိုးခ်ဲ႕မႈမ်ား ရွိေနသည္ဟု ဆက္ေျပာသည္။

ဒုတိယ ဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္ က “တပ္အင္အား တိုးခ်ဲ႕တာကေတာ့ ေတာ္ေတာ္ေလးၾကာၿပီ အရင္က တည္းလည္း ဒီအတိုင္းပဲ ဘာမွေလွ်ာ့သြားတာ မရွိဘူး။ အာဏာမသိမ္းခင္လည္း ဒီေလာက္ပဲ အာဏာသိမ္းၿပီး ေနာက္မွာေတာ့ အင္အားနည္းနည္း ျပန္ျဖည့္တာ ရွိတယ္။ တပ္အေျပာင္းအလဲေတြလည္းရွိတယ္။ အခ်ိန္း အေျပာင္းေတြေတာ့ ရွိတယ္။ အင္အားေလွ်ာ့သြားတာေတာ့ မရွိဘူး” ဟု ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ တပ္မေတာ္မွ စစ္အာဏာသိမ္းၿပီးေနာက္ ကခ်င္၊ကရင္၊ ကယား၊ ခ်င္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတို႔ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္း စစ္ေကာင္စီတပ္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သို႔ NUG က ဖြဲ႕စည္းထားသည့္ ျပည္သူ႔ကာကြယ္ေရး တပ္မ်ားႏွင့္ စစ္ ေကာင္စီတို႔ အၾကားတြင္လည္း တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားေနသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏၷီၿမိဳ႕နယ္ မိန္းပါးေက်း႐ြာမွာ ေမလ ၂၂ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္လည္း စစ္ ေကာင္စီတပ္ႏွင့္ ကိုးကန႔္(MNDAA) တို႔ အၾကား တိုက္ပြဲျဖစ္ပြားလွ်က္ရွိၿပီး အေသးစိတ္ကို မသိရေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။