ဘဏ်ထုတ်ငွေ ထပ်မံလျော့နည်းလာ၍ ရှမ်းတောင် စီးပွားရေး လုပ်ငန်းများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်။

မြန်မာ့စီးပွားရေး ဘဏ်က ကုမ္ပဏီ ထုတ်ငွေအနည်းငယ်သာ ထုတ်ပေးနိုင်ခြင်းကြောင့် ရှမ်းပြည်တောင်ပိုင်းမှ စီးပွားရေး လုပ်ငန်း အများအပြား ရပ်ဆိုင်းနေရကြောင်း တောင်ကြီးမှ လုပ်ငန်းရှင်အချို့က ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက “ရှမ်းတောင်မှာ ကုမ္ပဏီရာကျော်ရှိတာဆိုတော့ ဘာဆိုဘာမှ လုပ်လို့မရတဲ့အခြေမျိုး ဖြစ်သွားတာပေါ့နော်။ အလုပ်သမားခ၊ ပစ္စည်းပို့ဖို့ ဘာဆိုဘာမှ လုပ်လို့မရတော့အခြေအနေကိုရောက်သွားတာ“ ဟု ပြောသည်။

မေလ ၂၄ ရက်နေ့က မြန်မာ့စီးပွားရေး ဘဏ်မှ လုပ်ငန်းရှင်များကို ကုမ္ပဏီ ထုတ်ငွေ တရက်လျှင် သိန်း ၅၀ ဖြင့် လူ ၃၀ ကိုသာ ထုတ်ပေးနိုင်တော့ကြောင်း တောင်ကြီး အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မတ်လဆန်းက ကုမ္ပဏီ တစ်ခုကို တစ်ပတ်လျှင် သိန်း ၂၀၀ ထုတ်ခွင့်ပေးခဲ့သဖြင့် အစိုးရ ဌာနမှ လမ်းဆောက်လုပ်ရေးအတွက် ချက်လက်မှတ် သိန်း ၆၀၀ ရေးပေးထားပါက သုံးပတ်ခွဲထုတ်ခဲ့ရသည်ဟု ဆိုသည်။ မေလဆန်းသို့ရောက်သည့်အခါ ကုမ္ပဏီ တစ်ခုကို တစ်ပတ်လျှင် သိန်း ၅၀ အထိသာ ထုတ်ခွင့်ရခဲ့ရာမှ ယခုအခါ တစ်ပတ်အတွက် သိန်း ၅၀ ကိုပင် တစ်ရက်လျှင် လူ ၃၀ သာ ထုတ်ခွင့်ရတော့ ကြောင်း ရှင်းပြသည်။

လကုန်ခါနီးအပတ်မို့ ထုတ်ပေးသည့်ငွေကို ကန့်သတ်တာမျိုးလည်းဖြစ်နိုင်ပြီး မတ်လကုန်ခါနီးတုန်းက လည်း တကြိမ်ကြုံဖူးကြောင်း လမ်းဆောက်လုပ်ရေး ကန်ထရိုက်သူတစ်ဦးကပြောကြားသည်။

မေလ ၂၄ ရက်တွင် ဘဏ်များပုံမှန်အတိုင်း ပြန်ဖွင့်မည်ဖြစ်ကြောင်း စာရင်းဟောင်းမှ ငွေထုတ်ယူမှုအတွက် တိုကင်ယူရမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က သတင်းထုတ်ပြန်ထားသည်။

ငွေသားသွင်းခြင်း၊ စာရင်းပြောင်းခြင်း၊ အခြားသောဘဏ်ဝန်ဆောင်မှုများကို မှုတိုကင်ယူရန်မလိုအပ်ဘဲ ဝန်ဆောင်မှုပေးသွားမည်ဟုလည်း ယင်းထုတ်ပြန်မှုတွင် ထည့်သွင်းဖော်ပြထားသည်။

*** ZAWGYI ***
ဘဏ္ထုတ္ေငြ ထပ္မံေလ်ာ့နည္းလာ၍ ရွမ္းေတာင္ စီးပြားေရး လုပ္ငန္းမ်ား အခက္ႀကဳံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။

၂၀၂၁ ခုႏွစ္ ေမလ ၂၄ ရက္။

ျမန္မာ့စီးပြားေရး ဘဏ္က ကုမၸဏီ ထုတ္ေငြအနည္းငယ္သာ ထုတ္ေပးႏိုင္ျခင္းေၾကာင့္ ရွမ္းျပည္ေတာင္ပိုင္းမွ စီးပြားေရး လုပ္ငန္း အမ်ားအျပား ရပ္ဆိုင္းေနရေၾကာင္း ေတာင္ႀကီးမွ လုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။

ေဆာက္လုပ္ေရး လုပ္ငန္းရွင္ တစ္ဦးက “ရွမ္းေတာင္မွာ ကုမၸဏီရာေက်ာ္ရွိတာဆိုေတာ့ ဘာဆိုဘာမွ လုပ္လို႔မရတဲ့အေျခမ်ိဳး ျဖစ္သြားတာေပါ့ေနာ္။ အလုပ္သမားခ၊ ပစၥည္းပို႔ဖို႔ ဘာဆိုဘာမွ လုပ္လို႔မရေတာ့အေျခအေနကိုေရာက္သြားတာ“ ဟု ေျပာသည္။

ေမလ ၂၄ ရက္ေန႔က ျမန္မာ့စီးပြားေရး ဘဏ္မွ လုပ္ငန္းရွင္မ်ားကို ကုမၸဏီ ထုတ္ေငြ တရက္လွ်င္ သိန္း ၅၀ ျဖင့္ လူ ၃၀ ကိုသာ ထုတ္ေပးႏိုင္ေတာ့ေၾကာင္း ေတာင္ႀကီး အေျခစိုက္ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။

မတ္လဆန္းက ကုမၸဏီ တစ္ခုကို တစ္ပတ္လွ်င္ သိန္း ၂၀၀ ထုတ္ခြင့္ေပးခဲ့သျဖင့္ အစိုးရ ဌာနမွ လမ္းေဆာက္လုပ္ေရးအတြက္ ခ်က္လက္မွတ္ သိန္း ၆၀၀ ေရးေပးထားပါက သုံးပတ္ခြဲထုတ္ခဲ့ရသည္ဟု ဆိုသည္။ ေမလဆန္းသို႔ေရာက္သည့္အခါ ကုမၸဏီ တစ္ခုကို တစ္ပတ္လွ်င္ သိန္း ၅၀ အထိသာ ထုတ္ခြင့္ရခဲ့ရာမွ ယခုအခါ တစ္ပတ္အတြက္ သိန္း ၅၀ ကိုပင္ တစ္ရက္လွ်င္ လူ ၃၀ သာ ထုတ္ခြင့္ရေတာ့ ေၾကာင္း ရွင္းျပသည္။

လကုန္ခါနီးအပတ္မို႔ ထုတ္ေပးသည့္ေငြကို ကန႔္သတ္တာမ်ိဳးလည္းျဖစ္ႏိုင္ၿပီး မတ္လကုန္ခါနီးတုန္းက လည္း တႀကိမ္ႀကဳံဖူးေၾကာင္း လမ္းေဆာက္လုပ္ေရး ကန္ထ႐ိုက္သူတစ္ဦးကေျပာၾကားသည္။

ေမလ ၂၄ ရက္တြင္ ဘဏ္မ်ားပုံမွန္အတိုင္း ျပန္ဖြင့္မည္ျဖစ္ေၾကာင္း စာရင္းေဟာင္းမွ ေငြထုတ္ယူမႈအတြက္ တိုကင္ယူရမည္ျဖစ္ေၾကာင္း ကေမာၻဇဘဏ္က သတင္းထုတ္ျပန္ထားသည္။

ေငြသားသြင္းျခင္း၊ စာရင္းေျပာင္းျခင္း၊ အျခားေသာဘဏ္ဝန္ေဆာင္မႈမ်ားကို မႈတိုကင္ယူရန္မလိုအပ္ဘဲ ဝန္ေဆာင္မႈေပးသြားမည္ဟုလည္း ယင္းထုတ္ျပန္မႈတြင္ ထည့္သြင္းေဖာ္ျပထားသည္။