ဟိုပင်တံတား ဖောက်ခွဲ၊ ကျိုးကျ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်။

မန္တလေး-မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အဓိကကျသည့် တံတား တစ်စီး ဖောက်ခွဲခံခဲ့ရပြီးနောက် ထိခိုက်သေဆုံးသူ ၂ ဦး ရှိသည်ဟု ဒေသခံများက ပြောသည်။ ကားကြီးများ သွားလာနိုင်ခြင်းမရှိပဲ ကားငယ်များသာ သွားလာနိုင်တော့သည်။

မေလ ၂၄ ည ၈ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့ရှိ သရက်ချောင်း(ဝက်ကုန်း) တံတား ဖောက်ခွဲခံခဲ့ရသည့် အတွက် တံတားမှာ လုံးဝပျက်စီးသွားပြီး သေသူ ၂ ဦးနှင့် အနီးနားရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးကုန်သည်ဟု ဒေသခံ များက ပြောသည်။

“တစ်ယောက် ဗုံးပေါက်ပြီး ပြန်တာ၊ ဝက်ကုန်းဘက်နေပြန်လာတာ၊ ငါးရှာသွားပြီးပြန်လာတာ။ အဲ့ဒါကို တံ တား ပေါက်မှန်းလည်းသူမသိဘူး။ ဆိုင်ကယ်အရှိန်နဲ့ မောင်းခဲ့တော့ ထိုးကျသွားတာ။ ကျိုးတာက ဟိုပင် အခြမ်းဘက်က ကျိုးတာ။ တံတားက အောက်ကိုကျိုးနေပြီ၊ အရှိန်နဲ့ဆိုတော့ အောက်ကိုထိုးကျသွားတာ။ သူက သေသွား တယ်။ သူက ဆေးရုံမှာသေတာ။ ဆေးရုံပို့လိုက်သေးတယ်။ အဲ့ဒါက တစ်ယောက်။ နောက်တစ် ယောက်ကတော့ တံတားနားမှာ အပိုင်းအစတွေတွေ့တာ။ ခေါင်းတော့ မတွေ့ဘူး။ ခန္ဓာကိုယ်က တံတားနားမှာ ရှိ တယ်။ ခြေတွေ လက်တွေက ဘေးနားတွေမှာ ကျနေတာ။ အဲ့ကြောင့် နှစ်ယောက်လို့ ယူဆလို့ရတာ။ အခုထိ တော့ အလောင်းပိုင်ရှင်တွေလည်း မတွေ့သေးဘူး။ သေတဲ့လူက ဘယ်သူတွေ ဆိုတာလည်း မသိသေးဘူး” ဟု အခင်းဖြစ်စဉ်ကို သွားကြည့်ခဲ့သည့် ဟိုပင်မြို့ က ဒေသခံတစ်ဦး က ပြောသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းမှာ အပိုင်းပိုင်းဖြစ်နေပြီး ယနေ့ မွန်းလွဲအချိန်ထိ သေဆုံးသူ၏ ဦးခေါင်းပိုင်းကို ရှာမတွေ့သေးဘူးဟု ဒေသခံများက ပြောသည်။

တံတားမိုင်းကွဲကြောင့် အနီးအနားက ပျက်စီးမှု အခြေအနေများနှင့် ပတ်သက်၍လည်း “ဒီနေ့ မနက်ပိုင်းတော့ သွားလာနေကြတယ်။ ညကတော့ ဗုံးကွဲပြီး သေနတ်သံတွေကြားတယ်။ ညကနေ ဘေးနားက အိမ်တွေက ထွက် ပြေးရတာပေါ့။ ဘေးအိမ်တွေပေါ့ ခနထွက်ပြေးရတာပေါ့။ အဲ့မှာသွားအိပ်လိုက်ကြရတယ်လို့ ပြောတယ်။ ပေါက်ကွဲမှုကြောင့် ဘေးနားက ဘုန်းကြီးကျောင်းရဲ့ မှန်တွေအကုန်ကွဲကုန်တယ်။ မျက်နှာကျက်တွေ ပျက်သွား တယ်။ အုပ်ချုပ်ရေးမှူးရုံးလည်း ပျက်သွားတယ်။ ဘေးနားက အိမ်တွေထိတယ်။ အိမ်တွေထဲကို မူလီတွေ၊ ဘော သီးလိုမျိုးဟာတွေ ဝင်လာတွေ ရှိတယ်။ တံတားက ဟာတွေလည်း ဘာလားတော့ မသိဘူး။ ပျက်စီးမှုက အဲ့ လောက်ပဲ” အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယခုတံတားဖောက်ခွဲခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို မသိရသေးဟုလည်း ဒေသခံများ က ပြောသည်။

ယနေ့ နံနက်ပိုင်းမှ စတင်၍ ကားကြီးများမှာ ဖြတ်သန်းသွား၍ မရတော့ပဲ ကားငယ်များနှင့် ဆိုင်ကယ်များမှာ အခြားကွင်းလမ်းကနေ သွားလာနေရသည်ဟု ပြောသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦး က “ကားကြီးလုံးဝသွားလို့မရဘူး။ ကားသေးလည်းဖြတ်လို့မရဘူး။ ဆိုင် ကယ်က အဲ့နားမှာ ကွင်း လမ်းရှိတယ်။ အဲ့က ရပ်ကွက်ထဲဝင်သွားပြီးတော့ တံတားလေးသေးသေးလေး လုပ် ထားတယ်။ အဲ့ကွင်းလို့ရ တယ်။ နောက်တစ်ခုက ဟိုပင်ကနေ အဲ့ဘက်ကို မကွေ့ပဲနဲ့ မြို့လယ်ခေါင်ကနေ ချိုး တဲ့လမ်းဖက်ကနေ တည့် တည့်သွား နန့်ရင်းဘက်ကို သွားပြီးတော့ အဲ့ဘက်ကနေ ကူးတဲ့တံတားအသစ်ရှိတယ်။ ပြီးတာလည်း မကြာသေး ဘူး။ ကိုယ်ထူကိုယ်ထား တံတားပေါ့လေ၊ အဲ့ကနေတော့ ကားသေးလေးတွေ ကူးလို့ ရတယ်။ ကားကြီးမရဘူး။ ၆ ဘီးတောင် မရဘူး။ အခုဖြစ်တဲ့နေရာက မန္တလေး-မြစ်ကြီးနားအတွက် အဓိက ကျတယ်၊ တံတားပြင်ဖို့က လည်း မလွယ်လောက်သေးဘူး။ ဒီလမ်းက ကုန်တွေအတွက် အဓိက မိန်းလမ်း၊ ကွင်းစရာမရှိဘူး” ဟု ပြော သည်။

ယမန်နေ့ ညက ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ဟိုပင်မြို့က သရက်ချောင်း(ဝက်ကုန်း) တံတားသည် ပေ ၁၈၀ အထက်တံတားတစ်စင်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်က တည် ဆောက်ပြီးစီးခဲ့သည့် သံဘောင် တံတားတစ်စင်း ဖြစ် သည်။

ယခုဖောက်ခွဲ ဖျက်စီးခံထားရသည့် သရက်ချောင်း(ဝက်ကုန်း) တံတားသည် တံတားကြီးတစ်စင်း ဖြစ်သည့် အတွက် ပြန်လည် ပြုပြင်ရန်မှာ ခက်ခဲ ကြောင်း၊ ကချင်ပြည်နယ်အတွင်း စစ်ဏာသိမ်းပြီး ဖောက်ခွဲဖျက်ဆီးခံ ထားရသည့် မိုးညှင်းမြို့နယ်အတွင်းက တံတားအငယ်များ၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်ဖြစ်သည့် မော်လူးက တံတားတို့ပင် ယနေ့အချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးဟု ဒေသခံများက ပြောသည်။

Photo – Crd

*** ZAWGYI ***
ဟိုပင္တံတား ေဖာက္ခြဲ၊ က်ိဳးက်

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၅ ရက္။

မႏၲေလး-ျမစ္ႀကီးနားလမ္းမႀကီးေပၚရွိ အဓိကက်သည့္ တံတား တစ္စီး ေဖာက္ခြဲခံခဲ့ရၿပီးေနာက္ ထိခိုက္ေသဆုံးသူ ၂ ဦး ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။ ကားႀကီးမ်ား သြားလာႏိုင္ျခင္းမရွိပဲ ကားငယ္မ်ားသာ သြားလာႏိုင္ေတာ့သည္။

ေမလ ၂၄ ည ၈ နာရီအခ်ိန္ခန႔္က ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ ဟိုပင္ၿမိဳ႕ရွိ သရက္ေခ်ာင္း(ဝက္ကုန္း) တံတား ေဖာက္ခြဲခံခဲ့ရသည့္ အတြက္ တံတားမွာ လုံးဝပ်က္စီးသြားၿပီး ေသသူ ၂ ဦးႏွင့္ အနီးနားရွိ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ လူေနအိမ္အခ်ိဳ႕ ပ်က္စီးကုန္သည္ဟု ေဒသခံ မ်ားက ေျပာသည္။

“တစ္ေယာက္ ဗုံးေပါက္ၿပီး ျပန္တာ၊ ဝက္ကုန္းဘက္ေနျပန္လာတာ၊ ငါးရွာသြားၿပီးျပန္လာတာ။ အဲ့ဒါကို တံ တား ေပါက္မွန္းလည္းသူမသိဘူး။ ဆိုင္ကယ္အရွိန္နဲ႔ ေမာင္းခဲ့ေတာ့ ထိုးက်သြားတာ။ က်ိဳးတာက ဟိုပင္ အျခမ္းဘက္က က်ိဳးတာ။ တံတားက ေအာက္ကိုက်ိဳးေနၿပီ၊ အရွိန္နဲ႔ဆိုေတာ့ ေအာက္ကိုထိုးက်သြားတာ။ သူက ေသသြား တယ္။ သူက ေဆး႐ုံမွာေသတာ။ ေဆး႐ုံပို႔လိုက္ေသးတယ္။ အဲ့ဒါက တစ္ေယာက္။ ေနာက္တစ္ ေယာက္ကေတာ့ တံတားနားမွာ အပိုင္းအစေတြေတြ႕တာ။ ေခါင္းေတာ့ မေတြ႕ဘူး။ ခႏၶာကိုယ္က တံတားနားမွာ ရွိ တယ္။ ေျခေတြ လက္ေတြက ေဘးနားေတြမွာ က်ေနတာ။ အဲ့ေၾကာင့္ ႏွစ္ေယာက္လို႔ ယူဆလို႔ရတာ။ အခုထိ ေတာ့ အေလာင္းပိုင္ရွင္ေတြလည္း မေတြ႕ေသးဘူး။ ေသတဲ့လူက ဘယ္သူေတြ ဆိုတာလည္း မသိေသးဘူး” ဟု အခင္းျဖစ္စဥ္ကို သြားၾကည့္ခဲ့သည့္ ဟိုပင္ၿမိဳ႕ က ေဒသခံတစ္ဦး က ေျပာသည္။

ေသဆုံးသူႏွစ္ဦးအနက္ တစ္ဦး၏ ႐ုပ္အေလာင္းမွာ အပိုင္းပိုင္းျဖစ္ေနၿပီး ယေန႔ မြန္းလြဲအခ်ိန္ထိ ေသဆုံးသူ၏ ဦးေခါင္းပိုင္းကို ရွာမေတြ႕ေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။

တံတားမိုင္းကြဲေၾကာင့္ အနီးအနားက ပ်က္စီးမႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍လည္း “ဒီေန႔ မနက္ပိုင္းေတာ့ သြားလာေနၾကတယ္။ ညကေတာ့ ဗုံးကြဲၿပီး ေသနတ္သံေတြၾကားတယ္။ ညကေန ေဘးနားက အိမ္ေတြက ထြက္ ေျပးရတာေပါ့။ ေဘးအိမ္ေတြေပါ့ ခနထြက္ေျပးရတာေပါ့။ အဲ့မွာသြားအိပ္လိုက္ၾကရတယ္လို႔ ေျပာတယ္။ ေပါက္ကြဲမႈေၾကာင့္ ေဘးနားက ဘုန္းႀကီးေက်ာင္းရဲ႕ မွန္ေတြအကုန္ကြဲကုန္တယ္။ မ်က္ႏွာက်က္ေတြ ပ်က္သြား တယ္။ အုပ္ခ်ဳပ္ေရးမႉး႐ုံးလည္း ပ်က္သြားတယ္။ ေဘးနားက အိမ္ေတြထိတယ္။ အိမ္ေတြထဲကို မူလီေတြ၊ ေဘာ သီးလိုမ်ိဳးဟာေတြ ဝင္လာေတြ ရွိတယ္။ တံတားက ဟာေတြလည္း ဘာလားေတာ့ မသိဘူး။ ပ်က္စီးမႈက အဲ့ ေလာက္ပဲ” အဆိုပါ ေဒသခံက ဆက္ေျပာသည္။

ယခုတံတားေဖာက္ခြဲခံရမႈႏွင့္ပတ္သက္၍ မည္သည့္အဖြဲ႕အစည္းလက္ခ်က္ျဖစ္သည္ကို မသိရေသးဟုလည္း ေဒသခံမ်ား က ေျပာသည္။

ယေန႔ နံနက္ပိုင္းမွ စတင္၍ ကားႀကီးမ်ားမွာ ျဖတ္သန္းသြား၍ မရေတာ့ပဲ ကားငယ္မ်ားႏွင့္ ဆိုင္ကယ္မ်ားမွာ အျခားကြင္းလမ္းကေန သြားလာေနရသည္ဟု ေျပာသည္။

အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦး က “ကားႀကီးလုံးဝသြားလို႔မရဘူး။ ကားေသးလည္းျဖတ္လို႔မရဘူး။ ဆိုင္ ကယ္က အဲ့နားမွာ ကြင္း လမ္းရွိတယ္။ အဲ့က ရပ္ကြက္ထဲဝင္သြားၿပီးေတာ့ တံတားေလးေသးေသးေလး လုပ္ ထားတယ္။ အဲ့ကြင္းလို႔ရ တယ္။ ေနာက္တစ္ခုက ဟိုပင္ကေန အဲ့ဘက္ကို မေကြ႕ပဲနဲ႔ ၿမိဳ႕လယ္ေခါင္ကေန ခ်ိဳး တဲ့လမ္းဖက္ကေန တည့္ တည့္သြား နန႔္ရင္းဘက္ကို သြားၿပီးေတာ့ အဲ့ဘက္ကေန ကူးတဲ့တံတားအသစ္ရွိတယ္။ ၿပီးတာလည္း မၾကာေသး ဘူး။ ကိုယ္ထူကိုယ္ထား တံတားေပါ့ေလ၊ အဲ့ကေနေတာ့ ကားေသးေလးေတြ ကူးလို႔ ရတယ္။ ကားႀကီးမရဘူး။ ၆ ဘီးေတာင္ မရဘူး။ အခုျဖစ္တဲ့ေနရာက မႏၲေလး-ျမစ္ႀကီးနားအတြက္ အဓိက က်တယ္၊ တံတားျပင္ဖို႔က လည္း မလြယ္ေလာက္ေသးဘူး။ ဒီလမ္းက ကုန္ေတြအတြက္ အဓိက မိန္းလမ္း၊ ကြင္းစရာမရွိဘူး” ဟု ေျပာ သည္။

ယမန္ေန႔ ညက ေဖာက္ခြဲဖ်က္ဆီးခံလိုက္ရသည့္ ဟိုပင္ၿမိဳ႕က သရက္ေခ်ာင္း(ဝက္ကုန္း) တံတားသည္ ေပ ၁၈၀ အထက္တံတားတစ္စင္း ျဖစ္ၿပီး ၂၀၀၃ ခုႏွစ္က တည္ ေဆာက္ၿပီးစီးခဲ့သည့္ သံေဘာင္ တံတားတစ္စင္း ျဖစ္ သည္။

ယခုေဖာက္ခြဲ ဖ်က္စီးခံထားရသည့္ သရက္ေခ်ာင္း(ဝက္ကုန္း) တံတားသည္ တံတားႀကီးတစ္စင္း ျဖစ္သည့္ အတြက္ ျပန္လည္ ျပဳျပင္ရန္မွာ ခက္ခဲ ေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္း စစ္ဏာသိမ္းၿပီး ေဖာက္ခြဲဖ်က္ဆီးခံ ထားရသည့္ မိုးညႇင္းၿမိဳ႕နယ္အတြင္းက တံတားအငယ္မ်ား၊ စစ္ကိုင္းတိုင္းႏွင့္ ကခ်င္ျပည္နယ္ အစပ္ျဖစ္သည့္ ေမာ္လူးက တံတားတို႔ပင္ ယေန႔အခ်ိန္ထိ ျပန္လည္ျပဳျပင္ႏိုင္ျခင္း မရွိေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။

Photo – Crd