အရပ်သား ဥယျာဉ်ခြံမြေများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်။

စစ်ကောင်စီ တပ်ဖွဲ့များက ကရင်ပြည်နယ်အတွင်းရှိ အရပ်သားပိုင် ဥယျာဉ်ခြံများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကရင့်အမျိုးသား အစည်းအရုံး KNU က ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် စစ်ကောာင်စီတပ်တို့ အကြား တိုက်ပွားများမှာ နေ့ တိုင်းနီးပါး ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာများနှင့် ပြည်သူလူထုများ လုပ်ကိုင်စား သောက်သည့် နေရာများသို့ လက်နက်ကြီး ပစ်ခတ်မှုများရှိသည်ဟု KNU က ပြောသည်။

မေလ ၂၅ ရက်နေ့ (ယနေ့) တွင် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ၏ သတင်းနှင့် ပြန်ကြားရေး ဌာန ဖြစ်သည့် သူးလေသတင်း၏ သတင်းထုတ်ပြန်ထဲတွင် KNU က ပြောဆိုထားသည်။

မေလ ၂၄ ရက်နေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ သူးလေသတင်း ၏ ထုတ်ပြန်ချက်အရ “၂၀၂၁ခုနှစ် မေလ ၂၄ ရက်နေ့ နံနက် ၁၁း၃၆ မိနစ်ခန့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အကြမ်းဖက်စစ်အုပ်စုတို့ မူတြော်ခရိုင် ဘူးသိုမြို့နယ် ပါဟက်အုပ်စု ကော်ဘောဒဲ နယ်မြေအတွင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုဘက်မှ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းလဲ သိရှိရပါသည်” ဟု သိရသည်။

ထိုပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာများနှင့် ဥယျာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ သည်ဟု ဆိုသည်။

KNU က “ထိုပစ်ခတ်ဖြစ်ပွားသည့်နေ့၏ ညနေ ၆း၃၀ မိနစ်ခန့်အချိန်မှာပင် ဖာပွန်အခြေစိုက် ခမရ ၁၉ နှင့် ခမရ ၃၄၀ မှ အကြမ်းစစ်အုပ်စု၏ တပ်ဖွဲ့များသည် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ ပြည်သူလူထုများ၏ ဥယျာဉ်ခြံအတွင်းသို့ လက်နက်ကြီး ၇ လုံး ပစ်ချခဲ့ကာ ၆ လုံးပေါက်ကွဲခဲ့ပြီး ၁ လုံးမှာမူ မပေါက်ကွဲခဲ့ပေ” ဟု ပြောသည်။

ထိုအပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် မေလ ၂၄ ရက်နေ့တွင်ပင် စစ်ကောင်စီမှ KNU/KNLA တပ်မဟာ ၁ ထိန်း ချုပ်ရာ နယ်မြေအ တွင်းရှိ ဃူဘီးထွီး ကနေ ကမမောင်းသို့ ကား ၁၃ စီးဖြင့် စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ခဲ့ သည်ဟု သူးလေသတင်းက ဆိုသည်။

မေလ ၂၂ ရက်နေ့ကလည်း KNLA တပ်မဟာ ၃ ၊ တပ်မဟာ ၅ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ခဲဒိုးအုပ် စု လယ်ပူထာ၊ ဝါမီလူနယ်မြေများအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှု များရှိ သည်ဟုလည်း KNU ပြောသည်။

“၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက် ၁၁း၄၅ မိနစ်ခန့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၃ တပ်ဖွဲ့တို့ ပူးပေါင်း၍ အကြမ်းဖက်စစ်အုပ်စုနှင့် ခဲဒိုးအုပ်စု လယ်ပူ ထာ၊ ဝါမီလူ နယ်မြေများအတွင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ၃ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် MA – 1 တစ်လက်နှင့် MA – 2 တစ်လက်ကို KNLA မှ သိမ်းဆည်းရရှိခဲ့ပါသည်။ KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ပေ” ဟု သူးလေ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ ကချင်အမျိုးသား လွတ်လပ်ရေး တပ်မ တော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း စစ် ကောင်စီတပ်နှင့် မြောက်ပိုင်း မဟာမိတ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

ထို့အပြင် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေး တပ် များနှင့် စစ်ကောင်စီတပ်တို့အကြား ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများတွင် ဆက်တိုက်ဆို သလို တိုက်ပွဲများ ဖြစ်ပွားနေသည်။

Photo – Crd

*** ZAWGYI ***
အရပ္သား ဥယ်ာဥ္ၿခံေျမမ်ားအတြင္းသို႔ စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ားျဖင့္ ပစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၅ ရက္။

စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက ကရင္ျပည္နယ္အတြင္းရွိ အရပ္သားပိုင္ ဥယ်ာဥ္ၿခံမ်ားအတြင္း လက္နက္ႀကီး ပစ္ခတ္မႈမ်ား ရွိေနေၾကာင္း ကရင့္အမ်ိဳးသား အစည္းအ႐ုံး KNU က ေျပာသည္။

ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA ႏွင့္ စစ္ေကာာင္စီတပ္တို႔ အၾကား တိုက္ပြားမ်ားမွာ ေန႔ တိုင္းနီးပါး ျဖစ္ပြားေနၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္မွ ေက်း႐ြာမ်ားႏွင့္ ျပည္သူလူထုမ်ား လုပ္ကိုင္စား ေသာက္သည့္ ေနရာမ်ားသို႔ လက္နက္ႀကီး ပစ္ခတ္မႈမ်ားရွိသည္ဟု KNU က ေျပာသည္။

ေမလ ၂၅ ရက္ေန႔ (ယေန႔) တြင္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA ၏ သတင္းႏွင့္ ျပန္ၾကားေရး ဌာန ျဖစ္သည့္ သူးေလသတင္း၏ သတင္းထုတ္ျပန္ထဲတြင္ KNU က ေျပာဆိုထားသည္။

ေမလ ၂၄ ရက္ေန႔ တိုက္ပြဲ အေျခအေနႏွင့္ ပတ္သက္၍ သူးေလသတင္း ၏ ထုတ္ျပန္ခ်က္အရ “၂၀၂၁ခုႏွစ္ ေမလ ၂၄ ရက္ေန႔ နံနက္ ၁၁း၃၆ မိနစ္ခန႔္အခ်ိန္တြင္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA ႏွင့္ အၾကမ္းဖက္စစ္အုပ္စုတို႔ မူေၾတာ္ခ႐ိုင္ ဘူးသိုၿမိဳ႕နယ္ ပါဟက္အုပ္စု ေကာ္ေဘာဒဲ နယ္ေျမအတြင္း၌ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၾကၿပီး အၾကမ္းဖက္စစ္အုပ္စုဘက္မွ ၃ ဦး ဒဏ္ရာအျပင္းအထန္ရရွိခဲ့ေၾကာင္းလဲ သိရွိရပါသည္” ဟု သိရသည္။

ထိုပစ္ခတ္မႈၿပီးေနာက္ စစ္ေကာင္စီတပ္မွ ေက်း႐ြာမ်ားႏွင့္ ဥယ်ာဥ္ၿခံေျမမ်ားအတြင္းသို႔ လက္နက္ႀကီး ပစ္ခတ္ခဲ့ သည္ဟု ဆိုသည္။

KNU က “ထိုပစ္ခတ္ျဖစ္ပြားသည့္ေန႔၏ ညေန ၆း၃၀ မိနစ္ခန႔္အခ်ိန္မွာပင္ ဖာပြန္အေျခစိုက္ ခမရ ၁၉ ႏွင့္ ခမရ ၃၄၀ မွ အၾကမ္းစစ္အုပ္စု၏ တပ္ဖြဲ႕မ်ားသည္ မူေၾတာ္ခ႐ိုင္ ဒြယ္လိုးၿမိဳ႕နယ္အတြင္းရွိ ျပည္သူလူထုမ်ား၏ ဥယ်ာဥ္ၿခံအတြင္းသို႔ လက္နက္ႀကီး ၇ လုံး ပစ္ခ်ခဲ့ကာ ၆ လုံးေပါက္ကြဲခဲ့ၿပီး ၁ လုံးမွာမူ မေပါက္ကြဲခဲ့ေပ” ဟု ေျပာသည္။

ထိုအျပင္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ ေမလ ၂၄ ရက္ေန႔တြင္ပင္ စစ္ေကာင္စီမွ KNU/KNLA တပ္မဟာ ၁ ထိန္း ခ်ဳပ္ရာ နယ္ေျမအ တြင္းရွိ ဃူဘီးထြီး ကေန ကမေမာင္းသို႔ ကား ၁၃ စီးျဖင့္ စစ္အင္အားႏွင့္ ရိကၡာမ်ား ပို႔ေဆာင္ခဲ့ သည္ဟု သူးေလသတင္းက ဆိုသည္။

ေမလ ၂၂ ရက္ေန႔ကလည္း KNLA တပ္မဟာ ၃ ၊ တပ္မဟာ ၅ ပူးေပါင္းတပ္မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔ ခဲဒိုးအုပ္ စု လယ္ပူထာ၊ ဝါမီလူနယ္ေျမမ်ားအတြင္းတြင္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဖက္မွ ထိခိုက္က်ဆုံးမႈ မ်ားရွိ သည္ဟုလည္း KNU ေျပာသည္။

“၂၀၂၁ ခုႏွစ္ ေမလ ၂၂ ရက္ေန႔ နံနက္ ၁၁း၄၅ မိနစ္ခန႔္အခ်ိန္တြင္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မ ေတာ္ KNLA တပ္မဟာ ၅ ႏွင့္ တပ္မဟာ ၃ တပ္ဖြဲ႕တို႔ ပူးေပါင္း၍ အၾကမ္းဖက္စစ္အုပ္စုႏွင့္ ခဲဒိုးအုပ္စု လယ္ပူ ထာ၊ ဝါမီလူ နယ္ေျမမ်ားအတြင္း၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ကာ အၾကမ္းဖက္စစ္အုပ္စုဘက္မွ ၃ ဦး က်ဆုံးၿပီး ၆ ဦး ဒဏ္ရာရရွိခဲ့သည့္အျပင္ MA – 1 တစ္လက္ႏွင့္ MA – 2 တစ္လက္ကို KNLA မွ သိမ္းဆည္းရရွိခဲ့ပါသည္။ KNLA ဘက္မွ ထိခိုက္က်ဆုံးမႈမရွိခဲ့ေပ” ဟု သူးေလ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

လက္ရွိတြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA ၊ ကခ်င္အမ်ိဳးသား လြတ္လပ္ေရး တပ္မ ေတာ္ KIA ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားေနသကဲ့သို႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္လည္း စစ္ ေကာင္စီတပ္ႏွင့္ ေျမာက္ပိုင္း မဟာမိတ္တပ္တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနသည္ဟု သိရသည္။

ထို႔အျပင္ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က ဖြဲ႕စည္းလိုက္သည့္ ျပည္သူ႔ကာကြယ္ေရး တပ္ မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ေတာ္ေတာ္မ်ားမ်ားတြင္ ဆက္တိုက္ဆို သလို တိုက္ပြဲမ်ား ျဖစ္ပြားေနသည္။

Photo – Crd