ဖားကန့် လူငယ် ၇ ဦး စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဒေသခံလူငယ် ၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ညက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည် ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့၊ မမုံကျေးရွာက ဒေသခံလူငယ် ၇ ဦးကို မေလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်များပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြော သည်။

မမုံကျေးရွာက ဒေသခံတစ်ဦးက “မနေ့ညက ၁၁ ခွဲက ဟုတ်တယ်။ ရွာထိပ်မှာ ကင်းစောင့်နေတဲ့ လူငယ် ၇ ဦးကို ဖမ်းသွားတာဟုတ်တယ်။ နောက်ဆက်တွဲက သူတို့ ဖားကန့်မြို့မ ရဲစခန်းမှာ ၅၀၅ နဲ့ ဖွင့်ဖို့လုပ်နေတယ်လို့ ကြား တယ်။ သူတို့မိဘတွေကတော့ ရင်ထဲမှာ ဘယ်ကောင်းပါ့မလဲ၊ ကိုယ်မွေးထားတဲ့ သားသမီးကို။ သူတို့ကို သေနတ် ပစ်ဖောက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာဗျ” ဟု ပြောသည်။

မမုံကျေးရွာက လူငယ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် တပ်မ ၃၃ က စစ်သားများနှင့် ဖားကန့်မြို့နယ် စခန်းမှူးအဖွဲ့ တို့က သေနတ်ပစ်ဖောက်ကာ လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ညက စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူများသည် တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး ရပ်ရွာလုံခြုံ ရေးအတွက် ကင်းစောင့်ပေးနေသည့် လူငယ်များ ဖြစ်သည်ဟု ပြောသည်။

“သူတို့က အကုန်လုံးက တက္ကသိုလ်ကျောင်းသားတွေကြီးပဲ။ သူတို့က ဖေဖော်ဝါရီလ တစ်ရက်နေ့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ကိုယ့်ရပ်ရွာကို ကိုယ့် ဟာကိုယ်ပဲ စောင့်ကြတော့တာ။ သူများကိုသွားပြီး ရန်မူဖို့မဟုတ်ဘူး။ ကိုယ့်ရွာကိုယ် မီးကွင်းပစ်သော်လည်း ကောင်း၊ မလိုသူတစ်ဦးဦးက အကြောင်းအမျိုးမျိုးကြောင့် ရွာထဲကို တစ်ခုခုလုပ်တာမျိုးတွေပေါ့ အဲ့ဒါတွေ ကြောင့် ရွာရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေးစောင့်ကြတာဗျ” ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် ယနေ့နံနက်ပိုင်းတွင်လည်း ဖားကန့်မြို့ထဲက နေရာနှစ်နေရာတွင်း လမ်းသွားလမ်းလာများ ကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းက ဖားကန့် စပေါ့ကျေးရွာက အသက် ၂၅ နှစ်အရွယ် ပရဟိတလူငယ်တစ်ဦးကိုလည်း အမည် မသိ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားသည်။

ထို့အပြင် ဖားကန့်မြို့တွင် ယနေ့နံနက်ပိုင်းကစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

“ဒီနေ့လည်း လမ်းမှာ ရဲရော စစ်တပ်တွေရောက ကားရော၊ ဆိုင်ကယ်တွေရော အကုန်လုံးစစ်ဆေးနော်။ ဆိုင်း တောင်မှာက တံတားမရောက်ခင်မှာ ရဲတွေရှိနေတယ်။ ဟိုနောက်ပြီး ဖားကန့် မှာရော ရဲတွေရှိတယ်။ နောက်ပြီး ဟိုဘက်ကမ်း ဖားကန့်ကြီးနဲ့ ဆန်းကြွယ်အစပ်မှာ၊ ဆန်းကြွယ်တော့ မရောက်ဘူး။ ဖားကန့်ကြီးအထွက်မှာပေါ့ အဲ့မှာရော လမ်းသွားလမ်းလာတွေ အကုန်လုံးကို စစ်နေတာ” ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့ မမုံကျေးရွာတွင် မေလ ၁၀ ရက်နေ့ကလည်း ဒေသခံရွာသား ၁၂ ဦးကို ဖမ်းဆီးသွားခဲ့ရာ ယခုခါ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။

“အလားတူ မေလ ၁၀ ရက်နေ့ မနက် ၄ နာရီခွဲကလည်း အိမ်တစ်အိမ်ကို စစ်ကောင်စီအဖွဲ့တွေက ဝင်ပြီးတော့ ဖမ်းသွားတာရှိတယ်။ ၁၂ ယောက်။ ၁၂ ယောက်ကိုလေ။ အဲ့ ၁၂ ယောက်ကိုတော့ ၅၀၅ နဲ့ ဖွင့်ထားတယ်လို့ ကြား တယ်။ မမုံရွာကဟုတ်တယ်ဗျ။ မမုံရွာထဲကို ဝင်ပြီးတော့ အိမ်ကို ခြံစည်းရိုးဖျက်ပြီးတော့ အဲ့ဒီအိမ်ထဲကို ဝင် ဖမ်းသွားတာဗျ။ မေလ ၁၀ ရက်နေ့ကတော့ ပစ်ခတ်မှုဖြစ်လိုက်သေးတယ်။ စစ်ကောင်စီဘက်က ပစ်လို့” ဟု မမုံကျေးရွာ က ဒေသခံ က ဆက်ပြောသည်။

ထို့သို့ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် မမုံကျေးရွာအနီးက အခြားသောရွာများကလည်း စိုးရိမ် နေကြသည်ဟု “ဒါကတော့ စိုးရိမ်တာပေါ့။ အခုမမုံဖမ်းသွားပြီဆိုတော့ တခြားရွာတွေလည်း ဘယ်လိုလာဖမ်း မလဲ၊ ဘယ်အချိန်လာမလဲ အဲ့လိုမျိုး စိုးရိမ်တာပေါ့” ၎င်း က ဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မေလ ၂၄ ရက်နေ့ထိ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံ ထားရသူ စုစုပေါင်း ၄၃၀၁ ဦးရှိပြီး ၎င်းတို့အနက် ၉၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၈၄၁) ဦးရှိသည်ဟု AAPP က ထုတ်ပြန် ထားသည်။

*** ZAWGYI ***
ဖားကန႔္ လူငယ္ ၇ ဦး စစ္ေကာင္စီ ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၅ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ထဲက ေဒသခံလူငယ္ ၇ ဦးအား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ယမန္ေန႔ ညက ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။

ဖားကန႔္ၿမိဳ႕၊ မမုံေက်း႐ြာက ေဒသခံလူငယ္ ၇ ဦးကို ေမလ ၂၅ ရက္ေန႔ ည ၁၁ နာရီခြဲ အခ်ိန္ခန႔္က စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ေသနတ္မ်ားပစ္ေဖာက္ကာ ႐ိုက္ႏွက္ဖမ္းဆီးေခၚေဆာင္သြားသည္ဟု ေဒသခံမ်ားက ေျပာ သည္။

မမုံေက်း႐ြာက ေဒသခံတစ္ဦးက “မေန႔ညက ၁၁ ခြဲက ဟုတ္တယ္။ ႐ြာထိပ္မွာ ကင္းေစာင့္ေနတဲ့ လူငယ္ ၇ ဦးကို ဖမ္းသြားတာဟုတ္တယ္။ ေနာက္ဆက္တြဲက သူတို႔ ဖားကန႔္ၿမိဳ႕မ ရဲစခန္းမွာ ၅၀၅ နဲ႔ ဖြင့္ဖို႔လုပ္ေနတယ္လို႔ ၾကား တယ္။ သူတို႔မိဘေတြကေတာ့ ရင္ထဲမွာ ဘယ္ေကာင္းပါ့မလဲ၊ ကိုယ္ေမြးထားတဲ့ သားသမီးကို။ သူတို႔ကို ေသနတ္ ပစ္ေဖာက္ၿပီးေတာ့ ဖမ္းဆီးေခၚေဆာင္သြားတာဗ်” ဟု ေျပာသည္။

မမုံေက်း႐ြာက လူငယ္မ်ားကို ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ တပ္မ ၃၃ က စစ္သားမ်ားႏွင့္ ဖားကန႔္ၿမိဳ႕နယ္ စခန္းမႉးအဖြဲ႕ တို႔က ေသနတ္ပစ္ေဖာက္ကာ လာေရာက္ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယမန္ေန႔ ညက စစ္တပ္က ဖမ္းဆီးေခၚေဆာင္သြားသူမ်ားသည္ တကၠသိုလ္ေက်ာင္းသားမ်ားျဖစ္ၿပီး ရပ္႐ြာလုံၿခဳံ ေရးအတြက္ ကင္းေစာင့္ေပးေနသည့္ လူငယ္မ်ား ျဖစ္သည္ဟု ေျပာသည္။

“သူတို႔က အကုန္လုံးက တကၠသိုလ္ေက်ာင္းသားေတြႀကီးပဲ။ သူတို႔က ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္က အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာ ရပ္႐ြာလုံၿခဳံေရးအတြက္ဆိုၿပီး ကိုယ့္ရပ္႐ြာကို ကိုယ့္ ဟာကိုယ္ပဲ ေစာင့္ၾကေတာ့တာ။ သူမ်ားကိုသြားၿပီး ရန္မူဖို႔မဟုတ္ဘူး။ ကိုယ့္႐ြာကိုယ္ မီးကြင္းပစ္ေသာ္လည္း ေကာင္း၊ မလိုသူတစ္ဦးဦးက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႐ြာထဲကို တစ္ခုခုလုပ္တာမ်ိဳးေတြေပါ့ အဲ့ဒါေတြ ေၾကာင့္ ႐ြာရဲ႕ ဝင္ေပါက္ထြက္ေပါက္ေတြကို လုံၿခဳံေရးေစာင့္ၾကတာဗ်” ဟု ၎က ဆက္ေျပာသည္။

ထို႔ေနာက္ ယေန႔နံနက္ပိုင္းတြင္လည္း ဖားကန႔္ၿမိဳ႕ထဲက ေနရာႏွစ္ေနရာတြင္း လမ္းသြားလမ္းလာမ်ား ကို တားဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယေန႔ နံနက္ပိုင္းက ဖားကန႔္ စေပါ့ေက်း႐ြာက အသက္ ၂၅ ႏွစ္အ႐ြယ္ ပရဟိတလူငယ္တစ္ဦးကိုလည္း အမည္ မသိ လက္နက္ကိုင္လူတစ္စုက ဝင္ေရာက္ပစ္ခတ္ခဲ့သည့္အတြက္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားသည္။

ထို႔အျပင္ ဖားကန႔္ၿမိဳ႕တြင္ ယေန႔နံနက္ပိုင္းကစတင္၍ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လမ္းသြားလမ္းလာမ်ားကို တားဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ဖားကန႔္ေဒသခံမ်ားက ေျပာသည္။

“ဒီေန႔လည္း လမ္းမွာ ရဲေရာ စစ္တပ္ေတြေရာက ကားေရာ၊ ဆိုင္ကယ္ေတြေရာ အကုန္လုံးစစ္ေဆးေနာ္။ ဆိုင္း ေတာင္မွာက တံတားမေရာက္ခင္မွာ ရဲေတြရွိေနတယ္။ ဟိုေနာက္ၿပီး ဖားကန႔္ မွာေရာ ရဲေတြရွိတယ္။ ေနာက္ၿပီး ဟိုဘက္ကမ္း ဖားကန႔္ႀကီးနဲ႔ ဆန္းႂကြယ္အစပ္မွာ၊ ဆန္းႂကြယ္ေတာ့ မေရာက္ဘူး။ ဖားကန႔္ႀကီးအထြက္မွာေပါ့ အဲ့မွာေရာ လမ္းသြားလမ္းလာေတြ အကုန္လုံးကို စစ္ေနတာ” ဟု ဖားကန႔္ ေဒသခံတစ္ဦးက ေျပာသည္။

ဖားကန႔္ၿမိဳ႕ မမုံေက်း႐ြာတြင္ ေမလ ၁၀ ရက္ေန႔ကလည္း ေဒသခံ႐ြာသား ၁၂ ဦးကို ဖမ္းဆီးသြားခဲ့ရာ ယခုခါ ၅၀၅ (က) ျဖင့္ တရားစြဲဆိုထားသည္။

“အလားတူ ေမလ ၁၀ ရက္ေန႔ မနက္ ၄ နာရီခြဲကလည္း အိမ္တစ္အိမ္ကို စစ္ေကာင္စီအဖြဲ႕ေတြက ဝင္ၿပီးေတာ့ ဖမ္းသြားတာရွိတယ္။ ၁၂ ေယာက္။ ၁၂ ေယာက္ကိုေလ။ အဲ့ ၁၂ ေယာက္ကိုေတာ့ ၅၀၅ နဲ႔ ဖြင့္ထားတယ္လို႔ ၾကား တယ္။ မမုံ႐ြာကဟုတ္တယ္ဗ်။ မမုံ႐ြာထဲကို ဝင္ၿပီးေတာ့ အိမ္ကို ၿခံစည္း႐ိုးဖ်က္ၿပီးေတာ့ အဲ့ဒီအိမ္ထဲကို ဝင္ ဖမ္းသြားတာဗ်။ ေမလ ၁၀ ရက္ေန႔ကေတာ့ ပစ္ခတ္မႈျဖစ္လိုက္ေသးတယ္။ စစ္ေကာင္စီဘက္က ပစ္လို႔” ဟု မမုံေက်း႐ြာ က ေဒသခံ က ဆက္ေျပာသည္။

ထို႔သို႔ ဖမ္းဆီးမႈမ်ား ဆက္တိုက္ျပဳလုပ္ေနသည့္အတြက္ မမုံေက်း႐ြာအနီးက အျခားေသာ႐ြာမ်ားကလည္း စိုးရိမ္ ေနၾကသည္ဟု “ဒါကေတာ့ စိုးရိမ္တာေပါ့။ အခုမမုံဖမ္းသြားၿပီဆိုေတာ့ တျခား႐ြာေတြလည္း ဘယ္လိုလာဖမ္း မလဲ၊ ဘယ္အခ်ိန္လာမလဲ အဲ့လိုမ်ိဳး စိုးရိမ္တာေပါ့” ၎ က ဆက္ေျပာသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ေမလ ၂၄ ရက္ေန႔ထိ ကခ်င္ျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံ ထားရသူ စုစုေပါင္း ၄၃၀၁ ဦးရွိၿပီး ၎တို႔အနက္ ၉၆ ဦးမွာ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသည္ဟု သိရသည္။

ထို႔အျပင္ ဖမ္းဝရမ္းထုတ္ျခင္းခံထားရေသာေၾကာင့္ တိမ္းေရွာင္ေနသူ (၁၈၄၁) ဦးရွိသည္ဟု AAPP က ထုတ္ျပန္ ထားသည္။