ဘီးလင်း မြို့နယ် ပြည်ခိုင်ဖြိုး ဥက္ကဌ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေအား ယနေ့ နံနက် ပိုင်းတွင် အမည်မသိသူ ဆိုင်ကယ်သမား နှစ်ဦးက သေနတ် ပစ်သတ်ခဲ့သည်ဟု ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။
မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ၎င်းတို့ပိုင် ကြက်မောက်ခြံ သို့ သွားရာလမ်းတွင် အမည်မသိသူနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ဦးမြင့်ဆွေကတော့ ပစ်ခတ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်၊ သူ့အမျိုးသမီးကတော့ အပြင်းအ ထန် ဒဏ်ရာရသွားတယ်။ အခု ဆေးရုံပို့ထားတယ်လို့ သိရတယ်၊ လုပ်ကြံတဲ့လူကတော့ နှစ်ယောက်တဲ့ ဆိုင် ကယ် နဲ့ လာပြီး ပစ်သွားတယ်တဲ့” ဟု ဘီးလင်း ဒေသခံတစ်ဦး က ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ဦးမြင့်ဆွေသည့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားပြီး ဇနီးဖြစ်သူမှာ မေရိုးတွင် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။
“သူ့မိန်းမက မေးပွင့်သွားတယ်။ အခု ဆေးရုံမှာပါ။ သူလည်း စိုးရိမ်ရတယ်ဗျ။ ဦးမြင့်ဆွေ အလောင်းကိုတော့ ဒီနေ့ပဲ သဂြိုလ်မှာလို့ ပြောတယ်။ အခုအခင်းဖြစ်တဲ့ ရွာနားလည်း ရဲတွေ၊ စစ်သားတွေ ရောက်နေတယ်။ စစ် ဆေးတာတွေတော့ လုပ်နေကြတယ်” အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။
လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေသည် ဟုလည်း ဒေသခံများက ပြောသည်။
ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင် ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူ ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် လက် နက်ကိုင်အဖွဲ့တို့အကြား ပစ်ခတ်မှုရှိခဲ့ပြီး ယခုလို လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားသည်မှာ ပထမဆုံး အကြိမ် ကြားရ ခြင်း ဖြစ်သည် ဒေသခံများ က ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ရေးမြို့နယ် နှင့် သထုံမြို့နယ် အစရှိသည့် မြို့နယ်အချို့တို့ရှိ ကျောင်းများ နှင့် အုပ်ချုပ်ရေးမှူးရုံးများ အစရှိသည့်နေရာတို့တွင် ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ် ပွားသည့်ဖြစ်စဉ်များလည်း ရှိသည်။
ဗုံးပေါက်ကွဲမှု ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သလို အဆောက်အဦများ ပျက်စီးမှုများလည်း ရှိခဲ့သည်။
ထိုကဲ့သို့ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ အဝင်အထွက်နေရာများအပြင် မြို့ပေါ်အနှံ့ စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည်ဟု လည်း ဒေသခံများက ဆိုသည်။ သို့သော် မည်သူ မည်ဝါ လက်ချက်ဖြစ်သည်ကို အထောက်အထား ခိုင်ခိုင်မာမာနှင့် ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။
*** ZAWGYI ***
ဘီးလင္း ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳး ဥကၠဌ ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၇ ရက္။
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးျမင့္ေဆြအား ယေန႔ နံနက္ ပိုင္းတြင္ အမည္မသိသူ ဆိုင္ကယ္သမား ႏွစ္ဦးက ေသနတ္ ပစ္သတ္ခဲ့သည္ဟု ျပည္နယ္ ျပည္ေထာင္စု ႀကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီထံမွ သိရသည္။
ေမလ ၂၇ ရက္ေန႔ နံနက္ ၈ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ ဦးျမင့္ေဆြႏွင့္ ဇနီးတို႔သည္ ၎တို႔ပိုင္ ၾကက္ေမာက္ၿခံ သို႔ သြားရာလမ္းတြင္ အမည္မသိသူႏွစ္ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။
“ဦးျမင့္ေဆြကေတာ့ ပစ္ခတ္ခံရတဲ့ေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆုံးသြားတယ္၊ သူ႔အမ်ိဳးသမီးကေတာ့ အျပင္းအ ထန္ ဒဏ္ရာရသြားတယ္။ အခု ေဆး႐ုံပို႔ထားတယ္လို႔ သိရတယ္၊ လုပ္ႀကံတဲ့လူကေတာ့ ႏွစ္ေယာက္တဲ့ ဆိုင္ ကယ္ နဲ႔ လာၿပီး ပစ္သြားတယ္တဲ့” ဟု ဘီးလင္း ေဒသခံတစ္ဦး က ေျပာသည္။
ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္းေၾကာင့္ ဦးျမင့္ေဆြသည့္ အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးသြားၿပီး ဇနီးျဖစ္သူမွာ ေမ႐ိုးတြင္ အျပင္းအထန္ဒဏ္ရာရရွိသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“သူ႔မိန္းမက ေမးပြင့္သြားတယ္။ အခု ေဆး႐ုံမွာပါ။ သူလည္း စိုးရိမ္ရတယ္ဗ်။ ဦးျမင့္ေဆြ အေလာင္းကိုေတာ့ ဒီေန႔ပဲ သၿဂိဳလ္မွာလို႔ ေျပာတယ္။ အခုအခင္းျဖစ္တဲ့ ႐ြာနားလည္း ရဲေတြ၊ စစ္သားေတြ ေရာက္ေနတယ္။ စစ္ ေဆးတာေတြေတာ့ လုပ္ေနၾကတယ္” အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။
လက္ရွိတြင္ အခင္းျဖစ္ပြားရာေနရာသို႔ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိေနၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ ဟုလည္း ေဒသခံမ်ားက ေျပာသည္။
ဘီးလင္းၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးျမင့္ေဆြသည္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ ေန႔က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ဘီးလင္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေနရာတြင္ ဝင္ ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ေ႐ြးေကာက္ပြဲ ရႈံးနိမ့္ထားသူ ျဖစ္သည္။
စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ဘီးလင္းၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ႏွင့္ လက္ နက္ကိုင္အဖြဲ႕တို႔အၾကား ပစ္ခတ္မႈရွိခဲ့ၿပီး ယခုလို လုပ္ႀကံသတ္ျဖတ္မႈျဖစ္ပြားသည္မွာ ပထမဆုံး အႀကိမ္ ၾကားရ ျခင္း ျဖစ္သည္ ေဒသခံမ်ား က ဆိုသည္။
စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္းရွိ ေမာ္လၿမိဳင္၊ ေရးၿမိဳ႕နယ္ ႏွင့္ သထုံၿမိဳ႕နယ္ အစရွိသည့္ ၿမိဳ႕နယ္အခ်ိဳ႕တို႔ရွိ ေက်ာင္းမ်ား ႏွင့္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ား အစရွိသည့္ေနရာတို႔တြင္ ဗုံးေပါက္ကြဲမႈ ဆက္တိုက္ ျဖစ္ ပြားသည့္ျဖစ္စဥ္မ်ားလည္း ရွိသည္။
ဗုံးေပါက္ကြဲမႈ ထိခိုက္ဒဏ္ရာရရွိမႈမ်ား ရွိခဲ့သလို အေဆာက္အဦမ်ား ပ်က္စီးမႈမ်ားလည္း ရွိခဲ့သည္။
ထိုကဲ့သို႔ ဗုံးေပါက္ကြဲမႈ ဆက္တိုက္ျဖစ္ေပၚလာၿပီးေနာက္ပိုင္း အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕ အဝင္အထြက္ေနရာမ်ားအျပင္ ၿမိဳ႕ေပၚအႏွံ႔ စစ္ေဆးမႈမ်ား ပိုမိုတင္းၾကပ္လာသည္ဟု လည္း ေဒသခံမ်ားက ဆိုသည္။ သို႔ေသာ္ မည္သူ မည္ဝါ လက္ခ်က္ျဖစ္သည္ကို အေထာက္အထား ခိုင္ခိုင္မာမာႏွင့္ ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးပါ။