မော်လမြိုင်တက္ကသိုလ်က ပါမောက္ခများအပါအဝင် ဝန်ထမ်း ၁၅၅ ဦးအား ထုတ်ပယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် မေလ ၂၇ ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခများ အပါအဝင် ပညာရေး ဝန်ထမ်း ၁၅၅ ဦးကို မေလ ၂၁ ရက်နေ့မှစ၍ ရာထူးမှ ထုတ်ပယ်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်တို့၏ လက်မှတ်ဖြင့် ကြေညာ လိုက်သည်။
ဝန်ထမ်း ၁၅၅ ဦး တို့သည် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီ ထုတ် ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ရာ ထူးမှ ထုတ်ပယ်ခြင်း ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဆိုပြီး ထုတ်ပြန်စာတွင် ပါရှိသည်။
“ရာထူးကနေ ထုတ်ပယ်ကြောင်း ထုတ်ပြန်ထားတဲ့စာမှာတော့ တကယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ဘူး ဆိုရင် အယူခံလွှာတင်သွင်းနိုင်တယ်ဆိုပြီး ပြောထားတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ကနဦးက တာဝန် က နေ ယာယီရပ်ဆိုင်းခံရတယ်။ ဆက်ပြီး ဆန့်ကျင်လာတယ် အခုတော့ ရာထူးကနေ ထုတ်ပယ်ခံရတယ်” ဟု အရာ ထမ်းတစ်ဦးက ပြောသည်။
ရာထူးထုတ်ပယ်ခံရသူများအနေဖြင့် ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက အမိန့်ကြေငြာစာ လက်ခံရရှိ သည့် နေ့မှစ၍ ၆ လအတွင်း နိုင်ငံ့ဝန်းထမ်း နည်းဥပဒေများ၏ ပြဌာန်းချက်များနှင့်အညီ အယူခံလွှာ တင်သွင်း နိုင်သည်ဟု မော်လမြိုင်တက္ကသိုလ်က ထုတ်ပြန်ထားသည်။
ရာထူးမှ ထုတ်ပယ်ခံရသည့် အရာထမ်းများသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီ ဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသူများ ဖြစ်ပြီး ဘာသာရပ်ပေါင်းစုံတို့က ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနှင့် စာကြည့်တိုက်မှူးတို့ ပါဝင်သည်ဟု ထုတ်ပြန်စာအရ သိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့်အတွက် မော်လမြိုင်တက္ကသိုလ်မှ ဝန်ထမ်း ၂၀၀ ကျော် တာ ဝန်မှ ယာယီရပ်ဆိုင်းခံထားရသည်။
တာဝန်မှ ယာယီရပ်ဆိုင်းခံထားရစဉ် အာဏာသိမ်း စစ်ကောင်စီတို့၏ ဖိအားပေး ငြိမ်းခြောက်ခြင်း အမျိုးမျိုးခံခဲ့ရ သည်ဟု ဆရာဆရာမများက ပြောသည်။ သို့သော်လည်း CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ခဲ့ခြင်းကြောင့် ဝန်ထမ်း ၁၅၅ ဦးကို ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
မော်လမြိုင်တက္ကသိုလ်နည်းတူ နည်းပညာတက္ကသိုလ်(မော်လမြိုင်) မှ အရာထမ်း ၄၀ ကျော် တို့လည်း ရာထူးမှ ထုတ်ပယ်ခံရကြောင်း သိရသည်။
*** ZAWGYI ***
ေမာ္လၿမိဳင္တကၠသိုလ္က ပါေမာကၡမ်ားအပါအဝင္ ဝန္ထမ္း ၁၅၅ ဦးအား ထုတ္ပယ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ေမလ ၂၇ ရက္။
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္တကၠသိုလ္မွ ပါေမာကၡမ်ား အပါအဝင္ ပညာေရး ဝန္ထမ္း ၁၅၅ ဦးကို ေမလ ၂၁ ရက္ေန႔မွစ၍ ရာထူးမွ ထုတ္ပယ္ေၾကာင္း ေမာ္လၿမိဳင္တကၠသိုလ္ ပါေမာကၡခ်ဳပ္၊ ဒု-ပါေမာကၡခ်ဳပ္တို႔၏ လက္မွတ္ျဖင့္ ေၾကညာ လိုက္သည္။
ဝန္ထမ္း ၁၅၅ ဦး တို႔သည္ ခြင့္စည္းကမ္းမ်ားကို ေဖာက္ဖ်က္ၿပီး ခြင့္မဲ့ပ်က္ကြက္ျခင္း၊ ဥပေဒႏွင့္အညီ ထုတ္ ျပန္ထားသည့္ အမိန႔္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ျခင္းတို႔ေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းဥပေဒအရ ရာ ထူးမွ ထုတ္ပယ္ျခင္း ျပစ္ဒဏ္ ခ်မွတ္လိုက္ျခင္းျဖစ္သည္ဆိုၿပီး ထုတ္ျပန္စာတြင္ ပါရွိသည္။
“ရာထူးကေန ထုတ္ပယ္ေၾကာင္း ထုတ္ျပန္ထားတဲ့စာမွာေတာ့ တကယ္လို႔ ဒီကိစၥနဲ႔ ပတ္သက္ၿပီး မေက်နပ္ဘူး ဆိုရင္ အယူခံလႊာတင္သြင္းႏိုင္တယ္ဆိုၿပီး ေျပာထားတယ္။ စစ္အာဏာရွင္ကို ဆန႔္က်င္လို႔ ကနဦးက တာဝန္ က ေန ယာယီရပ္ဆိုင္းခံရတယ္။ ဆက္ၿပီး ဆန႔္က်င္လာတယ္ အခုေတာ့ ရာထူးကေန ထုတ္ပယ္ခံရတယ္” ဟု အရာ ထမ္းတစ္ဦးက ေျပာသည္။
ရာထူးထုတ္ပယ္ခံရသူမ်ားအေနျဖင့္ ျပစ္ဒဏ္ႏွင့္ စပ္လ်ဥ္း၍ ေက်နပ္မႈမရွိပါက အမိန႔္ေၾကျငာစာ လက္ခံရရွိ သည့္ ေန႔မွစ၍ ၆ လအတြင္း ႏိုင္ငံ့ဝန္းထမ္း နည္းဥပေဒမ်ား၏ ျပဌာန္းခ်က္မ်ားႏွင့္အညီ အယူခံလႊာ တင္သြင္း ႏိုင္သည္ဟု ေမာ္လၿမိဳင္တကၠသိုလ္က ထုတ္ျပန္ထားသည္။
ရာထူးမွ ထုတ္ပယ္ခံရသည့္ အရာထမ္းမ်ားသည္ စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္သည့္အေနျဖင့္ အာဏာဖီ ဆန္ေရးလႈပ္ရွားမႈ CDM တြင္ ပါဝင္ထားသည့္အတြက္ တာဝန္မွ ယာယီရပ္ဆိုင္းခံထားရသူမ်ား ျဖစ္ၿပီး ဘာသာရပ္ေပါင္းစုံတို႔က ပါေမာကၡ(ဌာနမႉး)၊ ပါေမာကၡ၊ တြဲဖက္ပါေမာကၡ၊ ကထိက၊ လက္ေထာက္ကထိကႏွင့္ စာၾကည့္တိုက္မႉးတို႔ ပါဝင္သည္ဟု ထုတ္ျပန္စာအရ သိရသည္။
အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM တြင္ ပါဝင္သည့္အတြက္ ေမာ္လၿမိဳင္တကၠသိုလ္မွ ဝန္ထမ္း ၂၀၀ ေက်ာ္ တာ ဝန္မွ ယာယီရပ္ဆိုင္းခံထားရသည္။
တာဝန္မွ ယာယီရပ္ဆိုင္းခံထားရစဥ္ အာဏာသိမ္း စစ္ေကာင္စီတို႔၏ ဖိအားေပး ၿငိမ္းေျခာက္ျခင္း အမ်ိဳးမ်ိဳးခံခဲ့ရ သည္ဟု ဆရာဆရာမမ်ားက ေျပာသည္။ သို႔ေသာ္လည္း CDM လႈပ္ရွားမႈတြင္ ဆက္လက္ပါဝင္ခဲ့ျခင္းေၾကာင့္ ဝန္ထမ္း ၁၅၅ ဦးကို ယခုကဲ့သို႔ ရာထူးမွ ထုတ္ပယ္လိုက္ျခင္း ျဖစ္သည္။
ေမာ္လၿမိဳင္တကၠသိုလ္နည္းတူ နည္းပညာတကၠသိုလ္(ေမာ္လၿမိဳင္) မွ အရာထမ္း ၄၀ ေက်ာ္ တို႔လည္း ရာထူးမွ ထုတ္ပယ္ခံရေၾကာင္း သိရသည္။