ရှမ်းနီ အမျိုးသားများ တပ်မတော် ဒု-ဦးစီးချုပ် စဝ်ခွန်ကျော် လုပ်ကြံခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်။
ရှမ်းနီ အမျိုးသားများ တပ်မတော် SNA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် စဝ်ခွန်ကျော် လုပ်ကြံခံရပြီး ကျဆုံး သွားသည်ဟု SNA က ပြောသည်။
မေလ ၂၆ ရက်နေ့က သေနတ်ဖြင့် အနီးကပ် လုပ်ကြံခံရပြီး တစ်ရက်အကြာ မေလ ၂၇ ရက်နေ့တွင် ကျဆုံးသွားသည်ဟု SNA ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။
၎င်းက “အဓိကကတော့ အနီးကပ် လုပ်ကြံခံရတာပေါ့။ အနီးကပ် လုပ်ကြံခံရတော့ ဘယ်လိုခေါ်မလဲ ဒီအတွင်း စည်းထဲ ဝင်ပြီးမှ လုပ်ကြံခံရတာဖြစ်တယ်။ လုပ်ကြံခံရတာတော့ တစ်နေ့က လုပ်ကြံခံရတာ ဆုံးတာတော့ မနေ့ က ဆုံးတယ်လေ” ဟု ပြောသည်။
အဆိုပါ လုပ်ကြံခံရမှုအတွင်း ရှမ်းနီအမျိုးသားများ တပ်မတော်က တပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု SNA ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
“တစ်ခြားဘေးနားက သူ့ရဲ့ လုံခြုံရေး တပ်စိပ်မှူးထိတယ်။ သူ့ရဲ့ လုံခြုံရေးတပ်စိပ်မှူးရယ်၊ စဝ်ခွန်ကျော် လုံခြုံရေးရယ် ၂ ယောက်ပေါ့” ဟု ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။
လက်ရှိတွင် လုပ်ကြံသူအား SNA က ဖမ်းဆီးချုပ်နှောင်ထားပြီး လုပ်ကြံမှုတွင် ပါဝင်သူ ကွင်းဆက် တရားခံ များ ကို ဆက်လက် ဖော်ထုတ်သွားမည် ဟု ဆိုသည်။
SNA ဒု-စစ်ဦးစီးချုပ် စဝ်ခွန်ကျော် လုပ်ကြံခံရမှုမှာ ရန်ငြိုးရန်စကြောင့်မျိုး မဟုတ်ပဲ ရန်သူဖက်မှ အစီအစဉ်တ ကျ စီစဉ်ကာ လုပ်ကြံသတ်ဖြတ်ခြင်းမျိုး ဖြစ်သည့်အတွက် လက်တုန့်ပြန်သွားမည်ဟု ဗိုလ်မှူးကြီး ဆေစိုင်းထွန်း က ပြောသည်။
“အဓိကကတော့ ရန်သူရဲ့ လုပ်ရပ်အပေါ်မှာ မူတည်ပြီးမှ ဝင်လာတာပါ။ ရန်ငြိုးရန်စဆိုပြီး အဲလိုမျိုးမရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရမှ မဟုတ်တာ။ တစ်မျိုးသားလုံးက ဆိုင်တဲ့အထိဖြစ်တာကိုး ဒီဟာကတော့ ယုတ်မာပက်စက်တဲ့ လုပ်ရပ်တစ်ခုလိုပဲ ကျနော်တို့က မြင်တယ်။ ရှုတ်ချတယ်။ ဒါပေမယ့် ကျနော်တော့ အဲဒါကို ပြန်ပြီးမှ တုန့်ပြန် လိမ့်မယ်လို့ ကျနော်ကတော့ အဲလိုပြောချင်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ် စဝ်ခွန်ကျော် ကျဆုံးသွားခြင်းကြောင့် ရှမ်းနီအမျိုးသားရေး လှုပ်ရှားမှုအတွက် နစ်နာဆုံးရှုံးမှုကို ဖြစ်စေ သည့်အပြင် ရှေ့ဆက်လုပ်ဆောင်မည့် အမျိုးသားရေး တာဝန်များအတွက်လည်း အခက်အခဲ ဖြစ်စေသည်ဟု SNA က ဆိုသည်။
မိုးညှင်းမြို့နယ် မော်ဟန် ဇာတိဖြစ်သူ ဗိုလ်ချုပ် စဝ်ခွန်ကျော် ခေါ် သံချောင်း ခေါ် ဦးမြင့်စိုးမှာ ၈၈ လူထု လှုပ်ရှားမှု ကာလအတွင်းက လက်နက်ကိုင် တော်လှန်ရေး လုပ်ရန်အတွက် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နယ်မြေတွင် တောခိုခဲ့သည်။ KIA နယ်မြေရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး- မြန်မာပြည်မြောက်ပိုင်း (ABSDF-NB) တွင် ဒု-ဥက္ကဌ နှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
ကေအိုင်အေက ထိုအချိန်က မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၁၉၉၄ ခုနှစ်တွင် ပြုလုပ်ပြီးနောက်ပိုင်း ရဲဘော်အချို့နှင့်အတူ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP၊ ရှမ်းပြည် အမျိုးသား တပ်မ တော် SSNA နယ်မြေတို့တွင် အခြေပြုပြီး လက်နက်ကိုင် တော်လှန်ရေးကို ဆက်လုပ်ရန်ကြိုးပမ်းခဲ့သည်။
အပစ်ရပ် အဖွဲ့များအား မြန်မာစစ်တပ်မှ ဖိအားပေးမှုကြောင့် နောက်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တွင် တပ်မဟာ ၂၄၁ တပ်မဟာ မှူးအဖြစ်တာဝန်ယူခဲ့သည်။
၂၀၀၅ ခုနှစ် အကုန် ၂၀၀၆ ခုနှစ် ဆန်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။
သမ္မတ ဦးဝင်းမြင့်လက်ထက် လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက်တွင် ရှမ်းနီ အမျိုး သားများ တပ်မတော်တွင် ဒု-စစ်ဦးစီးချုပ် အဖြစ် တာဝန်များ ဆက်လက်ထမ်းဆောင်ခဲ့သည်။
သေဆုံးသည့်အချိန်တွင် ဇနီးဖြစ်သူ ဒေါ်မာမာထွန်းနှင့် သမီးနှစ်ဦး ကျန်ရစ်သည်။
*** ZAWGYI ***
ရွမ္းနီ အမ်ိဳးသားမ်ား တပ္မေတာ္ ဒု-ဦးစီးခ်ဳပ္ စဝ္ခြန္ေက်ာ္ လုပ္ႀကံခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၈ ရက္။
ရွမ္းနီ အမ်ိဳးသားမ်ား တပ္မေတာ္ SNA ဒု-စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ စဝ္ခြန္ေက်ာ္ လုပ္ႀကံခံရၿပီး က်ဆုံး သြားသည္ဟု SNA က ေျပာသည္။
ေမလ ၂၆ ရက္ေန႔က ေသနတ္ျဖင့္ အနီးကပ္ လုပ္ႀကံခံရၿပီး တစ္ရက္အၾကာ ေမလ ၂၇ ရက္ေန႔တြင္ က်ဆုံးသြားသည္ဟု SNA ေျပာ ေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေဆစိုင္းထြန္းက ေျပာသည္။
၎က “အဓိကကေတာ့ အနီးကပ္ လုပ္ႀကံခံရတာေပါ့။ အနီးကပ္ လုပ္ႀကံခံရေတာ့ ဘယ္လိုေခၚမလဲ ဒီအတြင္း စည္းထဲ ဝင္ၿပီးမွ လုပ္ႀကံခံရတာျဖစ္တယ္။ လုပ္ႀကံခံရတာေတာ့ တစ္ေန႔က လုပ္ႀကံခံရတာ ဆုံးတာေတာ့ မေန႔ က ဆုံးတယ္ေလ” ဟု ေျပာသည္။
အဆိုပါ လုပ္ႀကံခံရမႈအတြင္း ရွမ္းနီအမ်ိဳးသားမ်ား တပ္မေတာ္က တပ္သား ၂ ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ သည္ဟု SNA ေျပာေရးဆိုခြင့္ရွိသူက ဆက္ေျပာသည္။
“တစ္ျခားေဘးနားက သူ႔ရဲ႕ လုံၿခဳံေရး တပ္စိပ္မႉးထိတယ္။ သူ႔ရဲ႕ လုံၿခဳံေရးတပ္စိပ္မႉးရယ္၊ စဝ္ခြန္ေက်ာ္ လုံၿခဳံ ေရး ရယ္ ၂ ေယာက္ေပါ့” ဟု ဗိုလ္မႉးႀကီး ေဆစိုင္းထြန္းက ေျပာသည္။
လက္ရွိတြင္ လုပ္ႀကံသူအား SNA က ဖမ္းဆီးခ်ဳပ္ေႏွာင္ထားၿပီး လုပ္ႀကံမႈတြင္ ပါဝင္သူ ကြင္းဆက္ တရားခံ မ်ား ကို ဆက္လက္ ေဖာ္ထုတ္သြားမည္ ဟု ဆိုသည္။
SNA ဒု-စစ္ဦးစီးခ်ဳပ္ စဝ္ခြန္ေက်ာ္ လုပ္ႀကံခံရမႈမွာ ရန္ၿငိဳးရန္စေၾကာင့္မ်ိဳး မဟုတ္ပဲ ရန္သူဖက္မွ အစီအစဥ္တ က် စီစဥ္ကာ လုပ္ႀကံသတ္ျဖတ္ျခင္းမ်ိဳး ျဖစ္သည့္အတြက္ လက္တုန႔္ျပန္သြားမည္ဟု ဗိုလ္မႉးႀကီး ေဆစိုင္းထြန္း က ေျပာသည္။
“အဓိကကေတာ့ ရန္သူရဲ႕ လုပ္ရပ္အေပၚမွာ မူတည္ၿပီးမွ ဝင္လာတာပါ။ ရန္ၿငိဳးရန္စဆိုၿပီး အဲလိုမ်ိဳးမရွိပါဘူး။ ပုဂၢိဳလ္ေရးအရမွ မဟုတ္တာ။ တစ္မ်ိဳးသားလုံးက ဆိုင္တဲ့အထိျဖစ္တာကိုး ဒီဟာကေတာ့ ယုတ္မာပက္စက္တဲ့ လုပ္ရပ္တစ္ခုလိုပဲ က်ေနာ္တို႔က ျမင္တယ္။ ရႈတ္ခ်တယ္။ ဒါေပမယ့္ က်ေနာ္ေတာ့ အဲဒါကို ျပန္ၿပီးမွ တုန႔္ျပန္ လိမ့္မယ္လို႔ က်ေနာ္ကေတာ့ အဲလိုေျပာခ်င္ပါတယ္” ဟု ေျပာသည္။
ဗိုလ္ခ်ဳပ္ စဝ္ခြန္ေက်ာ္ က်ဆုံးသြားျခင္းေၾကာင့္ ရွမ္းနီအမ်ိဳးသားေရး လႈပ္ရွားမႈအတြက္ နစ္နာဆုံးရႈံးမႈကို ျဖစ္ေစ သည့္အျပင္ ေရွ႕ဆက္လုပ္ေဆာင္မည့္ အမ်ိဳးသားေရး တာဝန္မ်ားအတြက္လည္း အခက္အခဲ ျဖစ္ေစသည္ဟု SNA က ဆိုသည္။
မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္ ဇာတိျဖစ္သူ ဗိုလ္ခ်ဳပ္ စဝ္ခြန္ေက်ာ္ ေခၚ သံေခ်ာင္း ေခၚ ဦးျမင့္စိုးမွာ ၈၈ လူထု လႈပ္ရွားမႈ ကာလအတြင္းက လက္နက္ကိုင္ ေတာ္လွန္ေရး လုပ္ရန္အတြက္ ကခ်င္ လြတ္လပ္ေရး တပ္မေတာ္ (KIA) နယ္ေျမတြင္ ေတာခိုခဲ့သည္။ KIA နယ္ေျမရွိ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး- ျမန္မာျပည္ေျမာက္ပိုင္း (ABSDF-NB) တြင္ ဒု-ဥကၠဌ ႏွင့္ စစ္ေရးတာဝန္ခံအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ သည္။
ေကအိုင္ေအက ထိုအခ်ိန္က ျမန္မာ စစ္အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈကို ၁၉၉၄ ခုႏွစ္တြင္ ျပဳလုပ္ၿပီးေနာက္ပိုင္း ရဲေဘာ္အခ်ိဳ႕ႏွင့္အတူ ရွမ္းျပည္ တိုးတက္ေရး ပါတီ SSPP၊ ရွမ္းျပည္ အမ်ိဳးသား တပ္မ ေတာ္ SSNA နယ္ေျမတို႔တြင္ အေျချပဳၿပီး လက္နက္ကိုင္ ေတာ္လွန္ေရးကို ဆက္လုပ္ရန္ႀကိဳးပမ္းခဲ့သည္။
အပစ္ရပ္ အဖြဲ႕မ်ားအား ျမန္မာစစ္တပ္မွ ဖိအားေပးမႈေၾကာင့္ ေနာက္ပိုင္းတြင္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA) တြင္ တပ္မဟာ ၂၄၁ တပ္မဟာ မႉးအျဖစ္တာဝန္ယူခဲ့သည္။
၂၀၀၅ ခုႏွစ္ အကုန္ ၂၀၀၆ ခုႏွစ္ ဆန္းတြင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ျမန္မာစစ္တပ္၏ ဖမ္းဆီးမႈကို ခံခဲ့ရၿပီး ေထာင္ဒဏ္အျပစ္ေပးခံခဲ့ရသည္။
သမၼတ ဦးဝင္းျမင့္လက္ထက္ လြတ္ၿငိမ္းခ်မ္းသာမႈျဖင့္ ျပန္လည္ လြတ္ေျမာက္လာၿပီးေနာက္တြင္ ရွမ္းနီ အမ်ိဳး သားမ်ား တပ္မေတာ္တြင္ ဒု-စစ္ဦးစီးခ်ဳပ္ အျဖစ္ တာဝန္မ်ား ဆက္လက္ထမ္းေဆာင္ခဲ့သည္။
ေသဆုံးသည့္အခ်ိန္တြင္ ဇနီးျဖစ္သူ ေဒၚမာမာထြန္းႏွင့္ သမီးႏွစ္ဦး က်န္ရစ္သည္။