မူဆယ်တွင် အမှိုက်ထုပ်ပုံ ဗုံးပေါက်ကွဲ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်။
မြန်မာ-တရုတ်နယ်စပ်မြို့ ဖြစ်သည် မူဆယ်မြို့တွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
မူဆယ်မြို့ အမှတ်(၃) အထက်တန်းကျောင်း အနီး မေလ ၂၈ ရက်နေ့(ယနေ့) နံနက် ၈ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ရာ စည်ပင်ဝန်ထမ်းအမျိုးသားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု မူဆယ် ဒေသခံ တစ်ဦး က ပြောသည်။
“ဒီမနက် ၈ နာရီ ကျော်ကျော် ၈နာရီ ၂၀ ဝန်းကျင်လောက်က မူဆယ် ပြည်ထောင်စုလမ်းမပေါ်က အထက ၃ ကျောင်းနားမှာပါ။ လမ်းလယ် ဓါတ်တိုင်နားမှာ အမှိုက်ထုပ်လိုပုံစံမျိုးရှိနေတာပေါ့နော်။ အဲ့အချိန်မှာ ကျနော်တို့ စည်ပင်ဝန်ထမ်းက အမှိုက်လိုက်သိမ်းနေတဲ့အချိန်၊ အဲ့အထုပ်ကို ကောက်လိုက်တဲ့အချိန်မှာ ကွဲသွားတာဗျ။ စည် ပင်ဝန်ထမ်း အဲ့ဒီနေရာမှာပဲ သေသွားတယ်။ အဲ့ချိန် လမ်းပေါ်မှာ ဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးလည်းထိတယ်။ ဆိုင်ကယ်လည်း မီးလောင်သွားတယ်။ ဆိုင်ကယ်ပေါ်ကလူလည်း ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ နောက် ပြီးတော့ အဲ့နားက ဆေးဆိုင်တွေမှာရှိတဲ့ ဝန်ထမ်းတွေဆီကိုလည်း ဗုံးစတွေစင်တယ်။ သူတို့ကတော့ ထိခိုက်ဒဏ် နည်းနည်းစီရသွားတယ်” ဟု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အနီးက စျေးဆိုင်တစ်ဆိုင်က မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် စည်ပင်ဝန်ထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးခံရသည့်အပြင် ဆိုင်ကယ်ဖြင့် လာသည့် ပြည်သူတစ်ဦးမှာ ခြေထောက်တစ်ဖက်ပြတ်သွားပြီး ၎င်း၏ ဆိုင်ကယ်လည်း နေရာတွင်ပင် မီးလောင် သွားခဲ့သည်။
ခြေထောက်ပြတ်သွားသူအား ယခုခါ မူဆယ်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေသည်ဟု ဒေသခံ များက ပြောသည်။ ထို့အပြင် အနီးအနားစျေးဆိုင်များက ဝန်ထမ်း ၄ ဦးလည်း ဒဏ်အသီးသီးရရှိခဲ့သည်။
မူဆယ်မြို့ရှိ အမှတ် ၃ အထက်တန်းကျောင်းအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အမှတ် ၂ အထက်တန်း ကျောင်းတွင်လည်း လုံခြုံရေး တင်းကြပ်ထားသည်ဟု မူဆယ်ဒေသခံများက ပြောသည်။
ထို့အပြင် မူဆယ်မြို့၏ နေရာအတော်များများတွင် လမ်းသွားလမ်းလာများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ က စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မူဆယ်မြို့ က Gen Z လူငယ်တစ်ဦး က ပြောသည်။
“ကျောင်းမှာတော့ ဘယ်သူမှ မရှိနေဘူး။ လမ်းသွားလမ်းလာတွေတော့ ရှိနေတယ်။ အထက ၃ နဲ့ မျက်စောင်း ထိုးလေးမှာ ဖြစ်တာဗျ။ အခုက အဲ့ကျောင်းနားမှာလည်း စစ်နေတယ်။ အထက ၂ ကျောင်းနားမှာလည်း စစ် သားတွေ အများကြီးစောင့်နေတယ် လက်တွေလည်းကိုင်ထားတယ်။ လုံခြုံရေးက အပြည်ပဲဗျ။ လမ်းသွား လမ်းလာ တွေကိုတော့ အခု နေရာတော်တော်များများမှာ စစ်နေတယ်။ ကျနော်တို့ မူဆယ် နာရီစင်နားတွေ၊ Golf ကွင်း နား တွေ၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွေ အဲ့မှာတွေ အကုန်စစ်နေတယ်။ ကားတွေကိုရော၊ ဆိုင်ကယ်တွေရော စစ် နေတယ်ဗျ။”
ယနေ့ မူဆယ်မြို့တွင် ဗုံးပေါက်ကွဲသည့် နေရာသည် မူဆယ် ပြည်သူ့ဆေးရုံကြီးနှင့်အနီး၊ အမှတ်(၃) အထက-မူဆယ် မျက်စောင်းထိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မေလ ၂၆ ရက်နေ့ကလည်း တစ်ရက်တည်းတွင် မူဆယ်မြို့က ဆေးရုံရှေ့၊ ပညာရေးမှူးရုံးနှင့် စရဖရုံးရှေ့တို့တွင် ဗုံးပေါက်ကွဲမှု နေရာသုံးနေရာတွင် ဖြစ်ပွားခဲ့သည်။
Photo – CJ
*** ZAWGYI ***
မူဆယ္တြင္ အမႈိက္ထုပ္ပုံ ဗုံးေပါက္ကြဲ၊ တစ္ဦးေသ တစ္ဦးဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၂၈ ရက္။
ျမန္မာ-တ႐ုတ္နယ္စပ္ၿမိဳ႕ ျဖစ္သည္ မူဆယ္ၿမိဳ႕တြင္ ယေန႔ နံနက္ပိုင္းက ေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာ ျပင္းထန္စြာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
မူဆယ္ၿမိဳ႕ အမွတ္(၃) အထက္တန္းေက်ာင္း အနီး ေမလ ၂၈ ရက္ေန႔(ယေန႔) နံနက္ ၈ နာရီေက်ာ္အခ်ိန္ခန႔္က ဗုံးေပါက္ကြဲခဲ့ရာ စည္ပင္ဝန္ထမ္းအမ်ိဳးသားတစ္ဦး ေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆုံးခဲ့သည္ဟု မူဆယ္ ေဒသခံ တစ္ဦး က ေျပာသည္။
“ဒီမနက္ ၈ နာရီ ေက်ာ္ေက်ာ္ ၈နာရီ ၂၀ ဝန္းက်င္ေလာက္က မူဆယ္ ျပည္ေထာင္စုလမ္းမေပၚက အထက ၃ ေက်ာင္းနားမွာပါ။ လမ္းလယ္ ဓါတ္တိုင္နားမွာ အမႈိက္ထုပ္လိုပုံစံမ်ိဳးရွိေနတာေပါ့ေနာ္။ အဲ့အခ်ိန္မွာ က်ေနာ္တို႔ စည္ပင္ဝန္ထမ္းက အမႈိက္လိုက္သိမ္းေနတဲ့အခ်ိန္၊ အဲ့အထုပ္ကို ေကာက္လိုက္တဲ့အခ်ိန္မွာ ကြဲသြားတာဗ်။ စည္ ပင္ဝန္ထမ္း အဲ့ဒီေနရာမွာပဲ ေသသြားတယ္။ အဲ့ခ်ိန္ လမ္းေပၚမွာ ျဖတ္သြားတဲ့ ဆိုင္ကယ္တစ္စီးလည္းထိတယ္။ ဆိုင္ကယ္လည္း မီးေလာင္သြားတယ္။ ဆိုင္ကယ္ေပၚကလူလည္း ေျခေထာက္တစ္ဖက္ျပတ္သြားတယ္။ ေနာက္ ၿပီးေတာ့ အဲ့နားက ေဆးဆိုင္ေတြမွာရွိတဲ့ ဝန္ထမ္းေတြဆီကိုလည္း ဗုံးစေတြစင္တယ္။ သူတို႔ကေတာ့ ထိခိုက္ဒဏ္ နည္းနည္းစီရသြားတယ္” ဟု ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္အနီးက ေစ်းဆိုင္တစ္ဆိုင္က မ်က္ျမင္ေတြ႕ရွိသူ တစ္ဦးက ေျပာသည္။
အဆိုပါ ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္ေၾကာင့္ စည္ပင္ဝန္ထမ္းတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခံရသည့္အျပင္ ဆိုင္ကယ္ျဖင့္ လာသည့္ ျပည္သူတစ္ဦးမွာ ေျခေထာက္တစ္ဖက္ျပတ္သြားၿပီး ၎၏ ဆိုင္ကယ္လည္း ေနရာတြင္ပင္ မီးေလာင္ သြားခဲ့သည္။
ေျခေထာက္ျပတ္သြားသူအား ယခုခါ မူဆယ္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈ ခံယူေနသည္ဟု ေဒသခံ မ်ားက ေျပာသည္။ ထို႔အျပင္ အနီးအနားေစ်းဆိုင္မ်ားက ဝန္ထမ္း ၄ ဦးလည္း ဒဏ္အသီးသီးရရွိခဲ့သည္။
မူဆယ္ၿမိဳ႕ရွိ အမွတ္ ၃ အထက္တန္းေက်ာင္းအနီး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ အမွတ္ ၂ အထက္တန္း ေက်ာင္းတြင္လည္း လုံၿခဳံေရး တင္းၾကပ္ထားသည္ဟု မူဆယ္ေဒသခံမ်ားက ေျပာသည္။
ထို႔အျပင္ မူဆယ္ၿမိဳ႕၏ ေနရာအေတာ္မ်ားမ်ားတြင္ လမ္းသြားလမ္းလာမ်ားကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ား က စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု မူဆယ္ၿမိဳ႕ က Gen Z လူငယ္တစ္ဦး က ေျပာသည္။
“ေက်ာင္းမွာေတာ့ ဘယ္သူမွ မရွိေနဘူး။ လမ္းသြားလမ္းလာေတြေတာ့ ရွိေနတယ္။ အထက ၃ နဲ႔ မ်က္ေစာင္း ထိုးေလးမွာ ျဖစ္တာဗ်။ အခုက အဲ့ေက်ာင္းနားမွာလည္း စစ္ေနတယ္။ အထက ၂ ေက်ာင္းနားမွာလည္း စစ္ သားေတြ အမ်ားႀကီးေစာင့္ေနတယ္ လက္ေတြလည္းကိုင္ထားတယ္။ လုံၿခဳံေရးက အျပည္ပဲဗ်။ လမ္းသြား လမ္းလာ ေတြကိုေတာ့ အခု ေနရာေတာ္ေတာ္မ်ားမ်ားမွာ စစ္ေနတယ္။ က်ေနာ္တို႔ မူဆယ္ နာရီစင္နားေတြ၊ Golf ကြင္း နား ေတြ၊ ျပည္ေထာင္စုလမ္းမႀကီးေပၚေတြ အဲ့မွာေတြ အကုန္စစ္ေနတယ္။ ကားေတြကိုေရာ၊ ဆိုင္ကယ္ေတြေရာ စစ္ ေနတယ္ဗ်။”
ယေန႔ မူဆယ္ၿမိဳ႕တြင္ ဗုံးေပါက္ကြဲသည့္ ေနရာသည္ မူဆယ္ ျပည္သူ႔ေဆး႐ုံႀကီးႏွင့္အနီး၊ အမွတ္(၃) အထက-မူဆယ္ မ်က္ေစာင္းထိုး၊ မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ေမလ ၂၆ ရက္ေန႔ကလည္း တစ္ရက္တည္းတြင္ မူဆယ္ၿမိဳ႕က ေဆး႐ုံေရွ႕၊ ပညာေရးမႉး႐ုံးႏွင့္ စရဖ႐ုံးေရွ႕တို႔တြင္ ဗုံးေပါက္ကြဲမႈ ေနရာသုံးေနရာတြင္ ျဖစ္ပြားခဲ့သည္။
Photo – CJ