စာသင်ကျောင်းအတွင်း ဗုံးတွေ့သဖြင့် ကျောင်းသားနှင့် မိဘများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်။
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်းအချို့တွင် မိုင်းတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုများနှင့် စာ သင်ကျောင်းဆောင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများ နှင့် ကျောင်းသားမိဘများက စိုးရိမ်ပူပန်နေကြသည်။
သံဖြူဇရပ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်တစ်ခုအတွင်း မပေါက်ကွဲသေးသည့် လက်လုပ် ချိန်ကိုက်မိုင်း ၃ လုံး တွေ့ရှိ ပြီးနောက် ကျောင်းဆက်ပို့ရန်ပင် စိုးရိမ်နေရသည်ဟု မိဘများက ပြော သည်။
“ခလေးတွေအတွက် စိုးရိမ်တာတော့ အမှန်ပဲ အခုက မပေါက်ကွဲခင် တွေ့သွားလို့ တော်သေးတာလေ။ ဘယ်သူမှ မတွေ့ပဲ ခလေးတွေ ကျောင်းရောက်ချိန်မှ ထပေါက်သွားရင် ဘယ်လိုလုပ်မလဲ မတွေးရဲစရာပါ၊ ရှေ့ဆက်ရော ဘယ်လိုလုပ်လာမလဲ ဘယ်သူမှမသိနိုင်ဘူးတော့ ခလေးအတွက် ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး” ဟု သံဖြူဇရပ်မြို့က ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ချိန်ကိုက်မိုင်းများကို ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် တစ်ခု၏ အမှိုက်ပုံးနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီလာရောက် ရှင်းလင်းခဲ့သည်ဟုလည်း မြို့ခံများ က ပြောသည်။
“ကျောင်းဆောင်တစ်ခုမှာ တွေ့တယ်လို့တော့ သိရတယ်၊ စစ်တပ်ကနေ လာရှင်းသွားတယ်၊ ကျောင်းလည်း ဖွင့်နေ တော့ ကျောင်းထဲမှ မိုင်းတွေ့တယ်ဆိုတော့ အကုန်လုံးက စိုးရိမ်ထိတ်လန့်နေကြတာပေါ့” ဟု သံဖြူဇရပ် မြို့ခံ တစ်ဦးက ပြောသည်။
အလားတူ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့ရှိ အခြေခံပညာ အလယ်တန်း ကျောင်း တစ်ကျောင်းတွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တို့တွင် ဗုံးတွေ့ရှိမှု ဆက်တိုက်ရှိလာသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများအကြား စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေ ကြသည်။
ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စကာ စတင်ဖွင့်လှစ်နေပြီး ကျောင်းတက် သည့် ကျောင်းသူ၊ ကျောင်းသားနည်းသော်လည်း ပြည်နယ်အတွင်းရှိ ကျောင်းတိုင်းတွင် ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသားများရှိသည်ဟု ပညာရေးဝန်ထမ်းအချို့၏ ပြောပြချက်အရ သိရသည်။
ကျောင်းစဖွင့်သည့် ဇွန်လ ၁ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
၎င်းအပြင် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းဆောင်အချို့ မီးလောင်သွားသည့်ဖြစ်ရပ်များလည်း ဖြစ်ပွား ခဲ့ သည်။
လက်ရှိတွင် စာသင်ကျောင်းဆောင်များ မီးလောင်ခြင်း ကျောင်းဝင်းအတွင်း ဗုံးတွေ့ရှိမှု ဗုံးပေါက်ကွဲမှု ဖြစ်ပွား လာသည့် နောက်ပိုင်း စာသင်ကျောင်းများ အထူးသဖြင့် ရပ်ကျေးများတွင် ရှိနေသည့် စာသင်ကျောင်းများကို ရပ်ရွာလူထုများက အလှည့်ကျဖြင့် ကျောင်းများကို လုံခြုံရေး ယူပေးနေရသည်ဟု ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦး က ပြောသည်။
*** ZAWGYI ***
စာသင္ေက်ာင္းအတြင္း ဗုံးေတြ႕သျဖင့္ ေက်ာင္းသားႏွင့္ မိဘမ်ား စိုးရိမ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၄ ရက္။
မြန္ျပည္နယ္အတြင္းရွိ အေျခခံပညာသင္ေက်ာင္းအခ်ိဳ႕တြင္ မိုင္းေတြ႕ရွိမႈ၊ ဗုံးေပါက္ကြဲမႈမ်ားႏွင့္ စာ သင္ေက်ာင္းေဆာင္ မီးေလာင္မႈမ်ား ဆက္တိုက္ျဖစ္ေပၚေနသည့္အတြက္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ႏွင့္ ေက်ာင္းသားမိဘမ်ားက စိုးရိမ္ပူပန္ေနၾကသည္။
သံျဖဴဇရပ္ၿမိဳ႕ အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္းေဆာင္တစ္ခုအတြင္း မေပါက္ကြဲေသးသည့္ လက္လုပ္ ခ်ိန္ကိုက္မိုင္း ၃ လုံး ေတြ႕ရွိ ၿပီးေနာက္ ေက်ာင္းဆက္ပို႔ရန္ပင္ စိုးရိမ္ေနရသည္ဟု မိဘမ်ားက ေျပာ သည္။
“ခေလးေတြအတြက္ စိုးရိမ္တာေတာ့ အမွန္ပဲ အခုက မေပါက္ကြဲခင္ ေတြ႕သြားလို႔ ေတာ္ေသးတာေလ။ ဘယ္သူမွ မေတြ႕ပဲ ခေလးေတြ ေက်ာင္းေရာက္ခ်ိန္မွ ထေပါက္သြားရင္ ဘယ္လိုလုပ္မလဲ မေတြးရဲစရာပါ၊ ေရွ႕ဆက္ေရာ ဘယ္လိုလုပ္လာမလဲ ဘယ္သူမွမသိႏိုင္ဘူးေတာ့ ခေလးအတြက္ ဘယ္လိုလုပ္ရမွန္းေတာင္ မသိေတာ့ဘူး” ဟု သံျဖဴဇရပ္ၿမိဳ႕က ေက်ာင္းသားမိဘတစ္ဦးက ေျပာသည္။
ဇြန္လ ၃ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္ခန႔္က ခ်ိန္ကိုက္မိုင္းမ်ားကို ေက်ာင္းဝင္းအတြင္းရွိ ေက်ာင္းေဆာင္ တစ္ခု၏ အမႈိက္ပုံးေနရာတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး သက္ဆိုင္ရာမွ အခ်ိန္မီလာေရာက္ ရွင္းလင္းခဲ့သည္ဟုလည္း ၿမိဳ႕ခံမ်ား က ေျပာသည္။
“ေက်ာင္းေဆာင္တစ္ခုမွာ ေတြ႕တယ္လို႔ေတာ့ သိရတယ္၊ စစ္တပ္ကေန လာရွင္းသြားတယ္၊ ေက်ာင္းလည္း ဖြင့္ေန ေတာ့ ေက်ာင္းထဲမွ မိုင္းေတြ႕တယ္ဆိုေတာ့ အကုန္လုံးက စိုးရိမ္ထိတ္လန႔္ေနၾကတာေပါ့” ဟု သံျဖဴဇရပ္ ၿမိဳ႕ခံ တစ္ဦးက ေျပာသည္။
အလားတူ ဇြန္လ ၃ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ ေရးၿမိဳ႕ရွိ အေျခခံပညာ အလယ္တန္း ေက်ာင္း တစ္ေက်ာင္းတြင္လည္း မေပါက္ကြဲေသးသည့္ လက္ပစ္ဗုံးတစ္လုံး ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ထိုကဲ့သို႔ ျပည္နယ္အတြင္းရွိ အေျခခံပညာေက်ာင္းအခ်ိဳ႕တို႔တြင္ ဗုံးေတြ႕ရွိမႈ ဆက္တိုက္ရွိလာသည့္အတြက္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ ေက်ာင္းသားမိဘမ်ားအၾကား စိုးရိမ္ထိတ္လန႔္စရာ ျဖစ္ေန ၾကသည္။
ျပည္နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ားကို ဇြန္လ ၁ ရက္ေန႔မွ စကာ စတင္ဖြင့္လွစ္ေနၿပီး ေက်ာင္းတက္ သည့္ ေက်ာင္းသူ၊ ေက်ာင္းသားနည္းေသာ္လည္း ျပည္နယ္အတြင္းရွိ ေက်ာင္းတိုင္းတြင္ ေက်ာင္းတက္ေနသည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားရွိသည္ဟု ပညာေရးဝန္ထမ္းအခ်ိဳ႕၏ ေျပာျပခ်က္အရ သိရသည္။
ေက်ာင္းစဖြင့္သည့္ ဇြန္လ ၁ ရက္ေန႔တုန္းကလည္း က်ိဳက္ထိုၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာ အထက္တန္း ေက်ာင္းတစ္ခုတြင္ ဗုံးေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ေသးသည္။
၎အျပင္ ျပည္နယ္အတြင္းရွိ စာသင္ေက်ာင္းေဆာင္အခ်ိဳ႕ မီးေလာင္သြားသည့္ျဖစ္ရပ္မ်ားလည္း ျဖစ္ပြား ခဲ့ သည္။
လက္ရွိတြင္ စာသင္ေက်ာင္းေဆာင္မ်ား မီးေလာင္ျခင္း ေက်ာင္းဝင္းအတြင္း ဗုံးေတြ႕ရွိမႈ ဗုံးေပါက္ကြဲမႈ ျဖစ္ပြား လာသည့္ ေနာက္ပိုင္း စာသင္ေက်ာင္းမ်ား အထူးသျဖင့္ ရပ္ေက်းမ်ားတြင္ ရွိေနသည့္ စာသင္ေက်ာင္းမ်ားကို ရပ္႐ြာလူထုမ်ားက အလွည့္က်ျဖင့္ ေက်ာင္းမ်ားကို လုံၿခဳံေရး ယူေပးေနရသည္ဟု ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉး တစ္ဦး က ေျပာသည္။