အထူးသတင်းတပ်ဖွဲ့ မြို့နယ်တာဝန်ခံ မိုးကြိုးပစ် သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရဲ အထူးသတင်းတပ်ဖွဲ့ (SB) မြို့နယ်တာဝန်ခံ တစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့သည်။
ဆီဆိုင်မြို့နယ်၏ သတင်းရဲတပ်ဖွဲ့ SB မြို့နယ်တာဝန်ခံ ဦးကျော်ဆန်းဝင်းသည် မေလ ၄ ရက်နေ့ ညနေ လေးနာရီခွဲ အချိန်ခန့်က မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“သူတစ်ယောက်ပဲကွင်းထဲ ထီးထီးကျန်ခဲ့တာ ကျန်တဲ့လူတွေက အပင်အောက်ရောက်လို့ လွတ်သွားတာ” ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောကြားသည်။
မေလ ၄ရက်နေ့ ညနေတွင် ဆီဆိုင်မြို့မြောက်ဘက် တောင်ကြီးအထွက် ခြေလျင်တပ်ရင်း ၄၂၄ စစ်တပ်၏ မျက်စောင်းထိုးရှိ ဂေါက်ကွင်း ၌ ဂေါက်ရိုက်နေစဉ် အမှတ် ၃ ကျင်း အနီးတွင် မိုးကြိုးပစ်ခံရခြင်း ဖြစ်သည်။
ဦးကျော်ဆန်းဝင်းသည် ၂၀၀၇-၂၀၀၈ ခုနှစ် ခန့်တွင် ဆီဆိုင်မြို့သို့ စတင် ပြောင်းရွေ့တာဝန်ကျခဲ့ပြီး သေဆုံး ချိန် တွင် ဇနီးသည် နှင့် သုံးနှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့သည် ဟု သိရသည်။
သတင်းရဲတပ်ဖွဲ့ SB ကို ၁၉၆၄ ခုနှစ် တွင် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ သီးခြားဌာနတစ်ခု အဖြစ် တည်ထောင် ခဲ့သည် ။
၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး တပ်မတော်၏ အစိတ်အပိုင်းအဖြစ် အလွတ်သဘော ပြောင်းလဲ ခဲ့သည်။
*** ZAWGYI ***
အထူးသတင္းတပ္ဖြဲ႕ ၿမိဳ႕နယ္တာဝန္ခံ မိုးႀကိဳးပစ္ ေသ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၅ ရက္။
ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ရဲ အထူးသတင္းတပ္ဖြဲ႕ (SB) ၿမိဳ႕နယ္တာဝန္ခံ တစ္ဦး မိုးႀကိဳးထိမွန္ ေသဆုံးခဲ့သည္။
ဆီဆိုင္ၿမိဳ႕နယ္၏ သတင္းရဲတပ္ဖြဲ႕ SB ၿမိဳ႕နယ္တာဝန္ခံ ဦးေက်ာ္ဆန္းဝင္းသည္ ေမလ ၄ ရက္ေန႔ ညေန ေလးနာရီခြဲ အခ်ိန္ခန႔္က မိုးႀကိဳးထိမွန္ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“သူတစ္ေယာက္ပဲကြင္းထဲ ထီးထီးက်န္ခဲ့တာ က်န္တဲ့လူေတြက အပင္ေအာက္ေရာက္လို႔ လြတ္သြားတာ” ဟု အမည္ မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာၾကားသည္။
ေမလ ၄ရက္ေန႔ ညေနတြင္ ဆီဆိုင္ၿမိဳ႕ေျမာက္ဘက္ ေတာင္ႀကီးအထြက္ ေျခလ်င္တပ္ရင္း ၄၂၄ စစ္တပ္၏ မ်က္ေစာင္းထိုးရွိ ေဂါက္ကြင္း ၌ ေဂါက္႐ိုက္ေနစဥ္ အမွတ္ ၃ က်င္း အနီးတြင္ မိုးႀကိဳးပစ္ခံရျခင္း ျဖစ္သည္။
ဦးေက်ာ္ဆန္းဝင္းသည္ ၂၀၀၇-၂၀၀၈ ခုႏွစ္ ခန႔္တြင္ ဆီဆိုင္ၿမိဳ႕သို႔ စတင္ ေျပာင္းေ႐ြ႕တာဝန္က်ခဲ့ၿပီး ေသဆုံး ခ်ိန္ တြင္ ဇနီးသည္ ႏွင့္ သုံးႏွစ္အ႐ြယ္ သမီးတစ္ဦး က်န္ရစ္ခဲ့သည္ ဟု သိရသည္။
သတင္းရဲတပ္ဖြဲ႕ SB ကို ၁၉၆၄ ခုႏွစ္ တြင္ ျပည္ထဲေရး ၀န္ႀကီးဌာန လက္ေအာက္ရွိ သီးျခားဌာနတစ္ခု အျဖစ္ တည္ေထာင္ ခဲ့သည္ ။
၁၉၉၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး တပ္မေတာ္၏ အစိတ္အပိုင္းအျဖစ္ အလြတ္သေဘာ ေျပာင္းလဲ ခဲ့သည္။