KIO နယ်မြေတွင် ၃ လအတွင်း ကိုဗစ်လူနာ ၁၃ ဦးတွေ့

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေတွင် ယခုနှစ် မတ်လအတွင်းမှ စတင်ကာ ယနေ့အချိန်အထိ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၃ ဦး ရှိသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ က ပြောသည်။

KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “အခု လောလောဆယ် ၁၃ ယောက်တော့ Positive ဖြစ်တာ ရှိပြီ” ဟုပြောသည်။

လက်ရှိတွင် အဆိုပါ ရောဂါကူးစက်ခံထားရသူများက ဆေးကုသမှု ခံယူပြီးနောက် ဆေးထပ်မံ စစ်ရာတွင် ရော ဂါပိုးတွေ့ရှိထားသူများ အဖြစ်မှ ပိုးမတွေ့ရှိတော့သည့် သူများအဖြစ်သို့ ပြောင်းလဲ သွားပြီဟု ဆက်ပြောသည်။

“အားလုံးလိုလိုတော့ Negative ပြောင်းကုန်ပြီ။ အခု ကျန်တဲ့နှစ်ယောက်လည်း မကြာခင် ဆေးရုံက ဆင်း တော့မယ်” ဟု ဆက်ပြောသည်။

၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ဝင်ရောက်လာသူများထဲမှ ရောဂါကူး စက် ခံရသူ ၁၃ ဦး ရှိခဲ့သည်ဟု KIO တွင်ဖွဲ့စည်းထားသည့် COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ တာဝန်ရှိ သူက ပြောသည်။

“သူတို့က March လမှ ဝင်လာတဲ့ သူတွေဟုတ်တယ်။ မနှစ်တုန်းကတော့ ရောဂါကူးစက်တာ မရှိဘူး။ ကျနော် တို့ ဒီကော်မတီကို မနှစ်တုန်းက ဒီ ဖေဖော်ဝါရီလကနေ စပြီးတော့ ဖွင့်တယ်။ အဲဒီတစ်နှစ် အတောအတွင်းတော့ ဘာမှမတွေ့ဘူး။ အခုဒီနှစ် သုံးလပိုင်း လောက်ကနေ စပြီးတော့ စတွေ့တာဟုတ်တယ်” ဟု ပြော သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ထိန်းချုပ်နယ်မြေအတွင်း ကိုရာနာဗိုင်းရပ်ကူးစက်ရောဂါ COVID-19 ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၁၃ ဦး ရှိခဲ့ရာ လက်ရှိ ဆေးရုံတွင် ၂ ဦးသာ ကျန်တော့သည့် အတွက် ရောဂါ ကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO/KIA က ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ကူးစက်ခံရနေချိန်၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနင့် ထိုင်းနိုင်ငံ တို့တွင်လည်း COVID-19 တတိယလှိုင်းနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည့်အတွက် ယခုအခါ KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသူများကို ပိုမို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ က ပြောသည်။

၎င်းတို့လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း “အခု ကျနော်တို့ဘက်မှာလည်း သတင်းတွေ ရထားတယ်။ ဥပမာ အိန္ဒိယတို့၊ ထိုင်းတို့၊ မလေး မှာတို့၊ ဘင်္ဂလားဒေ့ရှ် နောက်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်မှာ အိန္ဒိယ က COVID ပိုးတွေ တွေ့ပြီဆိုတာလည်း သတင်းတွေ ကြားတယ် အဲဒါကြောင့် ကျနော်တို့ဟာ ဆိုလို့ ရှိရင် လူဝင်လူထွက်မှာ ပိုပြီးတော့မှ ကြပ်မတ်တယ်။ ခိုးဝင်တဲ့သူ မရှိအောင် အားလုံး Swab စစ်ပြီးမှ တစ်ပတ် အတွင်းကို တစ်ခေါက် ပြန်စစ်ပေးနိုင်ဖို့ အဲဒီအထိ ကျနော်တို့ ဆောင်ရွက်နေတယ်” ဟု ပြော သည်။

၎င်းတို့၏ ဒေသအတွင်း ကျောင်းများဖွင့်ချိန်နှင့်အတူ ယခုကဲ့သို့ တခြားသော ပြည်နယ်များတွင် COVID-19 တတိယလှိုင်း ကူးစက်မှုများ ရှိလာနေသည့်အတွက် စာသင်ကျောင်းများတွင်လည်း ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားဆဲ ဖြစ်သည်ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ဆက်ပြောသည်။

“COVID နဲ့ပတ်သက်ပြီးအဓိက လက်ဆေးတာ၊ Mask တပ်တာ နောက်ပြီးတော့ ခပ်ခွာခွာနေတာတွေ အပူချိန် တိုင်းတာတွေ ရှိမယ်။ တစ်ချို့ အထက်တန်းကျောင်းသားတွေကတော့ Covid ဆေးထိုးပြီးသားတွေ ရှိ တယ်ဆို တော့ ပိုပြီး စိတ်ချရတာပေါ့ ကျောင်းမှာလည်း မနှစ်တုန်းက ဒီလိုဘဲ ဆရာမတွေက ကြပ်မတ်ပြီး အဲလို လိုက်နာ ခိုင်းတယ်။ ကျောင်းတက်တာလည်း မနက်ပိုင်း ညနေပိုင်း ခွဲပြီးသင်တာရှိတယ်။”

KIO ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများကို ယခုနှစ် ဖေဖော်ဝါရီလက စတင်၍ ယနေ့အချိန်အထိ KIO ကျန်းမာရေးဌာနနှင့် KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ က COIVD-19 ရောဂါကာကွယ် ဆေးများကိုလည်း ထိုးပေးနေသည်ဟု သိရသည်။

COVID-19 ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ် တားဆီးသည့်အနေဖြင့် ကချင် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ဝင်ရောက်လာသူများကို ယခင်နှစ်ကတည်းက ကန့်သတ်ထားပြီး KIA ထိန်းချုပ် နယ်မြေအတွင်းက မိုင်ဂျာယာန်၊ လိုင်ဇာကဲ့သို့မြို့များသို့ ပြည်ပနှင့် နယ်ဝေးမှ လာရောက်ကြမည့် လူဝင်လူထွက် များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ၎င်းတို့၏ နယ်မြေများသို့ ဝင်ခွင့်ပြုသည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် COVID-19 နှင့် ပတ်သက်သည့် ရောဂါကာကွယ် တားဆီးရေး လုပ်ငန်း များကို ကော်မတီဖွဲ့ကာ လုပ်ဆောင်လျက်ရှိပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ၏ လမ်းညွှန်မှုများနှင့်အညီ ဒေသ ခံများ၊ စစ်ဘေးရှောင်စစ်စခန်းရှိ ပြည်သူများကို ကိုဗစ်နှင့်သက်ဆိုင်သည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များကို ချမှတ်ပေးထားပြီး လိုက်နာ နေထိုင်စေသည်ဟု သိရသည်။

*** ZAWGYI ***
KIO နယ္ေျမတြင္ ၃ လအတြင္း ကိုဗစ္လူနာ ၁၃ ဦးေတြ႕

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၇ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA ထိန္းခ်ဳပ္နယ္ေျမတြင္ ယခုႏွစ္ မတ္လအတြင္းမွ စတင္ကာ ယေန႔အခ်ိန္အထိ COVID-19 ေရာဂါ ကူးစက္ခံရသူ ၁၃ ဦး ရွိသည္ဟု KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ေျပာသည္။

KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က “အခု ေလာေလာဆယ္ ၁၃ ေယာက္ေတာ့ Positive ျဖစ္တာ ရွိၿပီ” ဟုေျပာသည္။

လက္ရွိတြင္ အဆိုပါ ေရာဂါကူးစက္ခံထားရသူမ်ားက ေဆးကုသမႈ ခံယူၿပီးေနာက္ ေဆးထပ္မံ စစ္ရာတြင္ ေရာ ဂါပိုးေတြ႕ရွိထားသူမ်ား အျဖစ္မွ ပိုးမေတြ႕ရွိေတာ့သည့္ သူမ်ားအျဖစ္သို႔ ေျပာင္းလဲ သြားၿပီဟု ဆက္ေျပာသည္။

“အားလုံးလိုလိုေတာ့ Negative ေျပာင္းကုန္ၿပီ။ အခု က်န္တဲ့ႏွစ္ေယာက္လည္း မၾကာခင္ ေဆး႐ုံက ဆင္း ေတာ့မယ္” ဟု ဆက္ေျပာသည္။

၂၀၂၀ ခုႏွစ္ တစ္ႏွစ္ပတ္လုံးႏွင့္ ၂၀၂၁ ခုႏွစ္ စစ္အာဏာမသိမ္းခင္ကာလအထိ KIO/KIA ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ကူးစက္မႈမ်ား မရွိခဲ့ေသာ္လည္း ယခုႏွစ္ မတ္လခန႔္မွစတင္၍ ဝင္ေရာက္လာသူမ်ားထဲမွ ေရာဂါကူး စက္ ခံရသူ ၁၃ ဦး ရွိခဲ့သည္ဟု KIO တြင္ဖြဲ႕စည္းထားသည့္ COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ တာဝန္ရွိ သူက ေျပာသည္။

“သူတို႔က March လမွ ဝင္လာတဲ့ သူေတြဟုတ္တယ္။ မႏွစ္တုန္းကေတာ့ ေရာဂါကူးစက္တာ မရွိဘူး။ က်ေနာ္ တို႔ ဒီေကာ္မတီကို မႏွစ္တုန္းက ဒီ ေဖေဖာ္ဝါရီလကေန စၿပီးေတာ့ ဖြင့္တယ္။ အဲဒီတစ္ႏွစ္ အေတာအတြင္းေတာ့ ဘာမွမေတြ႕ဘူး။ အခုဒီႏွစ္ သုံးလပိုင္း ေလာက္ကေန စၿပီးေတာ့ စေတြ႕တာဟုတ္တယ္” ဟု ေျပာ သည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIO/KIA ထိန္းခ်ဳပ္နယ္ေျမအတြင္း ကိုရာနာဗိုင္းရပ္ကူးစက္ေရာဂါ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ စုစုေပါင္း ၁၃ ဦး ရွိခဲ့ရာ လက္ရွိ ေဆး႐ုံတြင္ ၂ ဦးသာ က်န္ေတာ့သည့္ အတြက္ ေရာဂါ ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္သည္ဟု KIO/KIA က ေျပာသည္။

ကမာၻ႔ႏိုင္ငံအသီးသီးတြင္ COVID-19 ကူးစက္ခံရေနခ်ိန္၊ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ အိႏၵိယႏိုင္ငံ၊ ဘဂၤလား ေဒ့ရွ္ႏိုင္ငံနင့္ ထိုင္းႏိုင္ငံ တို႔တြင္လည္း COVID-19 တတိယလႈိင္းႏွင့္ ရင္ဆိုင္ေနရခ်ိန္ျဖစ္သည့္အတြက္ ယခုအခါ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္းသို႔ ဝင္ေရာက္လာသူမ်ားကို ပိုမို တင္းၾကပ္စြာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ေျပာသည္။

၎တို႔လုပ္ေဆာင္ေနသည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍လည္း “အခု က်ေနာ္တို႔ဘက္မွာလည္း သတင္းေတြ ရထားတယ္။ ဥပမာ အိႏၵိယတို႔၊ ထိုင္းတို႔၊ မေလး မွာတို႔၊ ဘဂၤလားေဒ့ရွ္ ေနာက္ၿပီး ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္ နယ္မွာ အိႏၵိယ က COVID ပိုးေတြ ေတြ႕ၿပီဆိုတာလည္း သတင္းေတြ ၾကားတယ္ အဲဒါေၾကာင့္ က်ေနာ္တို႔ဟာ ဆိုလို႔ ရွိရင္ လူဝင္လူထြက္မွာ ပိုၿပီးေတာ့မွ ၾကပ္မတ္တယ္။ ခိုးဝင္တဲ့သူ မရွိေအာင္ အားလုံး Swab စစ္ၿပီးမွ တစ္ပတ္ အတြင္းကို တစ္ေခါက္ ျပန္စစ္ေပးႏိုင္ဖို႔ အဲဒီအထိ က်ေနာ္တို႔ ေဆာင္႐ြက္ေနတယ္” ဟု ေျပာ သည္။

၎တို႔၏ ေဒသအတြင္း ေက်ာင္းမ်ားဖြင့္ခ်ိန္ႏွင့္အတူ ယခုကဲ့သို႔ တျခားေသာ ျပည္နယ္မ်ားတြင္ COVID-19 တတိယလႈိင္း ကူးစက္မႈမ်ား ရွိလာေနသည့္အတြက္ စာသင္ေက်ာင္းမ်ားတြင္လည္း ကိုဗစ္ေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရး စည္းမ်ဥ္းစည္းကမ္းမ်ား တင္းၾကပ္ထားဆဲ ျဖစ္သည္ဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ဆက္ေျပာသည္။

“COVID နဲ႔ပတ္သက္ၿပီးအဓိက လက္ေဆးတာ၊ Mask တပ္တာ ေနာက္ၿပီးေတာ့ ခပ္ခြာခြာေနတာေတြ အပူခ်ိန္ တိုင္းတာေတြ ရွိမယ္။ တစ္ခ်ိဳ႕ အထက္တန္းေက်ာင္းသားေတြကေတာ့ Covid ေဆးထိုးၿပီးသားေတြ ရွိ တယ္ဆို ေတာ့ ပိုၿပီး စိတ္ခ်ရတာေပါ့ ေက်ာင္းမွာလည္း မႏွစ္တုန္းက ဒီလိုဘဲ ဆရာမေတြက ၾကပ္မတ္ၿပီး အဲလို လိုက္နာ ခိုင္းတယ္။ ေက်ာင္းတက္တာလည္း မနက္ပိုင္း ညေနပိုင္း ခြဲၿပီးသင္တာရွိတယ္။”

KIO ထိန္းခ်ဳပ္နယ္ေျမအတြင္းက ျပည္သူမ်ားကို ယခုႏွစ္ ေဖေဖာ္ဝါရီလက စတင္၍ ယေန႔အခ်ိန္အထိ KIO က်န္းမာေရးဌာနႏွင့္ KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က COIVD-19 ေရာဂါကာကြယ္ ေဆးမ်ားကိုလည္း ထိုးေပးေနသည္ဟု သိရသည္။

COVID-19 ဗိုင္းရပ္စ္ ကူးစက္မႈကို ကာကြယ္ တားဆီးသည့္အေနျဖင့္ ကခ်င္ လြတ္လပ္ေရး အဖြဲ႕ ထိန္းခ်ဳပ္ရာ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္မွ ဝင္ေရာက္လာသူမ်ားကို ယခင္ႏွစ္ကတည္းက ကန႔္သတ္ထားၿပီး KIA ထိန္းခ်ဳပ္ နယ္ေျမအတြင္းက မိုင္ဂ်ာယာန္၊ လိုင္ဇာကဲ့သို႔ၿမိဳ႕မ်ားသို႔ ျပည္ပႏွင့္ နယ္ေဝးမွ လာေရာက္ၾကမည့္ လူဝင္လူထြက္ မ်ားကို က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးမွသာ ၎တို႔၏ နယ္ေျမမ်ားသို႔ ဝင္ခြင့္ျပဳသည္ဟု KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ေျပာသည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO အေနျဖင့္ COVID-19 ႏွင့္ ပတ္သက္သည့္ ေရာဂါကာကြယ္ တားဆီးေရး လုပ္ငန္း မ်ားကို ေကာ္မတီဖြဲ႕ကာ လုပ္ေဆာင္လ်က္ရွိၿပီး ကမာၻ႔ က်န္းမာေရးအဖြဲ႕ WHO ၏ လမ္းၫႊန္မႈမ်ားႏွင့္အညီ ေဒသ ခံမ်ား၊ စစ္ေဘးေရွာင္စစ္စခန္းရွိ ျပည္သူမ်ားကို ကိုဗစ္ႏွင့္သက္ဆိုင္သည့္ လိုက္နာရမည့္ စည္းမ်ဥ္းစည္းကမ္း မ်ားကို ခ်မွတ္ေပးထားၿပီး လိုက္နာ ေနထိုင္ေစသည္ဟု သိရသည္။