မွန်ပြည်နယ်တွင် COVID-19 ပိုးရှိသူများ ဆက်တိုက်ပြန်တွေ့နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

မွန်ပြည်နယ်အတွင်း COVID-19 ရောဂါ ပိုးရှိလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေပြီး ယခုလအတွင်း သေဆုံးသူလည်း တစ်ဦးရှိသည် ဟု ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ အစည်းတို့ထံမှ သိရသည်။

ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် မေလဆန်းပိုင်းခန့်မှစကာ COVID-19 ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ ရှိလာခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့အထိစာရင်းများအရ ဆေးကုသမှုခံယူနေရသည့် အတည်ပြုလူနာ ၁၇ ဦး အထိရှိပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။

“မော်လမြိုင်မှာ laboratory မှာ စစ်ဆေးချက်အရတော့ ဇွန်လ ၁ ရက်နေ့ကနေ စပြောမယ်ဆိုရင် နေ့တိုင်းတွေ့ တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ တချို့ရက်တွေ မတွေ့ပါဘူး။ ဒါပေမယ့် ရှိတဲ့နေ့တွေက ၁ ယောက်၊ ၂ ယောက်၊ ၃ ယောက် အဲလိုတွေ့နေတယ်။ ပျောက်ပျောက်လေးတော့ တွေ့နေပါတယ်ခင်ဗျ” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာ နန္ဒဝင်းက ပြောသည်။

COVID-19 အတည်ပြုလူနာများသည် ပြည်ပမှ ပြန်ဝင်လာသူများရှိသကဲ့သို့ ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာ နှင့် ထိတွေ့မှုမရှိပဲ အနံ့ပျောက် လက္ခဏာပြရာမှတဆင့် ပိုးတွေ့ရှိသူများလည်း ရှိသည်ဟု ပြည်နယ်ပြည်သူ့ ကျန်း မာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလမှစကာ ပြည်နယ်အတွင်းက COVID-19 ရောဂါ လက္ခဏာပြ သူများအား ရောဂါပိုးရှိ မရှိ စစ်ဆေးပေးခြင်းများ ရပ်ဆိုင်းသွားခဲ့သည့်အတွက် COVID-19 ရောဂါပိုးတွေ့ရှိမှု လည်း မရှိဖြစ်လာခဲ့သည်။

ထို့နောက် ပြည်ပနိုင်ငံများတွင် COVID-19 တတိယလှိုင်းအသွင် ကူးစက်မှုရှိလာသည့်အတွက် ပြည်နယ်အတွင်း COVID-19 စစ်ဆေးမှုကို ပြန်လည်လုပ်ဆောင်လျှက်ရှိပြီး ယခုခါ ရောဂါပိုးတွေ့ရှိမှု ပြန်လည်တွေ့ရှိလာခြင်း ဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာများ ဆက်တိုက် ပြန်လည်းတွေ့ရှိလာနေသည့် အတွက် ပြည်သူများ ကျန်းမာရေး အသိရှိကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက တိုက်တွန်း ပြောဆို လိုက်သည်။

“အားလုံး ကျန်းမာရေးအသိပညာရှိစေချင်ပါတယ်။ mask ကို စနစ်တကျ မဖြစ်မနေ တပ်ဖို့လိုပါတယ်။ လက် ကို မကြာခဏ သန့်ရှင်းဖို့လိုပါတယ်။ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။ လူတွေနဲ့ ခပ်ခွာခွာနေပါ။ နဂိုအတိုင်း ကို ဗစ် စည်းကမ်း အတိုင်း သတိထားစေလိုပါတယ်၊ ပြီးတော့ ကာကွယ်ဆေးကတော့ အရင်တုန်းကလည်း ထိုး ပေး ခဲ့တယ်။ နောက်နောင် ကာကွယ်ဆေးထိုးပေးစရာရှိရင်လည်း ဆက်ပြီးတော့ ထိုးကြစေလိုပါတယ်။ အဲတော့ ကာကွယ်ဆေး များများထိုးထားနိုင်ခြင်းသည်သာလျှင် တစ်ခုသော ဖြေရှင်းနိုင်မယ့်နည်းလမ်း နောက်တစ်ခုက mask တပ်တာ လက်ကို မကြာခဏဆေးခြင်း ခပ်ခွာခွာနေခြင်းသည်သာ အဓိက ကိုဗစ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

မွန်ပြည်နယ်တွင် စစ်တပ် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၃၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသွားသည့် ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော်ရှိခဲ့သည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ COVID-19 ပိုးရွိသူမ်ား ဆက္တိုက္ျပန္ေတြ႕ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၄ ရက္။

မြန္ျပည္နယ္အတြင္း COVID-19 ေရာဂါ ပိုးရွိလူနာ ဆက္တိုက္ ျပန္လည္ေတြ႕ရွိလာေနၿပီး ယခုလအတြင္း ေသဆုံးသူလည္း တစ္ဦးရွိသည္ ဟု ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနႏွင့္ လူမႈကူညီကယ္ဆယ္ေရး အဖြဲ႕ အစည္းတို႔ထံမွ သိရသည္။

ျပည္နယ္အတြင္း၌ ၿပီးခဲ့သည့္ ေမလဆန္းပိုင္းခန႔္မွစကာ COVID-19 ေရာဂါ အတည္ျပဳလူနာမ်ား ျပန္လည္ေတြ႕ ရွိလာျခင္းျဖစ္ၿပီး ဇြန္လ ၁၀ ရက္ေန႔အထိစာရင္းမ်ားအရ ေဆးကုသမႈခံယူေနရသည့္ အတည္ျပဳလူနာ ၁၇ ဦး အထိရွိၿပီး အသက္ ၆၉ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့သည္။

“ေမာ္လၿမိဳင္မွာ laboratory မွာ စစ္ေဆးခ်က္အရေတာ့ ဇြန္လ ၁ ရက္ေန႔ကေန စေျပာမယ္ဆိုရင္ ေန႔တိုင္းေတြ႕ တဲ့ အေနအထားေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕ရက္ေတြ မေတြ႕ပါဘူး။ ဒါေပမယ့္ ရွိတဲ့ေန႔ေတြက ၁ ေယာက္၊ ၂ ေယာက္၊ ၃ ေယာက္ အဲလိုေတြ႕ေနတယ္။ ေပ်ာက္ေပ်ာက္ေလးေတာ့ ေတြ႕ေနပါတယ္ခင္ဗ်” ဟု ျပည္နယ္ဦးစီးမႉး ေဒါက္တာ နႏၵဝင္းက ေျပာသည္။

COVID-19 အတည္ျပဳလူနာမ်ားသည္ ျပည္ပမွ ျပန္ဝင္လာသူမ်ားရွိသကဲ့သို႔ ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႕လူနာ ႏွင့္ ထိေတြ႕မႈမရွိပဲ အနံ႔ေပ်ာက္ လကၡဏာျပရာမွတဆင့္ ပိုးေတြ႕ရွိသူမ်ားလည္း ရွိသည္ဟု ျပည္နယ္ျပည္သူ႔ က်န္း မာေရးဌာန ျပည္နယ္ဦးစီးမႉး ေဒါက္တာနႏၵဝင္းက ေျပာသည္။

စစ္တပ္က အာဏာသိမ္းလိုက္သည့္ ေဖေဖာ္ဝါရီလမွစကာ ျပည္နယ္အတြင္းက COVID-19 ေရာဂါ လကၡဏာျပ သူမ်ားအား ေရာဂါပိုးရွိ မရွိ စစ္ေဆးေပးျခင္းမ်ား ရပ္ဆိုင္းသြားခဲ့သည့္အတြက္ COVID-19 ေရာဂါပိုးေတြ႕ရွိမႈ လည္း မရွိျဖစ္လာခဲ့သည္။

ထို႔ေနာက္ ျပည္ပႏိုင္ငံမ်ားတြင္ COVID-19 တတိယလႈိင္းအသြင္ ကူးစက္မႈရွိလာသည့္အတြက္ ျပည္နယ္အတြင္း COVID-19 စစ္ေဆးမႈကို ျပန္လည္လုပ္ေဆာင္လွ်က္ရွိၿပီး ယခုခါ ေရာဂါပိုးေတြ႕ရွိမႈ ျပန္လည္ေတြ႕ရွိလာျခင္း ျဖစ္သည္။

လက္ရွိတြင္ မြန္ျပည္နယ္အတြင္း COVID-19 အတည္ျပဳလူနာမ်ား ဆက္တိုက္ ျပန္လည္းေတြ႕ရွိလာေနသည့္ အတြက္ ျပည္သူမ်ား က်န္းမာေရး အသိရွိၾကရန္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမႉးက တိုက္တြန္း ေျပာဆို လိုက္သည္။

“အားလုံး က်န္းမာေရးအသိပညာရွိေစခ်င္ပါတယ္။ mask ကို စနစ္တက် မျဖစ္မေန တပ္ဖို႔လိုပါတယ္။ လက္ ကို မၾကာခဏ သန႔္ရွင္းဖို႔လိုပါတယ္။ မလိုအပ္ပဲ အျပင္မထြက္ပါနဲ႔။ လူေတြနဲ႔ ခပ္ခြာခြာေနပါ။ နဂိုအတိုင္း ကို ဗစ္ စည္းကမ္း အတိုင္း သတိထားေစလိုပါတယ္၊ ၿပီးေတာ့ ကာကြယ္ေဆးကေတာ့ အရင္တုန္းကလည္း ထိုး ေပး ခဲ့တယ္။ ေနာက္ေနာင္ ကာကြယ္ေဆးထိုးေပးစရာရွိရင္လည္း ဆက္ၿပီးေတာ့ ထိုးၾကေစလိုပါတယ္။ အဲေတာ့ ကာကြယ္ေဆး မ်ားမ်ားထိုးထားႏိုင္ျခင္းသည္သာလွ်င္ တစ္ခုေသာ ေျဖရွင္းႏိုင္မယ့္နည္းလမ္း ေနာက္တစ္ခုက mask တပ္တာ လက္ကို မၾကာခဏေဆးျခင္း ခပ္ခြာခြာေနျခင္းသည္သာ အဓိက ကိုဗစ္ကို ကာကြယ္ေပးႏိုင္မယ့္ နည္းလမ္းပဲ ျဖစ္ပါတယ္” ဟု ေဒါက္တာနႏၵဝင္းက ေျပာသည္။

မြန္ျပည္နယ္တြင္ စစ္တပ္ အာဏာမသိမ္းခင္ ဇန္နဝါရီလကုန္အထိ COVID-19 ေရာဂါ ပိုးေတြ႕လူနာ ၃၀၀၀ ေက်ာ္ ရွိခဲ့ၿပီး ေသဆုံးသြားသည့္ ကိုဗစ္အတည္ျပဳလူနာ ၄၀ ေက်ာ္ရွိခဲ့သည္။