စစ်ကြောရေးတွင် သေဆုံးသူ ၂၂ ဦးရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်များ၏ စစ်ကြောရေးတွင် နှိပ်စက် ညှင်းပန်းမှုများကြောင့် အသက်ဆုံးသူ ၂၂ ဦး ရှိပြီး ၃ ဦးမှာ ယနေ့အချိန်ထိ မိသားစုများ အလောင်းပြန်ယူခွင့် မရှိခဲ့ ဘူးဟု AAPP က ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ နွေဦးတော်လှန်ရေးအတွင်း သေဆုံးသူ စုစုပေါင်း ၈၆၃ ဦး ရှိပြီဖြစ်ပြီး ၎င်းတို့ အနက် ၂၂ ဦးမှာ စစ်ကြောရေးအတွင်း သေဆုံးသူများ ဖြစ်သည်ဟု ပြောသည်။

“ညှဉ်းပန်းနှိပ်စက်မှုခံရပြီးနောက် သေဆုံးရသည့် အရေအတွက်မှာ ယခု ထက် ပိုမိုများပြားမည် ဖြစ်သည်။ ထို ကျဆုံးသူ ၂၂ တွင် ၁၃ ဦးမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများဖြစ်ပြီး၊ ၄ ဦးမှာ ၂ ရက် အတွင်း သေဆုံးခဲ့ ရသူများဖြစ်သည်။ ၄ ဦးမှာ ရက်သတ္တတစ်ပတ်အတွင်း သေဆုံးခဲ့ရပြီး၊ ၁ ဦးမှာ ရက်သတ္တနှစ်ပတ် အတွင်း သေဆုံးခဲ့ရသည်။ ကြည့်ရှုခွင့်ရခဲ့သည့် သေဆုံးသူ အားလုံးနီးပါးတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ရုပ် အလောင်းတွင် နေရာအနှံ့ကြီးမားသော ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်။ သို့သော်လည်း စစ်အုပ်စုကမူ ရော ဂါ တစ်ခုခုဖြင့် သေဆုံးသွားကြောင်းသာ ထုတ်ပြန်ခဲ့သည်” ဟု AAPP က ဇွန်လ ၁၁ ရက်နေ့ တွင် ထုတ်ပြန်ထား သည်။

ထို့အပြင် “ဖမ်းဆီးခံရပြီးနောက် ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံး သွားခဲ့ရသူ (၂၂) ဦးရှိသည်။ ထို အထဲမှ (၃) ဦးမှာ မိသားစုမှ အလောင်းပြန်ယူခွင့် မရခဲ့ပေ။ ဦးကျော်ကျော် (ခ) အဂ္ဂမိုးညို (၃၉ နှစ်) သည် ဖမ်းဆီးပြီး မတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ၃၀ ရက်နေ့တွင် သေဆုံးခဲ့သည်။ သူ၏ ရုပ် အလောင်းကို မိသားစုမှ ပြန်ယူခွင့်၊ သင်္ဂြိုလ်ခွင့်မရခဲ့ပါ။ ဒေါ်ခင်မာလာဝင်း (ခ) မျိုးမျိုးလွင်(၃၉) နှစ်သည် မတ် လ ၁၉ ရက်နေ့တွင် ပခုက္ကူမြို့ဖြိုခွဲမှုတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူမသည် မဖမ်းဖို့ ဒူးထောက်တောင်းပန်ခဲ့ သော်လည်း အတင်းချုပ်နှောင် ဖမ်းဆီး သွားခဲ့သည်။ ဖမ်းဆီးခံရပြီးနောက်တရက်တွင် မိသားစုအား အလောင်း လာယူရန် အကြောင်းကြားခဲ့သည်” ဟု AAPP က ပြောသည်။

စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဖမ်းဆီးရာတွင်လည်း ရိုက်နှက်ဖမ်းဆီးခြင်း၊ ကားဖြင့် ဝင် တိုက်ကာ ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဆန္ဒပြပြည်သူများသည် ပြင်းထန်သော ဒဏ်ရာဒဏ် ချက်များဖြင့် ဖမ်းဆီးခြင်း ခံနေကြရသည်။

၎င်းတို့အနက် အချို့မှာ ဖမ်းဆီးခံရပြီးနောက် ပင်ကိုယ်ရုပ်ကိုပင် မမှတ်မိလောက်အောင် ဒဏ်ရာများ ရရှိထား ကြသည်။ ထိုနှိပ်စက်ညှဉ်းပန်းထားသည့် ဓာတ်ပုံများကိုလည်း စစ်တပ်က ထိန်းချုပ်ထားသည့် ရုပ်သံအပါအဝင် မီဒီယာ အချို့တွင်ဖေါ်ပြခဲ့ကြသည်။

ဖမ်းဆီးခံအချို့မှာ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ စိတ်ပိုင်း ဆိုင်ရာချို့ယွင်းခြင်းနှင့်အသက်သေဆုံးမှုများလည်း ရှိ ခဲ့သည်ဟု AAPP က ထုတ်ပြန်ထားသည်။

“ဦးဇော်မြတ်လင်း (၄၆) နှစ် သည် ၎င်းနေထိုင်ရာ ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးခြင်းခံရပြီး ထိုညတွင်ပင် သေဆုံးသွားခဲ့သည်။ သူ၏ရုပ်အလောင်းကို ကြည့်ရှုခွင့်ရခဲ့သူ ပြောပြချက်အရ ဦးခေါင်းတခုလုံးနှင့် ပါးစပ်များ နှင့် ခန္ဓာကိုယ်တခုလုံးတွင် ရုပ်ပျက်လောက်အောင် ဒဏ်ရာ ဒဏ်ချက်များ တွေ့ရှိရသည်ဟု သိရှိရသည်” ဟု AAPP က ပြောသည်။

စစ်အုပ်စုမှ ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် အသက်မဲ့ခန္ဓာကိုယ်အား လာယူရန် မိသားစုများထံ အကြောင်း ကြားသည့် ဖြစ်စဉ်များ၊ အချို့မှာ အသက်မဲ့ ခန္ဓာကိုယ်ပင် ပြန်မရဘဲ သေဆုံးကြောင်း အကြောင်း ကြားသည့် ဖြစ်စဉ်များမှာ မြန်မာနိုင်ငံအနှံ့တွင် ရှိနေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

ထိုကဲ့သို့ အသက်သေသည်အထိ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခြင်းသည် အကြမ်းဖက်လုပ်ရပ်မျှသာ မဟုတ်ဘဲ လူမဆန်စွာ ပြုမူခြင်း၏ အထွတ်အထိပ်ပင် ဖြစ်သည်။

ထိုလုပ်ရပ်များကို နိုင်ငံတကာကလည်း အရေးယူပေးရန် အသက်သေဆုံးသည်အထိ နှိပ်စက် ညှဉ်းပန်းမှုများ အား ထပ်မံ မဖြစ်ပွားစေရေးအတွက် ဟန့်တားနိုင်သည့် အရေးယူ ဆောင်ရွက်မှုများကို အမြန်ဆုံးထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် AAPP က တောင်းဆိုထားသည်။

*** ZAWGYI ***
စစ္ေၾကာေရးတြင္ ေသဆုံးသူ ၂၂ ဦးရွိၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၄ ရက္။

စစ္တပ္က အာဏာသိမ္းယူခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔မွ ယေန႔အခ်ိန္ထိ စစ္ေကာင္စီတပ္မ်ား၏ စစ္ေၾကာေရးတြင္ ႏွိပ္စက္ ညႇင္းပန္းမႈမ်ားေၾကာင့္ အသက္ဆုံးသူ ၂၂ ဦး ရွိၿပီး ၃ ဦးမွာ ယေန႔အခ်ိန္ထိ မိသားစုမ်ား အေလာင္းျပန္ယူခြင့္ မရွိခဲ့ ဘူးဟု AAPP က ထုတ္ျပန္လိုက္သည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ၏ ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔မွ ဇြန္လ ၁၃ ရက္ေန႔အထိ ေႏြဦးေတာ္လွန္ေရးအတြင္း ေသဆုံးသူ စုစုေပါင္း ၈၆၃ ဦး ရွိၿပီျဖစ္ၿပီး ၎တို႔ အနက္ ၂၂ ဦးမွာ စစ္ေၾကာေရးအတြင္း ေသဆုံးသူမ်ား ျဖစ္သည္ဟု ေျပာသည္။

“ညႇဥ္းပန္းႏွိပ္စက္မႈခံရၿပီးေနာက္ ေသဆုံးရသည့္ အေရအတြက္မွာ ယခု ထက္ ပိုမိုမ်ားျပားမည္ ျဖစ္သည္။ ထို က်ဆုံးသူ ၂၂ တြင္ ၁၃ ဦးမွာ ဖမ္းဆီးခံရၿပီး ၂၄ နာရီအတြင္း ေသဆုံးခဲ့ရသူမ်ားျဖစ္ၿပီး၊ ၄ ဦးမွာ ၂ ရက္ အတြင္း ေသဆုံးခဲ့ ရသူမ်ားျဖစ္သည္။ ၄ ဦးမွာ ရက္သတၱတစ္ပတ္အတြင္း ေသဆုံးခဲ့ရၿပီး၊ ၁ ဦးမွာ ရက္သတၱႏွစ္ပတ္ အတြင္း ေသဆုံးခဲ့ရသည္။ ၾကည့္ရႈခြင့္ရခဲ့သည့္ ေသဆုံးသူ အားလုံးနီးပါးတြင္ ႏွိပ္စက္ညႇဥ္းပန္းမႈေၾကာင့္ ႐ုပ္ အေလာင္းတြင္ ေနရာအႏွံ႔ႀကီးမားေသာ ဒဏ္ရာဒဏ္ခ်က္မ်ား ေတြ႕ရသည္။ သို႔ေသာ္လည္း စစ္အုပ္စုကမူ ေရာ ဂါ တစ္ခုခုျဖင့္ ေသဆုံးသြားေၾကာင္းသာ ထုတ္ျပန္ခဲ့သည္” ဟု AAPP က ဇြန္လ ၁၁ ရက္ေန႔ တြင္ ထုတ္ျပန္ထား သည္။

ထို႔အျပင္ “ဖမ္းဆီးခံရၿပီးေနာက္ ျပင္းထန္သည့္ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ အသက္ဆုံးရႈံး သြားခဲ့ရသူ (၂၂) ဦးရွိသည္။ ထို အထဲမွ (၃) ဦးမွာ မိသားစုမွ အေလာင္းျပန္ယူခြင့္ မရခဲ့ေပ။ ဦးေက်ာ္ေက်ာ္ (ခ) အဂၢမိုးညိဳ (၃၉ ႏွစ္) သည္ ဖမ္းဆီးၿပီး မတ္လ ၁၅ ရက္ေန႔တြင္ ဖမ္းဆီးခံရၿပီး ၃၀ ရက္ေန႔တြင္ ေသဆုံးခဲ့သည္။ သူ၏ ႐ုပ္ အေလာင္းကို မိသားစုမွ ျပန္ယူခြင့္၊ သၿဂႋဳလ္ခြင့္မရခဲ့ပါ။ ေဒၚခင္မာလာဝင္း (ခ) မ်ိဳးမ်ိဳးလြင္(၃၉) ႏွစ္သည္ မတ္ လ ၁၉ ရက္ေန႔တြင္ ပခုကၠဴၿမိဳ႕ၿဖိဳခြဲမႈတြင္ ဖမ္းဆီးျခင္းခံခဲ့ရသည္။ သူမသည္ မဖမ္းဖို႔ ဒူးေထာက္ေတာင္းပန္ခဲ့ ေသာ္လည္း အတင္းခ်ဳပ္ေႏွာင္ ဖမ္းဆီး သြားခဲ့သည္။ ဖမ္းဆီးခံရၿပီးေနာက္တရက္တြင္ မိသားစုအား အေလာင္း လာယူရန္ အေၾကာင္းၾကားခဲ့သည္” ဟု AAPP က ေျပာသည္။

စစ္အာဏာ သိမ္းမႈ ဆန႔္က်င္ေရး လႈပ္ရွားသူမ်ားကို ဖမ္းဆီးရာတြင္လည္း ႐ိုက္ႏွက္ဖမ္းဆီးျခင္း၊ ကားျဖင့္ ဝင္ တိုက္ကာ ဖမ္းဆီးျခင္း၊ ေသနတ္ျဖင့္ ပစ္ခတ္ျခင္းတို႔ေၾကာင့္ ဆႏၵျပျပည္သူမ်ားသည္ ျပင္းထန္ေသာ ဒဏ္ရာဒဏ္ ခ်က္မ်ားျဖင့္ ဖမ္းဆီးျခင္း ခံေနၾကရသည္။

၎တို႔အနက္ အခ်ိဳ႕မွာ ဖမ္းဆီးခံရၿပီးေနာက္ ပင္ကိုယ္႐ုပ္ကိုပင္ မမွတ္မိေလာက္ေအာင္ ဒဏ္ရာမ်ား ရရွိထား ၾကသည္။ ထိုႏွိပ္စက္ညႇဥ္းပန္းထားသည့္ ဓာတ္ပုံမ်ားကိုလည္း စစ္တပ္က ထိန္းခ်ဳပ္ထားသည့္ ႐ုပ္သံအပါအဝင္ မီဒီယာ အခ်ိဳ႕တြင္ေဖၚျပခဲ့ၾကသည္။

ဖမ္းဆီးခံအခ်ိဳ႕မွာ ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းျခင္း၊ စိတ္ပိုင္း ဆိုင္ရာခ်ိဳ႕ယြင္းျခင္းႏွင့္အသက္ေသဆုံးမႈမ်ားလည္း ရွိ ခဲ့သည္ဟု AAPP က ထုတ္ျပန္ထားသည္။

“ဦးေဇာ္ျမတ္လင္း (၄၆) ႏွစ္ သည္ ၎ေနထိုင္ရာ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ဖမ္းဆီးျခင္းခံရၿပီး ထိုညတြင္ပင္ ေသဆုံးသြားခဲ့သည္။ သူ၏႐ုပ္အေလာင္းကို ၾကည့္ရႈခြင့္ရခဲ့သူ ေျပာျပခ်က္အရ ဦးေခါင္းတခုလုံးႏွင့္ ပါးစပ္မ်ား ႏွင့္ ခႏၶာကိုယ္တခုလုံးတြင္ ႐ုပ္ပ်က္ေလာက္ေအာင္ ဒဏ္ရာ ဒဏ္ခ်က္မ်ား ေတြ႕ရွိရသည္ဟု သိရွိရသည္” ဟု AAPP က ေျပာသည္။

စစ္အုပ္စုမွ ဖမ္းဆီးသြားၿပီး ေနာက္တစ္ရက္တြင္ အသက္မဲ့ခႏၶာကိုယ္အား လာယူရန္ မိသားစုမ်ားထံ အေၾကာင္း ၾကားသည့္ ျဖစ္စဥ္မ်ား၊ အခ်ိဳ႕မွာ အသက္မဲ့ ခႏၶာကိုယ္ပင္ ျပန္မရဘဲ ေသဆုံးေၾကာင္း အေၾကာင္း ၾကားသည့္ ျဖစ္စဥ္မ်ားမွာ ျမန္မာႏိုင္ငံအႏွံ႔တြင္ ရွိေနသည္မွာ ယေန႔အခ်ိန္ထိျဖစ္သည္။

ထိုကဲ့သို႔ အသက္ေသသည္အထိ ညႇဥ္းပန္းႏွိပ္စက္မႈ က်ဴးလြန္ျခင္းသည္ အၾကမ္းဖက္လုပ္ရပ္မွ်သာ မဟုတ္ဘဲ လူမဆန္စြာ ျပဳမူျခင္း၏ အထြတ္အထိပ္ပင္ ျဖစ္သည္။

ထိုလုပ္ရပ္မ်ားကို ႏိုင္ငံတကာကလည္း အေရးယူေပးရန္ အသက္ေသဆုံးသည္အထိ ႏွိပ္စက္ ညႇဥ္းပန္းမႈမ်ား အား ထပ္မံ မျဖစ္ပြားေစေရးအတြက္ ဟန႔္တားႏိုင္သည့္ အေရးယူ ေဆာင္႐ြက္မႈမ်ားကို အျမန္ဆုံးထိေရာက္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးပါရန္ AAPP က ေတာင္းဆိုထားသည္။