ယုဇန မြေနေရာတွင် မဆိုင်သူများ ဝင်ရောက်နေရာယူခြင်းများရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းမပေါ်ရှိ ယုဇန ကုမ္ပဏီအတွင်းက စက်ပစ္စည်းများကို အခြားဒေသမှ လူများက ဝင်ယူနေသည့်အပြင် ကုမ္ပဏီက သိမ်းယူခဲ့သည့် မြေယာများကိုလည်း ဝင် ရောက် နေရာဦးယူထားသည်ဟု ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA က ယုဇနကုမ္ပဏီဝန်းအတွင်းရှိ စက်ပစ္စည်းများနှင့် အဆောက်အဦများကို နှစ်ကြိမ် ဝင်ရောက်ဖျက်ဆီးပြီးနောက်၊ ကုမ္ပဏီဝန်ထမ်းများကိုလည်း အဆိုပါနေရာအတွင်းက ထွက်သွားရန် ညွန်ကြားထားရာ ယခုတွင် ကုမ္ပဏီဝန်ထမ်းများနှင့် ငွေကြေးတတ်နိုင်သူများ ပေါင်းပြီး စက်ပစ္စည်းများကို ဝင် ရောက်ယူခြင်း၊ မြေနေရာများ ဦးယူခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဟူးကောင်း ဒေသခံအမျိုးသား တစ်ဦး က “အခုက စက်ရုံထဲက စက်ပစ္စည်းတွေလည်း ကုန်သွားပြီ။ ခိုးသလောက် ခိုး ကုန်ပြီ။ ပိုက်ဆံ ရှိတဲ့လူတွေက ရှိသလို ကားနဲ့ တိုက်သွားတာ။ တချို့ဆို အဖမ်းခံရတဲ့လူတွေလည်း ရှိတယ်။ အဲ့မှာ လာခိုးလို့။ စစ်တပ် ကနေ ဖမ်းတာပေါ့နော်။ နောက်ပြီးတော့မှ ဒီမြေယာနဲ့ ပတ်သက်ပြီးတော့မှလည်း ယုဇနကို KIA မောင်းထုတ်လိုက် ပြီဆို တာနဲ့ ပိုက်ဆံချမ်းသာတဲ့လူတွေ အာဏာရှိတဲ့လူတွေက ဒေသခံတွေကတော့ ဘာမှတောင် မရသေးဘူး ဘာမှ မလုပ်နိုင်သေးဘူး။ အဲ့ဒီအချိန်မှာ အဲ့လိုမျိုး လုပ်နေကြတာပဲ အခု။ ပိုက်ဆံရှိတဲ့လူတွေနဲ့ အာဏာ ရှိတဲ့လူတွေနဲ့ ပေါင်းပြီးတော့မှ ထွန်စက်တွေနဲ့ တက်လာတယ်။ အောက်ပိုင်းကနေ၊ အောက်ပိုင်းကရော၊ မြစ်ကြီးနား တို့ ဖားကန့်တို့ အဲ့လိုမျိုးတွေကနေ တက်လာပြီးတော့မှ ဧက တစ်ရာ၊ နှစ်ရာ အဲ့လိုမျိုး ယူကြတယ်” ဟု ပြောသည်။

အချို့လူများက ကုမ္ပဏီက ဝန်ထမ်းများ၊ မန်နေဂျား၊ ဒေသအတွင်းက အာဏာပိုင်းများနှင့် ညှိပြီး မြေယာ ဦးယူရာတွင် ရာနှင်ချီပြီး နေရာဦးယူမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနား၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်းဒေက လူများအပြင် အခြားသော မြို့နယ်တို့က လူများက လာရောက်ယူ နေ ခြင်း ဖြစ်သည်ဟု ဌာနေဒေသခံများက ပြောသည်။

ယုဇနကုမ္ပဏီ တဖက်ခြမ်းရှိ ဘန်ကောက်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက “ကုမ္ပဏီထဲမှာက ဒီအရပ်က လူတွေက သူ တို့ရချင်တဲ့ပစ္စည်း နောက်ဆုံး အဆုံးကတော့ သံတိုသံစက တစ်ပိဿာမှာ လေးရာ ရတယ်လို့ပြောတယ်။ သံတိုသံစ ကအစ အကုန်လုံးယူတယ်။ ပြီးရင် သူတို့ခွာစရာ ခွာပြီးမှရတဲ့ဟာတွေ အကုန်ခွာတယ်။ ယူစရာရှိတဲ့ဟာ အကုန်ယူ တယ်။ မယူတဲ့ပစ္စည်း ဘာမှ မရှိဘူး။ သူတို့သုံးတဲ့ ကားနဲ့ပတ်သက်ပြီးမှ လည်း အကုန်လုံး သူတို့မန်နေဂျာနဲ့ ညှိပြီးမှ အကုန်လုံးယူကြတာ ထင်တယ်။ ကျမကတော့ ရပ်မိရပ်ဖဆိုတော့ သွား ဖို့ရာလည်း ရှက်တယ်။ ပြီးရင် သိက္ခာလည်း အကျမခံချင်ဘူး။ ယူလည်းမယူဘူး။ သွားလည်းမကြည့်ဘူး။ အများ အား ဖြင့်တော့ ၉၅ ရာခိုင်နှုန်းက ယူတဲ့လူကြီး ပဲ။ မိုးကောင်း၊ နမ္မတီး အဲ့ဘက်ကအစ လာယူတယ်။ အများအားဖြင့် သူတို့ရဲ့ အလုပ်သမားတွေက ဘယ်နေရမှာ ဘာ ရှိတယ်ဆိုတာ အကုန်လုံးသိတဲ့အခါကြတော့ ကုမ္ပဏီထဲက မပြန်တဲ့ လူတွေက သူတို့ကြိုက်တဲ့ဟာ သူတို့ယူတယ်။ သူတို့ပိုယူတယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းမပေါ်ရှိ ယုဇန ကုမ္ပဏီအတွင်းက သိမ်းယူထား သည့် မြေယာများနှင့် ဝန်းအတွင်းက ပစ္စည်းများကို မယူကြဖို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန် သတိပေးထား သည်။

ကချင်လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ အနောက်ပိုင်းတိုင်းဌာနချုပ်၊ ဟူးကောင်းခရိုင် အုပ်ချုပ်ရေး ရုံး အဆိုပါထုတ်ပြန်ချက်ထဲတွင် ယုဇနကုမ္ပဏီ က ပီလောပီနံ စိုက်ခင်းပြုလုပ်ပြီး တရားမဝင် သိမ်းယူထားသည့် မြေယာများအားလုံးနှင့် တရားမဝင်အသုံးပြုနေသည့် စက်ပစ္စည်း ကရိယာတွေကို သိမ်းဆည်း ရယူပြီး ဖြစ် ကြောင်း၊ အဆိုပါနေရာတွင် တရားဝင်ခွင့်ပြုခြင်းမရှိဘဲ လယ်ယာမြေ၊ ခြံ၊ စိုက်ပျိုးခြင်း၊ အခြားအမျိုးမျိုးသော နည်းလမ်းများနှင့် မြေယာများကို အသုံးပြုခြင်း၊ မြေနေရာ ဦးယူခြင်းများ မပြုကြရန်နှင့် ယုဇနကုမ္ပဏီက စက် ပစ္စည်းများကို မိမိကိုယ်ပိုင်အကျိုးစီးပွားအတွက် သိမ်းယူခြင်းများ လုံးဝ မလုပ်ကြဖို့ သတိပေးထားသည်။

ထို့အပြင် ဒေသခံ ပြည်သူများအနေဖြင့် ယုဇန ကုမ္ပဏီက ဝန်ထမ်းများ၊ မိသားစုဝင်များကို နေရာထိုင်ခင်း ပေး ခြင်း၊ လက်ခံခြင်းများလည်း လုံးဝမလုပ်ကြဖို့ သတိပေးထားသည်။ ထိုသတိပေးချက်အတိုင်း လိုက်နာကျင့်သုံး ခြင်း မရှိဘူးဆိုရင် မည်သူ့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ကြောင်း အသိပေး ကြေညာထား သည်။

ထိုသို့သတိပေးထားသော်လည်း “တချို့တွေက ရွာနားမှာတွေ ပီလောခင်းမှာတွေ သူတို့တဲဆောက်ပြီးမှ နေနေကြ တာ။ ထွက်လည်းမထွက်သွားဘူး။ တချို့အဲ့ဒီ စက်ရုံဝန်းထဲမှာတော့ မနေတော့ဘူး ဝန်ထမ်းအဆောင်တွေမှာတော့။ KIA ကို ကြောက်လို့နေမှာပေါ့။ နောက်ပြီးမှ တချို့တွေကျတော့ ပိုက်ဆံနည်းနည်းရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကတော့ ရွာထဲမှာကို အိမ်ဆောက်ပြီးမှကို အဲ့လိုမျိုးနေတာ။ သူတို့ဒေသကို မပြန်တော့ဘူး။ တချို့ ကုမ္ပဏီဝန်ထမ်း အောက် ခြေအတန်းစားတွေကျတော့ သူတို့ မှာ ပြန်လမ်းမရှိပဲ နေတာလည်းရှိတယ်။ တချို့လူတွေကျတော့ ရပ်ကွက်လူကြီး တွေ၊ ရွာလူကြီးတွေနဲ့ ကပ်ဖားပြီးတော့ ဟိုနားမှာ တဲဆောက်ပြီးမှနေလိုက်၊ ဒီနားမှာ တဲဆောက်ပြီးမှနေလိုက် အဲ့လို မျိုးပြန့်ကျဲနေတာပေါ့။ ဘန် ကောက်ရွာရော၊ ရှထူးဇွပ်ရော၊ ဝါရာဇွပ်ရော၊ စံပြရော၊ နောင်းမီရော၊ နမ့်ခက်ရော အဲ့လိုမျိုး ပြန့်ကျဲပြီးနေတာ” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းသွားလမ်းပေါ်က ဘန်ကောက်ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီပိုင် အဆောက် အဦများ၊ စက်ပစ္စည်းများကို ကချင်လွတ်လပ်ရေးတပ်မတော်က ဧပြီလတုန်းတစ်ကြိမ်၊ မေလတုန်းက တစ်ကြိမ် နှစ် ကြိမ် ဝင်ရောက်ဖျက်ဆီးပြီး သိမ်းယူထားခြင်း ဖြစ်သည်။

လီဒိုလမ်းမကြီးပေါ်က ဟူးကောင်း ချိုင့်ဝှမ်းဒေသအတွင်းရှိ ရှဒူးဇွပ်၊ နမ့်ဖြတ်၊ တိန်ကောက်၊ တနိုင်း၊ ဝါရာဇွပ်၊ နောင်း မီ၊ စံပြ၊ အောင်ရာနှင့် ကောင်းရာ ကျေးရွာများက ဘိုးဘွားပိုင် မြေဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီ က ၂၀၀၆ ခုနှစ် ကတည်း သိမ်းယူခဲ့ခြင်းကြောင့် မြေယာအငြင်းပွားမှုများ ယနေ့နေ့အချိန်ထိ ဖြစ်ပွားနေခြင်း ဖြစ်သည်။

*** ZAWGYI ***
ယုဇန ေျမေနရာတြင္ မဆိုင္သူမ်ား ဝင္ေရာက္ေနရာယူျခင္းမ်ားရွိေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၄ ရက္။

ကခ်င္ျပည္နယ္၊ တႏိုင္း-လီဒိုလမ္းမေပၚရွိ ယုဇန ကုမၸဏီအတြင္းက စက္ပစၥည္းမ်ားကို အျခားေဒသမွ လူမ်ားက ဝင္ယူေနသည့္အျပင္ ကုမၸဏီက သိမ္းယူခဲ့သည့္ ေျမယာမ်ားကိုလည္း ဝင္ ေရာက္ ေနရာဦးယူထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ယုဇနကုမၸဏီဝန္းအတြင္းရွိ စက္ပစၥည္းမ်ားႏွင့္ အေဆာက္အဦမ်ားကို ႏွစ္ႀကိမ္ ဝင္ေရာက္ဖ်က္ဆီးၿပီးေနာက္၊ ကုမၸဏီဝန္ထမ္းမ်ားကိုလည္း အဆိုပါေနရာအတြင္းက ထြက္သြားရန္ ၫြန္ၾကားထားရာ ယခုတြင္ ကုမၸဏီဝန္ထမ္းမ်ားႏွင့္ ေငြေၾကးတတ္ႏိုင္သူမ်ား ေပါင္းၿပီး စက္ပစၥည္းမ်ားကို ဝင္ ေရာက္ယူျခင္း၊ ေျမေနရာမ်ား ဦးယူျခင္းမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဟူးေကာင္း ေဒသခံအမ်ိဳးသား တစ္ဦး က “အခုက စက္႐ုံထဲက စက္ပစၥည္းေတြလည္း ကုန္သြားၿပီ။ ခိုးသေလာက္ ခိုး ကုန္ၿပီ။ ပိုက္ဆံ ရွိတဲ့လူေတြက ရွိသလို ကားနဲ႔ တိုက္သြားတာ။ တခ်ိဳ႕ဆို အဖမ္းခံရတဲ့လူေတြလည္း ရွိတယ္။ အဲ့မွာ လာခိုးလို႔။ စစ္တပ္ ကေန ဖမ္းတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့မွ ဒီေျမယာနဲ႔ ပတ္သက္ၿပီးေတာ့မွလည္း ယုဇနကို KIA ေမာင္းထုတ္လိုက္ ၿပီဆို တာနဲ႔ ပိုက္ဆံခ်မ္းသာတဲ့လူေတြ အာဏာရွိတဲ့လူေတြက ေဒသခံေတြကေတာ့ ဘာမွေတာင္ မရေသးဘူး ဘာမွ မလုပ္ႏိုင္ေသးဘူး။ အဲ့ဒီအခ်ိန္မွာ အဲ့လိုမ်ိဳး လုပ္ေနၾကတာပဲ အခု။ ပိုက္ဆံရွိတဲ့လူေတြနဲ႔ အာဏာ ရွိတဲ့လူေတြနဲ႔ ေပါင္းၿပီးေတာ့မွ ထြန္စက္ေတြနဲ႔ တက္လာတယ္။ ေအာက္ပိုင္းကေန၊ ေအာက္ပိုင္းကေရာ၊ ျမစ္ႀကီးနား တို႔ ဖားကန႔္တို႔ အဲ့လိုမ်ိဳးေတြကေန တက္လာၿပီးေတာ့မွ ဧက တစ္ရာ၊ ႏွစ္ရာ အဲ့လိုမ်ိဳး ယူၾကတယ္” ဟု ေျပာသည္။

အခ်ိဳ႕လူမ်ားက ကုမၸဏီက ဝန္ထမ္းမ်ား၊ မန္ေနဂ်ား၊ ေဒသအတြင္းက အာဏာပိုင္းမ်ားႏွင့္ ညႇိၿပီး ေျမယာ ဦးယူရာတြင္ ရာႏွင္ခ်ီၿပီး ေနရာဦးယူမႈမ်ား ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ျမစ္ႀကီးနား၊ ဖားကန႔္၊ မိုးေကာင္း၊ မိုးညႇင္းေဒက လူမ်ားအျပင္ အျခားေသာ ၿမိဳ႕နယ္တို႔က လူမ်ားက လာေရာက္ယူ ေန ျခင္း ျဖစ္သည္ဟု ဌာေနေဒသခံမ်ားက ေျပာသည္။

ယုဇနကုမၸဏီ တဖက္ျခမ္းရွိ ဘန္ေကာက္ေက်း႐ြာက ရပ္မိရပ္ဖတစ္ဦးက “ကုမၸဏီထဲမွာက ဒီအရပ္က လူေတြက သူ တို႔ရခ်င္တဲ့ပစၥည္း ေနာက္ဆုံး အဆုံးကေတာ့ သံတိုသံစက တစ္ပိႆာမွာ ေလးရာ ရတယ္လို႔ေျပာတယ္။ သံတိုသံစ ကအစ အကုန္လုံးယူတယ္။ ၿပီးရင္ သူတို႔ခြာစရာ ခြာၿပီးမွရတဲ့ဟာေတြ အကုန္ခြာတယ္။ ယူစရာရွိတဲ့ဟာ အကုန္ယူ တယ္။ မယူတဲ့ပစၥည္း ဘာမွ မရွိဘူး။ သူတို႔သုံးတဲ့ ကားနဲ႔ပတ္သက္ၿပီးမွ လည္း အကုန္လုံး သူတို႔မန္ေနဂ်ာနဲ႔ ညႇိၿပီးမွ အကုန္လုံးယူၾကတာ ထင္တယ္။ က်မကေတာ့ ရပ္မိရပ္ဖဆိုေတာ့ သြား ဖို႔ရာလည္း ရွက္တယ္။ ၿပီးရင္ သိကၡာလည္း အက်မခံခ်င္ဘူး။ ယူလည္းမယူဘူး။ သြားလည္းမၾကည့္ဘူး။ အမ်ား အား ျဖင့္ေတာ့ ၉၅ ရာခိုင္ႏႈန္းက ယူတဲ့လူႀကီး ပဲ။ မိုးေကာင္း၊ နမၼတီး အဲ့ဘက္ကအစ လာယူတယ္။ အမ်ားအားျဖင့္ သူတို႔ရဲ႕ အလုပ္သမားေတြက ဘယ္ေနရမွာ ဘာ ရွိတယ္ဆိုတာ အကုန္လုံးသိတဲ့အခါၾကေတာ့ ကုမၸဏီထဲက မျပန္တဲ့ လူေတြက သူတို႔ႀကိဳက္တဲ့ဟာ သူတို႔ယူတယ္။ သူတို႔ပိုယူတယ္” ဟု ေျပာသည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ကခ်င္ျပည္နယ္၊ တႏိုင္း-လီဒိုလမ္းမေပၚရွိ ယုဇန ကုမၸဏီအတြင္းက သိမ္းယူထား သည့္ ေျမယာမ်ားႏွင့္ ဝန္းအတြင္းက ပစၥည္းမ်ားကို မယူၾကဖို႔ ဇြန္လ ၁၀ ရက္ေန႔က ထုတ္ျပန္ သတိေပးထား သည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕၊ ျပည္သူ႔အုပ္ခ်ဳပ္ေရးဌာန၊ အေနာက္ပိုင္းတိုင္းဌာနခ်ဳပ္၊ ဟူးေကာင္းခ႐ိုင္ အုပ္ခ်ဳပ္ေရး ႐ုံး အဆိုပါထုတ္ျပန္ခ်က္ထဲတြင္ ယုဇနကုမၸဏီ က ပီေလာပီနံ စိုက္ခင္းျပဳလုပ္ၿပီး တရားမဝင္ သိမ္းယူထားသည့္ ေျမယာမ်ားအားလုံးႏွင့္ တရားမဝင္အသုံးျပဳေနသည့္ စက္ပစၥည္း ကရိယာေတြကို သိမ္းဆည္း ရယူၿပီး ျဖစ္ ေၾကာင္း၊ အဆိုပါေနရာတြင္ တရားဝင္ခြင့္ျပဳျခင္းမရွိဘဲ လယ္ယာေျမ၊ ၿခံ၊ စိုက္ပ်ိဳးျခင္း၊ အျခားအမ်ိဳးမ်ိဳးေသာ နည္းလမ္းမ်ားႏွင့္ ေျမယာမ်ားကို အသုံးျပဳျခင္း၊ ေျမေနရာ ဦးယူျခင္းမ်ား မျပဳၾကရန္ႏွင့္ ယုဇနကုမၸဏီက စက္ ပစၥည္းမ်ားကို မိမိကိုယ္ပိုင္အက်ိဳးစီးပြားအတြက္ သိမ္းယူျခင္းမ်ား လုံးဝ မလုပ္ၾကဖို႔ သတိေပးထားသည္။

ထို႔အျပင္ ေဒသခံ ျပည္သူမ်ားအေနျဖင့္ ယုဇန ကုမၸဏီက ဝန္ထမ္းမ်ား၊ မိသားစုဝင္မ်ားကို ေနရာထိုင္ခင္း ေပး ျခင္း၊ လက္ခံျခင္းမ်ားလည္း လုံးဝမလုပ္ၾကဖို႔ သတိေပးထားသည္။ ထိုသတိေပးခ်က္အတိုင္း လိုက္နာက်င့္သုံး ျခင္း မရွိဘူးဆိုရင္ မည္သူ႔ကိုျဖစ္ေစ ျပင္းျပင္းထန္ထန္ အေရးယူသြားမွာျဖစ္ေၾကာင္း အသိေပး ေၾကညာထား သည္။

ထိုသို႔သတိေပးထားေသာ္လည္း “တခ်ိဳ႕ေတြက ႐ြာနားမွာေတြ ပီေလာခင္းမွာေတြ သူတို႔တဲေဆာက္ၿပီးမွ ေနေနၾက တာ။ ထြက္လည္းမထြက္သြားဘူး။ တခ်ိဳ႕အဲ့ဒီ စက္႐ုံဝန္းထဲမွာေတာ့ မေနေတာ့ဘူး ဝန္ထမ္းအေဆာင္ေတြမွာေတာ့။ KIA ကို ေၾကာက္လို႔ေနမွာေပါ့။ ေနာက္ၿပီးမွ တခ်ိဳ႕ေတြက်ေတာ့ ပိုက္ဆံနည္းနည္းရွိတဲ့ ကုမၸဏီဝန္ထမ္းေတြကေတာ့ ႐ြာထဲမွာကို အိမ္ေဆာက္ၿပီးမွကို အဲ့လိုမ်ိဳးေနတာ။ သူတို႔ေဒသကို မျပန္ေတာ့ဘူး။ တခ်ိဳ႕ ကုမၸဏီဝန္ထမ္း ေအာက္ ေျခအတန္းစားေတြက်ေတာ့ သူတို႔ မွာ ျပန္လမ္းမရွိပဲ ေနတာလည္းရွိတယ္။ တခ်ိဳ႕လူေတြက်ေတာ့ ရပ္ကြက္လူႀကီး ေတြ၊ ႐ြာလူႀကီးေတြနဲ႔ ကပ္ဖားၿပီးေတာ့ ဟိုနားမွာ တဲေဆာက္ၿပီးမွေနလိုက္၊ ဒီနားမွာ တဲေဆာက္ၿပီးမွေနလိုက္ အဲ့လို မ်ိဳးျပန႔္က်ဲေနတာေပါ့။ ဘန္ ေကာက္႐ြာေရာ၊ ရွထူးဇြပ္ေရာ၊ ဝါရာဇြပ္ေရာ၊ စံျပေရာ၊ ေနာင္းမီေရာ၊ နမ့္ခက္ေရာ အဲ့လိုမ်ိဳး ျပန႔္က်ဲၿပီးေနတာ” ဟု ေဒသခံ တစ္ဦး က ေျပာသည္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ တႏိုင္းသြားလမ္းေပၚက ဘန္ေကာက္ေက်း႐ြာအနီးရွိ ယုဇနကုမၸဏီပိုင္ အေဆာက္ အဦမ်ား၊ စက္ပစၥည္းမ်ားကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္က ဧၿပီလတုန္းတစ္ႀကိမ္၊ ေမလတုန္းက တစ္ႀကိမ္ ႏွစ္ ႀကိမ္ ဝင္ေရာက္ဖ်က္ဆီးၿပီး သိမ္းယူထားျခင္း ျဖစ္သည္။

လီဒိုလမ္းမႀကီးေပၚက ဟူးေကာင္း ခ်ိဳင့္ဝွမ္းေဒသအတြင္းရွိ ရွဒူးဇြပ္၊ နမ့္ျဖတ္၊ တိန္ေကာက္၊ တႏိုင္း၊ ဝါရာဇြပ္၊ ေနာင္း မီ၊ စံျပ၊ ေအာင္ရာႏွင့္ ေကာင္းရာ ေက်း႐ြာမ်ားက ဘိုးဘြားပိုင္ ေျမဧက ၂ သိန္းေက်ာ္ကို ယုဇနကုမၸဏီ က ၂၀၀၆ ခုႏွစ္ ကတည္း သိမ္းယူခဲ့ျခင္းေၾကာင့္ ေျမယာအျငင္းပြားမႈမ်ား ယေန႔ေန႔အခ်ိန္ထိ ျဖစ္ပြားေနျခင္း ျဖစ္သည္။