ရေးမြို့ပေါ် ပစ်ခတ်မှုဖြစ်၊ အရပ်သား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
မွန်ပြည်နယ် ရေးမြို့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု မြို့ခံများက ပြောသည်။
ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် ဇွန်လ ၁၄ ရက်နေ့ (ယမန်နေ့) က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရပ်မိရပ်ဖတစ်ဦး နားထင်ထိမှန်ကာ သေဆုံးသွားခဲ့ပြီး အနီးတွင်ရှိနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ လက်မောင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။
“ကျောင်းရှေ့မှာပဲ ဖြစ်သွားတယ်လေ။ အပစ်ခံရတဲ့ ၂ ဦးထဲမှာ တစ်ဦးက သေဆုံးသွားပြီးတော့ တစ်ဦးကတော့ ဒဏ်ရာရသွားတယ်။ သေနတ်သမားကတော့ ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတယ်လို့တော့ ပြောတယ်။ ရေးမှာ အခုတလော ဗုံးပေါက်တဲ့ဖြစ်စဉ်တွေ ဗုံးတွေ့တဲ့ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနေတာတွေလည်းရှိတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
ယနေ့ ညနေ ကျောင်းဆင်းချိန် ညနေပိုင်း က ကျောင်းရှေ့တွင် လမ်းရှင်းပေးနေစဉ် ပစ်ခတ်ခံရသည်ဟုလည်း ဒေသခံများ က ပြောသည်။
သေနတ်သမားသည် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည် ဟု လည်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဆိုပါကျောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် လက်ပစ်ဗုံးနှင့် အပစ်ခံခဲ့ ရ သည်ဟုလည်း ဒေသခံများ က ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးစတင်ဆောင်ရွက်စဉ် ကတည်းက ရေးမြို့ပေါ်ရှိကျောင်းအချို့နှင့် ရေးမြို့နယ်အတွင်းရှိ ကျောင်းအချို့တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ ပြီး မပေါက်ကွဲသေးသည့် ဗုံးများလည်း ဆက်တိုက် တွေ့ရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ် အချို့တို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ် ရာရရှိမှုလည်း ရှိခဲ့သည်။
ရေးမြို့နယ်နည်းတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုက အခြေခံပညာကျောင်းများတွင်လည်း ဗုံးပေါက်ကွဲ မှုများ၊ ဗုံးတွေ့မှုများ ဆက်တိုက် ဖြစ်ပွားနေသည့်အပြင် စာသင်ကျောင်းဆောင်အချို့ မီးလောင်းသည့် ဖြစ်စဉ် များ ဖြစ်ပွားလျှက်ရှိသည်။
*** ZAWGYI ***
ေရးၿမိဳ႕ေပၚ ပစ္ခတ္မႈျဖစ္၊ အရပ္သား တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၅ ရက္။
မြန္ျပည္နယ္ ေရးၿမိဳ႕တြင္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး လူတစ္ဦးေသဆုံးကာ တစ္ဦး ဒဏ္ရာရခဲ့သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။
ေရးၿမိဳ႕ ေအာင္ေမတၱာရပ္ကြက္ရွိ အမွတ္ (၂) အေျခခံပညာအလယ္တန္းေက်ာင္းေရွ႕တြင္ ဇြန္လ ၁၄ ရက္ေန႔ (ယမန္ေန႔) က ေသနတ္ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ပစ္ခတ္မႈေၾကာင့္ ရပ္မိရပ္ဖတစ္ဦး နားထင္ထိမွန္ကာ ေသဆုံးသြားခဲ့ၿပီး အနီးတြင္ရွိေနသည့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး၏ လက္ေမာင္း က်ည္ထိမွန္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။
“ေက်ာင္းေရွ႕မွာပဲ ျဖစ္သြားတယ္ေလ။ အပစ္ခံရတဲ့ ၂ ဦးထဲမွာ တစ္ဦးက ေသဆုံးသြားၿပီးေတာ့ တစ္ဦးကေတာ့ ဒဏ္ရာရသြားတယ္။ ေသနတ္သမားကေတာ့ ဆိုင္ကယ္နဲ႔ လာၿပီး ပစ္သြားတယ္လို႔ေတာ့ ေျပာတယ္။ ေရးမွာ အခုတေလာ ဗုံးေပါက္တဲ့ျဖစ္စဥ္ေတြ ဗုံးေတြ႕တဲ့ျဖစ္စဥ္ေတြလည္း မၾကာခဏျဖစ္ပြားေနတာေတြလည္းရွိတယ္” ဟု ေရးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ယေန႔ ညေန ေက်ာင္းဆင္းခ်ိန္ ညေနပိုင္း က ေက်ာင္းေရွ႕တြင္ လမ္းရွင္းေပးေနစဥ္ ပစ္ခတ္ခံရသည္ဟုလည္း ေဒသခံမ်ား က ေျပာသည္။
ေသနတ္သမားသည္ ဆိုင္ကယ္ျဖင့္ လာေရာက္ပစ္ခတ္သြားခဲ့ျခင္းျဖစ္ၿပီး ထြက္ေျပးလြတ္ေျမာက္သြားသည္ ဟု လည္း သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း အဆိုပါေက်ာင္းႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔တြင္ လက္ပစ္ဗုံးႏွင့္ အပစ္ခံခဲ့ ရ သည္ဟုလည္း ေဒသခံမ်ား က ေျပာသည္။
အာဏာသိမ္း စစ္ေကာင္စီက အေျခခံပညာေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ေရးစတင္ေဆာင္႐ြက္စဥ္ ကတည္းက ေရးၿမိဳ႕ေပၚရွိေက်ာင္းအခ်ိဳ႕ႏွင့္ ေရးၿမိဳ႕နယ္အတြင္းရွိ ေက်ာင္းအခ်ိဳ႕တို႔တြင္ ဗုံးေပါက္ကြဲမႈျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ ၿပီး မေပါက္ကြဲေသးသည့္ ဗုံးမ်ားလည္း ဆက္တိုက္ ေတြ႕ရွိမႈမ်ား ျဖစ္ေပၚခဲ့သည္။
ထို႔အျပင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္တြင္ ေရးၿမိဳ႕နယ္အတြင္းရွိ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး႐ုံးအခ်ိဳ႕ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေနအိမ္ အခ်ိဳ႕တို႔တြင္လည္း ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ၿပီး လူထိခိုက္ ဒဏ္ ရာရရွိမႈလည္း ရွိခဲ့သည္။
ေရးၿမိဳ႕နယ္နည္းတူ မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အမ်ားစုက အေျခခံပညာေက်ာင္းမ်ားတြင္လည္း ဗုံးေပါက္ကြဲ မႈမ်ား၊ ဗုံးေတြ႕မႈမ်ား ဆက္တိုက္ ျဖစ္ပြားေနသည့္အျပင္ စာသင္ေက်ာင္းေဆာင္အခ်ိဳ႕ မီးေလာင္းသည့္ ျဖစ္စဥ္ မ်ား ျဖစ္ပြားလွ်က္ရွိသည္။