ရှမ်းမြောက်တွင် ကိုဗစ် ကူးစက်မှု မြင့်၊ တစ်ဦးသေဆုံး

သတင်နှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် COVID-19 ရောဂါ ကူးစက်မှုများ မြင့်တက်နေပြီး ယမန်နေ့က တစ်ဦး သေဆုံး ခဲ့သည်ဟု ဒေသအတွင်းက ပရဟိတအဖွဲ့များက ပြောသည်။

ရှမ်းမြောက် လားရှိုးမြို့ တွင် ပိုးတွေ့လူနာ ၆၀ ကျော်၊ သီပေါမြို့တွင် ၄ ဦး၊ နှင့် တန့်ယန်းမြို့တွင် ၂ ဦး ရှိသည့်အနက် သီပေါတွင် တစ်ဦး သေဆုံးခဲ့သည်။

သီပေါမြို့က ပိုးတွေ့လူနာများ အနက် တစ်ဦးမှာ ယမန်နေ့က သေဆုံးသွားခြင်းဖြစ်သည်ဟု သေဆုံးလူနာအား သဂြိုလ်ပေးခဲ့သည့် နယ်စည်းမခြား ပရဟိတအသင်းက တာဝန်ရှိသူ တစ်ဦးက “သီပေါမှာတော့ ပထမရက် တော့ သုံးယောက်ပေါ့နော်၊ သုံးယောက်မှာ တနေ့က တစ်ယောက်ထပ်တိုးတော့ လေးယောက်ပေါ့။ ၁၃ ရက်နေ့ ညက လာပို့တာက သုံးယောက်၊ ၁၄ ရက်နေ့ကျတော့ သူတို့နဲ့ထိတွေ့ခဲ့တဲ့ လူ တွေကို ထပ်စစ်လိုက်တော့ တစ် ယောက်ထပ်တိုးတယ်။ ဆိုတော့ လေးယောက်ပေါ့နော်။ အဲ့ဒီ လေးယောက်မှာ မနေ့က တစ်ယောက်ဆုံးသွား တာပေါ့နော်။” ဟု ပြောသည်။

လူနာများနှင့် သံသယ စောင့်ကြည့်လူများကို သီးခြားခွဲထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“သီပေါဆေးရုံက Isolation ward (သီးသန့်ဆောင်)မှာ အဲ့ဒီ positive (ပိုးတွေ့လူနာ) လေးယောက် ထားတယ်။ နောက်ထပ် Quarantine Center (သီးခြားစောင့်ကြည့်စင်တာ) မှာတော့ ခြောက်ယောက်ထားထားတယ်။ သူတို့နဲ့ ထိတွေ့တဲ့ လူတွေပေါ့။ သေသွား တဲ့လူနာကိုတော့ ကျနော်တို့ပဲ သဂြိုလ်ပေးခဲ့ရတာပါ။ အမျိုးသမီးပါ။ ၄၁ နှစ်ပါ။” ဟု ပြောသည်။

ထို့အပြင် လားရှိုးမြို့က ကူးစက်မှုမှာလည်း အယောက် ၆၀ ကျော်သွားပြီဖြစ်ပြီးဖြစ်ပြီး၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူ များကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ထားသည်ဟု Covid-19 Operation Team (Lashio-လားရှိုး) က တာဝန် ရှိသူ တစ်ဦးက ပြောသည်။

“လောလောဆယ် လားရှိုးမြို့ထဲ ကျနော်တို့ဆေးရုံမှာ positive (ပိုးတွေ့လူနာ) အနေနဲ့ ထားတာက ၆၂ ဦးရှိတယ်ဗျ။ ဒီကနေ မန္တ လေးကို ပို့တာက အဲ့ဒါက လေးဦး၊ စာရင်းကတော့ လားရှိုးစာရင်းမှာ မရှိဘူးပေါ့နော်။ အခု လူနာ မန္တလေး မှာ။ အဲ့လေးဦးရဲ့ Contact (အဆက်အသွယ်) နဲ့ လိုက်တာနော် ကျန်တဲ့ ၆၂ ဦးက။ အားလုံးက ၆၆ ဦးပေါ့။ ကျနော်တို့ သယ်သမျှ ထဲမှာတော့ အားလုံးက ကျန်းကျန်းမာမာပဲ။ ဒီထဲမှာမှ အိမ်မှာကတည်းက ဖျားနေတာ တစ်ယောက်ရှိတယ်။ အဲ့ ဒါ အမျိုးသမီး ပေါ့။ အဓိက လားရှိုးမှာဖြစ်နေတာက လူမျိုးတစ်မျိုးတည်းပဲပေါ့။ အဲ့လူက ဒေသ တစ်ခုကနေ ပြန်လာတယ်၊ အဲ့ဒီမှာ မင်္ဂလာဆောင်တစ်ခုရှိတယ်၊ နာရေးတစ်ခုရှိတယ်။ အဲ့ဒီကနေ စပြန့်တယ်လို့ပဲ ယူဆထား တယ်။ အခြေ အနေအတိအကျကိုတော့ မပြောရဲဘူး။”

ယခုလက်ရှိတွင် ကူးစက်မှုများ စတင်ခဲ့သည်ဟု ယူဆရသည့် လားရှိုးမြို့က မယ်ဟန် ကျေးရွာကို Lockdown (ပိတ်ဆို့) ချထားသည်ဟု Covid-19 Operation Team (Lashio-လားရှိုး) က တာဝန်ရှိသူ က ဆက်ပြောသည်။

“လားရှိုးမြို့အထက်က မယ်ဟန်ရွာပေါ့နော်၊ အဲ့ဒီရွာကို လောလော ဆယ်တော့ Lockdown (ပိတ်ဆို့) လုပ်ထားတယ်။ အဲ့ဒီ ရွာက မင်္ဂလာဆောင်တစ်ခုလုပ်ထားလို့ဗျ။ အဲ့မင်္ဂလာဆောင်သွားတဲ့လူက positive (ပိုးတွေ့လူနာ) ဖြစ်သွားလို့။ အဲ့ကို လာတဲ့ လူတွေကိုလည်း ပြန်စစ်နေရတာပေါ့။ ဒီညမဟုတ်ရင် မနက်ဖြန်ထပ်ပြီး အဖြေထွက်မယ်။ အဲ့အတွက် တော့ စိတ်ပူတယ်ဗျ။ လူစုလူဝေးရှောင်သင့်ရင်ရှောင်ရမယ်။ ဒါပေမယ့် အခုက လူတွေမလိုက်နာတာက Mask (မျက်နှာဖုံး) တောင် မတပ်ချင်ကြဘူး။ ဒေသရဲ့ အနေအထားပေါ့ဗျာ။ ဒုတိယအကြိမ်မှာလည်း လားရှိုးကမထိထားဘူး။ အခု တတိယ လှိုင်းမှထိတာ၊ ဒါပေမယ့် လူထုက သိပ်ဂရုမစိုက်ကြဘူးဗျ။”

တန့်ယန်းမြို့နယ် နမ့်ဖတ်လင်းကျေးရွာက အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးမှာ ဇွန်လ ၇ ရက်နေ့က လားရှိုးမြို့က နာရေးကိစ္စတစ်ခုသွားရောက်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင် နာမကျန်းဖြစ်လာ၍ ဆေးစစ်မှုများ ပြု လုပ်ခဲ့ပြီးနောက် COVID-19 ရောဂါကူးစက်ခံထားခြင်း ဖြစ်ကြောင်း သိရခြင်း ဖြစ်သည်ဟု ရှမ်းမြောက် အခြေ စိုက် ရွှေဖီမြေသတင်းဌာနတွင် ဖြေပြထားသည်။

ရှမ်းမြောက်က ပြည်သူများသည်လည်း အခြားသော ပြည်နယ်နှင့်တိုင်းဒေသများရှိ ပြည်သူများကဲ့သို့ COVID-19 ရောဂါနှင့်ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါးနေပြီး၊ ရောဂါ ကာကွယ်ရေးအပိုင်းတွင်လည်း ပေါ့ဆနေကြ သည့်အတွက် ကူးစက်မှုများ ပိုမိုများပြားလာမည်ကို စိုးရိမ်သည်ဟု ရှမ်းမြောက် ဒေသက ပရဟိတအသင်းများ က ပြောသည်။

ဇွန်လ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၃၁၉၉ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၂၂၅ ဦး တွေ့ရှိခဲ့ရသည့်အတွက် ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၁၄၆၀၅၁ ဦး ရှိပြီဟု စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ရွမ္းေျမာက္တြင္ ကိုဗစ္ ကူးစက္မႈ ျမင့္၊ တစ္ဦးေသဆုံး

သတင္ႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၆ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ COVID-19 ေရာဂါ ကူးစက္မႈမ်ား ျမင့္တက္ေနၿပီး ယမန္ေန႔က တစ္ဦး ေသဆုံး ခဲ့သည္ဟု ေဒသအတြင္းက ပရဟိတအဖြဲ႕မ်ားက ေျပာသည္။

ရွမ္းေျမာက္ လားရႈိးၿမိဳ႕ တြင္ ပိုးေတြ႕လူနာ ၆၀ ေက်ာ္၊ သီေပါၿမိဳ႕တြင္ ၄ ဦး၊ ႏွင့္ တန႔္ယန္းၿမိဳ႕တြင္ ၂ ဦး ရွိသည့္အနက္ သီေပါတြင္ တစ္ဦး ေသဆုံးခဲ့သည္။

သီေပါၿမိဳ႕က ပိုးေတြ႕လူနာမ်ား အနက္ တစ္ဦးမွာ ယမန္ေန႔က ေသဆုံးသြားျခင္းျဖစ္သည္ဟု ေသဆုံးလူနာအား သၿဂိဳလ္ေပးခဲ့သည့္ နယ္စည္းမျခား ပရဟိတအသင္းက တာဝန္ရွိသူ တစ္ဦးက “သီေပါမွာေတာ့ ပထမရက္ ေတာ့ သုံးေယာက္ေပါ့ေနာ္၊ သုံးေယာက္မွာ တေန႔က တစ္ေယာက္ထပ္တိုးေတာ့ ေလးေယာက္ေပါ့။ ၁၃ ရက္ေန႔ ညက လာပို႔တာက သုံးေယာက္၊ ၁၄ ရက္ေန႔က်ေတာ့ သူတို႔နဲ႔ထိေတြ႕ခဲ့တဲ့ လူ ေတြကို ထပ္စစ္လိုက္ေတာ့ တစ္ ေယာက္ထပ္တိုးတယ္။ ဆိုေတာ့ ေလးေယာက္ေပါ့ေနာ္။ အဲ့ဒီ ေလးေယာက္မွာ မေန႔က တစ္ေယာက္ဆုံးသြား တာေပါ့ေနာ္။” ဟု ေျပာသည္။

လူနာမ်ားႏွင့္ သံသယ ေစာင့္ၾကည့္လူမ်ားကို သီးျခားခြဲထားသည္ဟုလည္း ၎က ဆက္ေျပာသည္။

“သီေပါေဆး႐ုံက Isolation ward (သီးသန႔္ေဆာင္)မွာ အဲ့ဒီ positive (ပိုးေတြ႕လူနာ) ေလးေယာက္ ထားတယ္။ ေနာက္ထပ္ Quarantine Center (သီးျခားေစာင့္ၾကည့္စင္တာ) မွာေတာ့ ေျခာက္ေယာက္ထားထားတယ္။ သူတို႔နဲ႔ ထိေတြ႕တဲ့ လူေတြေပါ့။ ေသသြား တဲ့လူနာကိုေတာ့ က်ေနာ္တို႔ပဲ သၿဂိဳလ္ေပးခဲ့ရတာပါ။ အမ်ိဳးသမီးပါ။ ၄၁ ႏွစ္ပါ။” ဟု ေျပာသည္။

ထို႔အျပင္ လားရႈိးၿမိဳ႕က ကူးစက္မႈမွာလည္း အေယာက္ ၆၀ ေက်ာ္သြားၿပီျဖစ္ၿပီးျဖစ္ၿပီး၊ ၎တို႔ႏွင့္ ထိေတြ႕ခဲ့သူ မ်ားကိုလည္း ထပ္မံစစ္ေဆးမႈမ်ား ျပဳလုပ္ထားသည္ဟု Covid-19 Operation Team (Lashio-လားရႈိး) က တာဝန္ ရွိသူ တစ္ဦးက ေျပာသည္။

“ေလာေလာဆယ္ လားရႈိးၿမိဳ႕ထဲ က်ေနာ္တို႔ေဆး႐ုံမွာ positive (ပိုးေတြ႕လူနာ) အေနနဲ႔ ထားတာက ၆၂ ဦးရွိတယ္ဗ်။ ဒီကေန မႏၲ ေလးကို ပို႔တာက အဲ့ဒါက ေလးဦး၊ စာရင္းကေတာ့ လားရႈိးစာရင္းမွာ မရွိဘူးေပါ့ေနာ္။ အခု လူနာ မႏၲေလး မွာ။ အဲ့ေလးဦးရဲ႕ Contact (အဆက္အသြယ္) နဲ႔ လိုက္တာေနာ္ က်န္တဲ့ ၆၂ ဦးက။ အားလုံးက ၆၆ ဦးေပါ့။ က်ေနာ္တို႔ သယ္သမွ် ထဲမွာေတာ့ အားလုံးက က်န္းက်န္းမာမာပဲ။ ဒီထဲမွာမွ အိမ္မွာကတည္းက ဖ်ားေနတာ တစ္ေယာက္ရွိတယ္။ အဲ့ ဒါ အမ်ိဳးသမီး ေပါ့။ အဓိက လားရႈိးမွာျဖစ္ေနတာက လူမ်ိဳးတစ္မ်ိဳးတည္းပဲေပါ့။ အဲ့လူက ေဒသ တစ္ခုကေန ျပန္လာတယ္၊ အဲ့ဒီမွာ မဂၤလာေဆာင္တစ္ခုရွိတယ္၊ နာေရးတစ္ခုရွိတယ္။ အဲ့ဒီကေန စျပန႔္တယ္လို႔ပဲ ယူဆထား တယ္။ အေျခ အေနအတိအက်ကိုေတာ့ မေျပာရဲဘူး။”

ယခုလက္ရွိတြင္ ကူးစက္မႈမ်ား စတင္ခဲ့သည္ဟု ယူဆရသည့္ လားရႈိးၿမိဳ႕က မယ္ဟန္ ေက်း႐ြာကို Lockdown (ပိတ္ဆို႔) ခ်ထားသည္ဟု Covid-19 Operation Team (Lashio-လားရႈိး) က တာဝန္ရွိသူ က ဆက္ေျပာသည္။

“လားရႈိးၿမိဳ႕အထက္က မယ္ဟန္႐ြာေပါ့ေနာ္၊ အဲ့ဒီ႐ြာကို ေလာေလာ ဆယ္ေတာ့ Lockdown (ပိတ္ဆို႔) လုပ္ထားတယ္။ အဲ့ဒီ ႐ြာက မဂၤလာေဆာင္တစ္ခုလုပ္ထားလို႔ဗ်။ အဲ့မဂၤလာေဆာင္သြားတဲ့လူက positive (ပိုးေတြ႕လူနာ) ျဖစ္သြားလို႔။ အဲ့ကို လာတဲ့ လူေတြကိုလည္း ျပန္စစ္ေနရတာေပါ့။ ဒီညမဟုတ္ရင္ မနက္ျဖန္ထပ္ၿပီး အေျဖထြက္မယ္။ အဲ့အတြက္ ေတာ့ စိတ္ပူတယ္ဗ်။ လူစုလူေဝးေရွာင္သင့္ရင္ေရွာင္ရမယ္။ ဒါေပမယ့္ အခုက လူေတြမလိုက္နာတာက Mask (မ်က္ႏွာဖုံး) ေတာင္ မတပ္ခ်င္ၾကဘူး။ ေဒသရဲ႕ အေနအထားေပါ့ဗ်ာ။ ဒုတိယအႀကိမ္မွာလည္း လားရႈိးကမထိထားဘူး။ အခု တတိယ လႈိင္းမွထိတာ၊ ဒါေပမယ့္ လူထုက သိပ္ဂ႐ုမစိုက္ၾကဘူးဗ်။”

တန႔္ယန္းၿမိဳ႕နယ္ နမ့္ဖတ္လင္းေက်း႐ြာက အသက္(၅၀)ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွာ ဇြန္လ ၇ ရက္ေန႔က လားရႈိးၿမိဳ႕က နာေရးကိစၥတစ္ခုသြားေရာက္ခဲ့ၿပီး ဇြန္လ ၁၃ ရက္ေန႔တြင္ နာမက်န္းျဖစ္လာ၍ ေဆးစစ္မႈမ်ား ျပဳ လုပ္ခဲ့ၿပီးေနာက္ COVID-19 ေရာဂါကူးစက္ခံထားျခင္း ျဖစ္ေၾကာင္း သိရျခင္း ျဖစ္သည္ဟု ရွမ္းေျမာက္ အေျခ စိုက္ ေ႐ႊဖီေျမသတင္းဌာနတြင္ ေျဖျပထားသည္။

ရွမ္းေျမာက္က ျပည္သူမ်ားသည္လည္း အျခားေသာ ျပည္နယ္ႏွင့္တိုင္းေဒသမ်ားရွိ ျပည္သူမ်ားကဲ့သို႔ COVID-19 ေရာဂါႏွင့္ပတ္သက္၍ စိတ္ဝင္စားမႈ နည္းပါးေနၿပီး၊ ေရာဂါ ကာကြယ္ေရးအပိုင္းတြင္လည္း ေပါ့ဆေနၾက သည့္အတြက္ ကူးစက္မႈမ်ား ပိုမိုမ်ားျပားလာမည္ကို စိုးရိမ္သည္ဟု ရွမ္းေျမာက္ ေဒသက ပရဟိတအသင္းမ်ား က ေျပာသည္။

ဇြန္လ ၁၅ ရက္ေန႔ ည ၈ နာရီအခ်ိန္ထိ ဓါတ္ခြဲနမူနာ စုစုေပါင္း ၃၁၉၉ ခုအား စစ္ေဆးခဲ့ရာ COVID-19 ေရာဂါ အတည္ျပဳလူနာသစ္ ၂၂၅ ဦး ေတြ႕ရွိခဲ့ရသည့္အတြက္ ယေန႔အခ်ိန္ထိ ျမန္မာႏိုင္ငံတြင္ အတည္ျပဳလူနာ စုစုေပါင္း ၁၄၆၀၅၁ ဦး ရွိၿပီဟု စစ္ေကာင္စီ၏ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။