အပစ်ရပ် ကြေညာမှု တစ်ဖွဲ့လုံးကို ကိုယ်စားမပြုကြောင်း KNDF အဖွဲ့ဝင်များပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်။
စစ်ကောင်စီ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့သည့် KNDF အဖွဲ့ဝင် အချို့၏ အပစ်ခတ်ရပ်စဲကြောင်း ကြေ ညာချက်သည် KNDF တစ်ဖွဲ့လုံးကို ကိုယ်စားမပြုကြောင်း ကယားလီဖု လူငယ် ဗဟိုကော်မတီက ပြော သည်။
ကယားလီဖု လူငယ် ဗဟိုကော်မတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျနော်တို့ သိရသလောက်သည် ကလလတ သူ့ရဲ့ အရှည်ကောက်က ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ် မြောက်ရေး တပ်ဦး သူတို့က BGF ဖြစ်တယ်။ နယ် ခြားစောင့်တွေဖြစ်တယ်။ နောက်တစ်ဖွဲ့က ကယောနီ KNPDP အဲဒါက သူသည် BGF လည်းဖြစ်တယ်။ ခုန ကျ နော်ပြောတဲ့ အဖွဲ့ KNP ကယန်းအမျိုးသားပါတီ ကယန်း ပြည်သစ်ပါတီ အဲဒီအဖွဲ့ စကစနဲ့ သွားတွေ့တယ်။ ခုန ကျနော်ပြောတဲ့ အဲဒီ BGF နှစ်ဖွဲ့ရယ် ကယန်း ပြည်သစ်တစ်ဖွဲ့က စကစနဲ့ သွားတွေ့တယ်။ စကစနဲ့ သွားတွေ့ ပြီး တော့မှ အပစ်ခတ်ရပ်စဲရေး ဘာညာ သွားပြောတာ ဆိုတော့ သူတို့ ပြောလိုက်တဲ့ အပစ်ခတ်ရပ်စဲ ရေးက KNDF နဲ့လုံးဝမဆိုင်ဘူး။ ဆိုတော့ သူတို့သည် မရဲလို့ သူတို့ နာမည် မသုံးရဲလို့ KNDF ကို အလွဲသုံး စားမှုပြုတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက KNDF တပ်ဖွဲ့ထဲတွင် ပါဝင်သည့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကယောနီ – KNPDP) နှင့် ကယန်းပြည်သစ် ပါတီတို့ က စစ်ကောင်စီ တာဝန်ရှိသူများနှင့် တောင်ကြီးမြို့တွင် သွားရောက်တွေ့ဆုံပြီးနောက် အပစ်ခတ်ရပ်စဲ ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည့်အပေါ် ကယားလီဖု ဗဟိုကော်မတီက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော် အဆိုပါ အဖွဲ့များက စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သည် ဆိုသည့် ဖြစ်စဉ်ကို သတင်းနှင့် မီဒီယာ ကွန်ရက်က သီးခြား အတည်ပြု၍ မရသေးပေ။
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တွင် ကရင်နီ တိုင်းရင်းသား မျိုးနွယ်စုများအပြင် အခြားဒေ သမှ ရွေ့ပြောင်းအခြေချလာသည့် တိုင်း ရင်းသား လူမျိုးများ ပါဝင်သည့် ကာကွယ်ရေးတပ် ဖြစ်သည့်နှင့်အညီ စုပေါင်းခေါင်းဆောင်မှုကို အခြေခံသည့်အတွက် ယခုထုတ် ပြန်ချက်သည် စစ်ကောင်စီနှင့် သွားရောက်တွေ့ ဆုံခဲ့သည့် အဖွဲ့အစည်းများ၏ သဘောထားသာဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီကို သွားရောက် တွေ့ဆုံခဲ့သည့် အဆိုပါ အဖွဲ့အစည်းများသည် KNDF ကို အသုံးချသွားခြင်း ဖြစ်သည် ဟု ဆက်ပြောသည်။
“သူတို့က လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်တယ်။ သူတို့ကနေ တရားဝင်ပြောပေါ့ မီဒီယာကို ကျနော်တို့ ဒီလက် နက်ကိုင် တပ်ဖွဲ့သည် စကစကို သွားတွေ့တယ်။ တစ်လ အပစ်ခတ်ရပ်စဲရေးယူတယ်။ အခုက အဲလိုမဟုတ်ပဲနဲ့ KNDF ဆိုပြီးတော့ အသုံးချပြီးတော့ ဥစ္စာကို အသုံးချပြီးတော့ လုပ်လိုက်တယ်” ဟု ဆက်ပြောသည်။
ထိုကြောင့် အဆိုပါ ထုတ်ပြန်ချက်သည် KNDF တစ်စုံလုံးကို ကိုယ်စားမပြုခြင်းမျိုး မဟုတ်ပဲ အဖွဲ့အစည်း တစ်ခု သို့မဟုတ် လူတစ်ဦး တစ်ယောက်ကိုသာ ကိုယ်စား ပြုသည့် ထုတ်ပြန်ချက်သာ ဖြစ်သည်ဟု ဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ ယမန်နေ့က KNDF ၏ ထုတ်ပြန်ချက်ထဲတွင် လက်ရှိ ကရင်နီပြည်တွင် KNDF နှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများကြောင့် မြို့ရွာများစွာ ထိခိုက်ပျက်စီးသည့်အပြင် စစ်ဘေးရှောင် ပြည်သူ ၁ သိန်း ကျော်ဖြစ်နေပါသည်။ ထိုအခြေအနေအရပ်ရပ်ကြောင့် ဒေသအတွင်းရှိ ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် ဘာ သာရေး ခေါင်းဆောင်များမှ နှစ်ဖက်တိုက်ပွဲများ ယာယီ ရပ်ဆိုင်းစေလိုပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် KNDF တပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များမှ နှစ်ဖက် တိုက်ပွဲများ ယာယီရပ်ဆိုင်းထားရန် စီစဉ် ဆောင်ရွက်မှုကို လက်သင့်ခံ၍ ထိုးစစ်များကို ယာယီရပ်ဆိုင်းထား မည်ဟု ထည့်သွင်းထားသည်။
ထိုထုတ်ပြန်ချက်ထဲတွင် ပါရှိသည့် ထိုးစစ်ဆိုသည့် စကားရပ်နှင့်ပတ်သက်၍ ကယားလီဖု ဗဟိုကော်မတီ ပြော ရေးဆိုခွင့်ရှိသူက “အဲဒီ သူတို့ရဲ့ ပထမချက်မှာက ထိုးစစ်ကို ရပ်မယ်။ ဒီသာသနာပိုင်းက လူတွေနဲ့ တွေ့ဆုံပြော လို့ဆို ထိုးစစ်တွေရပ် မယ်ဆိုတော ကျနော်တို့က ဒီမှာရှိတဲ့ လှုပ်ရှားနေတဲ့ ပြရမယ်ဆို တွန်းလှန်နေတဲ့ လူတွေက ဘယ် သောအခါမှ ထိုးစစ်ထိုးတာလည်း မရှိဘူးလေ။ ဆိုတော့ သူတို့ ထုတ်ပြန်နေ တာက သိပ်အဆင်မပြေတော့ အားလုံးကိုလည်း ကိုယ်စားမပြုဘူးဆိုတာကို ပြောချင်တာ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက် နောက်ပိုင်းမှစတင်ကာ ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များ၏ ထိုးစစ်များ ကြောင့် ဒေသခံ ပြည်နယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး ဒေသခံများမှာ ၎င်းတို့၏ နေရာဒေသကို စွန့်ကာ စစ်ဘေးလွတ်ရာ တောထဲတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ယခုအချိန်အထိဖြစ်သည်။
*** ZAWGYI ***
အပစ္ရပ္ ေၾကညာမႈ တစ္ဖြဲ႕လုံးကို ကိုယ္စားမျပဳေၾကာင္း KNDF အဖြဲ႕ဝင္မ်ားေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၆ ရက္။
စစ္ေကာင္စီ တာဝန္ရွိသူမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့သည့္ KNDF အဖြဲ႕ဝင္ အခ်ိဳ႕၏ အပစ္ခတ္ရပ္စဲေၾကာင္း ေၾက ညာခ်က္သည္ KNDF တစ္ဖြဲ႕လုံးကို ကိုယ္စားမျပဳေၾကာင္း ကယားလီဖု လူငယ္ ဗဟိုေကာ္မတီက ေျပာ သည္။
ကယားလီဖု လူငယ္ ဗဟိုေကာ္မတီ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “က်ေနာ္တို႔ သိရသေလာက္သည္ ကလလတ သူ႔ရဲ႕ အရွည္ေကာက္က ကရင္နီျပည္ လူမ်ိဳးေပါင္းစုံ လြတ္ ေျမာက္ေရး တပ္ဦး သူတို႔က BGF ျဖစ္တယ္။ နယ္ ျခားေစာင့္ေတြျဖစ္တယ္။ ေနာက္တစ္ဖြဲ႕က ကေယာနီ KNPDP အဲဒါက သူသည္ BGF လည္းျဖစ္တယ္။ ခုန က် ေနာ္ေျပာတဲ့ အဖြဲ႕ KNP ကယန္းအမ်ိဳးသားပါတီ ကယန္း ျပည္သစ္ပါတီ အဲဒီအဖြဲ႕ စကစနဲ႔ သြားေတြ႕တယ္။ ခုန က်ေနာ္ေျပာတဲ့ အဲဒီ BGF ႏွစ္ဖြဲ႕ရယ္ ကယန္း ျပည္သစ္တစ္ဖြဲ႕က စကစနဲ႔ သြားေတြ႕တယ္။ စကစနဲ႔ သြားေတြ႕ ၿပီး ေတာ့မွ အပစ္ခတ္ရပ္စဲေရး ဘာညာ သြားေျပာတာ ဆိုေတာ့ သူတို႔ ေျပာလိုက္တဲ့ အပစ္ခတ္ရပ္စဲ ေရးက KNDF နဲ႔လုံးဝမဆိုင္ဘူး။ ဆိုေတာ့ သူတို႔သည္ မရဲလို႔ သူတို႔ နာမည္ မသုံးရဲလို႔ KNDF ကို အလြဲသုံး စားမႈျပဳတာ” ဟု ေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက KNDF တပ္ဖြဲ႕ထဲတြင္ ပါဝင္သည့္ ကရင္နီျပည္ လူမ်ိဳးေပါင္းစုံ လြတ္ေျမာက္ေရး တပ္ဦး (ကလလတ)၊ ကရင္နီအမ်ိဳးသား ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (ကေယာနီ – KNPDP) ႏွင့္ ကယန္းျပည္သစ္ ပါ တီတို႔ က စစ္ေကာင္စီ တာဝန္ရွိသူမ်ားႏွင့္ ေတာင္ႀကီးၿမိဳ႕တြင္ သြားေရာက္ေတြ႕ဆုံၿပီးေနာက္ အပစ္ခတ္ရပ္စဲ ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ သည့္အေပၚ ကယားလီဖု ဗဟိုေကာ္မတီက ေျပာဆိုလိုက္ျခင္း ျဖစ္သည္။
သို႔ေသာ္ အဆိုပါ အဖြဲ႕မ်ားက စစ္ေကာင္စီႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့သည္ ဆိုသည့္ ျဖစ္စဥ္ကို သတင္းႏွင့္ မီဒီယာ ကြန္ရက္ က သီးျခား အတည္ျပဳ၍ မရေသးေပ။
ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF တြင္ ကရင္နီ တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအျပင္ အျခားေဒ သမွ ေ႐ြ႕ေျပာင္းအေျခခ်လာသည့္ တိုင္း ရင္းသား လူမ်ိဳးမ်ား ပါဝင္သည့္ ကာကြယ္ေရးတပ္ ျဖစ္သည့္ႏွင့္အညီ စုေပါင္းေခါင္းေဆာင္မႈကို အေျခခံသည့္အတြက္ ယခုထုတ္ ျပန္ခ်က္သည္ စစ္ေကာင္စီႏွင့္ သြားေရာက္ေတြ႕ ဆုံခဲ့သည့္ အဖြဲ႕အစည္းမ်ား၏ သေဘာထားသာျဖစ္သည္ဟု ဆိုသည္။
စစ္ေကာင္စီကို သြားေရာက္ ေတြ႕ဆုံခဲ့သည့္ အဆိုပါ အဖြဲ႕အစည္းမ်ားသည္ KNDF ကို အသုံးခ်သြားျခင္း ျဖစ္သည္ ဟု ဆက္ေျပာသည္။
“သူတို႔က လက္နက္ကိုင္ အဖြဲ႕ အစည္း ျဖစ္တယ္။ သူတို႔ကေန တရားဝင္ေျပာေပါ့ မီဒီယာကို က်ေနာ္တို႔ ဒီလက္ နက္ကိုင္ တပ္ဖြဲ႕သည္ စကစကို သြားေတြ႕တယ္။ တစ္လ အပစ္ခတ္ရပ္စဲေရးယူတယ္။ အခုက အဲလိုမဟုတ္ပဲနဲ႔ KNDF ဆိုၿပီးေတာ့ အသုံးခ်ၿပီးေတာ့ ဥစၥာကို အသုံးခ်ၿပီးေတာ့ လုပ္လိုက္တယ္” ဟု ဆက္ေျပာသည္။
ထိုေၾကာင့္ အဆိုပါ ထုတ္ျပန္ခ်က္သည္ KNDF တစ္စုံလုံးကို ကိုယ္စားမျပဳျခင္းမ်ိဳး မဟုတ္ပဲ အဖြဲ႕အစည္း တစ္ခု သို႔မဟုတ္ လူတစ္ဦး တစ္ေယာက္ကိုသာ ကိုယ္စား ျပဳသည့္ ထုတ္ျပန္ခ်က္သာ ျဖစ္သည္ဟု ဆိုသည္။
ဇြန္လ ၁၅ ရက္ေန႔ ယမန္ေန႔က KNDF ၏ ထုတ္ျပန္ခ်က္ထဲတြင္ လက္ရွိ ကရင္နီျပည္တြင္ KNDF ႏွင့္ စစ္ေကာင္စီ တပ္မ်ားအၾကား တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕႐ြာမ်ားစြာ ထိခိုက္ပ်က္စီးသည့္အျပင္ စစ္ေဘးေရွာင္ ျပည္သူ ၁ သိန္း ေက်ာ္ျဖစ္ေနပါသည္။ ထိုအေျခအေနအရပ္ရပ္ေၾကာင့္ ေဒသအတြင္းရွိ ၿငိမ္းခ်မ္းေရး အဖြဲ႕အစည္းမ်ားႏွင့္ ဘာ သာေရး ေခါင္းေဆာင္မ်ားမွ ႏွစ္ဖက္တိုက္ပြဲမ်ား ယာယီ ရပ္ဆိုင္းေစလိုပါသည္ဟု ေဖာ္ျပထားသည္။
ထို႔အျပင္ KNDF တပ္ဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရး အဖြဲ႕အစည္းမ်ားႏွင့္ ဘာသာေရး ေခါင္းေဆာင္မ်ားမွ ႏွစ္ဖက္ တိုက္ပြဲမ်ား ယာယီရပ္ဆိုင္းထားရန္ စီစဥ္ ေဆာင္႐ြက္မႈကို လက္သင့္ခံ၍ ထိုးစစ္မ်ားကို ယာယီရပ္ဆိုင္းထား မည္ဟု ထည့္သြင္းထားသည္။
ထိုထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည့္ ထိုးစစ္ဆိုသည့္ စကားရပ္ႏွင့္ပတ္သက္၍ ကယားလီဖု ဗဟိုေကာ္မတီ ေျပာ ေရးဆိုခြင့္ရွိသူက “အဲဒီ သူတို႔ရဲ႕ ပထမခ်က္မွာက ထိုးစစ္ကို ရပ္မယ္။ ဒီသာသနာပိုင္းက လူေတြနဲ႔ ေတြ႕ဆုံေျပာ လို႔ဆို ထိုးစစ္ေတြရပ္ မယ္ဆိုေတာ က်ေနာ္တို႔က ဒီမွာရွိတဲ့ လႈပ္ရွားေနတဲ့ ျပရမယ္ဆို တြန္းလွန္ေနတဲ့ လူေတြက ဘယ္ ေသာအခါမွ ထိုးစစ္ထိုးတာလည္း မရွိဘူးေလ။ ဆိုေတာ့ သူတို႔ ထုတ္ျပန္ေန တာက သိပ္အဆင္မေျပေတာ့ အားလုံးကိုလည္း ကိုယ္စားမျပဳဘူးဆိုတာကို ေျပာခ်င္တာ” ဟု ေျပာသည္။
ၿပီးခဲ့သည့္ ေမလ ၂၀ ရက္ ေနာက္ပိုင္းမွစတင္ကာ ကရင္နီျပည္နယ္တြင္ စစ္ေကာင္စီတပ္မ်ား၏ ထိုးစစ္မ်ား ေၾကာင့္ ေဒသခံ ျပည္နယ္ အေျခစိုက္ ျပည္သူ႔ ကာကြယ္ေရး တပ္မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲ မ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားလာခဲ့ၿပီး ေဒသခံမ်ားမွာ ၎တို႔၏ ေနရာေဒသကို စြန႔္ကာ စစ္ေဘးလြတ္ရာ ေတာထဲေတာင္ထဲသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္မွာ ယခုအခ်ိန္အထိျဖစ္သည္။