သရက်တွင် ပေါက်ကွဲမှု နှစ်ခုဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်။
မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့ရှိ နေရာနှစ်ခုတွင် ဇွန်လ ၁၇ ရက်နေ့(ယနေ့) နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
သရက်မြို့၊ တောင်မင်းတဲရပ်ကွက်နှင့် မြောက်မင်းတဲရပ်ကွက်ရှိ နေရာနှစ်ခု၌ ယနေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင် အချိန်ခန့် က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
”မနက်အစောပိုင်းကြီးဟုတ်တယ် လူအထိအခိုက်တော့မကြားမိဘူး ကားဖင်ခြမ်းမီးလောင်သွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။
မြောက်မင်းတဲရပ်ကွက် လမ်းမတော်လမ်းရှိ စည်ပင်အမှုဆောင်အရာရှိ၏ အိမ်ရှေ့နှင့်တောင်မင်းတဲရပ်ကွက် သိမ်ကြီးလမ်းနှင့် အောင်မင်္ဂလာလမ်းဒေါင့်ရှိ ကလေးအထူးကု ဆရာဝန်မ၏ နေအိမ်ရှေ့တို့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက အတည်ပြု ပြောသည်။
သရက်မြို့သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် ရှိပြီး ယခင်က ကလေးထောင်ဟု လူသိများသည့် သရက် ဘော်စတယ်နှင့် ကိုနီခေတ်လက်ကျန်အမွေအနှစ်များစွာရှိပြီး စစ်တပ် ကြီးစိုးရာ ဒေသလည်းဖြစ်သည်။
ကိုလိုနီခေတ်ကတည်းကရှိသည့် နှစ်ပေါင်း ၂၀၀ ကျော် ရှိသည့် ဂေါက်ကွင်းကိုလည်း စစ်တပ်ပိုင်အဖြစ် သိမ်းထား ခဲ့ပြီး ပြုပြင်ထိမ်းသိမ်းမှုများ မရှိသဖြင့် ပြည်သူအများက စစ်တပ်နှင့် စည်ပင်ကို မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည် ဟု မြို့ခံတစ်ဦး ပြောသည်။
”ပြည်သူလူထု မထိခိုက်ရင် ဗုံးပေါက်တာ ပျော်ရမလို ဖြစ်နေတာ။ မကျေနပ်တာတော့ ဘယ်သူမှ မကျေနပ်ကြဘူး။ သူတို့ထိတ်လန့်ရင်ကို တန်နေတယ်။ စည်ပင်ကလည်း လူမုန်းများတဲ့ အထဲပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ၁၈ရက်နေ့ကလည်း သရက်မြို့ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဖမ်းဆီးခံရ သည့်ကြောင်း ဒေသခံများထံမှ သိရသည်။
*** ZAWGYI ***
သရက္တြင္ ေပါက္ကြဲမႈ ႏွစ္ခုျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၇ ရက္။
မေကြးတိုင္း၊ သရက္ခ႐ိုင္၊ သရက္ၿမိဳ႕ရွိ ေနရာႏွစ္ခုတြင္ ဇြန္လ ၁၇ ရက္ေန႔(ယေန႔) နံနက္ပိုင္းက ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
သရက္ၿမိဳ႕၊ ေတာင္မင္းတဲရပ္ကြက္ႏွင့္ ေျမာက္မင္းတဲရပ္ကြက္ရွိ ေနရာႏွစ္ခု၌ ယေန႔ နံနက္ပိုင္း ၃ နာရီဝန္းက်င္ အခ်ိန္ခန႔္ က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
”မနက္အေစာပိုင္းႀကီးဟုတ္တယ္ လူအထိအခိုက္ေတာ့မၾကားမိဘူး ကားဖင္ျခမ္းမီးေလာင္သြားတယ္” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။
ေျမာက္မင္းတဲရပ္ကြက္ လမ္းမေတာ္လမ္းရွိ စည္ပင္အမႈေဆာင္အရာရွိ၏ အိမ္ေရွ႕ႏွင့္ေတာင္မင္းတဲရပ္ကြက္ သိမ္ႀကီးလမ္းႏွင့္ ေအာင္မဂၤလာလမ္းေဒါင့္ရွိ ကေလးအထူးကု ဆရာဝန္မ၏ ေနအိမ္ေရွ႕တို႔တြင္ ေပါက္ကြဲခဲ့ျခင္း ျဖစ္သည္ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက အတည္ျပဳ ေျပာသည္။
သရက္ၿမိဳ႕သည္ ဧရာဝတီျမစ္အေနာက္ဘက္ကမ္းတြင္ ရွိၿပီး ယခင္က ကေလးေထာင္ဟု လူသိမ်ားသည့္ သရက္ ေဘာ္စတယ္ႏွင့္ ကိုနီေခတ္လက္က်န္အေမြအႏွစ္မ်ားစြာရွိၿပီး စစ္တပ္ ႀကီးစိုးရာ ေဒသလည္းျဖစ္သည္။
ကိုလိုနီေခတ္ကတည္းကရွိသည့္ ႏွစ္ေပါင္း ၂၀၀ ေက်ာ္ ရွိသည့္ ေဂါက္ကြင္းကိုလည္း စစ္တပ္ပိုင္အျဖစ္ သိမ္းထား ခဲ့ၿပီး ျပဳျပင္ထိမ္းသိမ္းမႈမ်ား မရွိသျဖင့္ ျပည္သူအမ်ားက စစ္တပ္ႏွင့္ စည္ပင္ကို မေက်မနပ္ျဖစ္ေနသည္မွာ ၾကာၿပီ ျဖစ္သည္ ဟု ၿမိဳ႕ခံတစ္ဦး ေျပာသည္။
”ျပည္သူလူထု မထိခိုက္ရင္ ဗုံးေပါက္တာ ေပ်ာ္ရမလို ျဖစ္ေနတာ။ မေက်နပ္တာေတာ့ ဘယ္သူမွ မေက်နပ္ၾကဘူး။ သူတို႔ထိတ္လန႔္ရင္ကို တန္ေနတယ္။ စည္ပင္ကလည္း လူမုန္းမ်ားတဲ့ အထဲပါတယ္” ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ေမလ၁၈ရက္ေန႔ကလည္း သရက္ၿမိဳ႕ စည္ပင္႐ုံးတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး လူ ၃ ဦး ဖမ္းဆီးခံရ သည့္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။