KIO နယ်မြေ COVID-19 စည်းကမ်း သတ်မှတ်ချက် တိုးမြှင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်။

COVID-19 ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်း စည်းကမ်း သတ်မှတ်မှုများ ပိုမို တိုးမြှင့်လိုက်သည်။

ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိလာသူများသည် Quarantine (သီးခြားခွဲ စောင့်ကြည့်မှု) ၁၄ ရက်နေရမည့်အပြင် ရောဂါပိုး စစ်ဆေးမှု နှစ်ကြိမ်ကို မိမိစားရိတ်ဖြင့် လုပ်ဆောင်ရမည်ဟု သိရသည်။ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ရှိသူများ နယ်မြေကူးသန်းပါက Quarantine ၅ ရက်နေရမည်ဖြစ်သည်။

မြန်မာနိုင်ငံထဲတွင် COVID-19 တတိယလှိုင်းဖြစ်နေလာပြီး ကူးစက်မှုမြှင့်တက်လာနေခြင်း၊ သေဆုံးမှုများ ဆက် တိုက်ရှိလာနေခြင်းနှင့် မျိုးရိုးဗီဇပြောင်း ပိုးတွေ့ရှိလာသူများလည်း ရှိလာနေသည့် ဒေသ အတွင်း ရောဂါကူး စက်မှုများ ထိန်းချုပ်နိုင်ရေး KIO ထိန်းချုပ်နယ်မြေအတွင်း ကန့်သတ်မှုများ ထပ်တိုးထားခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

“ကြိုတင်ကာကွယ်ခြင်း အနေနဲ့ ကျနော်တို့ နောက်ထပ်ပိုပြီးတော့ စည်းကမ်းတွေကို သတ် မှတ်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ အစပိုင်းမှာ ဆိုလို့ရှိရင် အရင်၂၀၂၀ မှာ အစပိုင်းကာလမှာ ကျနော်တို့ ကျနော်တို့ ဒေသတွေကို ဝင်လာတဲ့ အားလုံးတွေကို ကွာရန်တင်း ၁၄ ရက် ကျနော်တို့ အဲလိုမျိုးဝင် ခိုင်းတယ်။ နောက်ကျရင် အဲဒါကို ကျနော်တို့က တဖြည်းဖြည်းပြန်ပြီးတော့ ဖြေလျော့လိုက်တယ်။ နောက် ကျတော့ ၇ ရက် ရောဂါဖြစ်တဲ့သူလည်း မရှိဘူးဆိုတော့။ အခုတော့ ကွာရန်တင်း ၁၄ ရက်လည်း ခံယူရမယ်။ ပြီးတော့ ဆေးစစ်တဲ့ အခါ အဖိုးအခတွေ ပေးဆောင်ရမယ် ဒီအချက်တွေ ပါပါတယ်ခင်ဗျာ” ။

မြန်မာနိုင်ငံအတွင်း COVID-19 လူနာများ တစ်ရက်ပြီးတစ်ရက် တိုးလာနေခြင်း ကြားနေရသည့်အတွက် ပထမ အဆင့်အနေဖြင့် ကြိုတင်ကာကွယ်ခြင်းနိုင်ရေး၊ ရောဂါပိုးစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်မှု ရှိစေရန် နှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာ ဆောင်ရွက်နိုင်ရန် ထပ်မံထုတ်ပြန်ရခြင်း ဖြစ်သည် ဟု ဗိုလ်မှူး ကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

စည်းကမ်းချက် အသစ်များကို ဇွန်လ ၁၆ ရက်နေ့က စတင်သက်ဝင်စေမည်ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် Quarantine ၁၄ ရက် နေထိုင်နေစဉ် ဆေးစစ်မှု နှစ်ကြိမ်ခံယူရမည်ဖြစ်သည်။ အဆိုပါ ဆေးစစ်မှုများ အတွက် တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၅၀ ယွမ် ပေးဆောင်ရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ က ပြောသည်။

“ဒီစားစရိတ်တွေကိုဆို ကျနော်တို့ တာဝန်ယူပေးတာဖြစ်တယ်။ နောက်ပြီးတော့ သူတို့ တည်းခိုတဲ့ နေရာက အစ ပေါ့ ၁၄ ရက် အတောအတွင်း သူတို့ စားနပ်ရိက္ခာရော သူတို့ အဆောင်ခတွေ ဘာတွေတော့ မလိုတော့ဘူး။ အဓိ ကဆိုရင် နှစ်ခါ ဆေးစစ်ပေးရတယ်။ ကျနော်တို့ ဝင်လာတဲ့ တစ်ခါ နောက်ပြီးတော့ ၁၄ ရက်ပြည့်ခါနီးမှာ သူတို့ မထွက်ခင်တစ်ခါ ဘာမှ မဖြစ်ဘူးဆိုလို့ရှိရင် ကျနော်တို့က သူတို့ကို ပြန်ခွင့်ပြုတယ်။ ကျနော်တို့ ယွမ် ၅၀ သတ် မှတ်ထားပါတယ်။ ၂ ခုစလုံးအတွက်ပေါ့” ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။

ထို့အပြင် KIO/KIA ထိန်းချုပ်နယ်မြေအတွင်းက COVID-19 ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ် ကိုင်ဆောင်ထားသူများသည်လည်း တစ်မြို့မှ တစ်မြို့သို့သွားလျှင် Quarantine ၅ ရက် ဝင်ရောက်နေထိုင်ရ မည်ဖြစ်သည်ဟု ဆက်ပြောသည်။

ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “နောက်ပြီးတော့ ဒါပေမယ့် သူတို့အတွက် တကယ်လို့ ဆေးထိုးလက်မှတ်တွေ သူတို့ ပြနိုင်ခဲ့မယ်ဆိုရင် ၅ ရက်ပဲ ကျနော်တို့ သတ်မှတ်ထားပါတယ်။ သူတို့က အထောက်အထားနဲ့ ဆိုလို့ရှိရင် တကယ် ထိုးပြီးပြီဆိုတဲ့ အထောက်အထား ပြနိုင်ခဲ့လို့ရှိရင် ၅ ရက် ဖြစ်ပါတယ်” ဟု ပြောသည်။

KIO/KIA ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများသည် COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိပဲ သတ် မှတ်ထားသည့် စည်းကမ်းများကိုလည်း လိုက်နာမှု အနည်းငယ် အားနည်းသည့်အတွက် ကန့်သတ်မှုများ ထပ်တိုး ရခြင်းဖြစ်ပြီး ယခုထပ်တိုးလိုက်သည့် စည်းကမ်းချက်များထဲတွင် ပွဲလမ်းသဘင်အခမ်းအနားများတွင်လည်း လူဦး ရေ ၁၀၀ ထက် မပိုရဟူသည့် စည်းကမ်းချက်လည်း ထပ်တိုးကန့်သတ် လိုက်သည်။

“ခုနပြောတဲ့အတိုင်းပဲ အများပိုင်းတော့ ဒီ မြန်မာပြည်မှာ Third Wave တွေ ဝင်လာတယ်ဆိုတာ တချို့တော့ သိ ပြီ။ ဒါပေမယ့် ပြည်သူလူထုတွေက သိပ်ပြီးတော့ နားလည်တာ စိတ်ဝင်စားတာ သိပ်မရှိဘူး။ ကျနော်တို့က အစ မှာလည်း ဒီရောဂါ ဆိုးဆိုးဝါးဝါး အဲလိုမျိုး ရောဂါတွေလည်း ဖြစ်တော့ဖြစ်တယ်။ ဒါပေမယ့် ကျန်းကျန်း မာမာနဲ့ အဲလိုကျန်းမာရေး အခြေအနေကောင်းတဲ့လူတွေ၊ ကျနော်တို့ ပြုစုစောင့်ရှောက် ပေးတာနဲ့ ပျောက်သွား ရော ဆိုတော့ သူတို့ စိတ်ထဲမှာလည်း စိုးရိမ်တာ ပူပန်တာ အဲလိုမျိုးနည်းတယ်။ ဒါကြောင့် ကျနော်တို့ ဒီမှာ လည်း စည်းကမ်းတွေက အထူးသဖြင့် နဂိုက သတ်မှတ်ထားတဲ့ စည်းကမ်းတွေလည်း လိုက်နာဆောင်ရွက်ရ မယ်ဆိုတဲ့ အဲဒါ တစ်ခါပြန်ပြီးတော့ သူတို့ကို လှုံဆော်တာ” ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ဆက်ပြောသည်။

အလားတူ KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ရောဂါပိုးစစ်ဆေးခြင်း မပြုလုပ်ဘဲ တရားမဝင် ခိုးဝင်ရောက်ခြင်း ပြုလုပ်သောသူ မည်သူ့ကို ဖြစ်စေ တရားဥပဒေ အရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကချင်လွတ်လပ် ရေးအဖွဲ့ KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေးကော်မတီ က ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်လိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိရာ ဆေး အပြည့် (Full Dose) ထိုးပြီးသူ လူဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီဟု KIO COVID-19 ရောဂါတားဆီး နှိမ်နှင်း ရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသူ မည်သူ့ ကိုမဆို COVID-19 ကာကွယ်ဆေးများ ထိုးပေးလျှက်ရှိသည်ဟု သိရသည်။

၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်ကာလအထိ KIO ထိန်းချုပ်နယ်မြေ အတွင်း COVID-19 ကူးစက်မှုများ မရှိခဲ့သော်လည်း ယခုနှစ် မတ်လခန့်မှစတင်၍ ဝင်ရောက်လာသူများထဲမှ ရောဂါ ကူးစက်ခံရသူ ၁၃ ဦး ရှိခဲ့ပြီး အားလုံးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ရောဂါ ကူးစက်မှုနှုန်းကို ထိန်းချုပ်ထားနိုင်သည်ဟု KIO က ပြောသည်။

**** ZAWGYI ****
KIO နယ္ေျမ COVID-19 စည္းကမ္း သတ္မွတ္ခ်က္ တိုးျမႇင့္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၇ ရက္။

COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ ပတ္သက္၍ ကခ်င္ လြတ္လပ္ေရး အဖြဲ႕ (KIO) ထိန္းခ်ဳပ္နယ္ေျမအတြင္း စည္းကမ္း သတ္မွတ္မႈမ်ား ပိုမို တိုးျမႇင့္လိုက္သည္။

ထိန္းခ်ဳပ္နယ္ေျမအတြင္း ေရာက္ရွိလာသူမ်ားသည္ Quarantine (သီးျခားခြဲ ေစာင့္ၾကည့္မႈ) ၁၄ ရက္ေနရမည့္အျပင္ ေရာဂါပိုး စစ္ေဆးမႈ ႏွစ္ႀကိမ္ကို မိမိစားရိတ္ျဖင့္ လုပ္ေဆာင္ရမည္ဟု သိရသည္။ ကာကြယ္ေဆးထိုးၿပီးေၾကာင္း လက္မွတ္ရွိသူမ်ား နယ္ေျမကူးသန္းပါက Quarantine ၅ ရက္ေနရမည္ျဖစ္သည္။

ျမန္မာႏိုင္ငံထဲတြင္ COVID-19 တတိယလႈိင္းျဖစ္ေနလာၿပီး ကူးစက္မႈျမႇင့္တက္လာေနျခင္း၊ ေသဆုံးမႈမ်ား ဆက္ တိုက္ရွိလာေနျခင္းႏွင့္ မ်ိဳး႐ိုးဗီဇေျပာင္း ပိုးေတြ႕ရွိလာသူမ်ားလည္း ရွိလာေနသည့္ ေဒသ အတြင္း ေရာဂါကူး စက္မႈမ်ား ထိန္းခ်ဳပ္ႏိုင္ေရး KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း ကန႔္သတ္မႈမ်ား ထပ္တိုးထားျခင္းျဖစ္သည္ဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရးေကာ္မတီ ၏ အတြင္းေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

“ႀကိဳတင္ကာကြယ္ျခင္း အေနနဲ႔ က်ေနာ္တို႔ ေနာက္ထပ္ပိုၿပီးေတာ့ စည္းကမ္းေတြကို သတ္ မွတ္ထုတ္ျပန္ရျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔ အစပိုင္းမွာ ဆိုလို႔ရွိရင္ အရင္၂၀၂၀ မွာ အစပိုင္းကာလမွာ က်ေနာ္တို႔ က်ေနာ္တို႔ ေဒသေတြကို ဝင္လာတဲ့ အားလုံးေတြကို ကြာရန္တင္း ၁၄ ရက္ က်ေနာ္တို႔ အဲလိုမ်ိဳးဝင္ ခိုင္းတယ္။ ေနာက္က်ရင္ အဲဒါကို က်ေနာ္တို႔က တျဖည္းျဖည္းျပန္ၿပီးေတာ့ ေျဖေလ်ာ့လိုက္တယ္။ ေနာက္ က်ေတာ့ ၇ ရက္ ေရာဂါျဖစ္တဲ့သူလည္း မရွိဘူးဆိုေတာ့။ အခုေတာ့ ကြာရန္တင္း ၁၄ ရက္လည္း ခံယူရမယ္။ ၿပီးေတာ့ ေဆးစစ္တဲ့ အခါ အဖိုးအခေတြ ေပးေဆာင္ရမယ္ ဒီအခ်က္ေတြ ပါပါတယ္ခင္ဗ်ာ” ။

ျမန္မာႏိုင္ငံအတြင္း COVID-19 လူနာမ်ား တစ္ရက္ၿပီးတစ္ရက္ တိုးလာေနျခင္း ၾကားေနရသည့္အတြက္ ပထမ အဆင့္အေနျဖင့္ ႀကိဳတင္ကာကြယ္ျခင္းႏိုင္ေရး၊ ေရာဂါပိုးစစ္ေဆးျခင္း လုပ္ငန္းစဥ္မ်ား ပိုမိုထိေရာက္မႈ ရွိေစရန္ ႏွင့္ သတ္မွတ္ထားသည့္ စည္းကမ္းမ်ား လိုက္နာ ေဆာင္႐ြက္ႏိုင္ရန္ ထပ္မံထုတ္ျပန္ရျခင္း ျဖစ္သည္ ဟု ဗိုလ္မႉး ႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

စည္းကမ္းခ်က္ အသစ္မ်ားကို ဇြန္လ ၁၆ ရက္ေန႔က စတင္သက္ဝင္ေစမည္ျဖစ္သည္ဟု သူက ဆက္ေျပာသည္။

ထို႔အျပင္ Quarantine ၁၄ ရက္ ေနထိုင္ေနစဥ္ ေဆးစစ္မႈ ႏွစ္ႀကိမ္ခံယူရမည္ျဖစ္သည္။ အဆိုပါ ေဆးစစ္မႈမ်ား အတြက္ တစ္ဦးလွ်င္ တ႐ုတ္ယြမ္ေငြ ၅၀ ယြမ္ ေပးေဆာင္ရမည္ဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရးေကာ္မတီ က ေျပာသည္။

“ဒီစားစရိတ္ေတြကိုဆို က်ေနာ္တို႔ တာဝန္ယူေပးတာျဖစ္တယ္။ ေနာက္ၿပီးေတာ့ သူတို႔ တည္းခိုတဲ့ ေနရာက အစ ေပါ့ ၁၄ ရက္ အေတာအတြင္း သူတို႔ စားနပ္ရိကၡာေရာ သူတို႔ အေဆာင္ခေတြ ဘာေတြေတာ့ မလိုေတာ့ဘူး။ အဓိ ကဆိုရင္ ႏွစ္ခါ ေဆးစစ္ေပးရတယ္။ က်ေနာ္တို႔ ဝင္လာတဲ့ တစ္ခါ ေနာက္ၿပီးေတာ့ ၁၄ ရက္ျပည့္ခါနီးမွာ သူတို႔ မထြက္ခင္တစ္ခါ ဘာမွ မျဖစ္ဘူးဆိုလို႔ရွိရင္ က်ေနာ္တို႔က သူတို႔ကို ျပန္ခြင့္ျပဳတယ္။ က်ေနာ္တို႔ ယြမ္ ၅၀ သတ္ မွတ္ထားပါတယ္။ ၂ ခုစလုံးအတြက္ေပါ့” ဟု ဗိုလ္မႉးႀကီးလဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

ထို႔အျပင္ KIO/KIA ထိန္းခ်ဳပ္နယ္ေျမအတြင္းက COVID-19 ေရာဂါ ကာကြယ္ေဆး ထိုးၿပီးေၾကာင္း လက္မွတ္ ကိုင္ေဆာင္ထားသူမ်ားသည္လည္း တစ္ၿမိဳ႕မွ တစ္ၿမိဳ႕သို႔သြားလွ်င္ Quarantine ၅ ရက္ ဝင္ေရာက္ေနထိုင္ရ မည္ျဖစ္သည္ဟု ဆက္ေျပာသည္။

ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က “ေနာက္ၿပီးေတာ့ ဒါေပမယ့္ သူတို႔အတြက္ တကယ္လို႔ ေဆးထိုးလက္မွတ္ေတြ သူတို႔ ျပႏိုင္ခဲ့မယ္ဆိုရင္ ၅ ရက္ပဲ က်ေနာ္တို႔ သတ္မွတ္ထားပါတယ္။ သူတို႔က အေထာက္အထားနဲ႔ ဆိုလို႔ရွိရင္ တကယ္ ထိုးၿပီးၿပီဆိုတဲ့ အေထာက္အထား ျပႏိုင္ခဲ့လို႔ရွိရင္ ၅ ရက္ ျဖစ္ပါတယ္” ဟု ေျပာသည္။

KIO/KIA ထိန္းခ်ဳပ္နယ္ေျမအတြင္းက ျပည္သူမ်ားသည္ COVID-19 ေရာဂါႏွင့္ပတ္သက္၍ စိုးရိမ္မႈမရွိပဲ သတ္ မွတ္ထားသည့္ စည္းကမ္းမ်ားကိုလည္း လိုက္နာမႈ အနည္းငယ္ အားနည္းသည့္အတြက္ ကန႔္သတ္မႈမ်ား ထပ္တိုး ရျခင္းျဖစ္ၿပီး ယခုထပ္တိုးလိုက္သည့္ စည္းကမ္းခ်က္မ်ားထဲတြင္ ပြဲလမ္းသဘင္အခမ္းအနားမ်ားတြင္လည္း လူဦး ေရ ၁၀၀ ထက္ မပိုရဟူသည့္ စည္းကမ္းခ်က္လည္း ထပ္တိုးကန႔္သတ္ လိုက္သည္။

“ခုနေျပာတဲ့အတိုင္းပဲ အမ်ားပိုင္းေတာ့ ဒီ ျမန္မာျပည္မွာ Third Wave ေတြ ဝင္လာတယ္ဆိုတာ တခ်ိဳ႕ေတာ့ သိ ၿပီ။ ဒါေပမယ့္ ျပည္သူလူထုေတြက သိပ္ၿပီးေတာ့ နားလည္တာ စိတ္ဝင္စားတာ သိပ္မရွိဘူး။ က်ေနာ္တို႔က အစ မွာလည္း ဒီေရာဂါ ဆိုးဆိုးဝါးဝါး အဲလိုမ်ိဳး ေရာဂါေတြလည္း ျဖစ္ေတာ့ျဖစ္တယ္။ ဒါေပမယ့္ က်န္းက်န္း မာမာနဲ႔ အဲလိုက်န္းမာေရး အေျခအေနေကာင္းတဲ့လူေတြ၊ က်ေနာ္တို႔ ျပဳစုေစာင့္ေရွာက္ ေပးတာနဲ႔ ေပ်ာက္သြား ေရာ ဆိုေတာ့ သူတို႔ စိတ္ထဲမွာလည္း စိုးရိမ္တာ ပူပန္တာ အဲလိုမ်ိဳးနည္းတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ဒီမွာ လည္း စည္းကမ္းေတြက အထူးသျဖင့္ နဂိုက သတ္မွတ္ထားတဲ့ စည္းကမ္းေတြလည္း လိုက္နာေဆာင္႐ြက္ရ မယ္ဆိုတဲ့ အဲဒါ တစ္ခါျပန္ၿပီးေတာ့ သူတို႔ကို လႈံေဆာ္တာ” ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ဆက္ေျပာသည္။

အလားတူ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္းသို႔ ေရာဂါပိုးစစ္ေဆးျခင္း မျပဳလုပ္ဘဲ တရားမဝင္ ခိုးဝင္ေရာက္ျခင္း ျပဳလုပ္ေသာသူ မည္သူ႔ကို ျဖစ္ေစ တရားဥပေဒ အရ ျပင္းျပင္းထန္ထန္ အေရးယူသြားမည္ဟု ကခ်င္လြတ္လပ္ ေရးအဖြဲ႕ KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရးေကာ္မတီ က ဇြန္လ ၁၄ ရက္ေန႔ ထုတ္ျပန္လိုက္သည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ကာကြယ္ေဆးမ်ား ထိုးေပးလွ်က္ရွိရာ ေဆး အျပည့္ (Full Dose) ထိုးၿပီးသူ လူဦးေရ စုစုေပါင္း ၆၀၀၀ ေက်ာ္ရွိၿပီဟု KIO COVID-19 ေရာဂါတားဆီး ႏွိမ္ႏွင္း ေရး ေကာ္မတီ တာဝန္ရွိသူက ေျပာသည္။ ထို႔အျပင္ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္းသို႔ ဝင္ေရာက္လာသူ မည္သူ႔ ကိုမဆို COVID-19 ကာကြယ္ေဆးမ်ား ထိုးေပးလွ်က္ရွိသည္ဟု သိရသည္။

၂၀၂၀ ခုႏွစ္ တစ္ႏွစ္ပတ္လုံးႏွင့္ ၂၀၂၁ ခုႏွစ္ စစ္အာဏာမသိမ္းခင္ကာလအထိ KIO ထိန္းခ်ဳပ္နယ္ေျမ အတြင္း COVID-19 ကူးစက္မႈမ်ား မရွိခဲ့ေသာ္လည္း ယခုႏွစ္ မတ္လခန႔္မွစတင္၍ ဝင္ေရာက္လာသူမ်ားထဲမွ ေရာဂါ ကူးစက္ခံရသူ ၁၃ ဦး ရွိခဲ့ၿပီး အားလုံးမွာ ေဆး႐ုံမွ ဆင္းသြားၿပီျဖစ္ေၾကာင္း၊ လက္ရွိတြင္ ေရာဂါ ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္သည္ဟု KIO က ေျပာသည္။