မြောက်ပိုင်းတွင် မြန်မာစစ်တပ်က အရှုံးအတွက် အရပ်သားများအပေါ် လက်စားချေနေကြောင်း KWAT ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

စစ်ကောင်စီတပ်က မြန်မာနိုင်ငံမြောက်ပိုင်းက ဆုံးရှုံးမှုများအတွက် လက်တုန့်ပြန်သည့်အနေဖြင့် အရပ်သားများ အပေါ် သေစေလောက်သည့် လက်တုန့်ပြန်မှု၊ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဟု ကချင်အမျိုးသမီး များအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့ က ပြောဆိုလိုက်သည်။

၂၀၂၁ ခုနှစ် ဧပြီလကနေ မေလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းက မြို့ ပြနှင့် ကျေးလက်ဒေသများတွင် စစ်ကောင်စီက ကျုးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဇွန်လ ၁၆ ရက်နေ့က အစီရင်ခံစား ထုတ်ပြန်ကာ ထောက်ပြလိုက်ခြင်း ဖြစ်သည်။

ကချင်အမျိုးသမီး များအစည်းအရုံး-ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီ က “အခုထုတ်တဲ့ Report (အစီရင်ခံစာ) ကတော့ ဒီနှစ်လအတွင်းမှာ ဖြစ်တဲ့ အခြေအနေပြကိစ္စဖြစ်တယ်။ ဆိုတော့ ဒီ ဧပြီနဲ့ မေလမှာ ဖြစ်သွားတဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် ဖြစ်လာတာရှိတယ်။ အဓိက တစ်ချက်ကတော့ လူသား မဆန်တဲ့ တရားဝင်မဟုတ်တဲ့ ဖမ်းဆီးချုပ်နှောင်မှု အဲဒီဖမ်းဆီးမှု အတွင်းမှာ ဆိုလို့ရှိရင် ပိုပြီးတော့ လူတွေကို ပြည်သူတွေကို ညင်းပန်းနှိပ်စက်တဲ့ ကိစ္စတွေ ပိုပြီးတော့ ပြင်းပြင်း ထန်ထန် ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့ဟာတွေ့ရတယ်။ အထူးသဖြင့် လူငယ်ပိုင်းပေါ့နော လူငယ်ပိုင်း ဖမ်းဆီးခံ ရ တာများတယ်။ ကျမတို့ အစီရင်ခံစာ သတင်းအချက်အလက်အရ ပြောရမယ်ဆိုလို့ ရှိရင် သေနတ်တွေနဲ့ ခေါင်းမှာထုတာတို့ ပြီးလို့ရှိရင် ဆေးလိပ်မီးတွေနဲ့တို့တာတို့ပေါ့နော တခြား ညှင်းပန်းနှိပ်စက်မှု တွေ အမျိုးစုံပြောမပြတတ်တဲ့ အခြေအနေတစ်ခုမှာ နှိပ်စက်ခံရတဲ့ဟာတွေ အများကြီးရှိတာပေါ့နော်”ဟု ပြော သည်။

လုံခြုံရေးတပ်ဖွဲ့များက လက်နက်မဲ့ ဆန္ဒပြသူများကို ကျည်အစစ်များ ဆက်လက်အသုံးပြု ပစ်ခတ်နေပြီး ထိုသို့ ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဗန်းမော်နှင့် ဖားကန့်မြို့တွင် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် မြို့ပြဒေသများတွင်လည်း NLD အဖွဲ့ဝင်များ၊ ဆရာဝန်များ၊ သတင်းသမားများနှင့် လူငယ်ခေါင်း ဆောင်များ အပါအဝင် တက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်နေပြီး နှစ်လအတွင်း လူပေါင်း ၆၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု KWAT က ပြောသည်။

KIA ကြောင့် ၎င်းတို့၏ ဆုံးရှုံးမှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်များက ကျေးလက်ဒေသ များရှိ ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းခြင်း၊ ဥပဒေမဲ့ ပစ်ခတ်ခြင်းနှင့် ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းများ အပါအဝင် ပြည်သူများအပေါ် ရက်စက်စွာ လက်တုန့်ပြန်မှုကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု KWAT က ထောက်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့များက စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေသည်ဟု မွန်းနေလီ က “ကျမတို့ အစီရင်ခံစာမှာ မီးမောင်းထိုးပြတာကတော့ စစ်ရာဇဝတ်မှု ချိုးဖောက်မှုဆိုတဲ့ အထဲမှာ ပြီးခဲ့တဲ့ လတွေမှာ ပေါ့နော ဒီ မိုးမောက်မြို့နယ်မှာပေါ့နော် စစ်ရာဇဝတ်မှု ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြတာရှိတယ်။ ဆို တော့ အထူးသဖြင့်တော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ဟာပေါ့နော် ဒီ တိုက်ပွဲဖြစ်တာ မဟုတ်ပဲနဲ့ ဗမာစစ် တပ်ကနေ ပြည်သူလူထုတွေ နေထိုင်တဲ့ ရပ်ရွာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေ ဒါကြောင့်မို့လို့ ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံရတာပေါ့။ ဆိုတော့ အခု ဒီပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူလူထုပေါင်း ခြောက်ထောင်ကျော်လောက် ရှိမယ်ပေါ့နော” ဟု ဆက်ပြောသည်။

မြစ်ကြီးနား၊ မိုးညှင်းနှင့် ကားမိုင်းမြို့များက လူငယ်များကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းဆဲခြင်းများ ပြုလုပ်ခဲ့ပြီး ဘောလုံးကန်ရာမှ ပြန်လာသည့် လူငယ်သုံးဦးကိုလည်း ဖမ်းဆီးကာ စစ်စခန်းထဲတွင် ၁၂ ရက် ထိန်းသိမ်းထား ခဲ့သည်ဟု ဆိုသည်။

ထိုလူငယ် ၃ ဦး၏ ဦးခေါင်းများကို သေနတ်ဖြင့် ရိုက်နှက်ထုထောင်းခဲ့ပြီး စီးကရက်မီးစများနှင့် လည်း တို့ပြီး နှိပ်စက်ခဲ့သည်ဟု KWAT ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကချင်ပြည်နယ်ရှိ ဒေါ့ဖုန်းယန်-မိုးမောက် လမ်းမတလျောက် လက်နက်ကြီးပစ်ခတ်မှုကို အရှိန်တိုးမြှင့်ခဲ့ ခြင်း ကြောင့် ရွာသား ၉ ယောက် သေဆုံးခဲ့ပြီး ကလေး သုံးဦးအပါအဝင် လူဆယ့်ငါးဦး ဒဏ်ရာရခဲ့ကြောင်း၊ KIA က မတ်လ ၂၅ ရက်နေ့က အလော့ဒ်ဘွမ် စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ခြင်းနှင့် မေလ ၃ ရက်နေ့က စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ခြင်းတို့အပါအဝင် နယ်မြေအတွင်း KIA ၏ အောင်မြင်မှုများအပေါ် တိုက်ရိုက် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု KWAT က ထောက်ပြထားသည်။

အရပ်သားများအပေါ် တိုက်ခိုက်မှုများက ကြီးမားသည့် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းမှုကို ဖြစ်ပေါ်စေပြီး မိုးမောက် နှင့် ဗန်းမော်မြို့တို့တွင် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDPs) အသစ် ၆၀၀၀ ကျော်ရောက်ရှိနေသည်ဟု မွန်းနေလီက ဆက်ပြောသည်။

“ဆိုတော့ ဒီထွက်ပြေးတိမ်းရှောင်တဲ့ နေရာတွေမှာ ပြည်သူလူထုတွေရဲ့ နေရာတွေမှာ စစ်တပ်က ပြန်ပြီးတော့ အခြေချထားတာပေါ့နော။ အခြေချထားတဲ့ သူ့ရဲ့ တပ်စခန်းတွေ အခြေချထားတယ်။ ဆိုတော့ အခြေချထား တာတွေမကဘူး ပြည်သူလူထုတွေရဲ့ စည်းစိမ်ဥစ္စာတွေ ပြီးလို့ရှိရင် ကျွဲနွား တိရစ္ဆာန်တွေပေါ့နော ဒါကို လုယူ တယ် ပြီးလိုရှိရင် ဖျက်ဆီးတယ်။ ဆိုတော့ ဒီမျိုးတွေကိစ္စတွေကလည်းပဲ ပိုပြီးတော့ ချိုးဖောက်နေတယ်။ ကျမတို့ မြင်တွေ့ရတာပေါ့နော။ ဒါကြောင့် ဒီကိစ္စတွေကို အထူးသဖြင့် မီးမောင်းထိုးပြတဲ့ အစီရင်ခံစာ တစ်ခု ဖြစ်တာပေါ့နော။”

ထို့ကြောင့် တရားမဝင်သည့် အာဏာသိမ်းစစ်အုပ်စုကို စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့အရေးယူမှုများ လုပ် ဆောင်ရန်၊ ကမ္ဘာတစ်ဝှမ်းက လက်နက်ပိတ်ဆို့မှုကို ချမှတ်ရန်နှင့် မြန်မာနိုင်ငံလေပိုင်နက်တွင် လေယာဉ် မပျံ သန်းရေးဇုံ သတ်မှတ်ပေးရန် KWAT က တောင်းဆိုထားသည်။

တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း အာဏာသိမ်းစစ်အုပ်စုကို ၎င်းတို့၏ လေပိုင်နက်ကို အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ခွင့်ပေးခြင်းကို ရပ်ဆိုင်းဖို့ တိုက်တွန်းထားပြီး နိုင်ငံတကာ အစိုးရများ က လည်း အမျိုးသား ညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် နိုင်ငံတ ကာ အလှူရှင်များက တိုင်းရင်းသား နယ်မြေများတွင် ရှိနေသည့် မှာ ပြည်တွင်း ရွေ့ပြောင်းဒုက္ခသည်များကို နယ် စပ်ဖြတ်ကျော် အကူအညီများ ပေးရန် KWAT က တိုက်တွန်း တောင်းဆိုထားသည်။

*** ZAWGYI ***
ေျမာက္ပိုင္းတြင္ ျမန္မာစစ္တပ္က အရႈံးအတြက္ အရပ္သားမ်ားအေပၚ လက္စားေခ်ေနေၾကာင္း KWAT ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၈ ရက္။

စစ္ေကာင္စီတပ္က ျမန္မာႏိုင္ငံေျမာက္ပိုင္းက ဆုံးရႈံးမႈမ်ားအတြက္ လက္တုန႔္ျပန္သည့္အေနျဖင့္ အရပ္သားမ်ား အေပၚ ေသေစေလာက္သည့္ လက္တုန႔္ျပန္မႈ၊ တိုက္ခိုက္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနသည္ဟု ကခ်င္အမ်ိဳးသမီး မ်ားအစည္းအ႐ုံး-ထိုင္းႏိုင္ငံ (KWAT) အဖြဲ႕ က ေျပာဆိုလိုက္သည္။

၂၀၂၁ ခုႏွစ္ ဧၿပီလကေန ေမလအတြင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္ႏွင့္ ကခ်င္ျပည္နယ္အတြင္းက ၿမိဳ႕ ျပႏွင့္ ေက်းလက္ေဒသမ်ားတြင္ စစ္ေကာင္စီက က်ဳးလြန္ေနသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ဇြန္လ ၁၆ ရက္ေန႔က အစီရင္ခံစား ထုတ္ျပန္ကာ ေထာက္ျပလိုက္ျခင္း ျဖစ္သည္။

ကခ်င္အမ်ိဳးသမီး မ်ားအစည္းအ႐ုံး-ထိုင္းႏိုင္ငံ KWAT ေျပာေရးဆိုခြင့္ရွိသူ မြန္းေနလီ က “အခုထုတ္တဲ့ Report (အစီရင္ခံစာ) ကေတာ့ ဒီႏွစ္လအတြင္းမွာ ျဖစ္တဲ့ အေျခအေနျပကိစၥျဖစ္တယ္။ ဆိုေတာ့ ဒီ ဧၿပီနဲ႔ ေမလမွာ ျဖစ္သြားတဲ့ လူ႔ အခြင့္အေရး ခ်ိဳးေဖာက္မႈေတြက ေတာ္ေတာ္ေလးကို ဆိုးဆိုးဝါးဝါး ျပင္းျပင္းထန္ထန္ ျဖစ္လာတာရွိတယ္။ အဓိက တစ္ခ်က္ကေတာ့ လူသား မဆန္တဲ့ တရားဝင္မဟုတ္တဲ့ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈ အဲဒီဖမ္းဆီးမႈ အတြင္းမွာ ဆိုလို႔ရွိရင္ ပိုၿပီးေတာ့ လူေတြကို ျပည္သူေတြကို ညင္းပန္းႏွိပ္စက္တဲ့ ကိစၥေတြ ပိုၿပီးေတာ့ ျပင္းျပင္း ထန္ထန္ ဆိုးဆိုးဝါးဝါး ျဖစ္လာတဲ့ဟာေတြ႕ရတယ္။ အထူးသျဖင့္ လူငယ္ပိုင္းေပါ့ေနာ လူငယ္ပိုင္း ဖမ္းဆီးခံ ရ တာမ်ားတယ္။ က်မတို႔ အစီရင္ခံစာ သတင္းအခ်က္အလက္အရ ေျပာရမယ္ဆိုလို႔ ရွိရင္ ေသနတ္ေတြနဲ႔ ေခါင္းမွာထုတာတို႔ ၿပီးလို႔ရွိရင္ ေဆးလိပ္မီးေတြနဲ႔တို႔တာတို႔ေပါ့ေနာ တျခား ညႇင္းပန္းႏွိပ္စက္မႈ ေတြ အမ်ိဳးစုံေျပာမျပတတ္တဲ့ အေျခအေနတစ္ခုမွာ ႏွိပ္စက္ခံရတဲ့ဟာေတြ အမ်ားႀကီးရွိတာေပါ့ေနာ္”ဟု ေျပာ သည္။

လုံၿခဳံေရးတပ္ဖြဲ႕မ်ားက လက္နက္မဲ့ ဆႏၵျပသူမ်ားကို က်ည္အစစ္မ်ား ဆက္လက္အသုံးျပဳ ပစ္ခတ္ေနၿပီး ထိုသို႔ က်ည္အစစ္ျဖင့္ ပစ္ခတ္ခဲ့မႈေၾကာင့္ ဗန္းေမာ္ႏွင့္ ဖားကန႔္ၿမိဳ႕တြင္ အမ်ိဳးသားႏွစ္ဦး ေသဆုံးခဲ့ရသည္ဟု ဆိုသည္။

ထို႔အျပင္ ၿမိဳ႕ျပေဒသမ်ားတြင္လည္း NLD အဖြဲ႕ဝင္မ်ား၊ ဆရာဝန္မ်ား၊ သတင္းသမားမ်ားႏွင့္ လူငယ္ေခါင္း ေဆာင္မ်ား အပါအဝင္ တက္ႂကြလႈပ္ရွားသူမ်ားကို ရွာေဖြဖမ္းဆီးမႈမ်ားလုပ္ေဆာင္ေနၿပီး ႏွစ္လအတြင္း လူေပါင္း ၆၁ ဦး ဖမ္းဆီးခံခဲ့ရသည္ဟု KWAT က ေျပာသည္။

KIA ေၾကာင့္ ၎တို႔၏ ဆုံးရႈံးမႈအေပၚ လက္တုန႔္ျပန္သည့္အေနျဖင့္ စစ္ေကာင္စီတပ္မ်ားက ေက်းလက္ေဒသ မ်ားရွိ ျပည္သူလူထုကို ႏွိပ္စက္ညႇင္းပမ္းျခင္း၊ ဥပေဒမဲ့ ပစ္ခတ္ျခင္းႏွင့္ ေက်း႐ြာမ်ားထဲသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းမ်ား အပါအဝင္ ျပည္သူမ်ားအေပၚ ရက္စက္စြာ လက္တုန႔္ျပန္မႈကို တိုးျမႇင့္ လုပ္ေဆာင္ေနသည္ဟု KWAT က ေထာက္ျပထားသည္။

စစ္ေကာင္စီတပ္ဖြဲ႕မ်ားက စစ္ရာဇဝတ္မႈမ်ားကို ဆက္လက္ က်ဴးလြန္ေနသည္ဟု မြန္းေနလီ က “က်မတို႔ အစီရင္ခံစာမွာ မီးေမာင္းထိုးျပတာကေတာ့ စစ္ရာဇဝတ္မႈ ခ်ိဳးေဖာက္မႈဆိုတဲ့ အထဲမွာ ၿပီးခဲ့တဲ့ လေတြမွာ ေပါ့ေနာ ဒီ မိုးေမာက္ၿမိဳ႕နယ္မွာေပါ့ေနာ္ စစ္ရာဇဝတ္မႈ ခ်ိဳးေဖာက္မႈေတြကို မီးေမာင္းထိုးျပတာရွိတယ္။ ဆို ေတာ့ အထူးသျဖင့္ေတာ့ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့ဟာေပါ့ေနာ္ ဒီ တိုက္ပြဲျဖစ္တာ မဟုတ္ပဲနဲ႔ ဗမာစစ္ တပ္ကေန ျပည္သူလူထုေတြ ေနထိုင္တဲ့ ရပ္႐ြာေတြမွာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ တာေတြ ဒါေၾကာင့္မို႔လို႔ ျပည္သူလူထုေတြ ထြက္ေျပးတိမ္းေရွာင္ရတယ္။ ၿပီးလို႔ရွိရင္ သူတို႔ရဲ႕ အိုးအိမ္စည္းစိမ္ေတြ ဖ်က္ဆီးခံရတာေပါ့။ ဆိုေတာ့ အခု ဒီျပည္သူလူထုေတြ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတဲ့ ျပည္သူလူထုေပါင္း ေျခာက္ေထာင္ေက်ာ္ေလာက္ ရွိမယ္ေပါ့ေနာ” ဟု ဆက္ေျပာသည္။

ျမစ္ႀကီးနား၊ မိုးညႇင္းႏွင့္ ကားမိုင္းၿမိဳ႕မ်ားက လူငယ္မ်ားကိုလည္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ႏွင့္ ဆက္သြယ္သည္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ ဥပေဒမဲ့ ဖမ္းဆီးျခင္း၊ ႏွိပ္စက္ညႇင္းဆဲျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ေဘာလုံးကန္ရာမွ ျပန္လာသည့္ လူငယ္သုံးဦးကိုလည္း ဖမ္းဆီးကာ စစ္စခန္းထဲတြင္ ၁၂ ရက္ ထိန္းသိမ္းထား ခဲ့သည္ဟု ဆိုသည္။

ထိုလူငယ္ ၃ ဦး၏ ဦးေခါင္းမ်ားကို ေသနတ္ျဖင့္ ႐ိုက္ႏွက္ထုေထာင္းခဲ့ၿပီး စီးကရက္မီးစမ်ားႏွင့္ လည္း တို႔ၿပီး ႏွိပ္စက္ခဲ့သည္ဟု KWAT ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။

ကခ်င္ျပည္နယ္ရွိ ေဒါ့ဖုန္းယန္-မိုးေမာက္ လမ္းမတေလ်ာက္ လက္နက္ႀကီးပစ္ခတ္မႈကို အရွိန္တိုးျမႇင့္ခဲ့ ျခင္း ေၾကာင့္ ႐ြာသား ၉ ေယာက္ ေသဆုံးခဲ့ၿပီး ကေလး သုံးဦးအပါအဝင္ လူဆယ့္ငါးဦး ဒဏ္ရာရခဲ့ေၾကာင္း၊ KIA က မတ္လ ၂၅ ရက္ေန႔က အေလာ့ဒ္ဘြမ္ စခန္းကို ျပန္လည္သိမ္းပိုက္ခဲ့ျခင္းႏွင့္ ေမလ ၃ ရက္ေန႔က စစ္တပ္၏ ရဟတ္ယာဥ္တစ္စီးကို ပစ္ခ်ခဲ့ျခင္းတို႔အပါအဝင္ နယ္ေျမအတြင္း KIA ၏ ေအာင္ျမင္မႈမ်ားအေပၚ တိုက္႐ိုက္ လက္တုန႔္ျပန္ျခင္းျဖစ္သည္ဟု KWAT က ေထာက္ျပထားသည္။

အရပ္သားမ်ားအေပၚ တိုက္ခိုက္မႈမ်ားက ႀကီးမားသည့္ အိုးအိမ္စြန႔္ခြာ ေ႐ႊ႕ေျပာင္းမႈကို ျဖစ္ေပၚေစၿပီး မိုးေမာက္ ႏွင့္ ဗန္းေမာ္ၿမိဳ႕တို႔တြင္ ျပည္တြင္း ေ႐ႊ႕ေျပာင္း ဒုကၡသည္ (IDPs) အသစ္ ၆၀၀၀ ေက်ာ္ေရာက္ရွိေနသည္ဟု မြန္းေနလီက ဆက္ေျပာသည္။

“ဆိုေတာ့ ဒီထြက္ေျပးတိမ္းေရွာင္တဲ့ ေနရာေတြမွာ ျပည္သူလူထုေတြရဲ႕ ေနရာေတြမွာ စစ္တပ္က ျပန္ၿပီးေတာ့ အေျခခ်ထားတာေပါ့ေနာ။ အေျခခ်ထားတဲ့ သူ႔ရဲ႕ တပ္စခန္းေတြ အေျခခ်ထားတယ္။ ဆိုေတာ့ အေျခခ်ထား တာေတြမကဘူး ျပည္သူလူထုေတြရဲ႕ စည္းစိမ္ဥစၥာေတြ ၿပီးလို႔ရွိရင္ ကြၽဲႏြား တိရစာၦန္ေတြေပါ့ေနာ ဒါကို လုယူ တယ္ ၿပီးလိုရွိရင္ ဖ်က္ဆီးတယ္။ ဆိုေတာ့ ဒီမ်ိဳးေတြကိစၥေတြကလည္းပဲ ပိုၿပီးေတာ့ ခ်ိဳးေဖာက္ေနတယ္။ က်မတို႔ ျမင္ေတြ႕ရတာေပါ့ေနာ။ ဒါေၾကာင့္ ဒီကိစၥေတြကို အထူးသျဖင့္ မီးေမာင္းထိုးျပတဲ့ အစီရင္ခံစာ တစ္ခု ျဖစ္တာေပါ့ေနာ။”

ထို႔ေၾကာင့္ တရားမဝင္သည့္ အာဏာသိမ္းစစ္အုပ္စုကို စီးပြားေရး၊ သံတမန္ေရး ပိတ္ဆို႔အေရးယူမႈမ်ား လုပ္ ေဆာင္ရန္၊ ကမာၻတစ္ဝွမ္းက လက္နက္ပိတ္ဆို႔မႈကို ခ်မွတ္ရန္ႏွင့္ ျမန္မာႏိုင္ငံေလပိုင္နက္တြင္ ေလယာဥ္ မပ်ံ သန္းေရးဇုံ သတ္မွတ္ေပးရန္ KWAT က ေတာင္းဆိုထားသည္။

တ႐ုတ္အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံမ်ား အေနျဖင့္လည္း အာဏာသိမ္းစစ္အုပ္စုကို ၎တို႔၏ ေလပိုင္နက္ကို အသုံးျပဳကာ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခြင့္ေပးျခင္းကို ရပ္ဆိုင္းဖို႔ တိုက္တြန္းထားၿပီး ႏိုင္ငံတကာ အစိုးရမ်ား က လည္း အမ်ိဳးသား ညီၫြတ္ေရး အစိုးရကို ျမန္မာႏိုင္ငံ၏ တရားဝင္ အစိုးရအျဖစ္ အသိအမွတ္ျပဳရန္ႏွင့္ ႏိုင္ငံတ ကာ အလႉရွင္မ်ားက တိုင္းရင္းသား နယ္ေျမမ်ားတြင္ ရွိေနသည့္ မွာ ျပည္တြင္း ေ႐ြ႕ေျပာင္းဒုကၡသည္မ်ားကို နယ္ စပ္ျဖတ္ေက်ာ္ အကူအညီမ်ား ေပးရန္ KWAT က တိုက္တြန္း ေတာင္းဆိုထားသည္။