နာရေး ကူညီမှု အသင်းသားများအတွက် Quarantine နေရာမရှိသဖြင့် ရောဂါပြန့်ပွားမည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန် လ၂၀ ရက်။
ပဲခူးတိုင်းရှိ နာရေးကူညီမှု အသင်းမှ လူငယ်များသည် COVID-19 သံသယ လူနာများအား ကူညီ သင်္ဂြိုလ်ပေးပြီးနောက် Quarantine ဝင်ရန် နေရာမရှိသဖြင့် ရောဂါကူးစက်မည်ကို စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲက ဥသျှစ်ပင်မြို့ရှိ နာရေးကူညီမှု ပရဟိတ လူငယ်များသည် COVID-19 သံသယ လူနာများအား ကူညီ သင်္ဂြိုလ်ပေးကြရသည်။
ဇွန်လ ၁၉ ရက်နေ့က COVID-19 ရောဂါ သံသယနှင့် အသက်၆၇နှစ်အရွယ် အငြိမ်းစား စစ်မှုထမ်းဟောင်းတစ်ဦး ပန်းတောင်း တပ်မတော် ကုတင် ၂၅ ဆေးရုံတွင်သေဆုံးခဲ့ရာ ပန်းတောင်းမြို့ရှိ အေးသုခ နာရေးကူညီမှု ပရဟိတအသင်းကို သင်္ဂြိုလ်ပေးခိုင်း၍ အလောင်းကို သွားယူ သင်္ဂြိုလ် ပေးခဲ့ရသည်ဟု အေးသုခ အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဓိကကြုံနေရသည့် အခက်အခဲမှာ အသင်းကပရဟိတ လူငယ် ၄ ဦး Quarantine ဝင်ရန် အတွက် နေရာမရှိခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
လတ်တလောတွင် အသင်း၏ ရုံးနှင့် စာကြည့်တိုက်တွင် သီးခြားခွဲ ထားရပြီး Quarantine Center (သီးခြား စောင့်ကြည့်ဆောင်) ဖွင့်ရမည့်ကိစ္စနှင့်ပတ်သက်၍လည်း မည်သို့ လုပ်ဆောင်ရမည်ကို မသိသေးဟု ၎င်း တာဝန်ရှိသူ က ဆက်ရှင်းပြသည်။
လက်ရှိတွင် COVID-19 တတိယလှိုင်း ကာကွယ်ရေးအတွက် ယခင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတုန်းက အချိန် များကဲ့သို့ Facility Quarantine Center များ ဖွင့်လှစ်ရန် ဘက်ပေါင်းစုံက အခက်အခဲ ဖြစ်နေကြသည်ဟု သိရ သည်။
စစ်ကောင်စီ လက်အောက်ရှိ အုပ်ချုပ်ရေးပိုင်းက လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုမည်လား (သို့မဟုတ်) အရေးယူ မှုများ ရှိလာမည်လား ရှင်းရှင်းလင်းလင်း မသိရဘဲ လုပ်နေကြရကြောင်း ပြည်မြို့က ပါရဟိတ လုပ်ကိုင်သူများ က ပြောသည်။
”ငွေမကူ လူမကူဘဲ မထင်ရင်မထင်သလိုပြုမူမယ်ဆို ဘယ်သူမှလုပ်ချင်မှာမဟုတ်ဘူး မလွှဲသာတဲ့ မီးသင်္ဂြိုလ် ကိစ္စတွေကို volunteer ကလေးတွေလုပ်နေရတာ။ PPEဝတ်စုံက အစ လုံလောက်မှု မရှိတော့ဘူး။ သူတို့ အတွက် စိုးရိမ်တယ်”ဟု အေးသုခ တိမ်းရှောင်နေရသည့် ပရဟတိ သမားတစ်ဦး ပြောသည်။
အေးသုခနာရေးကူညီမှုအသင်းသည် စတင်တည်ထောင်စဉ်ကတည်းက အလုံးစုံ အခမဲ့ကူညီသည့် အဖွဲ့ဖြစ်ပြီး စေတနာ့ဝန်ထမ်း လူငယ် Volunteer စေတနာ့ဝန်ထမ်း အင်အားဖြင့် လည်ပတ်နေခြင်း ဖြစ်သည်ဟု သိရသည်။
ပရဟိတ မိတ်ဖက်ဖြစ်သည့် ပြည်မြို့ က မိုးမေတ္တာ လူမှုကူညီရေးအသင်း ရုံးလည်း စစ်ကောင်စီတပ်ဖွဲ့များ၏ ဖျက်စီးမှုကို ခံရပြီး ပရဟိတလူငယ်အချို့လည်း အဖမ်းခံထားရသည်။ မိုးမေတ္တာ အသင်း၏ ဥက္ကဋ္ဌ ဦးမိုးကြီး နှင့် အဖွဲ့ဝင် လူငယ်အချို့ လည်း ယနေ့အချိန်ထိ တိမ်းရှောင်နေရစဲ ဖြစ်သည်။
ယခု ဥသျှစ်ပင်မြို့၊ အေးသုခနာရေးကူညီမှု အသင်းမှလည်း ဦးဆောင်အချို့ တိမ်းရှောင်နေရသည့်အတွက် COVID-19 ကာကွယ်ရေး ကိစ္စရပ်များ အဆင်မပြေမှာကို မြို့နေပြည်သူက စိုးရိမ်ကြောက်ရွံ့နေကြကြောင်း သိရ သည်။
ဥသျှစ်ပင်မြို့သည် ပန်းတောင်းတောင်ကုတ်တောင် ကြားလမ်း နှင့် ပုသိမ်-မုံရွာ လမ်းမတို့ ဆုံရာတွင် တည်ရှိပြီး ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ထိစပ်နေသည့် မြို့ငယ်ဖြစ်ပြီး စစ်ကောင်စီ လက် အောက်ခံ တပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်ရာမြို့လည်း ဖြစ်သည်။
*** ZAWGYI ***
နာေရး ကူညီမႈ အသင္းသားမ်ားအတြက္ Quarantine ေနရာမရွိသျဖင့္ ေရာဂါျပန႔္ပြားမည္ကို စိုးရိမ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္ လ၂၀ ရက္။
ပဲခူးတိုင္းရွိ နာေရးကူညီမႈ အသင္းမွ လူငယ္မ်ားသည္ COVID-19 သံသယ လူနာမ်ားအား ကူညီ သၿဂႋဳလ္ေပးၿပီးေနာက္ Quarantine ဝင္ရန္ ေနရာမရွိသျဖင့္ ေရာဂါကူးစက္မည္ကို စိုးရိမ္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ပဲခူးတိုင္းေဒသႀကီး အေနာက္ျခမ္း၊ ျပည္ခ႐ိုင္၊ ပန္းေတာင္းၿမိဳ႕နယ္ထဲက ဥသွ်စ္ပင္ၿမိဳ႕ရွိ နာေရးကူညီမႈ ပရဟိတ လူငယ္မ်ားသည္ COVID-19 သံသယ လူနာမ်ားအား ကူညီ သၿဂႋဳလ္ေပးၾကရသည္။
ဇြန္လ ၁၉ ရက္ေန႔က COVID-19 ေရာဂါ သံသယႏွင့္ အသက္၆၇ႏွစ္အ႐ြယ္ အၿငိမ္းစား စစ္မႈထမ္းေဟာင္းတစ္ဦး ပန္းေတာင္း တပ္မေတာ္ ကုတင္ ၂၅ ေဆး႐ုံတြင္ေသဆုံးခဲ့ရာ ပန္းေတာင္းၿမိဳ႕ရွိ ေအးသုခ နာေရးကူညီမႈ ပရဟိတအသင္းကို သၿဂႋဳလ္ေပးခိုင္း၍ အေလာင္းကို သြားယူ သၿဂႋဳလ္ ေပးခဲ့ရသည္ဟု ေအးသုခ အသင္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ အဓိကႀကဳံေနရသည့္ အခက္အခဲမွာ အသင္းကပရဟိတ လူငယ္ ၄ ဦး Quarantine ဝင္ရန္ အတြက္ ေနရာမရွိျခင္းျဖစ္သည္ဟု ဆက္ေျပာသည္။
လတ္တေလာတြင္ အသင္း၏ ႐ုံးႏွင့္ စာၾကည့္တိုက္တြင္ သီးျခားခြဲ ထားရၿပီး Quarantine Center (သီးျခား ေစာင့္ၾကည့္ေဆာင္) ဖြင့္ရမည့္ကိစၥႏွင့္ပတ္သက္၍လည္း မည္သို႔ လုပ္ေဆာင္ရမည္ကို မသိေသးဟု ၎ တာဝန္ရွိသူ က ဆက္ရွင္းျပသည္။
လက္ရွိတြင္ COVID-19 တတိယလႈိင္း ကာကြယ္ေရးအတြက္ ယခင္ ပထမလႈိင္းႏွင့္ ဒုတိယလႈိင္းတုန္းက အခ်ိန္ မ်ားကဲ့သို႔ Facility Quarantine Center မ်ား ဖြင့္လွစ္ရန္ ဘက္ေပါင္းစုံက အခက္အခဲ ျဖစ္ေနၾကသည္ဟု သိရ သည္။
စစ္ေကာင္စီ လက္ေအာက္ရွိ အုပ္ခ်ဳပ္ေရးပိုင္းက လြတ္လပ္စြာ လုပ္ကိုင္ခြင့္ျပဳမည္လား (သို႔မဟုတ္) အေရးယူ မႈမ်ား ရွိလာမည္လား ရွင္းရွင္းလင္းလင္း မသိရဘဲ လုပ္ေနၾကရေၾကာင္း ျပည္ၿမိဳ႕က ပါရဟိတ လုပ္ကိုင္သူမ်ား က ေျပာသည္။
”ေငြမကူ လူမကူဘဲ မထင္ရင္မထင္သလိုျပဳမူမယ္ဆို ဘယ္သူမွလုပ္ခ်င္မွာမဟုတ္ဘူး မလႊဲသာတဲ့ မီးသၿဂႋဳလ္ ကိစၥေတြကို volunteer ကေလးေတြလုပ္ေနရတာ။ PPEဝတ္စုံက အစ လုံေလာက္မႈ မရွိေတာ့ဘူး။ သူတို႔ အတြက္ စိုးရိမ္တယ္”ဟု ေအးသုခ တိမ္းေရွာင္ေနရသည့္ ပရဟတိ သမားတစ္ဦး ေျပာသည္။
ေအးသုခနာေရးကူညီမႈအသင္းသည္ စတင္တည္ေထာင္စဥ္ကတည္းက အလုံးစုံ အခမဲ့ကူညီသည့္ အဖြဲ႕ျဖစ္ၿပီး ေစတနာ့ဝန္ထမ္း လူငယ္ Volunteer ေစတနာ့ဝန္ထမ္း အင္အားျဖင့္ လည္ပတ္ေနျခင္း ျဖစ္သည္ဟု သိရသည္။
ပရဟိတ မိတ္ဖက္ျဖစ္သည့္ ျပည္ၿမိဳ႕ က မိုးေမတၱာ လူမႈကူညီေရးအသင္း ႐ုံးလည္း စစ္ေကာင္စီတပ္ဖြဲ႕မ်ား၏ ဖ်က္စီးမႈကို ခံရၿပီး ပရဟိတလူငယ္အခ်ိဳ႕လည္း အဖမ္းခံထားရသည္။ မိုးေမတၱာ အသင္း၏ ဥကၠ႒ ဦးမိုးႀကီး ႏွင့္ အဖြဲ႕ဝင္ လူငယ္အခ်ိဳ႕ လည္း ယေန႔အခ်ိန္ထိ တိမ္းေရွာင္ေနရစဲ ျဖစ္သည္။
ယခု ဥသွ်စ္ပင္ၿမိဳ႕၊ ေအးသုခနာေရးကူညီမႈ အသင္းမွလည္း ဦးေဆာင္အခ်ိဳ႕ တိမ္းေရွာင္ေနရသည့္အတြက္ COVID-19 ကာကြယ္ေရး ကိစၥရပ္မ်ား အဆင္မေျပမွာကို ၿမိဳ႕ေနျပည္သူက စိုးရိမ္ေၾကာက္႐ြံ႕ေနၾကေၾကာင္း သိရ သည္။
ဥသွ်စ္ပင္ၿမိဳ႕သည္ ပန္းေတာင္းေတာင္ကုတ္ေတာင္ ၾကားလမ္း ႏွင့္ ပုသိမ္-မုံ႐ြာ လမ္းမတို႔ ဆုံရာတြင္ တည္ရွိၿပီး ပဲခူးတိုင္း၊ မေကြးတိုင္း၊ ဧရာဝတီတိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔ ထိစပ္ေနသည့္ ၿမိဳ႕ငယ္ျဖစ္ၿပီး စစ္ေကာင္စီ လက္ ေအာက္ခံ တပ္ရင္းတပ္ဖြဲ႕ အမ်ားအျပား အေျခစိုက္ရာၿမိဳ႕လည္း ျဖစ္သည္။