အပတ်စဉ် ရေဒီယိုအစီအစဉ် ( ၁၉ – ၆ – ၂၁ )
သတင်းနှင့် မီဒီယာကွန်ရက်။
ဇွန်လ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။
အပတ်စဉ်ရေဒီယိုအစဉ်အစီကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကချင်နဲ့ ရှမ်းပြည်နယ်မှာလည်း လူငယ်တွေဦးဆောင်ပြီး နိုင်တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့နဲ့အတူ ပန်းသပိတ်ဆင်နွဲခဲ့ကြပါတယ်။
-ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ ပါတယ်။
-ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား ဖြစ် ပွားနေတဲ့ တိုက်ပွဲကြောင့် လူထု ၃၀၀ ကျော် စစ်ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ သတင်းနဲ့အတူ
တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စား စရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
**** ZAWGYI ****