မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၀၀ ကျော်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်။
မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာ ၁၀၁ ဦးအထိ တွေ့ရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ထံမှ သိရသည်။
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇွန်လ ၁၉ ရက်နေ့ စစ်ဆေးချက်အရ မော်လမြိုင်မြို့ တစ်မြို့တည်း တွင် COVID-19 အတည်ပြုလူနာ ၃၈ ဦးအထိ တွေ့ရှိခဲ့ပြီး သံဖြူဇရပ်တွင် ၂၀ ဦး၊ သထုံမြို့တွင် ၇ ဦး စုစုပေါင်း ၆၅ ဦးတွေ့ရှိခဲ့သည်။
ထို့အပြင် ဇွန်လ ၁၈ ရက်နေ့ကလည်း COVID-19 အတည်ပြုလူနာ ၃၆ ဦး တွေ့ရှိခဲ့ပြီး အများစုသည် မော်လမြိုင် မြို့ က ဖြစ်သည်ဟုလည်း သိရသည်။
“ပြည်သူလူထုကို ပြောချင်တာကတော့ ပြည်သူလူထုကိုယ်၌ကလည်း သတိထားပါ။ အကြောက်မလွန်ပါနဲ့။ ဒါ ပေမယ့် သတိဝိရိယနဲ့ နေ၊ သတိမပေါ့ပါနဲ့။ ကိုဗစ် တတိယလှိုင်းက ပြန်ဝင်လာဖို့ အခြေအနေ ရှိပါ တယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။
လက်ရှိအနေအထားအရ မွန်ပြည်နယ်တွင် COVID-19 တတိယလှိုင်း ပြန်ဝင်လာသည့်အခြေအနေကြောင့် ပြည် သူများ မပေါ့ဆကြရန်၊ ကျန်းမာရေးအသိရှိကြရန် နှင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် သတိပေးချက် များနှင့်အညီ လိုက်နာနေထိုင်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်း ထားသည်။
မွန်ပြည်နယ်အတွင်းက COVID-19 ရောဂါ အတည်ပြုလူနာအများစုသည် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာများ နှင့် ထိတွေ့မှုမရှိပဲ အနံ့ပျောက်လက္ခဏာပြရာမှ တဆင့် ပိုးတွေ့ရှိသူများဖြစ်ကြသည်ဟု ဆိုသည်။
ထို့အပြင် ပိုးတွေ့လူနာများထဲတွင် ပြည်ပမှ ပြန်ဝင်လာသူများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရ သည်။
မွန်ပြည်နယ်ထဲက ပြည်သူအများစုသည် “အခုဆိုရင် ကျမတို့ဆီမှာက ကိုဗစ်ကို ဘယ်သူမှ စိတ်မဝင်စားကြ တော့ဘူး။ တချို့ဆိုရင် Mask တွေတောင် မတပ်ကြတော့ဘူး။ သွားလာနေကြတာပဲ။ ဈေးတွေဆိုလည်း အရင် ကလိုပဲ စည်းကားနေပြီ။ ဒီအတိုင်းပါပဲ၊ ၆ ပေအကွာတို့ ၃ ပေအကွာတို့ ဘယ်သူမှ မနေကြတော့ဘူး” ဟု မော် လမြိုင် မြို့ခံတစ်ဦး က ပြောသည်။
ပြည်နယ်အတွင်း ပိုးကူးစက်ခံထားရသူများကို မော်လမြိုင်ဆေးရုံ Isolation Ward-1 (သီးခြားဆောင်-၁) နှင့် Isolation Ward-3 (သီးခြားဆောင်-၃) နှင့် မဆရ-၅ တို့တွင် တက်ရောက် ဆေးကုသမှုခံယူနေကြရသည်။
မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစပြီး COVID-19 ကူးစက်မှု ပြန်လည်တွေ့ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ယခုလ ဇွန်လဆန်းပိုင်းတွင် ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာသည့်အပြင် သေဆုံးသူလည်း ၅ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
မွန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့် ဆေးဝါးများနှင့် ကုသရေးအပိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားသည်ဟု လည်း ပြောသည်။
“လိုအပ်တဲ့ဆေးဝါးတွေ ကုသမှုတွေ အဲဒါတွေအားလုံး ဆရာတို့ ရတဲ့အနေအထားနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် အဓိကအင်အားက ပြည်သူ့အင်အားပဲဖြစ်ပါတယ်။ ပြည်သူကလည်း ပါဝင် ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ဆက်ပြောသည်။
မွန်ပြည်နယ်တွင် စစ်တပ် အာဏာမသိမ်းခင် ဇန္နဝါရီလကုန်အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၀ ကျော်အထိရှိခဲ့သည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ ႏွစ္ရက္အတြင္း COVID-19 အတည္ျပဳလူနာ ၁၀၀ ေက်ာ္ေတြ႕
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၉ ရက္။
မြန္ျပည္နယ္တြင္ ႏွစ္ရက္အတြင္း COVID-19 ေရာဂါ အတည္ျပဳလူနာ ၁၀၁ ဦးအထိ ေတြ႕ရွိခဲ့သည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕တို႔ ထံမွ သိရသည္။
မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ဇြန္လ ၁၉ ရက္ေန႔ စစ္ေဆးခ်က္အရ ေမာ္လၿမိဳင္ၿမိဳ႕ တစ္ၿမိဳ႕တည္း တြင္ COVID-19 အတည္ျပဳလူနာ ၃၈ ဦးအထိ ေတြ႕ရွိခဲ့ၿပီး သံျဖဴဇရပ္တြင္ ၂၀ ဦး၊ သထုံၿမိဳ႕တြင္ ၇ ဦး စုစုေပါင္း ၆၅ ဦးေတြ႕ရွိခဲ့သည္။
ထို႔အျပင္ ဇြန္လ ၁၈ ရက္ေန႔ကလည္း COVID-19 အတည္ျပဳလူနာ ၃၆ ဦး ေတြ႕ရွိခဲ့ၿပီး အမ်ားစုသည္ ေမာ္လၿမိဳင္ ၿမိဳ႕ က ျဖစ္သည္ဟုလည္း သိရသည္။
“ျပည္သူလူထုကို ေျပာခ်င္တာကေတာ့ ျပည္သူလူထုကိုယ္၌ကလည္း သတိထားပါ။ အေၾကာက္မလြန္ပါနဲ႔။ ဒါ ေပမယ့္ သတိဝိရိယနဲ႔ ေန၊ သတိမေပါ့ပါနဲ႔။ ကိုဗစ္ တတိယလႈိင္းက ျပန္ဝင္လာဖို႔ အေျခအေန ရွိပါ တယ္” ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာနႏၵဝင္းက ေျပာသည္။
လက္ရွိအေနအထားအရ မြန္ျပည္နယ္တြင္ COVID-19 တတိယလႈိင္း ျပန္ဝင္လာသည့္အေျခအေနေၾကာင့္ ျပည္ သူမ်ား မေပါ့ဆၾကရန္၊ က်န္းမာေရးအသိရွိၾကရန္ ႏွင့္ က်န္းမာေရးဌာနက ထုတ္ျပန္ထားသည့္ သတိေပးခ်က္ မ်ားႏွင့္အညီ လိုက္နာေနထိုင္ၾကရန္ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက တိုက္တြန္း ထားသည္။
မြန္ျပည္နယ္အတြင္းက COVID-19 ေရာဂါ အတည္ျပဳလူနာအမ်ားစုသည္ ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႕လူနာမ်ား ႏွင့္ ထိေတြ႕မႈမရွိပဲ အနံ႔ေပ်ာက္လကၡဏာျပရာမွ တဆင့္ ပိုးေတြ႕ရွိသူမ်ားျဖစ္ၾကသည္ဟု ဆိုသည္။
ထို႔အျပင္ ပိုးေတြ႕လူနာမ်ားထဲတြင္ ျပည္ပမွ ျပန္ဝင္လာသူမ်ားလည္းရွိသည္ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဌာနထံမွ သိရ သည္။
မြန္ျပည္နယ္ထဲက ျပည္သူအမ်ားစုသည္ “အခုဆိုရင္ က်မတို႔ဆီမွာက ကိုဗစ္ကို ဘယ္သူမွ စိတ္မဝင္စားၾက ေတာ့ဘူး။ တခ်ိဳ႕ဆိုရင္ Mask ေတြေတာင္ မတပ္ၾကေတာ့ဘူး။ သြားလာေနၾကတာပဲ။ ေစ်းေတြဆိုလည္း အရင္ ကလိုပဲ စည္းကားေနၿပီ။ ဒီအတိုင္းပါပဲ၊ ၆ ေပအကြာတို႔ ၃ ေပအကြာတို႔ ဘယ္သူမွ မေနၾကေတာ့ဘူး” ဟု ေမာ္ လၿမိဳင္ ၿမိဳ႕ခံတစ္ဦး က ေျပာသည္။
ျပည္နယ္အတြင္း ပိုးကူးစက္ခံထားရသူမ်ားကို ေမာ္လၿမိဳင္ေဆး႐ုံ Isolation Ward-1 (သီးျခားေဆာင္-၁) ႏွင့္ Isolation Ward-3 (သီးျခားေဆာင္-၃) ႏွင့္ မဆရ-၅ တို႔တြင္ တက္ေရာက္ ေဆးကုသမႈခံယူေနၾကရသည္။
မြန္ျပည္နယ္တြင္ ေမလဆန္းပိုင္းခန႔္မွစၿပီး COVID-19 ကူးစက္မႈ ျပန္လည္ေတြ႕ရွိလာျခင္း ျဖစ္သည္။ ထို႔ေနာက္ ယခုလ ဇြန္လဆန္းပိုင္းတြင္ ေရာဂါကူးစက္မႈ ဆက္တိုက္ေတြ႕ရွိလာသည့္အျပင္ ေသဆုံးသူလည္း ၅ ဦးအထိ ရွိလာခဲ့ၿပီ ျဖစ္သည္။
မြန္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနအေနျဖင့္ လိုအပ္သည့္ ေဆးဝါးမ်ားႏွင့္ ကုသေရးအပိုင္းကို အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ထားသည္ဟု လည္း ေျပာသည္။
“လိုအပ္တဲ့ေဆးဝါးေတြ ကုသမႈေတြ အဲဒါေတြအားလုံး ဆရာတို႔ ရတဲ့အေနအထားနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ထားပါတယ္။ ဒါေပမယ့္ အဓိကအင္အားက ျပည္သူ႔အင္အားပဲျဖစ္ပါတယ္။ ျပည္သူကလည္း ပါဝင္ ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးပါတယ္” ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးမႉးက ဆက္ေျပာသည္။
မြန္ျပည္နယ္တြင္ စစ္တပ္ အာဏာမသိမ္းခင္ ဇႏၷဝါရီလကုန္အထိ ကိုဗစ္ပိုးေတြ႕လူနာ ၃၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ ၄၀ ေက်ာ္အထိရွိခဲ့သည္။