စစ်ယာဉ်တန်းအား မိုးမောက်မြို့နယ် နေရာနှစ်ခုတွင် KIA တပ်က တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီးတွင် စစ်ကောင်စီ၏ တပ်ယာဉ်တန်းကို ကချင်လက်နက် ကိုင်အဖွဲ့ KIA က နေရာ နှစ်နေရာတွင် ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော် အချိန်ခန့်နှင့် မွန်းလွှဲ ၁၂ နာရီနောက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ကြား ပစ်ခတ်မှုများ နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု ဒေါ့ဖုန်းယန် က ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။

“မနေ့ကဖြစ်တာပါ။ ဒေါ့ဖုန်းယန်အောက်ဘက်နားက ရင်ကွဲတောင်နားလေး၊ ဒီနွမ်လန်းမှာ တစ်ကြိမ်ဖြစ်တယ်။ မနက် ဒီ ၁၀ နာရီကျော်ကျော် ၁၁ နာရီလောက်မှာနော် အဲ့ဒါက။ နောက်တစ်ခေါက်က နေ့လည် ၁၂ နာရီကျော် ပေါ့၊ အဲ့ နောက်မှာပေါ့ နောက်တစ်ခါ ပြန်ပစ်ခံရတယ်။ လဂျားယန်နားလေးမှာဟုတ်တယ်နော် အဲ့ဒါက။ ပြီး တာနဲ့ တိုက် ပွဲပြန်ဖြစ်ကြတယ်။ မိနစ် ၄၀ လောက်ကြာမယ်ထင်တယ် တိုက်ပွဲက” ဟု ပြောသည်။

ဇွန်လ ၁၈ ရက်နေ့က ကြားဖြတ်တိုက်ခံရသည့် စစ်ယာဉ်တန်းသည် စစ်သားများနှင့် စားနပ်ရိက္ခာများ တင်လာ သည့် ယာဉ်တန်းဖြစ်သည်ဟု ဒေါ့ဖုန်းယန် ဒေသခံများ က ပြောသည်။

“မြင်လိုက်တာက စစ်ကားက ၇ စီးလောက်ရှိမယ်နော်။ ရိက္ခာတွေပါတယ်၊ နောက်ပြီးတော့ ဒီစစ်သားဆိုလည်း ကားထဲမှာ အပြည့်ပါတယ်။ ဗန်းမော်ဘက်ကနေလာတဲ့ကားတွေဟုတ်တယ်။ အဲ့ဒီဘက်က ကားတွေ ဒီလဆို ခန ခန ဖြတ်သွားနေတာတွေ့တယ်လေ။ ဒေါ့ဖုန်းယန်နားမှာ တစ်ခါ၊ နောက်တစ်ခါက ကျနော်တို့ ဒီ လဂျားယန် နား လေးမှာ တစ်ခါပေါ့။ တိုက်ခိုက်ခံရတယ်” ဟု ဒေါ့ဖုန်းယန် က လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦး က ထပ်မံ အတည်ပြု ပြောသည်။

ဗန်းမော်ဘက်က လာခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ဗန်းမော်-မြစ်ကြီးနားလမ်းမကြီးပေါ် က ဒေါ့ဖုန်းယန် နှင့် လဂျားယန်အနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ပြီးနောက် ခရီးသွားလာမှု များ ခေတ္တရပ်နားခဲ့ရသော်လည်း ဇွန်လ ၁၉ ရက်နေ့ (ယနေ့)တွင် ပုံမှန်ပြန်လည်သွားလာနေပြီဟု ဒေသခံများက ဆိုသည်။

အဆိုပါနေရာများသည် ဧပြီလနှင့် မေလ တုန်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ရေးအရ စစ်ကောင်စီဘက်က အကျအရှုံးများခဲ့သည့် နေရာများအနီးတွင် ဖြစ်သည်။

ဧပြီလနှင့် မေလများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့် မိုးမောက်မြို့နယ်အတွင်းက တာပိန်ဖြစ်တစ်လျှောက်ရှိ စီးဟတ်၊ မြို့သစ်၊ ကုန်းလောဘက်တွင် ယခုလအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း နေရပ်စွန့်ခွာ ထွက် ပြေး နေကြရသည့် အဆိုပါ ဒေသက ဒေသခံ ၆၀၀၀ ကျော်မှယ ယနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးပေ။

အဆိုကျေးရွာများထဲ ယနေ့အချိန်ထိ စစ်ကောင်စီတပ်များက ဝင်ထွက်သွားလာနေပြီး၊ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ ဖုန်းယန် တစ်လျှောက် စစ်အင်အားတိုးမှုများ ဆက်တိုက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်ရှိ ဒေါ့ဖုန်းယန်-မိုးမောက်လမ်းမတစ်လျှောက် လက်နက်ကြီးပစ်ခတ်မှုကို အရှိန်တိုးမြှင့်ခဲ့ခြင်းတို့ကြောင့် ရွာသား ၉ ယောက် သေဆုံးခဲ့ပြီး ကလေးသုံးဦးအပါအဝင် လူ ၁၅ ဦးဒဏ်ရာရခဲ့ သည်ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့က ဇွန်လ ၁၆ ရက်နေ့ ထုတ်ပြန်ထားသည်။

KWAT အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် KIA က မတ် လ ၂၅ ရက်နေ့တွင် အာလော့ဒ်ဘွမ်စခန်းကို ပြန်လည်သိမ်း ပိုက်ခဲ့ခြင်းနှင့်မေလ ၃ ရက်နေ့က စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ခြင်းတို့အပါအဝင် နယ်မြေအတွင်း KIA ၏ အောင်မြင်မှုများအပေါ် စစ်ကောင်စီတပ်ဖွဲ့များက တိုက်ရိုက် လက်တုန့် ပြန်သည့်အနေဖြင့် ဒေသခံများ အပေါ် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ထောက်ပြထားသည်။

အရပ်သားများအပေါ် တိုက်ခိုက်မှုများက ကြီးမားသည့် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းမှုကိုဖြစ်စေပြီး မိုးမောက်နှင့် ဗန်းမော်မြို့တို့အတွင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDPs) အသစ် ၆,၀၀၀ ကျော်ရောက်ရှိလာခဲ့ပြီဟု KWAT ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာကို ပြောဆိုထားသည်။

**** ZAWGYI ****
စစ္ယာဥ္တန္းအား မိုးေမာက္ၿမိဳ႕နယ္ ေနရာႏွစ္ခုတြင္ KIA တပ္က တိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ဇြန္လ ၁၉ ရက္။

ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ ေဒါ့ဖုန္းယန္အနီးတြင္ စစ္ေကာင္စီ၏ တပ္ယာဥ္တန္းကို ကခ်င္လက္နက္ ကိုင္အဖြဲ႕ KIA က ေနရာ ႏွစ္ေနရာတြင္ ယမန္ေန႔က ၾကားျဖတ္တိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇြန္လ ၁၈ ရက္ေန႔ နံနက္ ၁၀ နာရီေက်ာ္ အခ်ိန္ခန႔္ႏွင့္ မြန္းလႊဲ ၁၂ နာရီေနာက္ပိုင္းတို႔တြင္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္ဖက္ၾကား ပစ္ခတ္မႈမ်ား နာရီဝက္ေက်ာ္ၾကာ ျဖစ္ပြားခဲ့သည္ဟု ေဒါ့ဖုန္းယန္ က ေဒသခံ အမ်ိဳးသား တစ္ဦး က ေျပာသည္။

“မေန႔ကျဖစ္တာပါ။ ေဒါ့ဖုန္းယန္ေအာက္ဘက္နားက ရင္ကြဲေတာင္နားေလး၊ ဒီႏြမ္လန္းမွာ တစ္ႀကိမ္ျဖစ္တယ္။ မနက္ ဒီ ၁၀ နာရီေက်ာ္ေက်ာ္ ၁၁ နာရီေလာက္မွာေနာ္ အဲ့ဒါက။ ေနာက္တစ္ေခါက္က ေန႔လည္ ၁၂ နာရီေက်ာ္ ေပါ့၊ အဲ့ ေနာက္မွာေပါ့ ေနာက္တစ္ခါ ျပန္ပစ္ခံရတယ္။ လဂ်ားယန္နားေလးမွာဟုတ္တယ္ေနာ္ အဲ့ဒါက။ ၿပီး တာနဲ႔ တိုက္ ပြဲျပန္ျဖစ္ၾကတယ္။ မိနစ္ ၄၀ ေလာက္ၾကာမယ္ထင္တယ္ တိုက္ပြဲက” ဟု ေျပာသည္။

ဇြန္လ ၁၈ ရက္ေန႔က ၾကားျဖတ္တိုက္ခံရသည့္ စစ္ယာဥ္တန္းသည္ စစ္သားမ်ားႏွင့္ စားနပ္ရိကၡာမ်ား တင္လာ သည့္ ယာဥ္တန္းျဖစ္သည္ဟု ေဒါ့ဖုန္းယန္ ေဒသခံမ်ား က ေျပာသည္။

“ျမင္လိုက္တာက စစ္ကားက ၇ စီးေလာက္ရွိမယ္ေနာ္။ ရိကၡာေတြပါတယ္၊ ေနာက္ၿပီးေတာ့ ဒီစစ္သားဆိုလည္း ကားထဲမွာ အျပည့္ပါတယ္။ ဗန္းေမာ္ဘက္ကေနလာတဲ့ကားေတြဟုတ္တယ္။ အဲ့ဒီဘက္က ကားေတြ ဒီလဆို ခန ခန ျဖတ္သြားေနတာေတြ႕တယ္ေလ။ ေဒါ့ဖုန္းယန္နားမွာ တစ္ခါ၊ ေနာက္တစ္ခါက က်ေနာ္တို႔ ဒီ လဂ်ားယန္ နား ေလးမွာ တစ္ခါေပါ့။ တိုက္ခိုက္ခံရတယ္” ဟု ေဒါ့ဖုန္းယန္ က လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦး က ထပ္မံ အတည္ျပဳ ေျပာသည္။

ဗန္းေမာ္ဘက္က လာခဲ့သည့္ အဆိုပါ စစ္ေကာင္စီတပ္၏ ယာဥ္တန္းကို ဗန္းေမာ္-ျမစ္ႀကီးနားလမ္းမႀကီးေပၚ က ေဒါ့ဖုန္းယန္ ႏွင့္ လဂ်ားယန္အနီးတြင္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ထိုသို႔တိုက္ခိုက္ၿပီးေနာက္ ခရီးသြားလာမႈ မ်ား ေခတၱရပ္နားခဲ့ရေသာ္လည္း ဇြန္လ ၁၉ ရက္ေန႔ (ယေန႔)တြင္ ပုံမွန္ျပန္လည္သြားလာေနၿပီဟု ေဒသခံမ်ားက ဆိုသည္။

အဆိုပါေနရာမ်ားသည္ ဧၿပီလႏွင့္ ေမလ တုန္းက တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး စစ္ေရးအရ စစ္ေကာင္စီဘက္က အက်အရႈံးမ်ားခဲ့သည့္ ေနရာမ်ားအနီးတြင္ ျဖစ္သည္။

ဧၿပီလႏွင့္ ေမလမ်ားတြင္ တိုက္ပြဲမ်ား ျပင္းထန္ခဲ့သည့္ မိုးေမာက္ၿမိဳ႕နယ္အတြင္းက တာပိန္ျဖစ္တစ္ေလွ်ာက္ရွိ စီးဟတ္၊ ၿမိဳ႕သစ္၊ ကုန္းေလာဘက္တြင္ ယခုလအတြင္း တိုက္ပြဲမ်ား ၿငိမ္သက္ေနေသာ္လည္း ေနရပ္စြန႔္ခြာ ထြက္ ေျပး ေနၾကရသည့္ အဆိုပါ ေဒသက ေဒသခံ ၆၀၀၀ ေက်ာ္မွယ ယေန႔အခ်ိန္ထိ ေနရပ္ကို မျပန္ႏိုင္ၾကေသးေပ။

အဆိုေက်း႐ြာမ်ားထဲ ယေန႔အခ်ိန္ထိ စစ္ေကာင္စီတပ္မ်ားက ဝင္ထြက္သြားလာေနၿပီး၊ ဗန္းေမာ္၊ မိုးေမာက္၊ ေဒါ့ ဖုန္းယန္ တစ္ေလွ်ာက္ စစ္အင္အားတိုးမႈမ်ား ဆက္တိုက္ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

စစ္ေကာင္စီတပ္က ကခ်င္ျပည္နယ္ရွိ ေဒါ့ဖုန္းယန္-မိုးေမာက္လမ္းမတစ္ေလွ်ာက္ လက္နက္ႀကီးပစ္ခတ္မႈကို အရွိန္တိုးျမႇင့္ခဲ့ျခင္းတို႔ေၾကာင့္ ႐ြာသား ၉ ေယာက္ ေသဆုံးခဲ့ၿပီး ကေလးသုံးဦးအပါအဝင္ လူ ၁၅ ဦးဒဏ္ရာရခဲ့ သည္ဟု ကခ်င္အမ်ိဳးသမီးအစည္းအ႐ုံး-ထိုင္းႏိုင္ငံ (KWAT) အဖြဲ႕က ဇြန္လ ၁၆ ရက္ေန႔ ထုတ္ျပန္ထားသည္။

KWAT အဖြဲ႕၏ ထုတ္ျပန္ခ်က္ထဲတြင္ KIA က မတ္ လ ၂၅ ရက္ေန႔တြင္ အာေလာ့ဒ္ဘြမ္စခန္းကို ျပန္လည္သိမ္း ပိုက္ခဲ့ျခင္းႏွင့္ေမလ ၃ ရက္ေန႔က စစ္တပ္၏ ရဟတ္ယာဥ္တစ္စီးကို ပစ္ခ်ခဲ့ျခင္းတို႔အပါအဝင္ နယ္ေျမအတြင္း KIA ၏ ေအာင္ျမင္မႈမ်ားအေပၚ စစ္ေကာင္စီတပ္ဖြဲ႕မ်ားက တိုက္႐ိုက္ လက္တုန႔္ ျပန္သည့္အေနျဖင့္ ေဒသခံမ်ား အေပၚ အမ်ိဳးမ်ိဳးေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္ေနသည္ဟု ေထာက္ျပထားသည္။

အရပ္သားမ်ားအေပၚ တိုက္ခိုက္မႈမ်ားက ႀကီးမားသည့္ အိုးအိမ္စြန႔္ခြာ ေ႐ႊ႕ေျပာင္းမႈကိုျဖစ္ေစၿပီး မိုးေမာက္ႏွင့္ ဗန္းေမာ္ၿမိဳ႕တို႔အတြင္ ျပည္တြင္းေ႐ႊ႕ေျပာင္းဒုကၡသည္ (IDPs) အသစ္ ၆,၀၀၀ ေက်ာ္ေရာက္ရွိလာခဲ့ၿပီဟု KWAT ၏ ေျပာေရးဆိုခြင့္ရွိသူက သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာကို ေျပာဆိုထားသည္။